........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 27, 2015

“ဘုရား အနေကဇာတင်ခြင်းအကြောင်း သိကောင်းစရာများ ”


★ မေး။ ။ ဆရာတော်အရှင်ဘုရား တပည့်တော် သိချင်တာတစ်ခုလောက် လျှောက်တင်မေးမြ န်းခွင့်ပြုပါဘု ရား။ ဘုရားအနေကဇာတင်ြ ခင်းကို သိချင်လို့ပါ ဆရာတော်ဘုရား။ လူနေအိမ်မှာပြုလုပ်လို့ရပါသလားဘုရား။ အချိန်ရရင် တပည့်တော်သိချင် တာလေးကိုဖြေပေးတော်မူပါဆ ရာတော်ဘုရား။

★ ဖြေ။ ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူ သောအခါ ပဌမပလ္လင်္ကသတ္တာဟ အပရာဇိတပလ္လင်တော်တွင် စံတော်မူလျက် -
(၁) အနေကဇာတိသံသာရံအစရှိသော ဂါထာတော်တို့ကို စိတ်ဖြင့် ဥဒါန်းကျုးခဲ့သည်။
(၂) ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
(၃) ယဒါဟဝေအစရှိသော သုံးဂါထာကို နှုတ်ဖြင့်ရွတ်ဆိုခဲ့သည်။
(၄) စတုတ္ထ ရတနာဃရသတ္တာဟ-နတ် တို့ဖန်ဆင်းအပ်သော ရတနာစံအိမ်တော်ေ ကျာင်းတွင် အဘိဓမ္မာခုနစ်ကျမ်းကို သုံးသပ်တော်မူသည်။
ထိုအခါ ကိုယ်တော်မှ ရောင်ခြည်တော်ြေ ခာက်သွယ် ကွန့်မြူးလေသည်။
(၅) ပဉ္စမအဇပါလ သတ္တာဟ အဇပါလညောင်ပင်ရင်းတွင် ယောဗြဟ္မဏောဗာဟိ တပါပ ဓမ္မောအစရှိသော ဂါထာတော်ကိုဥဒါန်းကျုးရင့်ခဲ့သည်။
(၆) ဆဋ္ဌမ မုဉ္ဇလိန္ဒသတ္တာဟ မုဉ္ဇလိန္ဒအိုင် မုဉ္ဇလိန္ဒာနဂါးမင်း ပါးပျဉ်းမိုးသော နဂါးအခွေပေါ်တွင် သုခေါ ဝိပါကော တုဋ္ဌဿအစရှိသော ဂါထာ(၂)ခုကို ဥဒါန်းကျုးတော်မူခဲ့သည်။

ထိုကဲ့သို့ ဥဒါန်းကျုးဂါထာ(၄)မျိုး၊ သုံးသပ်ဆင်ခြင်သော တရားတော်(၂)မျိုးတို့ကို ဘုရားဖြစ်တော်မူသောအခါ ရွတ်ဆိုသုံးသပ် ဆင်ခြင်တော်မူခြ င်းကို သတိရကြည်ညိုစေခြ င်းအကျိုးငှာ ရှေးဆရာတော်များ သည် ပုဂံခေတ်မှစပြီး ဘုရားစေတီတော် ရုပ်ပွားတော်ပြု လုပ်ပြီးစအခါတို့၌ အထက်ပါ(၆)မျိုးတို့ကို ရွတ်ဆိုပူဇော်ခြင်း၊ လှူဒါန်းဖွယ်အစုစုတို့ဖြင့် ပူဇော်ခြင်းများ ဗုဒ္ဓပူဇာမင်္ဂလာကို ပြုလုပ်ကြသည်။ အနေကဇာတိသံသာရံအစရှိသော ဥဒါန်းဂါထာကို အနေကဇာဟု အတိုကောက်သတ်မှတ်ပြီး အနေကဇာတင်ခြင်းလို့ သတ်မှတ်ခေါ်လာကြ ခင်း ဖြစ်သည်။

