Zawgyi & Unicode ၂ခုလံုးတင်ထားပါတယ်
#Zawgyi>>>
ပ်ဴတို႔ေျပာစကား
***************************
၂၀၁၃ ခုႏွစ္၊ ၾသဂုတ္လ (၂) ရက္
ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ားတြင္ လူမ်ဳိးတစ္မ်ဳိး အေနျဖင့္ ပါ၀င္ေသာ ပအို၀္း တိုင္းရင္းသား မ်ား၏ အေျခခံ သမိုင္းျဖစ္စဥ္သည္ ထူးျခား အံ့ၾသဖြယ္ ေကာင္းေၾကာင္း သတိမျပဳမိ ခဲ့ၾကေပ။ ပအို၀္း တိုင္းရင္းသားမ်ား အေနျဖင့္ မိမိတို႔၏ သမိုင္း အစဥ္အလာကို သိရွိ နားလည္ ခဲ့ၾကသည္ ျဖစ္ေသာ္လည္း အမ်ားသိေအာင္ ဖြင့္ထုတ္ ေဖာ္ျပတတ္သည့္ အေလ့လည္း နည္းခဲ့ေသာေၾကာင့္ သမိုင္း ေပ်ာက္ေနေသာ လူမ်ဳိး ေယာင္ေယာင္ တခ်ဳိ႕က မွတ္ထင္ ခံစားရင္း တစ္စုံတစ္ရာကို ဘ၀င္မက်ႏိုင္ေအာင္ လိပ္ခဲတည္းလည္း ခံစားခက္ခဲ့ ၾကေလသည္။
ထိုသို႔ ခံစားေနရျခင္းမွာ မိမိသမိုင္းကို မိမိ အေလးအနက္ထားကာ ရဲရဲ၀ံ့၀ံ့ မဆန္းစစ္၊ မေဖာ္ထုတ္ေလ့ရွိေသာ အက်ဳိးဆက္ပင္ ျဖစ္သည္။ ပအို၀္းဟူေသာ ေ၀ါဟာရသည္ ပ်ဴဟူေသာ ေ၀ါဟာကို ဆိုလိုေသာ ပအူ ဟူသည့္ ေ၀ါဟာရမွ တိုက္႐ိုက္ ဆင္းသက္လာခဲ့ေၾကာင္း “ပ်ဴဆိုတာ” ေဆာင္းပါးတြင္ ဖြင့္ဆိုရွင္းလင္း တင္ျပခဲ့ၿပီး ျဖစ္ပါသည္။ ထို႔ေၾကာင့္ ပအို၀္းစကားသည္ ပ်ဴစကားပင္ ျဖစ္သည့္အေလ်ာက္ ပ်ဴတို႔ ေျပာ ခဲ့ေသာစကား မ်ားကို ယေန႔ျမန္မာေ၀ါဟာရ အျဖစ္ စီးေမွ်ာ ေနေသာ စကားအခ်ဳိ႕ ႏွင့္ ျမန္မာဘာသာသို႔ တိုက္႐ိုက္ ဘာသာျပန္ အဓိပၸါယ္ဖြင့္၍ မရေသာ ေ၀ါဟာရ စကားလုံးအခ်ဳိ႕ကို က႑အလိုက္ ခြဲျခားဖြင့္ဆိုျပေပးသြားပါမည္။
ပထမဦးစြာ ပ်ဴၿမိဳ႕ေဟာင္း အမည္မ်ားကို အဓိပၸါယ္ဖြင့္ဆို တင္ျပပါမည္။
ဟံလင္း
ေရႊဘိုခ႐ိုင္၊ ၀က္လက္ၿမိဳ႕နယ္ အတြင္းရွိ ဟံလင္းႀကီးၿမိဳ႕ေဟာင္းသည္ မႏၱေလး - ေရႊဘို ေမာ္ေတာ္ကား လမ္းေပၚရွိ စိုင္ႏိုင္ေကြ႔မွ အေရွ႕ဘက္ ၁၁ မုိင္၊ ေရႊဘိုၿမိဳ႕မွ အေရွ႕ေတာင္ဘက္ ၁၀ မိုင္ႏွင့္ ၅ ဖာလုံ အကြာတြင္ ရွိပါသည္။ မုဆိုးခ်ဳံဘူတာမွ ၂ မိုင္ခန္႔ သြားရသည္။ ဟံလင္းၿမိဳ႕အမည္ ၆ ပါးရွိရာ (၁) ဟံသာ၀တီ - ဟသၤာငွက္ရွိသည္ကို အစြဲျပဳ၍ ေခၚသည္။ (၂) ပစိမၦနဂရ - အေနာက္ဘက္က်ေသာ ႏိုင္ငံျဖစ္သည္ ဟု အစြဲျပဳ၍ ေခၚတြင္၏။ (၃) ကာမာ၀တီ - လိုရာမရွား ေပါမ်ားျပည့္စုံျခင္းကို အစြဲျပဳ၍ ေခၚတြင္၏။ (၄) ဟံသာ နဂရ - ဟံသာ၀တီ ေနျပည္ေတာ္ ဟူ၍ပင္ တစ္မ်ဳိးအားျဖင့္ ေခၚတြင္ အမည္ျဖစ္၏။ (၅) ဟလႅမေခါက္ - ယိုးဒယားဘာသာ အစာေရစာ ေပါမ်ား၍ ထမင္းမငတ္ႏိုင္သည့္ ႏိုင္ငံဟု ဆိုလို၏။ (၆) ဟံ (ဟန္)လင္း - ရန္သူတို႔ကို ရွင္းလင္းဟန္႔တား ႏိုင္သျဖင့္ ဟန္လင္းတြင္ျခင္း ျဖစ္ေလ၏ ဟူ၍ စန္းယုံေအာင္ေရး ဟန္လင္းေရႊျပည္ (၁၉၉၅ ခုႏွစ္ထုတ္ ယဥ္ေက်းမႈစာေစာင္) အေၾကာင္းတြင္ ဖတ္မွတ္ေလ့လာ ရပါသည္။
ဟံ မွာ ေျမကို ဆိုလိုေသာ ပ်ဴဘာသာစကား ျဖစ္သကဲ့သို႔ လင္း မွာ ေျမညီျပင္သလင္းကို ဆိုလိုပါသည္။ ေျမျပင္ညီၿမိဳ႕ သို႔မဟုတ္ ျပန္႔ျပဴးေသာ ေျမတြင္ တည္ထားေသာၿမဳိ႕ဟု ဆိုလိုပါသည္။ ထိုအသုံးမွာ ယေန႔ေခတ္တိုင္ ျဖစ္ပါသည္။ ဥပမာ- ေတာင္ႀကီးၿမဳိ႕ရွိ ဟံဗြာဒုံ (ေျမျဖဴရြာ)၊ ဟံသြဴးဒုံ (ဟမ္းဆီးရြာ) စသည္တို႔ ျဖစ္သည္။ ဟံလင္းကို အသံဖလွယ္ထားေသာ အမည္ျဖစ္သည့္ လင္(န္) ယင္(န္) မွာလည္း “ေကာင္းစြာ က်ယ္ျပန္႔ေသာ” ဟု အဓိပၸါယ္ ရပါသည္။ လင္ (န္) “လုဲင္း” မွာ က်ယ္ျပန္႔ျခင္း၊ ယင္ (န္) “ယမ္” မွာ ေကာင္းျခင္း/ ေကာင္းစြာ ျဖစ္ပါသည္။
ဟံသာနဂရမွာလည္း ဟံမွာ ေျမ၊ သာမွာ ေနသာျခင္း၊ ျပန္႔ျပဴးျခင္းကို ဆိုလိုသည္။ နဂရမွာ ပါဠိသက္ ၿမိဳ႕ေျမေနရာကို ဆိုလိုပါသည္။ ေနထိုင္၍ ေကာင္းေသာေျမဟု ဆိုလိုပါသည္။ ဟံသာ၀တီ ဆိုသည္မွာလည္း ေနထိုင္ေကာင္းေသာေျမ ဟုပင္ ဆိုပါသည္။ မတီ၊ ၀တီ စသည္တို႔သည္ အတည္တက် ေနထိုင္ရာေသာၿမိဳ႕၊ ၀င္ထြက္သြားလာ၍ ေကာင္းေသာၿမိဳ႕ဟု ဆိုႏိုင္ပါသည္။ ေကတု၀တီ၊ ျမ၀တီ၊ တမၸ၀တီ၊ ဓည၀တီ......စသည္တို႔ ျဖစ္ပါသည္။ ဆရာဦးဘရွင္က “လင္ယန္” ဟူသည္ ဗိႆႏိုးႏွင့္ ထပ္တူျဖစ္ေၾကာင္း မိန္႔ဆိုသည္။ သို႔ေသာ္လည္း မည္သည့္ အေၾကာင္းေၾကာင့္ ဗိႆႏိုးကို တ႐ုတ္တို႔က လင္ယန္ဟု သိခဲ့သည္ကို ရွင္းလင္းေဖာ္ျပျခင္း မျပဳေပ။ လင္ယန္ဟူေသာ တ႐ုတ္စာလုံးႏွစ္လုံး၏ ေရွးေဟာင္းအသံထြက္သည္ Lam-Yong ႏွင့္ ခပ္ဆင္ဆင္ျဖစ္၍ ရမည္ Raman (Rman) ကို အသံလွယ္ထားသည့္ စာလုံးမ်ား ျဖစ္သည္။ ပ်ဴ အရပ္ေဒသကို ပ်ဴေ၀ါဟာရစင္လွ်က္ကို တ႐ုတ္သံသာ ျဖစ္သေယာင္ ရမည္ (မြန္) ဟု ရေအာင္ ႀကိဳးစား အသံလွယ္ ျပထားသည္မွာ သဘာ၀ မက်လွေပ။
တေကာင္း
တေကာင္းၿမိဳ႕သည္ မႏၱေလးၿမိဳ႕မွ ဆန္တက္ေသာ ေရမိုင္ ၁၂၇ မိုင္အကြာ ဧရာ၀တီျမစ္ အေရွ႕ဘက္ကမ္းအနီး ကပ္လွ်က္တည္ရွိၿပီး မႏၱေလးခ႐ိုင္၏ ေျမာက္ဘက္စြန္း၌ ရွိပါသည္။ တေကာင္းၿမိဳ႕၏ အမည္မ်ားမွာ သံသာပူရ၊ ရ႒ပူရ၊ သင္းကြဲ၊ တေကာင္း၊ သကၤသရ႒၊ ပဥၥာတေကာင္း စသည္တို႔ ျဖစ္ၾကသည္။ တေကာင္းဆိုသည္မွာ ရွမ္းဘာသာအားျဖင့္ စည္ကူးတို႔ ဟု အဓိပၸါယ္ရေၾကာင္း၊ ဆိုလိုရင္းမွာ (တ ေကာင္) ဟူေသာ စကားရပ္တြင္ “တ” မွာ ကူတို႔ဆိပ္ျဖစ္ၿပီး “ေကာင္”မွာ အစုအပုံ (၀ါ) ကုန္ပစၥည္းမ်ား စုပုံရာ ကူးတို႔ဆိပ္ ပင္ျဖစ္ေၾကာင္း သိရေလသည္။
ရွမ္းဘာသာႏွင့္ ပ်ဴပအို၀္းတို႔ ဘာသာစကားမွာ တေကာင္းကို ဆိုလိုရာ၌ အဓိပၸါယ္ တူေလသည္။ သို႔ေသာ ပ်ဴဘာသာျဖင့္ သီးျခား ဖြင့္ဆို ႏိုင္ေသာ အေျခအေန တျခားအဓိပၸါယ္မ်ားလည္း ရွိေနပါေသးသည္။ တေကာင္းမွာ တြဴးေကာင္းဟူေသာ ပ်ဴစကားမွ ဆင္းသက္ခဲ့ပါသည္။ တြဴး မွာ ျမစ္ဆိပ္၊ ကူးတို႔ဆိပ္ျဖစ္ၿပီး၊ ေကာင္းမွာ ျမစ္ေကြ႕၊ ျမစ္ေၾကာင္းေျပာင္းေသာ ေနရာဟု ဆိုလိုသကဲ့သို႔ တြဴးေကာင္းဟူေသာ ေ၀ါဟာရကို အသံဖလွယ္ ေသာ္ ေတာင္းကြဴးျဖစ္သည္။ ေတာင္းမွာ ေၾကးထည္၊ ေၾကးပစၥည္း မ်ားကို ဆိုလိုၿပီး၊ ကြဴး မွာ ကူးသန္းေရာင္း၀ယ္ျခင္းကို ဆိုလိုသည္။ ေၾကးထည္ ပစၥည္းမ်ား ေရာင္းခ်ရာ ေၾကးကုန္မ်ား ထြက္ရာေဒသဟု ဆိုလိုပါသည္။ “သင္းကြဲ” ဟူေသာ အသုံးမွာလည္း ပ်ဴစကားသာလွ်င္ ျဖစ္ပါသည္။ ျမန္မာ ဘာသာျဖင့္ ဆိုပါက သင္းကြဲသည္ အေဖာ္အသင္း ကြဲသည္ကို ဆိုလိုမည္ ျဖစ္ေသာ္လည္း၊ ပ်ဴဘာသာ ေ၀ါဟာရျဖင့္မူ ျပန္လည္ဆုံဆည္းရာ ေျမဌာနဟု ဆိုလိုပါသည္။
ဗိႆႏိုး