မြတ်ဗုဒ္ဓ ပဌမပလ္လင်္က သတ္တာဟစံတော်မူပြီး၍ ရှစ်ရက်မြောက်နေ့ ၌ နတ်ဗြဟ္မာအချို့သည် ဗုဒ္ဓကား မိမိ၏ ပလ္လင်ဌာနကို စွဲလန်းနေယောင်ပါတကား။ ဥပါဒါန်မကင်းသေး ယောင်ပါတကားဟု ယုံမှားသံသယဖြစ်ကြသဖြင့် ထိုယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှာ မြတ်ဗုဒ္ဓသည် ကောင်းကင်ထက်၌ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။ ထိုကို ရည်ရွယ်၍ ရှေးခေတ်ကတည်းက အနေကဇာတင်ပွဲတို့၌ ရေချမ်းအိုး၊ ဆီးမီးခွက်တို့ကို အပြန်အလှန် ရေမီးအစုံတန်းစီး၍ လှူဒါန်းပူဇော်ကြသည်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓက တန်ခိုးပြာဋိဟြာ ပတော်မူသောအခါ နတ်ဗြဟ္မာတို့သည် နတ်ပန်းပေါက်ပေါ က် ကြဲဖြန်းပူဇော်ြ ခင်း၊ တံခွန်ကုက္ကား၊ မုလေး၊ ပန်းဆိုင်းတို့ဖြင့် ပူဇော်ခြင်း၊ နံ့သာ အခိုးအလျှံတိြု့ ဖင့် ပူဇော်ခြင်း၊ နတ်တူရိယာတို့ကို ပူဇော်ခြင်း၊ ပဉ္စသီခနတ်သား၏ ဗေလုဝပဏ္ဍုနတ်စောင်းကို တီး၍ပူဇော်ခြင်းစသော အံ့ဖွယ်ထူးဆန်း ခမ်းနားသော ပူဇော်ပွဲကြီး ပြုလုပ်ကြကုန်သည်။

ထိုနတ်ဗြဟ္မာတို့ ပူဇော်ပုံကိုရည်ရွယ်၍ အနေကဇာတင်ရာ၌ (၁) အနေကဇာတင် ရဟန်းသံဃာတော်တို့၏လက်၌ တံခွန်ကုက္ကားတို့ ကိုင်ဆောင်ပူဇော်ကြခြင်း။ (၂) ပေါက်ပေါက်ပန်းတို့ကို ကြဲဖြန်းပူဇော်ြ ခင်း။ (၃) ဘုရားရှေ့၌ ပန်းအိုးပန်းဆို င်း ပန်းခိုင်တို့ လှူဒါန်းခြင်း။ (၄) နံ့သာထင်း၊ အခိုးနံ့သာတိုင် အမွှေးအထုံတို့ဖြင့် ပူဇော်ခြင်း။ (၅) ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းသံဃာတို့၏ ရှေးဦးစွာ ဘုရားဆွမ်းတော်ြ ကီးပွဲ ကပ်လှူခြင်းတို့ ပြုလုပ်ကြသည်။

အနေကဇာတင်ရွတ်ဆိုခြင်းနှင့်ပတ်သတ်၍ အင်းဝခေတ်နောက်ပိုင်းတွင်
═══════════════════════════════════════
(၁) အနေကဇာတိအစရှိသော ဥဒါန်းဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံပါဠိတော်၊
(၃) ယဒါဟဝေအစရှိသော သုံးဂါထာ၊
(၄) ပဋ္ဌာန်းဥဒ္ဒေသပါဠိ တော်။

အထက်ပါ(၄)မျိုးကိုသာ အနေကဇာတင်ပါဠိတော်အဖြစ် သတ်မှတ်ရွတ်ဆိုကြသည်ဟု မှတ်သားရသည်။

အနေကဇာတင်ခြင်းနှင့်ပတ်သတ်ပြီး ဝိနည်းမဟာဝါလာရှိသည်နှင့် ဥဒါန်းပါဠိတော်လာရှိသည်တို့ ကွဲပြားနေကြသည်ကို တွေ့ရှိရသည်။

ဝိနည်းမဟာဝါ၌ (၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ပဌမဂါထာ၊ (၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊ (၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ၊ ထိုတွင် ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ သုံးကြိမ်အကျဉ်းချုပ်၍ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ တစ်ကြိမ်သာ ရွတ်ဆိုပူဇော်ပြီးနောက်

ယဒါဟဝေသုံးဂါထာကို ဆက်ရွတ်ဆိုပူဇော်ကြသည်။ ဤအစဉ်အလာကို ရှေးခေတ်မှစ၍ ယနေ့အချိန်ထိ ပူဇော်ကြသည်ကို တွေ့ရသည်။

တဖန် ဥဒါန်းပါဠိတော်၌ လာရှိသည်ကို ဖော်ပြရလျှင်
═════════════════════════════
(၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ယဒါဟဝေ ပဌမဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ။

ဤနည်းကိုလည်း အချို့အသုံးပြုသည်ကို တွေ့ရှိရသည်။ မိမိတို့ မြို့ရွာကျောင်းတိုက် အစဉ်အလာပေါ်မူတည်၍ အလျဉ်းသင့်သကဲ့သ ရွတ်ဆိုကြရပါမည်။

တစ်ခါ အနေကဇာတင်ပုံအစဥ်ကို တင်ပြပေးရမည်ဆိုလျှင်
════════════════════════════════
(၁) နမောတဿသုံးကြိမ်၊ (၂) အနေကဇာတိဂါထာ သုံးခေါက်၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
(၄) ယဒါဟဝေ သုံးဂါထာ၊
(၅) ပဋ္ဌာန်းဥဒ္ဒေသ၊
(၆) ပုဗ္ဗဏှသုတ် ယံကိဉ္စိဝိတ္တံ သုံးဂါထာ၊
(၇) မဟာကာရုဏိကောဂါထာမှစ၍ ပုဗ္ဗဏှသုတ်အဆုံးထိရွတ်ပြီး တေအတ္ထလဒ္ဓါ သုခိတာ နောက်ဆုံးဂါထာကို သုံးကြိမ်ရွတ်ဆိုကြသည်။
(၈) အချို့အရပ်၌ သဗ္ဗေသတ္တာ သဗ္ဗေပါဏာအစရှိသော မေတ္တာပို့ရွတ်၍ အချို့အရပ်တွင် မေတ္တာသုတ်ရွတ်ကြသည်။

အထက်ပါ အချက်အလက်တို့ကု ထောက်ဆကြည့်လျှင် အနေကဇာတင်ခြင်းသ ည် ဘုရားရုပ်ပွားတော် အသက်သွင်းခြင်းဟ လည်းကောင်း၊

အနေကဇာမတင်ဘဲ ဘုရားမကိုးကွယ်ရ ဟုလည်းကောင်း၊ အနေကဇာတင်သောအခါ နမောတဿကို အစဆုံးမရွတ်ရဟုလ ည်းကောင်း ပြောဆိုနေကြသောစ ကားများသည် မမှန်ကန်ဟု သိရှိကြပါကုန်။ မိမိကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော ထားရှိသည်နေရမှာ အနေကဇာတင်၍ ရပါသည်။

ထို့ပြင် ရွှေထီးတော်၊ စိန်ဖူးတော်၊ မကိုဋ်တော်၊ စလွယ်တော်စသည်ကို အနေကဇာတင်ခြင်းကား မြတ်ဗုဒ္ဓ၏ အသုံးအဆောင် ပရိဘောဂစေတီကို အနေကဇာတင်ခြင်ြး ဖစ်၍ သင့်မြတ်ပါပေသည်။