ဗိႆႏိုးၿမဳိ႔ေဟာင္းသည္ မေကြးခ႐ိုင္၊ ေတာင္တြင္းႀကီးၿမဳိ႕ အေနာက္ဘက္ ၁၁ မိုင္အကြာတြင္ ရွိသည့္ ကုကၠိဳခြရြာ၏ ေျမာက္ဘက္၌ တည္ရွိ၏။ ဗိႆႏိုးဟူေသာ အမည္မွာ မ်ားေသာအားျဖင့္ ဟိႏၵဴဘာသာ၀င္ တို႔၏ နတ္ဘုရား အမည္ဟု အခိုင္အမာ ယုံၾကည္ခဲ့ၾကပါသည္။ ပ်ဴ ဘာသာအားျဖင့္ ဗိႆႏိုး အမည္မွာ ဟိႏၵဴနတ္ဘုရား အမည္ မဟုတ္ပါ။ “ေဗြသ့ႏိုး” ဟူေသာ အရွင္ရေသ့ႀကီး စိတ္တိုင္းက် ႏိုးေဆာ္ တည္ေထာင္ ေပးေသာ ၿမဳိ႕ဟုသာ ဆိုလိုပါသည္။ ပန္ထြာဟုလည္း တစ္မ်ဳိးဆိုခဲ့ၾက ေပေသးရာ “ပန္” မွာ ဘ၀ကို ဆိုလိုၿပီး “ထြာ” မွာ ျဖစ္ျခင္းကို ဆိုလိုပါသည္။ ေပြးဖို ေပြးမဘ၀ႏွင့္ ေပယပ္ေတာင္ လွဴခဲ့ဖူးေသာ ဘ၀မွ ကူးေျပာင္း၀င္စား ျဖစ္လာရေသာ ဘ၀ဟု ဆိုလိုပါသည္။ ဗိႆႏိုးေခတ္ ကတည္းကပင္ ပ်ဴႏွင့္ ဗမာ ေသြးေႏွာခဲ့ၿပီဟု ဆိုစရာအေၾကာင္း ရွိပါသည္။ ဗိႆႏိုးသို႔ အိႏၵိယတိလိဂၤဏတိုင္းသား မြန္မ်ား လာေရာက္တိုက္ခိုက္ခဲ့သည္ ဆိုေသာ အဆိုရွိသည္။
သေရေခတၱရာ
သေရေခတၱရာမွာ ျပည္ၿမိဳ႕၏ အေရွ႕ဘက္ ၅ မိုင္ခန္႔ အကြာတြင္ တည္ရွိ၏။ သာသနာေတာ္သကၠရာဇ္ ၁၀၁ ခုႏွစ္တြင္ ဂ၀ံပတိ အရွင္သူျမတ္ အမွဴးျပဳ၍ ၾကပ္မတ္တည္ေထာင္ၿပီးလွ်င္ ဒြတၱေပါင္မင္းႀကီး ေရွးဦးလက္မြန္ စိုးစံေသာ ၿမိဳ႕ျဖစ္သည္။ သေရေခတၱမွာ ပါဠိသက္ သို႔မဟုတ္ ပါဠိေ၀ါဟာရဟု ဆိုႏိုင္သကဲ့သို႔ ပ်ဴဘာသာအားျဖင့္လည္း တိုက္႐ိုက္ အဓိပၸါယ္ေပါက္ေသာ ေ၀ါဟာရလည္း ျဖစ္ေနပါသည္။ “သေရ” မွာ စိတ္လက္က်န္းခံ့ျခင္း၊ “ေခတၱရာ” မွာ တရားမွ်တေသာ ေခတ္/ကာလဟု ဆိုလိုပါသည္။ ေမွာ္ဇာ (ေမာ္ဇာ)မွာ တရားေဟာ ဓမၼကထိကအလုပ္ျဖင့္ အသက္ေမြး၀မ္းေက်ာင္းမႈ ျပဳေသာ ဦးဇာ၏ ေနရပ္အျဖစ္ ေမာ္ဇာေခၚရာမွ ေမွာ္ဇာျဖစ္လာဟန္ရွိသည္။ ျပည္ေမွာ္ဇာကို သိသိတ္ “ဆိဆိတ္” ဟု ေခၚပါေသးသည္။ ျမန္မာလို သစ္ဆိပ္ဟု ယူဆမည္ေလာ။ ပ်ဴပအို၀္းတို႔၏ သထုံကေလး ကိုလည္း ဆီဆိုင္ေဒသဟု မည္တြင္ေနသည္ကို ဆက္စပ္ စဥ္းစားဖြယ္ ေကာင္းပါသည္။ ရတနာေပၚေသာ သစ္ေစးပင္ဟု အဓိပၸါယ္ ရွိေလသည္။ က်န္စစ္သားမင္း၏ ေက်ာက္စာအလိုအရ သာသနာႏွစ္ ၁ ႏွစ္တြင္ တည္ေၾကာင္း သိရသည္။
သု၀ဏၰဘူမိ (သထုံ)၊ (က်င္လန္)၊ မီခ်ဲ(န္)၊ ႀကံဳစိန္
သု၀ဏၰဘူမိကို ေရွးေဟာင္းၿမိဳ႕ႀကီး တစ္ၿမဳိ႕ အျဖစ္သာ ထင္ျမင္ယူဆ တတ္ၾကသည္။ မြန္တို႔ႏွင့္သာ သက္ဆိုင္ခဲ့ေသာ အမည္ဟုလည္း ထင္ျမင္ယူဆေလ့ ရွိၾကသည္။ ထိုသို႔ ျဖစ္ရျခင္းမွာ သု၀ဏၰဘူမိကို ေလးေလးနက္နက္ ေလ့လာမႈ မျပဳေသးေၾကာင္း ထင္ရွားပါသည္။ သု၀ဏၰဘူမိ သည္ သထုံၿမိဳ႕၊ သထုံခ႐ိုင္ေလာက္သာ က်ယ္၀န္းခဲ့ေသာ ေဒသ မဟုတ္ပါ။ အေရွ႕ေတာင္အာရွ တစ္ခုလုံး မွ်မက က်ယ္ျပန္႔ေသာ ေဒသႀကီးသည္ Golden Land ေရႊႏိုင္ငံဟု ယေန႔တိုင္ သိမွတ္ခဲ့ၾကပါသည္။ သု၀ဏၰဘူမိတိုင္း၏ ၿမိဳ႕ေတာ္မွာ သထုံျဖစ္သည္။ သထုံမွာ ယေန႔ ျမန္မာျပည္ရွိ သထုံၿမိဳ႕ သာမကပဲ ယေန႔ ထိုင္းႏိုင္ငံရွိ ပရပထုံ / နေခါန္ပထုံ သည္လည္း ေရွးက ၿမဳိ႕ေတာ္ သထုံႀကီး ျဖစ္ခဲ့ေပသည္။ မင္းျမတ္အေနာ္ရထာ ဆင္းတိုက္ ခဲ့ေသာ သထုံ ဆိုသည္မွာ အဆိုပါ နေခါန္ပထုံပင္ ျဖစ္ဖို႔မ်ားေၾကာင္း သိရွိရပါသည္။ သထုံးဆိုသည္မွာ ပ်ဴစကား “ခမ္းသုဲင္ထြဳံ” ေရႊထြက္ေသာ သဲႏႈန္းေျမကို ေခၚဆိုရာမွ သုဲင္ထြဳံ၊ သထုံဟု မည္တြင္လာျခင္း ျဖစ္သည္။ မြန္တို႔ အဆိုအရ ဂိုးသြယ္ဂထုံမွ ဂထုံ / သထုံ ျဖစ္လာေၾကာင္း ေတြ႕ရ ပါသည္။ စကားအဆက္အစပ္ နီးစပ္မႈ ေ၀ါဟာရ အသုံးႏႈန္း ကြာဟမႈ ရွိသည္ကို သတိျပဳရမည္ ျဖစ္ပါသည္
သထုံေဒသ အနီးရွိ ေနရာတစ္ခု၏ အမည္မွာ ၾကဳင္စိင္ (ႀကဳံစိန္) မွာ ပ်ဴေ၀ါဟာရပင္ ျဖစ္သည္။ ႀကဳံစိန္မွာ ႀကဳံ / ၿခံဳ (က႐ုန္း/ ခ႐ုန္း) ဟူေသာ ျမစ္ႀကီး၊ ေခ်ာင္းႀကီးကို ဆိုေသာ ေ၀ါဟာရႏွင့္ စိန္(စဲန္)(က်ဲန္ ဟု အနီးစပ္ဆုံး အသံထြက္ပါမည္။) ဟူေသာ ေထာ္င့္ခ်ဳိး၊ (ျမစ္)ခ်ဳိးဟု ဆိုလို ေသာ ေ၀ါဟာရတို႔ ေပါင္းဖြဲ႕ထားေသာ စကားလုံးျဖစ္သည္။ ျမစ္ေထာင့္ ျမစ္ခ်ဳိး ျမစ္ေကြ႕အရပ္ ျဖစ္ပါသည္။
မီခ်ဲ(န္) မွာ စပါးၿမိဳ႕ဟု အဓိပၸါယ္ရေသာ တ႐ုတ္အေခၚျဖစ္သည္။ သထုံကို ေခၚျခင္းေလာ၊ မိုင္းေမာ္ ေခၚ (ေ၀င္ေမာ့) ပင္လယ္ ပ်ဴၿမဳိ႕ ေဟာင္းေလာ ၀ိ၀ါဒ ကြဲျပားလ်က္ ရွိေနပါေသးသည္။ သထုံကို ပအူေတာင္သူ (ပ်ဴ) မင္းတို႔ အစတည္ကာ အစဥ္အဆက္ စိုးစံခဲ့ပါသည္။ သထုံကို ပ်ဴ (ပအို၀္း) မင္းဆက္ေပါင္း ၁၅၈ ဆက္ အုပ္စိုးခဲ့ရာ ေနာက္ပိုင္းမင္းဆက္မ်ားတြင္ မႏုဟာမင္း မတိုင္မီ ပ်ဴ(ပအို၀္း)ႏွင့္ မြန္ ကျပားမင္းဆက္ ၁၇ ဆက္ခန္႔ အုပ္စိုးခဲ့ေလသည္။
ပုဂံ
ပုဂံဟူေသာ ေ၀ါဟာရမွာ ပ်ဴဂါမ၊ ပ်ဳဂါမ၊ ပူဂါမ၊ ပုဂါမ စေသာ ပ်ဴရပ္၊ ပ်ဴရြာ၊ ပ်ဴတို႔ဌာေနမွ ပုဂံဟု မည္တြင္ လာခဲ့ေၾကာင္း ထင္ရွား သိခဲ့ ၾကၿပီး ျဖစ္ပါသည္။ ယေန႔ ပုဂံၿမိဳ႕ဟု ထင္ရွားေနေသာ ေနရာကိုသာ ပုဂံဟု မဆိုလိုေၾကာင္း၊ ပ်ဴတို႔၏ ေနရပ္ေဒသ အသီးသီးကို ပုဂံဟု ညြန္းဆို ႏိုင္ေၾကာင္း၊ တေကာင္းကို အညာပုဂံဟု သိထားၾကသည္။ တေကာင္းႏွင့္ ယေန႔ ပုဂံၿမိဳ႕ကို ေအာက္အရပ္ ေဒသရွိ သထုံမွ တြက္ဆေျပာဆိုမႈ ျပဳလွ်င္ ပုဂံၿမိဳ႕ထက္ ပိုေ၀းေသာ အေ၀း (အညာ) ပုဂံဟု ညႊန္းဆိုခဲ့ ၾကပါသည္။ အညာဟူေသာ ေ၀ါဟာရမွာ အေ၀းဟု ဆိုလိုေသာ ပ်ဴေ၀ါဟာရပင္ ျဖစ္ပါသည္။ ပုဂံၿမိဳ႕၏ အမည္ကို ၁၅ မ်ဳိးခန္႔ ေခၚဆိုေၾကာင္း၊ ယင္းအမည္တို႔မွာ (၁) ေပါကၠာရာမ၊ (၂) အရိမဒၵနာ၊ (၃) ပုဏၰကာမ၊ (၄) ပုဏၰဂါမ ၊ (၅)ပ်ဴဂါမ၊ (၆) တမၸ၀တီ (ေၾကးနီထြက္ေသာအရပ္)၊ (၇) သီရိပစၥယာ၊ (၈) သမၸဳဏၰဂါမ၊ (၉) ပ႑ဳပလာသာ၊ (၁၀) နဂ႐ုတၱမ၊ (၁၁) ပရမပူရ၊ (၁၂)သမာဓိနဂရ၊ (၁၃) တမၸေဒသ၊ (၁၄) ေ၀လုကာရာမ၊ (၁၅) ပုဂံ ဟူ ျဖစ္ပါသည္။
ပုဂံျပည္ကို ပူျပင္းေသာေနရပ္ဟူ၍ “တတၱေဒသ” ဟုလည္း ေခၚေၾကာင္း သိရသည္။ ပုဂံအမည္ကို ေက်ာက္စာ အေရးအသားတြင္ကား ပုကံ၊ ပုကမ္၊ ပုဂံ ဟူ၍သာ ေတြ႔ရွိရေလသည္။ ပုဂံကို မြန္အသံျဖင့္ ေပါ့ကံဟု ရြတ္ဖတ္ရာမွ ေပါ့ကံ၊ ေပါက္ကံ ဟူေသာ အမည္ ေပၚေပါက္ျခင္း ျဖစ္ဖြယ္ ရွိေလသည္။
မူလအမည္ျဖစ္ေသာ အရိမဒၵနပူရ မွာ ရန္သူကို ႏွိမ္နင္း သတ္ျဖတ္ႏိုင္သည္ ဟူ၍ အဓိပၸါယ္ ေပၚထြက္လာေလသည္။
ပုဂံဟု ဆက္စပ္မည္တြင္ေသာ အရပ္ေဒသမ်ားမွာ တေကာင္းေခၚ အညာပုဂံ တင္မက ပခန္းႀကီး၊ ပခန္းေလး၊ ပခုကၠဴ စသည္တို႕ သည္လည္း ဆက္စပ္ ပတ္သက္မႈ ရွိေလသည္။
ပခုကၠဴ
ပအူ(ပ်ဴ) မင္းေနျပည္ေတာ္၏ ေရႊႀကိဳးသတ္နယ္ေျမ ေရႊၿမိဳ႕ေတာ္၏ အပိုင္းအျခားေနရာဟု ဆိုလိုေသာ ပအူခမ္းကူမွ ပခုကၠဴ ျဖစ္လာျခင္း ျဖစ္သည္။ ဗမာအလိုအားျဖင့္ သားထုတ္ဂူမွ ပခုကၠဴ ျဖစ္လာေၾကာင္း ယူဆ ေျပာဆိုေလ့ ရွိၾကပါသည္။ ယုတၱိယုတၱာ ပိုမိုက်မည့္ စကားလုံး ေ၀ါဟာရကို ေရြးထုတ္ ယူႏိုင္ၾကရန္ တင္ျပပါသည္။
ဒီပဲရင္း
ဒီပဲရင္းကို ဒီပဲယင္း၊ ဒီပယင္း၊ ဒီပရင္း၊ တပယင္း၊ ထီးေပသွ်င္ဟု အမ်ဳိးမ်ဳိး ေရးသား ေဖာ္ျပေလ့ ရွိပါသည္။ ဒီေပသွ်င္ (ဒီပဲယင္း) ပယ္ကိုးသန္း နယ္ေျမရွိ ကတူးတို႔သည္ အေနာ္ရထာမင္း လက္ထက္မွ အစျပဳ၍ ျမန္မာမင္းတို႔၏ လက္ေအာက္တြင္ ၿငိမ္းခ်မ္းစြာ ေနထိုင္ခဲ့ၾကသည္။ ပ်ဴအဆက္အႏြယ္ဟုပင္ ဆိုေသာ ကတူး ဘာသာစကားျဖင့္ ဒီပဲယင္းဟူေသာ ေ၀ါဟာရစကားလုံး မည္တြင္ခဲ့သည္မွာ အမွန္ျဖစ္ပါက ပ်ဴ (ပအို၀္း) တို႔၏ ေ၀ါဟာရစကားလုံးပင္ ျဖစ္ေၾကာင္း ဆိုႏိုင္ပါသည္။ ဒီမွာ တီႏွင့္ ထီ ဟူေသာ ေ၀ါဟာရစကား ႏွစ္လုံးကို ရပါသည္။ တီ မွာ (ဆင္၊ ျမင္း၊ ကၽြဲ၊ ႏြား၊ သိုး၊ ဆိတ္) မ်ားကို ေက်ာင္းျခင္းဟု ဆိုၿပီး၊ ကသံထိန္းအုပ္စု သုံးႏႈန္းေသာ ေလသံအရ “တီ” မွာ ေရကိုလည္း ညြန္းဆိုပါသည္။ ပဲ မွာ ဘဲ ဟု ပ်ဴ (ပအို၀္း) တို႔ ေခၚဆိုေလ့ရွိေသာ ဆိတ္သတၱ၀ါပင္ ျဖစ္သည္။ ရင္း မွာ ရန္း (ရာင္း) ဟု ေခၚေသာ စားက်က္ေျမ ျဖစ္သည္။ ရင္း ဟူေသာ ေ၀ါဟာရကို ပ်ဴ(ပအို၀္း)တို႔ ဘာသာအားျဖင့္ ရင္းဟုပင္ ေရးေသာလည္း ျမန္မာကံသို႔ ယင္း ဟု အသံမထြက္ပါ။ Ra ဟူေသာ လွ်ာလိပ္သံျဖင့္ ရန္း(ရာင္း) ဟုသာ ထြက္ပါသည္။ ထို႔ေၾကာင့္ ဒီပဲရင္း မွာ ဆိတ္ေက်ာင္းသည့္ စားက်က္ေျမ သို႔မဟုတ္ ဆိတ္ ေရေသာက္ဆင္းရာ စားက်က္ေျမဟု ဆိုလိုပါသည္။ ကတူး ဟူေသာ ေ၀ါဟာရသည္ ပ်ဴ ဟုဆိုေသာ ပအူ ဟူသည့္ ေ၀ါဟာရႏွင့္ ဆက္စပ္ေသာ ဘမ္းစကား ေ၀ါဟာရ ျဖစ္ပါသည္။ (သီးျခားေဖာ္ျပပါမည္)
ထီးလင္း
ပ်ဴလူမ်ဳိး စစ္စစ္ပါဟု ဆိုေလ့ရွိေသာ ေတာင္သူပအူ အဆက္အႏြယ္ ေတာင္သားလူမ်ဳိးမ်ား ေနထိုင္ရာ ေယာ၊ ေဆာ ေဒသရွိ ၿမိဳ႕တစ္ၿမဳိ႕ ၏ အမည္တစ္ခု ျဖစ္သည္။ “ထီး” မွာ ေတြ႕ျမင္ႏိုင္ျခင္းကို ဆိုလိုေသာ ေ၀ါဟာရ ျဖစ္သည္။ “လင္း” မွာ အဆင္းအရပ္၊ နိမ့္ရာအရပ္ဘက္ကို ဆိုလိုသည္။ ရန္သူ၊ မိတ္ေဆြ ခြဲျခားသိႏိုင္ရန္ လွမ္း၍ ျမင္ႏိုင္ေသာ အရပ္တြင္ တည္ထားေသာၿမဳိ႕ဟု ဆိုႏိုင္သည္။ သို႔မဟုတ္ ထီးဟု မယူပဲ ထီ(ေရ) ဟု ယူဆပါက ေရဆင္းအရပ္ဟု အဓိပၸါယ္ ရွိေပမည္။
မိုင္းေမာ
ႀကီးက်ယ္ ထင္ရွားေသာ ပ်ဴၿမဳိ႕ေဟာင္း တစ္ၿမဳိ႕ျဖစ္ၿပီး၊ မိုင္းေမာ (မြိဳင္းေမာ့ / ေ၀င္ေမာ့ ) တြင္ မြိဳင္း မွာ ကြန္းခိုရာအရပ္၊ ေနရာေဒသကို ညႊန္းေသာ ေ၀ါဟာရ ျဖစ္သည္။ ေမာ့ မွာ အစြန္အဖ်ားအရပ္ ( ကုန္းေျမစြန္း / လြင္ျပင္ေျမျပန္႔စြန္း ) အရပ္ ျဖစ္သည္။ ေ၀င္ မွာ ၿမဳိ႕ဟု အဓိပၸါယ္ ရပါသည္။ ကုန္းစြန္း / လြင္ျပင္အစြန္းတြင္ တည္ထားေသာ ၿမဳိ႕ဟု ဆိုလိုပါသည္။
ပဲခူး
ဥႆပဂိုးဟု ထင္ရွားသည္။ ပဲခူး ေခၚ ပဲခိုး/ဖဲ့ခိုးမွာ ပ်ဴေ၀ါဟာရပင္ ျဖစ္ၿပီး အထက္အရပ္ဟု ဆိုလိုသည္။ ၿမဳိ႕ေတာ္သထုံမွ တြက္စစ္လွ်င္ အထက္အရပ္တြင္ ရွိေနေသာေၾကာင့္ ျဖစ္သည္။
မုဒုံ
အထက္အရပ္ကို ပဲခိုး / ပဲခူး ဟု ဆိုၿပီး ေအာက္အရပ္ကို မုဒုံ / ေမာ့ဒြမ္ ဟု ေခၚပါသည္။ ေမာ့ သို႔မဟုတ္ မု မွာ အစြန္းအဆုံးဟု ေဖာ္ျပ ခဲ့ၿပီး ျဖစ္ပါသည္။ ဒုံ မွာ ရြာကို ဆိုလိုပါသည္။ ဒြမ္ မွာ ေအာက္ဘက္ကို ဆိုလိုပါသည္။ ေအာက္အရပ္ဟုပင္ အဓိပၸါယ္ရေသာ ေအာက္ပါ ေ၀ါဟာရ မ်ားကို ေဖာ္ျပလိုပါေသးသည္။
ဒလ / ကႅပင္း
ရန္ကုန္ၿမဳိ႕ေတာ္ႀကီး၏ ေအာက္ဘက္၊ တစ္ဖက္ကမ္းတြင္ တည္ရွိသည္။ ပ်ဴၿမဳိ႕ေတာ္ သေရေခတၱရာ ပ်က္စဥ္က ပ်ဴတစ္အုပ္စု ခို၀င္ ေနထိုင္ရာ အရပ္ေဒသ ျဖစ္သည္။ ကႅပင္းသည္ သေရေခတၱရာ၏ အေရွ႕ေတာင္ဘက္ (ယခုေခတ္ မိုင္ ၁၇၀ ခန္႔အကြာ)၊ ယေန႔ တြံေတးၿမဳိ႕၏ အေရွ႕ဘက္ ၄ မိုင္အမြာ ကန္ပဲ့ရြာ အနီးတြင္ ရွိသည္။ ဒလၿမဳိ႕ႏွင့္ တဆက္တစပ္တည္းေသာ ေနရာေဒသျဖစ္သည္။ ဒလသည္ လည္းေကာင္း၊ ကႅ သည္ လည္းေကာင္း ေအာက္အရပ္ ေအာက္ဘက္ေဒသကိုပင္ ညႊန္းေသာ မုဒြမ္ႏွင့္ အဓိပၸါယ္တူ ေ၀ါဟာရမ်ား ျဖစ္ပါသည္။ ပင္း မွာ ေဒသခြင္ကို ညႊန္းဆိုေသာ ေ၀ါဟာရ ျဖစ္သည္။
ပင္းယ
ပင္း မွာ ေနရာေဒသခြင္ဟု ေဖာ္ျပၿပီး ျဖစ္သည္။ ယ မွာ အေဟာင္း ဟု ဆိုလိုပါသည္။ ထို႔ေၾကာင့္ ပင္းယမွာ ေနရာေဒသေဟာင္း၊ ေနရပ္ေဟာင္း ျဖစ္ပါသည္။
ပင္းတယ
ပင္းႏွင့္ ယကို အထက္ပါအတိုင္း အဓိပၸါယ္ သိႏိုင္ၾကၿပီျဖစ္ရာ “တ” မွာ “ဒုဲင္” ဟု ဆိုလိုေသာ လူသူ မေနေတာ့ျခင္းဟု ဆိုလိုေသာ ပ်ဴ (ပအို၀္း) တို႔၏ ေ၀ါဟာရစကား ျဖစ္သည္။ ထို႔ေၾကာင့္ ပင္းတယမွာ ဗမာအဆို ပင့္ကူရႏွင့္ အသံထြက္ ဆင္သေယာင္သာ ျဖစ္ေသာ အဘိုး၊ အေဘး တို႔ ေနထိုင္ခဲ့ေသာ ေနရာေဟာင္း “ပင္းဒုဲင္ယ” သာ ျဖစ္ေၾကာင္း ေဖာ္ျပအပ္ပါသည္။
ဒုတိယ အေနျဖင့္ ဆက္လက္ တင္ျပလိုသည္မွာ သစ္ပင္ပန္းမံ အမည္ ေ၀ါဟာရမ်ားႏွင့္ ပတ္သက္ေသာ ေ၀ါဟာရမ်ား အေၾကာင္း ျဖစ္ပါသည္။ ပ်ဴႏွင့္ ဗမာသည္ အေနနီးစပ္ကာ ေသြးျခင္း ေပါင္းယွက္ တစ္သားတည္း ျဖစ္ခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါသည္။ ထို အက်ဳိးဆက္မွာ ပ်ဴေ၀ါဟာမ်ားကို ေရာေႏွာေျပာဆို ေနၾကပါေသာ္လည္း ဆိုလိုရင္း အဓိပၸါယ္ကို သိနားလည္ျခင္း မရွိေတာ့ပဲ ပညတ္အားျဖင့္သာ အမည္တပ္ ေခၚေ၀ၚၾကျခင္း ျဖစ္ေၾကာင္း အလြယ္တကူ ဆုံးျဖတ္ေလ့ ရွိေတာ့သည္။
သေျပ
ျမန္မာလူမ်ဳိးတို႔အထြဋ္အျမတ္ထားေသာ ေအာင္အတိတ္ ေအာင္နိမိတ္ေဆာင္ေသာပန္း၊ ေအာင္ပန္းျဖစ္သည္။ အရြက္ႏုကို ပန္းအျဖစ္ ပူေဇာ္ရေသာ ပင္ေစာက္တစ္မ်ဳိး၊ ခရမ္းရင့္ေရာင္ အသီးကို စားရေသာ ပင္ေစာက္တစ္မ်ဳိး ဟု ဖြင့္ဆိုထားပါသည္။ ပ်ဴဘာသာ အားျဖင့္မူ “သ” မွာ စိတ္ကို ဆိုလိုၿပီး၊ “ေျပ” မွာ ေျပျပစ္ျခင္း၊ ေခ်ာေမြ႕ျခင္း၊ ေျပေလွ်ာျခင္းကို ဆိုလိုပါသည္။ စိတ္အေမာအပမ္း၊ အႏြမ္းအနယ္ မ်ားကို ေျပေလွ်ာ့ေစေသာ ပန္း “သေျပ” ပန္းဟု တိုက္႐ိုက္ အဓိပၸါယ္ရေသာ ပန္းပင္ ျဖစ္ေလသည္။
သဇင္
ဥ မွ ပြင့္တံထြက္ၿပီး တစ္ႏွစ္မွတစ္ခါ ေဆာင္းရာသီ၌ ပြင့္ေလ့ရွိေသာ သစ္ခြမ်ဳိး၀င္ အပင္ ဟု ဆိုထားပါသည္။ သန္႔စင္ပန္းဟု ရခိုင္တို႔က အျမတ္တႏိုင္း ကင္ပြန္းတပ္ကာ တန္ဖိုးထားသည့္ ပန္းျဖစ္သည္။ ပ်ဴေဟာရ ရင္းျမစ္ျဖစ္သည့္ သစင္ / သဇင္၏ ဆိုလိုခ်က္ႏွင့္ နီးစပ္ပါသည္။ သဇင္ ဟူေသာ ပ်ဴေ၀ါဟာရ၏ ျမန္မာလို တိုက္႐ိုက္ အဓိပၸါယ္မွာ “စိတ္စင္ပန္း” စိတ္ကို ျဖဴစင္ေစေသာပန္း ဟု ဆိုလိုပါသည္။
ထေနာင္း
အပူပိုင္းေဒသတြင္ ေပါက္ေသာ အခက္အလက္တြင္ ဆူးပါသည့္ သစ္ပင္တစ္မ်ဳိးဟု ဆိုထားပါသည္။ ထိုအဓိပၸါယ္ ဆိုလိုခ်က္ႏွင့္ ထေနာင္းဟူေသာ ေ၀ါဟာရတြင္ ပါ၀င္ေသာ ဗ်ည္း သရ တို႔၏ အဓိပၸါယ္ ဆိုလိုခ်က္မ်ားသည္ ဗမာဘာသာျဖင့္ ဖြင့္ဆိုျပရန္ အေတာ္ေလး ေတြးေတာ ဆက္စပ္ယူရမည္ ျဖစ္ပါသည္။ ထေနာင္းဟူေသာ အမည္မွာ ပ်ဴဘာသာအားျဖင့္ တင္စား ေဖာ္ညႊန္းထားေသာ ေ၀ါဟာရ ျဖစ္သည္။ ထ မွာ (ခ်ဳပ္) အပ္ကို ဆိုလိုၿပီး၊ ေနာင္း မွာ ထိုးထိုးေထာင္ေထာင္ ျဖစ္ေနျခင္းကို ဆိုလိုပါသည္။ ထို႔ေၾကာင့္ ထေနာင္းမွာ အပ္ဆူးပင္ ျဖစ္ေလသည္။
ထန္း
အကိုင္းမထြက္ေသာ အပင္မ်ဳိး၀င္၊ ပင္စည္မတ္ေစာက္ လုံးေခ်ာ၍ အဖ်ားတြင္သာ ယပ္၀န္းပုံအရြက္ ထြက္ေသာ အပင္ႀကီး တစ္မ်ဳိး ဟု ဆိုထားပါသည္။ ပင္စည္ခြဲမရွိ ေျဖာင့္တန္းစြာ ထြက္ေသာ အပင္မ်ဳိးဟုလည္း တစ္နည္းအားျဖင့္ ဆိုႏိုင္သည္။ ထိုသို႔ ေျဖာင့္တန္းစြာထြက္ျခင္း၊ ကိုင္းခြဲ မထြက္ျခင္းကို “ထန္” ဟု ပ်ဴ(ပအို၀္း) ဘာသာျဖင့္ ေခၚဆိုပါသည္။ ပ်ဴ(ပအို၀္း) အေရးအသားျဖင့္ အတိအက် ေရးျပရလွ်င္မူ ထန္ႏွင့္ ထန္း မဟုတ္ပဲ ထင္း ဟုသာ ဆိုရေပမည္။