အကျဉ်းချုပ်အာြး ဖင့် အနေကဇာတင်ခြင်းသ ည် မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်၊ တန်ခိုးတော်၊ ဂုဏ်တော်များကို ထပ်မံမွန်းတင်ပေးခြင်း ဖြစ်ပေသည်။ အနေကဇာမတင်သော်လ ည်း မိမိစိတ်က မြတ်ဗုဒ္ဓသက်တော် ထင်ရှားရှိသည်ကို အာရုံပြုပြီး ကိုးကွယ်ပူဇော် ဆည်းကပ်၍ ရပါသည်။ အနေကဇာတင်လျှင် လှူဒါန်းပူဇော်ြ ခင်း ကုသိုလ်တိုးသည်နှင့် ကုသိုလ်မတိုးခြင်းသာ ထူးပေမည်။ ဗုဒ္ဓရုပ်ပွားတော်များကို ကျောင်းကန်အိမ်များတွင် ထားရှိရခြင်းမှာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓကို အာရုံပြု လွယ်ကူရန်သာ အဓိကအကြောင်းရင်း ဖြစ်သည်။

စေတီတော်များ တည်ထားကိုးကွယ်ခြင်းသည် မြတ်ဗုဒ္ဓ၏ ဓာတ်တော်၊ မွေတော်၊ တရားတော်၊ အသုံးအဆောင်စသည်များကို မြတ်ဗုဒ္ဓကိုယ်စား ကြည်ညိုပူဇော်ရန် ဖြစ်ပေသည်။ (မဟာသုတဒီပနီကျမ်း၊ ပထမအုပ်တွင်လာရှိသော အနေကဇာတင်ခြင်းအကြောင်းများကို နည်းမှီ၍ ရေးသားတင်ပြလိုက်ပါသည်)

ဤမျှလောက်တင်ပြပေးလျှင် ပြည့်စုံလောက်ပြီးမို့ ဤမျှနှင့်ပင် ရပ်နားပြီး စာဖတ်သူများအားလး ဒါန၊ သီလ၊ ဘာဝနာများဖြင့် နေ့စဉ်ဖြတ်သန်း၍ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ရရှိကြပါစေသော်။

(အရှင်ကောမလ ဆန်နီနေမင်း)

Nov 26, 2015

မည်သည့်ဘာသာမဆို သိသင့်သော ပုစ္ဆာ ၁၄ချက်

သုဘလုလင်က ဗုဒ္ဓထံသွားကာ မည်သည့် ဘာသာဝင်မဆို အလွန် သိချင်ကြသည့် သိလည်း သိသင့်သည့် ပုစ္ဆာ (၁၄)ချက်ကို မေးမြန်းခဲ့သည် ...

သုဘလုလင် ၏ အမေး နှင့် ဗုဒ္ဓ ၏ အဖြေတို့ကို ဖော်ပြပေးအံ့ -

မေး(၁) - လူသားချင်းတူပါလျက် တစ်ချို့ကအသက်တိုပြီး တစ်ချို့က အသက်ရှည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၁) - ဘုရား၇ှင်မှန်သမျှသည် ကရုဏာတရားရှိသူများသာ ဖြစ်ကြ၏။

သတ္တ၀ါတို့သည် မိမိတို့ကိုယ်ကိုယ်မိမိတို့ဖန်ဆင်း ကြခြင်း ဖြစ်၏။ ထိုဖန်ဆင်းသူကား ကံပင်ဖြစ် ၏။ စေတနာကို ကံ ဟုခေါ်၏။ ထို့ကြောင့် စေတနာကောင်းလျှင် ကံကောင်းမည်။စေတနာဆိုး လျှင် ကံဆိုး မည် ဟု ဆိုကြခြင်းဖြစ်၏။

အသက်တိုသောသူသည် သူတစ်ပါး၏အသက်ကို သတ်ဖြတ် ခဲ့သောကြောင့်ဖြစ်၏ ...။
အသက်ရှည်သောသူသည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင် ကြဉ်ခဲ့သောကြောင်ပင်ဖြစ်၏ ...။
သူတစ်ပါးအသက်ကို သတ်ခြင်းသည် စေတနာဆိုးဖြစ်၏။ထိုစေတနာဆိုး က ဖြစ်ရာဘ၀တွင် အသက်တိုအောင်ပြုလုပ်ခြင်းဖြစ်၏ ...။