ကုကၠိဳ
ဆီဆုံ၊ အိုးစည္ စသည္ လုပ္ရေသာ အသားရရွိသည့္ သစ္ပင္ႀကီး၊ ျမန္မာကုကၠဳိ၊ လမ္းေဘးစိုက္ အရိပ္ေကာင္း သစ္ပင္ႀကီးတစ္မ်ဳိး ဟု ဆိုသည္။ “ကုက္” မွာ အုပ္မိုးျခင္း၊ အရိပ္ေပးျခင္းႏွင့္ ကုတ္၀င္ျခင္းမ်ားျဖစ္ၿပီး “ကို” မွာ အတြင္းဘက္ သို႔မဟုတ္ ကူညီျခင္း၊ ကူျခင္းကို ဆိုလိုေသာ ေ၀ါဟာရ ျဖစ္သည္။ အရိပ္ရေအာင္ ကူညီေသာအပင္ ကုကၠိဳဟု ေခၚရပါသည္။ တနည္းအားျဖင့္ ၄င္းအပင္မ်ဳိး၏ သဘာ၀သည္ ေနေရာင္ ကြယ္ညိဳးလွ်င္ ရြက္ညႇာတံမ်ားသည္ ႐ိုးတံအတြင္းဘက္ ကပ္လ်က္ ကုတ္၀င္သြားေလ့ရွိၿပီး၊ ေနေရာင္ျခည္ လာေသာအခါ ရြက္ညႇာတံမ်ား အားျပည့္ လာကာ စြင့္ကား၍ ျပန္ျဖန္႕လာၾကပါသည္။ ထိုသို႔ ကုတ္၀င္ျခင္း၊ ျဖန္႔ကားျခင္းကို ကုကၠဴဟု ဆိုလိုပါသည္။ ကုကၠိဳမွာ အတြင္းသို႔ ကုတ္၀င္ျခင္းကို ဆိုလိုရင္း ျဖစ္ပါသည္။
သရက္
အရသာခ်ဳိၿမိန္ေသာ အသီး သီးသည့္ ပင္ေစာက္ႀကီးတစ္မ်ဳိး ျဖစ္သည္ဟု ဆိုသည္။ သ ႏွင့္ ရက္ ဟူေသာ ေ၀ါဟာရမ်ားကို ခ်ဳိၿမိန္ေသာ သေဘာႏွင့္ ဆက္စပ္၍ မရႏိုင္ေပ။ ဗမာစကား မဟုတ္မူပဲ ပ်ဴ(ပအို၀္း)တို႔ ဘာသာစကားျဖင့္ မည္တြင္ခဲ့ေသာေၾကာင့္ ျဖစ္ေလသည္။“သ” မွာ စိတ္ / အသက္ကို ညႊန္းေၾကာင္း သိခဲ့ၾကၿပီး ျဖစ္ပါသည္။ “ရက္” မွာ ခ်စ္ျမတ္ႏိုးျခင္း၊ ႏွစ္သက္ျခင္းကို ဆိုလိုေသာ ေ၀ါဟာရ ျဖစ္ပါသည္။ ခ်ဳိၿမိန္လြန္း အားႀကီးေသာေၾကာင့္ အသည္းအသက္တမွ် ခ်စ္ႏွစ္သက္ ျမတ္ႏိုးဖြယ္ေကာင္းေသာ အသီးဟု ညႊန္းဆို ျပဳခဲ့ၾကပါသည္။ အဗႏၶရ သရက္သီးမွာ စိတ္ပ်ဳိ ကိုယ္ႏုေစေသာ၊ အရြယ္တင္ေစေသာ အာဟာရ ျပည့္၀သည့္ သရက္သီးမ်ဳိးျဖစ္ေၾကာင္း အသက္ခုႏွစ္ဆယ္ေက်ာ္၊ ရွစ္ဆယ္ေက်ာ္ သက္ႀကီး ရြယ္အိုမ်ား စားသုံးမိလွ်င္ တစ္ဆယ့္ေျခာက္ႏွစ္အရြယ္ ျပန္လည္ႏုပ်ဳိေစႏိုင္ေၾကာင္း အတိတၱယ၀ုတၱိအလကၤာ ေျမာက္ေအာင္ ညႊန္းဆိုခဲ့ၾကသည္။
ထင္း႐ွဴး
ထင္း႐ွဴးကို ထင္းယူးဟုေခၚၿပီး ေအးေသာေဒသမ်ားတြင္ ေပါက္၍ အပ္ေခ်ာင္းပုံအရြက္ရွိ အေစး၊ အဆီထြက္ေသာ သစ္ပင္ႀကီးတစ္မ်ဳိးဟု ဆိုသည္။ ယင္းအပင္၏ သဘာ၀မွာ ေလတိုးပါက ေျမြသံေယာင္ေယာင္ ငိုညည္းသံေယာင္ေယာင္ အသံျမည္ ထြက္ေပၚေသာ အပင္မ်ဳိးလည္း ျဖစ္သည္။ ေျမြသံေယာင္ေယာင္ ထင္မိျခင္းကို “ထင္း႐ွဴး” ဟူေသာ ေ၀ါဟာရျဖင့္ ထပ္တူျဖစ္ေၾကာင္း ဆိုႏိုင္ပါသည္။ “ထင္း” မွာ ထင္ေယာင္ ထင္မွားျခင္းျဖစ္ၿပီး “႐ွဴး” မွာ ေျမြ ျဖစ္ပါသည္။ ငိုသံေယာင္ေယာင္ ျမည္ေသာ အပင္ကို “ငို / ငြိဳး” ဟု သုံးႏႈန္းပါသည္။
တတိယ အေနျဖင့္ လူပုဂၢိဳလ္ဆိုင္ရာ အေခၚအေ၀ၚမ်ားႏွင့္ ပတ္သက္ေသာ ေ၀ါဟာရမ်ားကို တင္ျပလိုပါသည္။
သာမန္အားျဖင့္ ယခုေဖာ္ျပမည့္ အမည္နာမမ်ားသည္ ျမန္မာစကား တနည္းအားျဖင့္ ဗမာစကားဟု ထင္ျမင္ ယူဆေလ့ ရွိပါသည္။ ပ်ဴ ဗမာ ေပါင္းဖြဲ႕မႈ ႏွစ္ရွည္ၾကာ ခဲ့ျခင္းေၾကာင့္ ဆိုရမည္ ျဖစ္ပါသည္။ ပ်ဴစကားကို ဗမာစကား၊ ဗမာစကားကို ပ်ဴစကားဟု ခြဲျခားႏိုင္ရန္ အလြယ္တကူ မဆုံးျဖတ္ သာေတာ့ေပ။
သား / အမ်ဳိးသား
သားဟူေသာ ေ၀ါဟာရကို မိဘႏွစ္ပါးမွ ေပါက္ဖြားေသာ ေယာက္်ား၊ သားေယာက္်ား ကို ၿခံဳေခၚေသာ အမည္၊ သတၱ၀ါမွ ေပါက္ဖြားေသာ သတၱ၀ါငယ္ ဟု ဖြင့္ဆိုျပထား ပါသည္။ ပ်ဴဘာသာျဖင့္ ဖြင့္ဆိုရေသာ္ “သား” မွာ သက္သာျခင္း၊ လြတ္လပ္ေပါ့ပါးျခင္းကို ဆိုလိုပါသည္။ အဘယ္ေၾကာင့္ပါနည္း။ လူသတၱ၀ါ ျဖစ္လာၾကရာတြင္ ဖိုႏွင့္မ တြင္ မသတၱ၀ါမ်ားမွာ အာေ၀နိကဒုကၡေခၚ သီးျခား ခံစားရေသာ ေသြးသား တည္ေဆာက္မႈ ေျပာင္းလဲမႈမ်ား ရွိရာ ဥပမာ - ကိုယ္၀န္ေဆာင္ရျခင္း အမႈသည္ အလြန္ တာ၀န္ ႀကီးေလး ပင္ပန္းပါသည္။ အသက္ႏွင့္လည္း ရင္းရ ပါသည္။ ထို၀ဋ္ဆင္းရဲမွ တိုက္႐ိုက္ ကင္းလြတ္ေသာ ေယာက္်ားဘ၀ကို သက္သာသည့္အမ်ဳိးဟု “သား”ဟူေသာ ေ၀ါဟာရျဖင့္ သုံးႏႈန္း ခဲ့ၾကေပသည္။ ထို႔ေၾကာင့္ အမ်ဳိးသား ဟူသည္မွာ ေပါ့ပါးလြတ္လပ္ေသာ ဘ၀၊ ၀န္မေလးေသာ ဘ၀ပိုင္ရွင္မ်ားဟု ဆိုလိုပါသည္။
အမ်ဳိးသမီး
မိန္းကေလး၊ မိန္းမေလး စေသာ အမ်ဳိးသမီးကို ကိုယ္စားျပဳသည့္ ေ၀ါဟာရမ်ားသည္ မီး၏ ဂုဏ္ပုဒ္ပမာ တင္စားၿပီး မီးမ၊ မိမၼ၊ မီးမီး၊ ေမေမ၊ အေမ စသည္ျဖင့္ ေခၚေ၀ၚ ခဲ့ၾကပါသည္။ ပ်ဴ(ပအို၀္း) သည္ လည္းေကာင္း၊ ဗမာသည္ လည္းေကာင္း ျဖစ္ေသာ ျမန္မာတို႔သည္ အမ်ဳိးအစားကို ဆိုလိုေသာ “အမ်ဳိး” ဟူေသာ ေ၀ါဟာရကိုပင္ အသုံးျပဳခဲ့ ၾကပါသည္။ “သ” ကို ဗမာ ေ၀ါဟာရအားျဖင့္ အဓိပၸါယ္ ဖြင့္ဆိုႏိုင္မည္ ျဖစ္ေသာလည္း အမ်ဳိးသမီး ဟူေသာ ေ၀ါဟာရႏွင့္ ကိုက္ညီမည္ မဟုတ္ပါ။ မိန္းကေလးေမြးေသာ္ မိဘ ေမာင္ဖြားတို႔၏ ရင္မွာ စိတ္ “သ” အစဥ္မွာ မီးကို ေမြးျမဴပုိင္ဆိုင္ ရသည့္ႏွယ္ ျဖစ္ပါသည္။ မီးတုိ႔၏ သေဘာမွာ ခ်မ္းခိုက္တုန္ေနေသာ သူအဖို႔ အေဖာ္ေကာင္း အျဖစ္က်းဇူးျပဳႏိုင္ သကဲ့သို႔ ပူေလာင္ေနေသာ သူကို ပိုမိုေလာင္ကၽြမ္း ပ်က္စီးေစတတ္ေသာ အစြမ္းသတၱိရွိေသာ ထိုသေဘာကို အစဥ္ သတိျပဳ ရမည့္သူမ်ား အျဖစ္ အမ်ဳိးသမီး ဟု ကင္ပြန္းတပ္ ခဲ့ျခင္း ျဖစ္ေလသည္။
မီးကို ပ်ဴ(ပအို၀္း)ဘာသာျဖင့္ ေမးဟု ေခၚသည္။ ေမးေမး (ေမေမ) ဆိုသည္မွာ မီးပမာ သားသမီးတို႔ အေပၚမွာ ေႏြးေထြးစြာ၊ ရွင္သန္စြာ အၿမဲတမ္း လိုက္လံလႊမ္းမိုး ေစာင့္ေရွာက္ေလ့ရွိေသာ သေဘာ ျဖစ္ေသာေၾကာင့္ အေမး သို႔မဟုတ္ အမိုး/မြိဳးဟု ေခၚေလသည္။ မြိဳး(ေမတၱာတရားျဖင့္) ခ်ိန္ရြယ္ လႊမ္းၿခံဳျခင္း ျဖစ္သည္။
ဖ / အဖ / အေဖ / ေဖေဖ
ယင္းေ၀ါဟာရမ်ားသည္ ပ်ဴဘာသာစကား ေ၀ါဟာရမ်ား ျဖစ္သည္။ ျမန္မာ(ဗမာ) ဘာသာအားျဖင့္ “ဖ”ကို အဖႏွင့္ အတူတူ၊ မိဘႏွစ္ပါး တြင္ အဖျဖစ္သူ(ဥပစာ) ထူးျခားေျပာင္ေျမာက္စြာ စြမ္းေဆာင္ႏိုင္ေသာ အားကိုးအားထား ျပဳရသူကို ဂုဏ္ျပဳေခၚေသာ စကားဟု ဆိုထားပါသည္။ “အဖ” မွာ အေဖ၊ ဖခင္ ဟူ၍ ဆိုပါသည္။ ေ၀ါဟာရရင္းျမစ္ကို တိုက္႐ိုက္ အဓိပၸါယ္ ဖြင့္ဆို ျပထားျခင္းမ်ဳိး မဟုတ္ေပ။ “ဖ/အဖ” မွာ ခြဲျခမ္းျခင္း၊ မွ်ေ၀ျခင္း။ “အေဖ”မွာ ခြဲျခမ္းေပးသူ၊ မွ်ေ၀ေပးသူ။ ေဖေဖမွာ “ဖ/ေဖ” ကို ခ်စ္ဖြယ္ စကားအျဖစ္ သုံးႏႈန္းျခင္းမ်ဳိး ျဖစ္သည္။
#Unicode>>
ပျူတို့ပြောစကား
*****************************
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂) ရက်
ပြည်ထောင်စုဖွား တိုင်းရင်းသားများတွင် လူမျိုးတစ်မျိုး အနေဖြင့် ပါ၀င်သော ပအို၀်း တိုင်းရင်းသား များ၏ အခြေခံ သမိုင်းဖြစ်စဉ်သည် ထူးခြား အံ့သြဖွယ် ကောင်းကြောင်း သတိမပြုမိ ခဲ့ကြပေ။ ပအို၀်း တိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ သမိုင်း အစဉ်အလာကို သိရှိ နားလည် ခဲ့ကြသည် ဖြစ်သော်လည်း အများသိအောင် ဖွင့်ထုတ် ဖော်ပြတတ်သည့် အလေ့လည်း နည်းခဲ့သောကြောင့် သမိုင်း ပျောက်နေသော လူမျိုး ယောင်ယောင် တချို့က မှတ်ထင် ခံစားရင်း တစ်စုံတစ်ရာကို ဘ၀င်မကျနိုင်အောင် လိပ်ခဲတည်းလည်း ခံစားခက်ခဲ့ ကြလေသည်။
ထိုသို့ ခံစားနေရခြင်းမှာ မိမိသမိုင်းကို မိမိ အလေးအနက်ထားကာ ရဲရဲဝံ့ဝံ့ မဆန်းစစ်၊ မဖော်ထုတ်လေ့ရှိသော အကျိုးဆက်ပင် ဖြစ်သည်။ ပအို၀်းဟူသော ေဝါဟာရသည် ပျူဟူသော ေဝါဟာကို ဆိုလိုသော ပအူ ဟူသည့် ေဝါဟာရမှ တိုက်ရိုက် ဆင်းသက်လာခဲ့ကြောင်း “ပျူဆိုတာ” ဆောင်းပါးတွင် ဖွင့်ဆိုရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ပအို၀်းစကားသည် ပျူစကားပင် ဖြစ်သည့်အလျောက် ပျူတို့ ပြော ခဲ့သောစကား များကို ယနေ့မြန်မာေဝါဟာရ အဖြစ် စီးမျှော နေသော စကားအချို့ နှင့် မြန်မာဘာသာသို့ တိုက်ရိုက် ဘာသာပြန် အဓိပ္ပါယ်ဖွင့်၍ မရသော ေဝါဟာရ စကားလုံးအချို့ကို ကဏ္႑အလိုက် ခွဲခြားဖွင့်ဆိုပြပေးသွားပါမည်။
ပထမဦးစွာ ပျူမြို့ဟောင်း အမည်များကို အဓိပ္ပါယ်ဖွင့်ဆို တင်ပြပါမည်။
ဟံလင်း
ရွေှဘိုခရိုင်၊ ၀က်လက်မြို့နယ် အတွင်းရှိ ဟံလင်းကြီးမြို့ဟောင်းသည် မန္တလေး - ရွေှဘို မော်တော်ကား လမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက် ၁၁ မိုင်၊ ရွေှဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်နှင့် ၅ ဖာလုံ အကွာတွင် ရှိပါသည်။ မုဆိုးချုံဘူတာမှ ၂ မိုင်ခန့် သွားရသည်။ ဟံလင်းမြို့အမည် ၆ ပါးရှိရာ (၁) ဟံသာ၀တီ - ဟင်္သာငှက်ရှိသည်ကို အစွဲပြု၍ ခေါ်သည်။ (၂) ပစိမၦနဂရ - အနောက်ဘက်ကျသော နိုင်ငံဖြစ်သည် ဟု အစွဲပြု၍ ခေါ်တွင်၏။ (၃) ကာမာ၀တီ - လိုရာမရှား ပေါများပြည့်စုံခြင်းကို အစွဲပြု၍ ခေါ်တွင်၏။ (၄) ဟံသာ နဂရ - ဟံသာ၀တီ နေပြည်တော် ဟူ၍ပင် တစ်မျိုးအားဖြင့် ခေါ်တွင် အမည်ဖြစ်၏။ (၅) ဟလ္လမခေါက် - ယိုးဒယားဘာသာ အစာရေစာ ပေါများ၍ ထမင်းမငတ်နိုင်သည့် နိုင်ငံဟု ဆိုလို၏။ (၆) ဟံ (ဟန်)လင်း - ရန်သူတို့ကို ရှင်းလင်းဟန့်တား နိုင်သဖြင့် ဟန်လင်းတွင်ခြင်း ဖြစ်လေ၏ ဟူ၍ စန်းယုံအောင်ရေး ဟန်လင်းရွေှပြည် (၁၉၉၅ ခုနှစ်ထုတ် ယဉ်ကျေးမှုစာစောင်) အကြောင်းတွင် ဖတ်မှတ်လေ့လာ ရပါသည်။
ဟံ မှာ မြေကို ဆိုလိုသော ပျူဘာသာစကား ဖြစ်သကဲ့သို့ လင်း မှာ မြေညီပြင်သလင်းကို ဆိုလိုပါသည်။ မြေပြင်ညီမြို့ သို့မဟုတ် ပြန့်ပြူးသော မြေတွင် တည်ထားသောမြို့ဟု ဆိုလိုပါသည်။ ထိုအသုံးမှာ ယနေ့ခေတ်တိုင် ဖြစ်ပါသည်။ ဥပမာ- တောင်ကြီးမြို့ရှိ ဟံဗွာဒုံ (မြေဖြူရွာ)၊ ဟံသွူးဒုံ (ဟမ်းဆီးရွာ) စသည်တို့ ဖြစ်သည်။ ဟံလင်းကို အသံဖလှယ်ထားသော အမည်ဖြစ်သည့် လင်(န်) ယင်(န်) မှာလည်း “ကောင်းစွာ ကျယ်ပြန့်သော” ဟု အဓိပ္ပါယ် ရပါသည်။ လင် (န်) “လုဲင်း” မှာ ကျယ်ပြန့်ခြင်း၊ ယင် (န်) “ယမ်” မှာ ကောင်းခြင်း/ ကောင်းစွာ ဖြစ်ပါသည်။
ဟံသာနဂရမှာလည်း ဟံမှာ မြေ၊ သာမှာ နေသာခြင်း၊ ပြန့်ပြူးခြင်းကို ဆိုလိုသည်။ နဂရမှာ ပါဠိသက် မြို့မြေနေရာကို ဆိုလိုပါသည်။ နေထိုင်၍ ကောင်းသောမြေဟု ဆိုလိုပါသည်။ ဟံသာ၀တီ ဆိုသည်မှာလည်း နေထိုင်ကောင်းသောမြေ ဟုပင် ဆိုပါသည်။ မတီ၊ ၀တီ စသည်တို့သည် အတည်တကျ နေထိုင်ရာသောမြို့၊ ၀င်ထွက်သွားလာ၍ ကောင်းသောမြို့ဟု ဆိုနိုင်ပါသည်။ ကေတု၀တီ၊ မြ၀တီ၊ တမ္ပ၀တီ၊ ဓည၀တီ......စသည်တို့ ဖြစ်ပါသည်။ ဆရာဦးဘရှင်က “လင်ယန်” ဟူသည် ဗိဿနိုးနှင့် ထပ်တူဖြစ်ကြောင်း မိန့်ဆိုသည်။ သို့သော်လည်း မည်သည့် အကြောင်းကြောင့် ဗိဿနိုးကို တရုတ်တို့က လင်ယန်ဟု သိခဲ့သည်ကို ရှင်းလင်းဖော်ပြခြင်း မပြုပေ။ လင်ယန်ဟူသော တရုတ်စာလုံးနှစ်လုံး၏ ရှေးဟောင်းအသံထွက်သည် Lam-Yong နှင့် ခပ်ဆင်ဆင်ဖြစ်၍ ရမည် Raman (Rman) ကို အသံလှယ်ထားသည့် စာလုံးများ ဖြစ်သည်။ ပျူ အရပ်ဒေသကို ပျူေဝါဟာရစင်လျှက်ကို တရုတ်သံသာ ဖြစ်သယောင် ရမည် (မွန်) ဟု ရအောင် ကြိုးစား အသံလှယ် ပြထားသည်မှာ သဘာ၀ မကျလှပေ။
တကောင်း
တကောင်းမြို့သည် မန္တလေးမြို့မှ ဆန်တက်သော ရေမိုင် ၁၂၇ မိုင်အကွာ ဧရာ၀တီမြစ် အရှေ့ဘက်ကမ်းအနီး ကပ်လျှက်တည်ရှိပြီး မန္တလေးခရိုင်၏ မြောက်ဘက်စွန်း၌ ရှိပါသည်။ တကောင်းမြို့၏ အမည်များမှာ သံသာပူရ၊ ရဋ္ဌပူရ၊ သင်းကွဲ၊ တကောင်း၊ သင်္ကသရဋ္ဌ၊ ပဉ္စာတကောင်း စသည်တို့ ဖြစ်ကြသည်။ တကောင်းဆိုသည်မှာ ရှမ်းဘာသာအားဖြင့် စည်ကူးတို့ ဟု အဓိပ္ပါယ်ရကြောင်း၊ ဆိုလိုရင်းမှာ (တ ကောင်) ဟူသော စကားရပ်တွင် “တ” မှာ ကူတို့ဆိပ်ဖြစ်ပြီး “ကောင်”မှာ အစုအပုံ (ဝါ) ကုန်ပစ္စည်းများ စုပုံရာ ကူးတို့ဆိပ် ပင်ဖြစ်ကြောင်း သိရလေသည်။
ရှမ်းဘာသာနှင့် ပျူပအို၀်းတို့ ဘာသာစကားမှာ တကောင်းကို ဆိုလိုရာ၌ အဓိပ္ပါယ် တူလေသည်။ သို့သော ပျူဘာသာဖြင့် သီးခြား ဖွင့်ဆို နိုင်သော အခြေအနေ တခြားအဓိပ္ပါယ်များလည်း ရှိနေပါသေးသည်။ တကောင်းမှာ တွူးကောင်းဟူသော ပျူစကားမှ ဆင်းသက်ခဲ့ပါသည်။ တွူး မှာ မြစ်ဆိပ်၊ ကူးတို့ဆိပ်ဖြစ်ပြီး၊ ကောင်းမှာ မြစ်ကွေ့၊ မြစ်ကြောင်းပြောင်းသော နေရာဟု ဆိုလိုသကဲ့သို့ တွူးကောင်းဟူသော ေဝါဟာရကို အသံဖလှယ် သော် တောင်းကွူးဖြစ်သည်။ တောင်းမှာ ကြေးထည်၊ ကြေးပစ္စည်း များကို ဆိုလိုပြီး၊ ကွူး မှာ ကူးသန်းရောင်း၀ယ်ခြင်းကို ဆိုလိုသည်။ ကြေးထည် ပစ္စည်းများ ရောင်းချရာ ကြေးကုန်များ ထွက်ရာဒေသဟု ဆိုလိုပါသည်။ “သင်းကွဲ” ဟူသော အသုံးမှာလည်း ပျူစကားသာလျှင် ဖြစ်ပါသည်။ မြန်မာ ဘာသာဖြင့် ဆိုပါက သင်းကွဲသည် အဖော်အသင်း ကွဲသည်ကို ဆိုလိုမည် ဖြစ်သော်လည်း၊ ပျူဘာသာ ေဝါဟာရဖြင့်မူ ပြန်လည်ဆုံဆည်းရာ မြေဌာနဟု ဆိုလိုပါသည်။
ဗိဿနိုး
ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၁ မိုင်အကွာတွင် ရှိသည့် ကုက္ကိုခွရွာ၏ မြောက်ဘက်၌ တည်ရှိ၏။ ဗိဿနိုးဟူသော အမည်မှာ များသောအားဖြင့် ဟိန္ဒူဘာသာ၀င် တို့၏ နတ်ဘုရား အမည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြပါသည်။ ပျူ ဘာသာအားဖြင့် ဗိဿနိုး အမည်မှာ ဟိန္ဒူနတ်ဘုရား အမည် မဟုတ်ပါ။ “ဗွေသ့နိုး” ဟူသော အရှင်ရသေ့ကြီး စိတ်တိုင်းကျ နိုးဆော် တည်ထောင် ပေးသော မြို့ဟုသာ ဆိုလိုပါသည်။ ပန်ထွာဟုလည်း တစ်မျိုးဆိုခဲ့ကြ ပေသေးရာ “ပန်” မှာ ဘ၀ကို ဆိုလိုပြီး “ထွာ” မှာ ဖြစ်ခြင်းကို ဆိုလိုပါသည်။ ပွေးဖို ပွေးမဘ၀နှင့် ပေယပ်တောင် လှူခဲ့ဖူးသော ဘ၀မှ ကူးပြောင်း၀င်စား ဖြစ်လာရသော ဘ၀ဟု ဆိုလိုပါသည်။ ဗိဿနိုးခေတ် ကတည်းကပင် ပျူနှင့် ဗမာ သွေးနှောခဲ့ပြီဟု ဆိုစရာအကြောင်း ရှိပါသည်။ ဗိဿနိုးသို့ အိန္ဒိယတိလိင်္ဂဏတိုင်းသား မွန်များ လာရောက်တိုက်ခိုက်ခဲ့သည် ဆိုသော အဆိုရှိသည်။