သူတစ်ပါးအသက် ကို ရှည်စေလိုခြင်းသည် စေတနာကောင်းကြောင်းဖြစ်၏။ ထိုစေတနာကောင်းသည် ဖြစ်ရာဘ၀တွင် အသက်ရှည်အောင်ပြု လုပ်ပေးခြင်း ဖြစ်၏ ...။

မေး(၂) - လူသားချင်းတူပါလျက် တစ်ချို့အနာရောဂါပေါများပြီး တစ်ချို့က အနာရောဂါ ကင်းရှင်းကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၂) - သူတစ်ပါးကို နာကျင်အောင် ညှဉ်းဆဲခဲ့သူများသည် အနာရောဂါ များ၍ ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခဲ့သူများသည် အနာရောဂါ ကင်းရှင်းသည် ...။

ဗုဒ္ဓဒေသနာအရ အသက်ရှည်ကျန်းမာလိုလျှင် သူတစ်ပါးအသက်ကို သတ်ခြင်း၊သူတစ်ပါးကို ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏ ...။
အကြောင်းသတ်တရားဟုခေါ်၏ ...။

အသက်တိုခြင်း၏ အကြောင်းတရား ရောဂါများဖြစ်ခြင်း၏ အကြောင်းတရား တို့ကို ပယ်သတ်လိုက်ခြင်းပင်ဖြစ်၏ ...။

မေး(၃) - လူသားချင်းတူပါလျက် တစ်ချို့က အရုပ်ဆိုး၍ တစ်ချို့က ရုပ်လှ ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၃) - အမျက်ဒေါသကြီးခဲ့သူများ အရုပ်ဆိုး၍ ဒေါသကင်းပြီး မေတ္တာပွား သူများ ရုပ်ရည်ချောမောလှပသည်။

မေး(၄) - လူသားချင်းတူပါလျက် တစ်ချို့က အခြွေအရံပေါများပြီး တစ်ချို့ က အခြွေအရံမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေရသည်မှာ အ ဘယ်ကြောင့်ပါနည်း ???

ဖြေ(၄) - မိမိထက် စည်းစိမ်ဥစ္စာ ရာထူး အာဏာသားသူများအပေါ် မနာလို ၀န်တို ဖြစ်ခဲ့သူများ အခြွေအရံနည်းပါးပြီး ကိုယ့်ထက်အစစ အရာရာသာသူ များ အပေါ် မုဒိတာဖြင့် ၀မ်းမြောက်ခဲ့သူများ အခြွေအရံပေါများသည်။

မေး(၅) - လူသားချင်းတူပါလျက် တစ်ချို့က ပစ္စည်းဥစ္စာပေါများချမ်းသာကြ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၅) - လှူဒါန်းပေးကမ်း စွန့်ကြဲခဲ့သူများ ပစ္စည်းဥစ္စာပေါများချမ်းသာ၍ မပြုခဲ့သူများ ဆင်းရဲမွဲတေသည်။

ချမ်းသာချင်စိတ်ရှိတာခြင်းလည်းတူ စီးပွားရှာတာခြင်းလည်းတူပါလျက် တစ်ချို့က အဆင်ပြေချမ်းသာပြီး တစ်ချို့က အဆင်မပြေ မချမ်းမသာကြခြင်း မှာ ဒါနရှိမှု/မရှိမှုတို့၏ ကွာခြင်းမှုကြောင့်ပင်ဖြစ်၏။

အဂုင်္တ္ထိရ်ပါဋ္ဌိတော်တွင် မိမိပြုခဲ့သည့် ဒါနစေတနာအလိုက် စီးပွားဖြစ်ထွန်း အမြတ်ကျန်ပုံကို ဗုဒ္ဓဟောကြားထားသည်မှာ တိကျသေချာလှ၏။