သရေခေတ္တရာ
သရေခေတ္တရာမှာ ပြည်မြို့၏ အရှေ့ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိ၏။ သာသနာတော်သက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဂဝံပတိ အရှင်သူမြတ် အမှူးပြု၍ ကြပ်မတ်တည်ထောင်ပြီးလျှင် ဒွတ္တပေါင်မင်းကြီး ရှေးဦးလက်မွန် စိုးစံသော မြို့ဖြစ်သည်။ သရေခေတ္တမှာ ပါဠိသက် သို့မဟုတ် ပါဠိေဝါဟာရဟု ဆိုနိုင်သကဲ့သို့ ပျူဘာသာအားဖြင့်လည်း တိုက်ရိုက် အဓိပ္ပါယ်ပေါက်သော ေဝါဟာရလည်း ဖြစ်နေပါသည်။ “သရေ” မှာ စိတ်လက်ကျန်းခံ့ခြင်း၊ “ခေတ္တရာ” မှာ တရားမျှတသော ခေတ်/ကာလဟု ဆိုလိုပါသည်။ မှော်ဇာ (မော်ဇာ)မှာ တရားဟော ဓမ္မကထိကအလုပ်ဖြင့် အသက်မွေး၀မ်းကျောင်းမှု ပြုသော ဦးဇာ၏ နေရပ်အဖြစ် မော်ဇာခေါ်ရာမှ မှော်ဇာဖြစ်လာဟန်ရှိသည်။ ပြည်မှော်ဇာကို သိသိတ် “ဆိဆိတ်” ဟု ခေါ်ပါသေးသည်။ မြန်မာလို သစ်ဆိပ်ဟု ယူဆမည်လော။ ပျူပအို၀်းတို့၏ သထုံကလေး ကိုလည်း ဆီဆိုင်ဒေသဟု မည်တွင်နေသည်ကို ဆက်စပ် စဉ်းစားဖွယ် ကောင်းပါသည်။ ရတနာပေါ်သော သစ်စေးပင်ဟု အဓိပ္ပါယ် ရှိလေသည်။ ကျန်စစ်သားမင်း၏ ကျောက်စာအလိုအရ သာသနာနှစ် ၁ နှစ်တွင် တည်ကြောင်း သိရသည်။
သု၀ဏ္ဏဘူမိ (သထုံ)၊ (ကျင်လန်)၊ မီချဲ(န်)၊ ကြုံစိန်
သု၀ဏ္ဏဘူမိကို ရှေးဟောင်းမြို့ကြီး တစ်မြို့ အဖြစ်သာ ထင်မြင်ယူဆ တတ်ကြသည်။ မွန်တို့နှင့်သာ သက်ဆိုင်ခဲ့သော အမည်ဟုလည်း ထင်မြင်ယူဆလေ့ ရှိကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သု၀ဏ္ဏဘူမိကို လေးလေးနက်နက် လေ့လာမှု မပြုသေးကြောင်း ထင်ရှားပါသည်။ သု၀ဏ္ဏဘူမိ သည် သထုံမြို့၊ သထုံခရိုင်လောက်သာ ကျယ်၀န်းခဲ့သော ဒေသ မဟုတ်ပါ။ အရှေ့တောင်အာရှ တစ်ခုလုံး မျှမက ကျယ်ပြန့်သော ဒေသကြီးသည် Golden Land ရွေှနိုင်ငံဟု ယနေ့တိုင် သိမှတ်ခဲ့ကြပါသည်။ သု၀ဏ္ဏဘူမိတိုင်း၏ မြို့တော်မှာ သထုံဖြစ်သည်။ သထုံမှာ ယနေ့ မြန်မာပြည်ရှိ သထုံမြို့ သာမကပဲ ယနေ့ ထိုင်းနိုင်ငံရှိ ပရပထုံ / နခေါန်ပထုံ သည်လည်း ရှေးက မြို့တော် သထုံကြီး ဖြစ်ခဲ့ပေသည်။ မင်းမြတ်အနော်ရထာ ဆင်းတိုက် ခဲ့သော သထုံ ဆိုသည်မှာ အဆိုပါ နခေါန်ပထုံပင် ဖြစ်ဖို့များကြောင်း သိရှိရပါသည်။ သထုံးဆိုသည်မှာ ပျူစကား “ခမ်းသုဲင်ထွုံ” ရွေှထွက်သော သဲနှုန်းမြေကို ခေါ်ဆိုရာမှ သုဲင်ထွုံ၊ သထုံဟု မည်တွင်လာခြင်း ဖြစ်သည်။ မွန်တို့ အဆိုအရ ဂိုးသွယ်ဂထုံမှ ဂထုံ / သထုံ ဖြစ်လာကြောင်း တွေ့ရ ပါသည်။ စကားအဆက်အစပ် နီးစပ်မှု ေဝါဟာရ အသုံးနှုန်း ကွာဟမှု ရှိသည်ကို သတိပြုရမည် ဖြစ်ပါသည်
သထုံဒေသ အနီးရှိ နေရာတစ်ခု၏ အမည်မှာ ကြုင်စိင် (ကြုံစိန်) မှာ ပျူေဝါဟာရပင် ဖြစ်သည်။ ကြုံစိန်မှာ ကြုံ / ခြုံ (ကရုန်း/ ခရုန်း) ဟူသော မြစ်ကြီး၊ ချောင်းကြီးကို ဆိုသော ေဝါဟာရနှင့် စိန်(စဲန်)(ကျဲန် ဟု အနီးစပ်ဆုံး အသံထွက်ပါမည်။) ဟူသော ထော်င့်ချိုး၊ (မြစ်)ချိုးဟု ဆိုလို သော ေဝါဟာရတို့ ပေါင်းဖွဲ့ထားသော စကားလုံးဖြစ်သည်။ မြစ်ထောင့် မြစ်ချိုး မြစ်ကွေ့အရပ် ဖြစ်ပါသည်။
မီချဲ(န်) မှာ စပါးမြို့ဟု အဓိပ္ပါယ်ရသော တရုတ်အခေါ်ဖြစ်သည်။ သထုံကို ခေါ်ခြင်းလော၊ မိုင်းမော် ခေါ် (ေ၀င်မော့) ပင်လယ် ပျူမြို့ ဟောင်းလော ၀ိဝါဒ ကွဲပြားလျက် ရှိနေပါသေးသည်။ သထုံကို ပအူတောင်သူ (ပျူ) မင်းတို့ အစတည်ကာ အစဉ်အဆက် စိုးစံခဲ့ပါသည်။ သထုံကို ပျူ (ပအို၀်း) မင်းဆက်ပေါင်း ၁၅၈ ဆက် အုပ်စိုးခဲ့ရာ နောက်ပိုင်းမင်းဆက်များတွင် မနုဟာမင်း မတိုင်မီ ပျူ(ပအို၀်း)နှင့် မွန် ကပြားမင်းဆက် ၁၇ ဆက်ခန့် အုပ်စိုးခဲ့လေသည်။
ပုဂံ
ပုဂံဟူသော ေဝါဟာရမှာ ပျူဂါမ၊ ပျုဂါမ၊ ပူဂါမ၊ ပုဂါမ စသော ပျူရပ်၊ ပျူရွာ၊ ပျူတို့ဌာနေမှ ပုဂံဟု မည်တွင် လာခဲ့ကြောင်း ထင်ရှား သိခဲ့ ကြပြီး ဖြစ်ပါသည်။ ယနေ့ ပုဂံမြို့ဟု ထင်ရှားနေသော နေရာကိုသာ ပုဂံဟု မဆိုလိုကြောင်း၊ ပျူတို့၏ နေရပ်ဒေသ အသီးသီးကို ပုဂံဟု ညွန်းဆို နိုင်ကြောင်း၊ တကောင်းကို အညာပုဂံဟု သိထားကြသည်။ တကောင်းနှင့် ယနေ့ ပုဂံမြို့ကို အောက်အရပ် ဒေသရှိ သထုံမှ တွက်ဆပြောဆိုမှု ပြုလျှင် ပုဂံမြို့ထက် ပိုေ၀းသော အေ၀း (အညာ) ပုဂံဟု ညွှန်းဆိုခဲ့ ကြပါသည်။ အညာဟူသော ေဝါဟာရမှာ အေ၀းဟု ဆိုလိုသော ပျူေဝါဟာရပင် ဖြစ်ပါသည်။ ပုဂံမြို့၏ အမည်ကို ၁၅ မျိုးခန့် ခေါ်ဆိုကြောင်း၊ ယင်းအမည်တို့မှာ (၁) ပေါက္ကာရာမ၊ (၂) အရိမဒ္ဒနာ၊ (၃) ပုဏ္ဏကာမ၊ (၄) ပုဏ္ဏဂါမ ၊ (၅)ပျူဂါမ၊ (၆) တမ္ပ၀တီ (ကြေးနီထွက်သောအရပ်)၊ (၇) သီရိပစ္စယာ၊ (၈) သမ္ပုဏ္ဏဂါမ၊ (၉) ပဏ္႑ုပလာသာ၊ (၁၀) နဂရုတ္တမ၊ (၁၁) ပရမပူရ၊ (၁၂)သမာဓိနဂရ၊ (၁၃) တမ္ပဒေသ၊ (၁၄) ေ၀လုကာရာမ၊ (၁၅) ပုဂံ ဟူ ဖြစ်ပါသည်။
ပုဂံပြည်ကို ပူပြင်းသောနေရပ်ဟူ၍ “တတ္တဒေသ” ဟုလည်း ခေါ်ကြောင်း သိရသည်။ ပုဂံအမည်ကို ကျောက်စာ အရေးအသားတွင်ကား ပုကံ၊ ပုကမ်၊ ပုဂံ ဟူ၍သာ တွေ့ရှိရလေသည်။ ပုဂံကို မွန်အသံဖြင့် ပေါ့ကံဟု ရွတ်ဖတ်ရာမှ ပေါ့ကံ၊ ပေါက်ကံ ဟူသော အမည် ပေါ်ပေါက်ခြင်း ဖြစ်ဖွယ် ရှိလေသည်။
မူလအမည်ဖြစ်သော အရိမဒ္ဒနပူရ မှာ ရန်သူကို နှိမ်နင်း သတ်ဖြတ်နိုင်သည် ဟူ၍ အဓိပ္ပါယ် ပေါ်ထွက်လာလေသည်။
ပုဂံဟု ဆက်စပ်မည်တွင်သော အရပ်ဒေသများမှာ တကောင်းခေါ် အညာပုဂံ တင်မက ပခန်းကြီး၊ ပခန်းလေး၊ ပခုက္ကူ စသည်တို့ သည်လည်း ဆက်စပ် ပတ်သက်မှု ရှိလေသည်။
ပခုက္ကူ
ပအူ(ပျူ) မင်းနေပြည်တော်၏ ရွေှကြိုးသတ်နယ်မြေ ရွေှမြို့တော်၏ အပိုင်းအခြားနေရာဟု ဆိုလိုသော ပအူခမ်းကူမှ ပခုက္ကူ ဖြစ်လာခြင်း ဖြစ်သည်။ ဗမာအလိုအားဖြင့် သားထုတ်ဂူမှ ပခုက္ကူ ဖြစ်လာကြောင်း ယူဆ ပြောဆိုလေ့ ရှိကြပါသည်။ ယုတ္တိယုတ္တာ ပိုမိုကျမည့် စကားလုံး ေဝါဟာရကို ရွေးထုတ် ယူနိုင်ကြရန် တင်ပြပါသည်။
ဒီပဲရင်း
ဒီပဲရင်းကို ဒီပဲယင်း၊ ဒီပယင်း၊ ဒီပရင်း၊ တပယင်း၊ ထီးပေသျှင်ဟု အမျိုးမျိုး ရေးသား ဖော်ပြလေ့ ရှိပါသည်။ ဒီပေသျှင် (ဒီပဲယင်း) ပယ်ကိုးသန်း နယ်မြေရှိ ကတူးတို့သည် အနော်ရထာမင်း လက်ထက်မှ အစပြု၍ မြန်မာမင်းတို့၏ လက်အောက်တွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ ပျူအဆက်အနွယ်ဟုပင် ဆိုသော ကတူး ဘာသာစကားဖြင့် ဒီပဲယင်းဟူသော ေဝါဟာရစကားလုံး မည်တွင်ခဲ့သည်မှာ အမှန်ဖြစ်ပါက ပျူ (ပအို၀်း) တို့၏ ေဝါဟာရစကားလုံးပင် ဖြစ်ကြောင်း ဆိုနိုင်ပါသည်။ ဒီမှာ တီနှင့် ထီ ဟူသော ေဝါဟာရစကား နှစ်လုံးကို ရပါသည်။ တီ မှာ (ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်) များကို ကျောင်းခြင်းဟု ဆိုပြီး၊ ကသံထိန်းအုပ်စု သုံးနှုန်းသော လေသံအရ “တီ” မှာ ရေကိုလည်း ညွန်းဆိုပါသည်။ ပဲ မှာ ဘဲ ဟု ပျူ (ပအို၀်း) တို့ ခေါ်ဆိုလေ့ရှိသော ဆိတ်သတ္တဝါပင် ဖြစ်သည်။ ရင်း မှာ ရန်း (ရာင်း) ဟု ခေါ်သော စားကျက်မြေ ဖြစ်သည်။ ရင်း ဟူသော ေဝါဟာရကို ပျူ(ပအို၀်း)တို့ ဘာသာအားဖြင့် ရင်းဟုပင် ရေးသောလည်း မြန်မာကံသို့ ယင်း ဟု အသံမထွက်ပါ။ Ra ဟူသော လျှာလိပ်သံဖြင့် ရန်း(ရာင်း) ဟုသာ ထွက်ပါသည်။ ထို့ကြောင့် ဒီပဲရင်း မှာ ဆိတ်ကျောင်းသည့် စားကျက်မြေ သို့မဟုတ် ဆိတ် ရေသောက်ဆင်းရာ စားကျက်မြေဟု ဆိုလိုပါသည်။ ကတူး ဟူသော ေဝါဟာရသည် ပျူ ဟုဆိုသော ပအူ ဟူသည့် ေဝါဟာရနှင့် ဆက်စပ်သော ဘမ်းစကား ေဝါဟာရ ဖြစ်ပါသည်။ (သီးခြားဖော်ပြပါမည်)
ထီးလင်း
ပျူလူမျိုး စစ်စစ်ပါဟု ဆိုလေ့ရှိသော တောင်သူပအူ အဆက်အနွယ် တောင်သားလူမျိုးများ နေထိုင်ရာ ယော၊ ဆော ဒေသရှိ မြို့တစ်မြို့ ၏ အမည်တစ်ခု ဖြစ်သည်။ “ထီး” မှာ တွေ့မြင်နိုင်ခြင်းကို ဆိုလိုသော ေဝါဟာရ ဖြစ်သည်။ “လင်း” မှာ အဆင်းအရပ်၊ နိမ့်ရာအရပ်ဘက်ကို ဆိုလိုသည်။ ရန်သူ၊ မိတ်ဆွေ ခွဲခြားသိနိုင်ရန် လှမ်း၍ မြင်နိုင်သော အရပ်တွင် တည်ထားသောမြို့ဟု ဆိုနိုင်သည်။ သို့မဟုတ် ထီးဟု မယူပဲ ထီ(ရေ) ဟု ယူဆပါက ရေဆင်းအရပ်ဟု အဓိပ္ပါယ် ရှိပေမည်။
မိုင်းမော
ကြီးကျယ် ထင်ရှားသော ပျူမြို့ဟောင်း တစ်မြို့ဖြစ်ပြီး၊ မိုင်းမော (မွိုင်းမော့ / ေ၀င်မော့ ) တွင် မွိုင်း မှာ ကွန်းခိုရာအရပ်၊ နေရာဒေသကို ညွှန်းသော ေဝါဟာရ ဖြစ်သည်။ မော့ မှာ အစွန်အဖျားအရပ် ( ကုန်းမြေစွန်း / လွင်ပြင်မြေပြန့်စွန်း ) အရပ် ဖြစ်သည်။ ေ၀င် မှာ မြို့ဟု အဓိပ္ပါယ် ရပါသည်။ ကုန်းစွန်း / လွင်ပြင်အစွန်းတွင် တည်ထားသော မြို့ဟု ဆိုလိုပါသည်။
ပဲခူး
ဥဿပဂိုးဟု ထင်ရှားသည်။ ပဲခူး ခေါ် ပဲခိုး/ဖဲ့ခိုးမှာ ပျူေဝါဟာရပင် ဖြစ်ပြီး အထက်အရပ်ဟု ဆိုလိုသည်။ မြို့တော်သထုံမှ တွက်စစ်လျှင် အထက်အရပ်တွင် ရှိနေသောကြောင့် ဖြစ်သည်။
မုဒုံ
အထက်အရပ်ကို ပဲခိုး / ပဲခူး ဟု ဆိုပြီး အောက်အရပ်ကို မုဒုံ / မော့ဒွမ် ဟု ခေါ်ပါသည်။ မော့ သို့မဟုတ် မု မှာ အစွန်းအဆုံးဟု ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဒုံ မှာ ရွာကို ဆိုလိုပါသည်။ ဒွမ် မှာ အောက်ဘက်ကို ဆိုလိုပါသည်။ အောက်အရပ်ဟုပင် အဓိပ္ပါယ်ရသော အောက်ပါ ေဝါဟာရ များကို ဖော်ပြလိုပါသေးသည်။
ဒလ / က္လပင်း
ရန်ကုန်မြို့တော်ကြီး၏ အောက်ဘက်၊ တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ပျူမြို့တော် သရေခေတ္တရာ ပျက်စဉ်က ပျူတစ်အုပ်စု ခို၀င် နေထိုင်ရာ အရပ်ဒေသ ဖြစ်သည်။ က္လပင်းသည် သရေခေတ္တရာ၏ အရှေ့တောင်ဘက် (ယခုခေတ် မိုင် ၁၇၀ ခန့်အကွာ)၊ ယနေ့ တွံတေးမြို့၏ အရှေ့ဘက် ၄ မိုင်အမွာ ကန်ပဲ့ရွာ အနီးတွင် ရှိသည်။ ဒလမြို့နှင့် တဆက်တစပ်တည်းသော နေရာဒေသဖြစ်သည်။ ဒလသည် လည်းကောင်း၊ က္လ သည် လည်းကောင်း အောက်အရပ် အောက်ဘက်ဒေသကိုပင် ညွှန်းသော မုဒွမ်နှင့် အဓိပ္ပါယ်တူ ေဝါဟာရများ ဖြစ်ပါသည်။ ပင်း မှာ ဒေသခွင်ကို ညွှန်းဆိုသော ေဝါဟာရ ဖြစ်သည်။
ပင်းယ
ပင်း မှာ နေရာဒေသခွင်ဟု ဖော်ပြပြီး ဖြစ်သည်။ ယ မှာ အဟောင်း ဟု ဆိုလိုပါသည်။ ထို့ကြောင့် ပင်းယမှာ နေရာဒေသဟောင်း၊ နေရပ်ဟောင်း ဖြစ်ပါသည်။
ပင်းတယ
ပင်းနှင့် ယကို အထက်ပါအတိုင်း အဓိပ္ပါယ် သိနိုင်ကြပြီဖြစ်ရာ “တ” မှာ “ဒုဲင်” ဟု ဆိုလိုသော လူသူ မနေတော့ခြင်းဟု ဆိုလိုသော ပျူ (ပအို၀်း) တို့၏ ေဝါဟာရစကား ဖြစ်သည်။ ထို့ကြောင့် ပင်းတယမှာ ဗမာအဆို ပင့်ကူရနှင့် အသံထွက် ဆင်သယောင်သာ ဖြစ်သော အဘိုး၊ အဘေး တို့ နေထိုင်ခဲ့သော နေရာဟောင်း “ပင်းဒုဲင်ယ” သာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ဒုတိယ အနေဖြင့် ဆက်လက် တင်ပြလိုသည်မှာ သစ်ပင်ပန်းမံ အမည် ေဝါဟာရများနှင့် ပတ်သက်သော ေဝါဟာရများ အကြောင်း ဖြစ်ပါသည်။ ပျူနှင့် ဗမာသည် အနေနီးစပ်ကာ သွေးခြင်း ပေါင်းယှက် တစ်သားတည်း ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို အကျိုးဆက်မှာ ပျူေဝါဟာများကို ရောနှောပြောဆို နေကြပါသော်လည်း ဆိုလိုရင်း အဓိပ္ပါယ်ကို သိနားလည်ခြင်း မရှိတော့ပဲ ပညတ်အားဖြင့်သာ အမည်တပ် ခေါ်ေဝါ်ကြခြင်း ဖြစ်ကြောင်း အလွယ်တကူ ဆုံးဖြတ်လေ့ ရှိတော့သည်။
သပြေ
မြန်မာလူမျိုးတို့အထွဋ်အမြတ်ထားသော အောင်အတိတ် အောင်နိမိတ်ဆောင်သောပန်း၊ အောင်ပန်းဖြစ်သည်။ အရွက်နုကို ပန်းအဖြစ် ပူဇော်ရသော ပင်စောက်တစ်မျိုး၊ ခရမ်းရင့်ရောင် အသီးကို စားရသော ပင်စောက်တစ်မျိုး ဟု ဖွင့်ဆိုထားပါသည်။ ပျူဘာသာ အားဖြင့်မူ “သ” မှာ စိတ်ကို ဆိုလိုပြီး၊ “ပြေ” မှာ ပြေပြစ်ခြင်း၊ ချောမွေ့ခြင်း၊ ပြေလျှောခြင်းကို ဆိုလိုပါသည်။ စိတ်အမောအပမ်း၊ အနွမ်းအနယ် များကို ပြေလျှော့စေသော ပန်း “သပြေ” ပန်းဟု တိုက်ရိုက် အဓိပ္ပါယ်ရသော ပန်းပင် ဖြစ်လေသည်။
သဇင်
ဥ မှ ပွင့်တံထွက်ပြီး တစ်နှစ်မှတစ်ခါ ဆောင်းရာသီ၌ ပွင့်လေ့ရှိသော သစ်ခွမျိုး၀င် အပင် ဟု ဆိုထားပါသည်။ သန့်စင်ပန်းဟု ရခိုင်တို့က အမြတ်တနိုင်း ကင်ပွန်းတပ်ကာ တန်ဖိုးထားသည့် ပန်းဖြစ်သည်။ ပျူဟောရ ရင်းမြစ်ဖြစ်သည့် သစင် / သဇင်၏ ဆိုလိုချက်နှင့် နီးစပ်ပါသည်။ သဇင် ဟူသော ပျူေဝါဟာရ၏ မြန်မာလို တိုက်ရိုက် အဓိပ္ပါယ်မှာ “စိတ်စင်ပန်း” စိတ်ကို ဖြူစင်စေသောပန်း ဟု ဆိုလိုပါသည်။
ထနောင်း
အပူပိုင်းဒေသတွင် ပေါက်သော အခက်အလက်တွင် ဆူးပါသည့် သစ်ပင်တစ်မျိုးဟု ဆိုထားပါသည်။ ထိုအဓိပ္ပါယ် ဆိုလိုချက်နှင့် ထနောင်းဟူသော ေဝါဟာရတွင် ပါ၀င်သော ဗျည်း သရ တို့၏ အဓိပ္ပါယ် ဆိုလိုချက်များသည် ဗမာဘာသာဖြင့် ဖွင့်ဆိုပြရန် အတော်လေး တွေးတော ဆက်စပ်ယူရမည် ဖြစ်ပါသည်။ ထနောင်းဟူသော အမည်မှာ ပျူဘာသာအားဖြင့် တင်စား ဖော်ညွှန်းထားသော ေဝါဟာရ ဖြစ်သည်။ ထ မှာ (ချုပ်) အပ်ကို ဆိုလိုပြီး၊ နောင်း မှာ ထိုးထိုးထောင်ထောင် ဖြစ်နေခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ထနောင်းမှာ အပ်ဆူးပင် ဖြစ်လေသည်။
ထန်း
အကိုင်းမထွက်သော အပင်မျိုး၀င်၊ ပင်စည်မတ်စောက် လုံးချော၍ အဖျားတွင်သာ ယပ်၀န်းပုံအရွက် ထွက်သော အပင်ကြီး တစ်မျိုး ဟု ဆိုထားပါသည်။ ပင်စည်ခွဲမရှိ ဖြောင့်တန်းစွာ ထွက်သော အပင်မျိုးဟုလည်း တစ်နည်းအားဖြင့် ဆိုနိုင်သည်။ ထိုသို့ ဖြောင့်တန်းစွာထွက်ခြင်း၊ ကိုင်းခွဲ မထွက်ခြင်းကို “ထန်” ဟု ပျူ(ပအို၀်း) ဘာသာဖြင့် ခေါ်ဆိုပါသည်။ ပျူ(ပအို၀်း) အရေးအသားဖြင့် အတိအကျ ရေးပြရလျှင်မူ ထန်နှင့် ထန်း မဟုတ်ပဲ ထင်း ဟုသာ ဆိုရပေမည်။