မေး(၆) - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊အမျိုးမြတ်ခြင်းဟူ၍ ကွဲပြားရ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၆) - မာနကြီးပြီး ဂါရ၀၊နိဝါတကင်းသူ ဖြစ်ရာဘ၀ အမျိုးယုတ်၍ မာန ကင်းပြီး ဂါရ၀ နိဝါတရှိသူ အမျိုးမြတ်ဖြစ်သည်။

မေး(၇) - လူချင်းတူပါလျက် တစ်ချို့က ဥာဏ်ထိုင်းပြီး တစ်ချို့က ဥာဏ်ကောင်းသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၇) - မိမိမသိတာကို မေးမြန်းတတ်သူများ ဖြစ်ရာဘ၀ ဥာဏ်ကောင်း၍ မမေးမြန်းသူများ ဥာဏ်ထိုင်းသည်။

ဤအမေးအဖြေများကို သဘာဝကျကျ ရှင်းပြ ပြောပြကာ မိမိနှင့်သက်ဆိုင်သူ များကို ဗုဒ္ဓဘာသာအဖြစ်သို့ပါအောင် သမာသမတ်ကျစွာ ဆွဲဆောင်နိုင်ကြ ပါစေ ......................

ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွေပြည်သာ) ၏ တကယ်ဗုဒ္ဓ ဘာသာ နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နုတ်ဖော်ပြ ပါသည်။

အာဠာဝကဘီလူး

အာဠ၀ကဘီလူးကြီးသည် အာဠ၀ီပြည်အနီး ညောင်ပင်ကြီးတစ်ပင်ရှိ ဗိမာန်၌ နေ၏။ ဘွဲ့ဖြူလက်နက်ကို ပိုင်ဆိုင်၏။ ဒေါသ မာန ကြီး၍ အလွန်ရက်စက်ကြမ်းကြုတ်၏။ ရသေ့ ရဟန်းတို့ကိုလည်း မလေးစား၊ မိဘတို့ကိုလည်း ရှိမခိုး၊ သူသည် နေမွန်းတည့်ချိန် ညောင်ပင်ရိပ်ကျရာ အရပ်အတွင်းသို့ ခိုးဝင်လာသူတို့အား သတ်ဖြတ်စားသောက်ခွင့်ကို ဝေဿ၀ဏ် နတ်မင်းကြီးထံမှ ရရှိထားသည်။

အာဠ၀ီမင်းကြီးသည် သမင်လိုက်ရာမှ အဖော်ကွဲပြီး တစ်ဦးတည်း ပြန်လာစဉ် ထိုညောင်ပင်ရိပ်တွင် နားခိုမိသဖြင့် ဘီလူးကြီးက စားမည်ပြုရာ -

“ကျွန်ုပ်ကို စားလျှင် ယခုတစ်ကြိမ်သာ စားရမည်၊ ကျွန်ုပ်ကို လွှတ်ပေးလျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်ပို့ပါမည်” ဟု ကတိစကားဆိုသဖြင့် ဘီလူးကြီးက လွှတ်လိုက်သည်။

နန်းတော်ရောက်လျှင် မင်းကြီးသည် မြို့ဝန်မင်းနှင့် တိုင်ပင်၍ ထောင်တွင်း၌ သေဒဏ်ချထားသော သူတို့ကို ဘီလူးကြီးထံသို့ နေ့စဉ်ပို့စေသည်။