ကုက္ကို
ဆီဆုံ၊ အိုးစည် စသည် လုပ်ရသော အသားရရှိသည့် သစ်ပင်ကြီး၊ မြန်မာကုက္ကို၊ လမ်းဘေးစိုက် အရိပ်ကောင်း သစ်ပင်ကြီးတစ်မျိုး ဟု ဆိုသည်။ “ကုက်” မှာ အုပ်မိုးခြင်း၊ အရိပ်ပေးခြင်းနှင့် ကုတ်၀င်ခြင်းများဖြစ်ပြီး “ကို” မှာ အတွင်းဘက် သို့မဟုတ် ကူညီခြင်း၊ ကူခြင်းကို ဆိုလိုသော ေဝါဟာရ ဖြစ်သည်။ အရိပ်ရအောင် ကူညီသောအပင် ကုက္ကိုဟု ခေါ်ရပါသည်။ တနည်းအားဖြင့် ၄င်းအပင်မျိုး၏ သဘာ၀သည် နေရောင် ကွယ်ညိုးလျှင် ရွက်ညှာတံများသည် ရိုးတံအတွင်းဘက် ကပ်လျက် ကုတ်၀င်သွားလေ့ရှိပြီး၊ နေရောင်ခြည် လာသောအခါ ရွက်ညှာတံများ အားပြည့် လာကာ စွင့်ကား၍ ပြန်ဖြန့်လာကြပါသည်။ ထိုသို့ ကုတ်၀င်ခြင်း၊ ဖြန့်ကားခြင်းကို ကုက္ကူဟု ဆိုလိုပါသည်။ ကုက္ကိုမှာ အတွင်းသို့ ကုတ်၀င်ခြင်းကို ဆိုလိုရင်း ဖြစ်ပါသည်။
သရက်
အရသာချိုမြိန်သော အသီး သီးသည့် ပင်စောက်ကြီးတစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ သ နှင့် ရက် ဟူသော ေဝါဟာရများကို ချိုမြိန်သော သဘောနှင့် ဆက်စပ်၍ မရနိုင်ပေ။ ဗမာစကား မဟုတ်မူပဲ ပျူ(ပအို၀်း)တို့ ဘာသာစကားဖြင့် မည်တွင်ခဲ့သောကြောင့် ဖြစ်လေသည်။“သ” မှာ စိတ် / အသက်ကို ညွှန်းကြောင်း သိခဲ့ကြပြီး ဖြစ်ပါသည်။ “ရက်” မှာ ချစ်မြတ်နိုးခြင်း၊ နှစ်သက်ခြင်းကို ဆိုလိုသော ေဝါဟာရ ဖြစ်ပါသည်။ ချိုမြိန်လွန်း အားကြီးသောကြောင့် အသည်းအသက်တမျှ ချစ်နှစ်သက် မြတ်နိုးဖွယ်ကောင်းသော အသီးဟု ညွှန်းဆို ပြုခဲ့ကြပါသည်။ အဗန္ဓရ သရက်သီးမှာ စိတ်ပျို ကိုယ်နုစေသော၊ အရွယ်တင်စေသော အာဟာရ ပြည့်၀သည့် သရက်သီးမျိုးဖြစ်ကြောင်း အသက်ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် သက်ကြီး ရွယ်အိုများ စားသုံးမိလျှင် တစ်ဆယ့်ခြောက်နှစ်အရွယ် ပြန်လည်နုပျိုစေနိုင်ကြောင်း အတိတ္တယ၀ုတ္တိအလင်္ကာ မြောက်အောင် ညွှန်းဆိုခဲ့ကြသည်။
ထင်းရှူး
ထင်းရှူးကို ထင်းယူးဟုခေါ်ပြီး အေးသောဒေသများတွင် ပေါက်၍ အပ်ချောင်းပုံအရွက်ရှိ အစေး၊ အဆီထွက်သော သစ်ပင်ကြီးတစ်မျိုးဟု ဆိုသည်။ ယင်းအပင်၏ သဘာ၀မှာ လေတိုးပါက မြွေသံယောင်ယောင် ငိုညည်းသံယောင်ယောင် အသံမြည် ထွက်ပေါ်သော အပင်မျိုးလည်း ဖြစ်သည်။ မြွေသံယောင်ယောင် ထင်မိခြင်းကို “ထင်းရှူး” ဟူသော ေဝါဟာရဖြင့် ထပ်တူဖြစ်ကြောင်း ဆိုနိုင်ပါသည်။ “ထင်း” မှာ ထင်ယောင် ထင်မှားခြင်းဖြစ်ပြီး “ရှူး” မှာ မြွေ ဖြစ်ပါသည်။ ငိုသံယောင်ယောင် မြည်သော အပင်ကို “ငို / ငွိုး” ဟု သုံးနှုန်းပါသည်။
တတိယ အနေဖြင့် လူပုဂ္ဂိုလ်ဆိုင်ရာ အခေါ်အေဝါ်များနှင့် ပတ်သက်သော ေဝါဟာရများကို တင်ပြလိုပါသည်။
သာမန်အားဖြင့် ယခုဖော်ပြမည့် အမည်နာမများသည် မြန်မာစကား တနည်းအားဖြင့် ဗမာစကားဟု ထင်မြင် ယူဆလေ့ ရှိပါသည်။ ပျူ ဗမာ ပေါင်းဖွဲ့မှု နှစ်ရှည်ကြာ ခဲ့ခြင်းကြောင့် ဆိုရမည် ဖြစ်ပါသည်။ ပျူစကားကို ဗမာစကား၊ ဗမာစကားကို ပျူစကားဟု ခွဲခြားနိုင်ရန် အလွယ်တကူ မဆုံးဖြတ် သာတော့ပေ။
သား / အမျိုးသား
သားဟူသော ေဝါဟာရကို မိဘနှစ်ပါးမှ ပေါက်ဖွားသော ယောက်ျား၊ သားယောက်ျား ကို ခြုံခေါ်သော အမည်၊ သတ္တဝါမှ ပေါက်ဖွားသော သတ္တဝါငယ် ဟု ဖွင့်ဆိုပြထား ပါသည်။ ပျူဘာသာဖြင့် ဖွင့်ဆိုရသော် “သား” မှာ သက်သာခြင်း၊ လွတ်လပ်ပေါ့ပါးခြင်းကို ဆိုလိုပါသည်။ အဘယ်ကြောင့်ပါနည်း။ လူသတ္တဝါ ဖြစ်လာကြရာတွင် ဖိုနှင့်မ တွင် မသတ္တဝါများမှာ အာေ၀နိကဒုက္ခခေါ် သီးခြား ခံစားရသော သွေးသား တည်ဆောက်မှု ပြောင်းလဲမှုများ ရှိရာ ဥပမာ - ကိုယ်၀န်ဆောင်ရခြင်း အမှုသည် အလွန် တာ၀န် ကြီးလေး ပင်ပန်းပါသည်။ အသက်နှင့်လည်း ရင်းရ ပါသည်။ ထို၀ဋ်ဆင်းရဲမှ တိုက်ရိုက် ကင်းလွတ်သော ယောက်ျားဘ၀ကို သက်သာသည့်အမျိုးဟု “သား”ဟူသော ေဝါဟာရဖြင့် သုံးနှုန်း ခဲ့ကြပေသည်။ ထို့ကြောင့် အမျိုးသား ဟူသည်မှာ ပေါ့ပါးလွတ်လပ်သော ဘ၀၊ ၀န်မလေးသော ဘ၀ပိုင်ရှင်များဟု ဆိုလိုပါသည်။
အမျိုးသမီး
မိန်းကလေး၊ မိန်းမလေး စသော အမျိုးသမီးကို ကိုယ်စားပြုသည့် ေဝါဟာရများသည် မီး၏ ဂုဏ်ပုဒ်ပမာ တင်စားပြီး မီးမ၊ မိမ္မ၊ မီးမီး၊ မေမေ၊ အမေ စသည်ဖြင့် ခေါ်ေဝါ် ခဲ့ကြပါသည်။ ပျူ(ပအို၀်း) သည် လည်းကောင်း၊ ဗမာသည် လည်းကောင်း ဖြစ်သော မြန်မာတို့သည် အမျိုးအစားကို ဆိုလိုသော “အမျိုး” ဟူသော ေဝါဟာရကိုပင် အသုံးပြုခဲ့ ကြပါသည်။ “သ” ကို ဗမာ ေဝါဟာရအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် ဖြစ်သောလည်း အမျိုးသမီး ဟူသော ေဝါဟာရနှင့် ကိုက်ညီမည် မဟုတ်ပါ။ မိန်းကလေးမွေးသော် မိဘ မောင်ဖွားတို့၏ ရင်မှာ စိတ် “သ” အစဉ်မှာ မီးကို မွေးမြူပိုင်ဆိုင် ရသည့်နှယ် ဖြစ်ပါသည်။ မီးတို့၏ သဘောမှာ ချမ်းခိုက်တုန်နေသော သူအဖို့ အဖော်ကောင်း အဖြစ်ကျးဇူးပြုနိုင် သကဲ့သို့ ပူလောင်နေသော သူကို ပိုမိုလောင်ကျွမ်း ပျက်စီးစေတတ်သော အစွမ်းသတ္တိရှိသော ထိုသဘောကို အစဉ် သတိပြု ရမည့်သူများ အဖြစ် အမျိုးသမီး ဟု ကင်ပွန်းတပ် ခဲ့ခြင်း ဖြစ်လေသည်။
မီးကို ပျူ(ပအို၀်း)ဘာသာဖြင့် မေးဟု ခေါ်သည်။ မေးမေး (မေမေ) ဆိုသည်မှာ မီးပမာ သားသမီးတို့ အပေါ်မှာ နွေးထွေးစွာ၊ ရှင်သန်စွာ အမြဲတမ်း လိုက်လံလွှမ်းမိုး စောင့်ရှောက်လေ့ရှိသော သဘော ဖြစ်သောကြောင့် အမေး သို့မဟုတ် အမိုး/မွိုးဟု ခေါ်လေသည်။ မွိုး(မေတ္တာတရားဖြင့်) ချိန်ရွယ် လွှမ်းခြုံခြင်း ဖြစ်သည်။
ဖ / အဖ / အဖေ / ဖေဖေ
ယင်းေဝါဟာရများသည် ပျူဘာသာစကား ေဝါဟာရများ ဖြစ်သည်။ မြန်မာ(ဗမာ) ဘာသာအားဖြင့် “ဖ”ကို အဖနှင့် အတူတူ၊ မိဘနှစ်ပါး တွင် အဖဖြစ်သူ(ဥပစာ) ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်နိုင်သော အားကိုးအားထား ပြုရသူကို ဂုဏ်ပြုခေါ်သော စကားဟု ဆိုထားပါသည်။ “အဖ” မှာ အဖေ၊ ဖခင် ဟူ၍ ဆိုပါသည်။ ေဝါဟာရရင်းမြစ်ကို တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆို ပြထားခြင်းမျိုး မဟုတ်ပေ။ “ဖ/အဖ” မှာ ခွဲခြမ်းခြင်း၊ မျှေ၀ခြင်း။ “အဖေ”မှာ ခွဲခြမ်းပေးသူ၊ မျှေ၀ပေးသူ။ ဖေဖေမှာ “ဖ/ဖေ” ကို ချစ်ဖွယ် စကားအဖြစ် သုံးနှုန်းခြင်းမျိုး ဖြစ်သည်။
#ခွန်ကျော်မြင့် (တောင်ကြီး)
http://www.pa-onational.com/ မှကူးယူဖော်ပြလိုက်ပါသည်
No comments:
Post a Comment