ထောင်းအကျဉ်းသာများ ကုန်သောအခါ ရွှေ ငွေ ဥစ္စာများကို လမ်းမှာချထားစေ၍ ကောက်ယူသူတို့ကို ဖမ်းဆီးပြီး ဘီလူးကြီးထံသို့ ပို့စေပြန်သည်။ နောက်ပိုင်းတွင် ရွှေ ငွေ ဥစ္စာများကို လမ်းမှာတွေ့သော်လည်း ကောက်ဝံ့သူ မရှိတော့ချေ။ ထိုအခါ အမတ်ကြီးများနှင့် တိုင်ပင်၍ ပုခက်တွင်း အရွယ်ကလေးငယ်များကို ပို့စေပြန်၏။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အခြားတိုင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကလေးများ ကြီးပြင်းမှ အာဠ၀ီပြည်သို့ ပြန်လာကြသည်။ ဤသို့ တစ်နေ့လူတစ်ယောက် ဘီလူးမင်းထံပို့ခဲ့ရာ တစ်ဆယ့်နှစ်နှစ်ကြာလေ၏။ နောက်ဆုံး ဘီလူးစာပို့ရန် တစ်မြို့လုံး ရှာဖွေသော်လည်း ကလေးငယ်ကို မရနိုင်ဘဲရှိစဉ် မင်းကြီးသည် မိမိ၏သားရင်းဖြစ်သော အာဠ၀က မင်းသားကလေးကို မိဖုရားကြီးနှင့် အထိန်းတော်များ ငိုကြွေးနေသည့်ကြားကပင် ဇွတ်အတင်း လုယူစေကာ နောက်တစ်ရက်စာအတွက် ဘီလူးကြီးထံ ပေးပို့ရန် အမိန့်ချထားသည်။

ထိုနေ့ညနေချမ်းတွင် မြတ်စွာဘုရားသည် ဘီလူးကြီးကို ဆုံးမကယ်ချွတ်ရန် တစ်ပါးတည်း ကြွတော်မူလာပြီး ဘီလူးကြီး၏ ဗိမာန်ရှိ ပလ္လင်ထက်၌ နေတော်မူသည်။ ထိုအချိန်ကား ဘီလူးကြီး၏ ဟိမ၀န္တာ၌ နတ်ဘီးလူးတို့၏ အစည်းအဝေးသို့ သွားရောက်နေခိုက်ဖြစ်၏။ တံခါးစောင့် ဂဒြဘဘီလူးက မြတ်စွာဘုရားရောက်နေကြောင်း ဘီလူးကြီးထံသွားရောက် သတင်းပို့သည်။ မေ၀တနှင့် သာတာဂိရိ နတ်ဘီလူးတို့လည်း ထိုအစည်းအဝေးသို့သွားစဉ် အာဠဘီလူးကြီး၏ ဗိမာန်၌ အခြွေအရံ ဘီလူးမများအား တရားဟောနေသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပြီး အစည်းအဝေးရောက်လျှင် အာဠ၀ကဘီလူးကြီးအား “သင့်ဗိမာန်၌ မြတ်စွာဘုရားရောက်နေသည်၊ သွားရောက်ဖူးမြော်ချေ”ဟု ပြောဆိုကြသည်။

အာဠ၀ကဘီလူးကြီးသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် ဒေါသအမျက် ခြောင်းခြောင်း ထွက်လာ၏။ “ဂေါတမရဟန်းကြီးနှင့် ငါမည်သူက တန်ခိုးကြီးသနည်း၊ ကြည့်ကြလော့” ဟု ပြောဆိုထွက်လာပြီး ယူဇနာခြောက်ဆယ်ရှိ ကေလာသတောင်ကို လက်ယာခြေဖြင့် ဆောင့်နင်းရာ ကျောက်လွှာကျောက်ချပ်များ အလွှာလွှာ ကွာကျ၏။ ထို့နောက် ကေလာသတောင်ထိပ်မှာ ရပ်လျက် “အာဠ၀ကတဲ့ ဟေ့” ဟု ကြွေးကြော် ဟစ်အော်လိုက်သော အသံကြီးမှာ ကြောက်မက်ဖွယ် တုန်ဟည်း သွားလေသည်။

ဘီလူးကြီးသည် သူ၏ဗိမာန်သို့ရောက်သောအခါ မြတ်စွာဘုရားထံ သူ၏ယက္ခမယ်များ ၀န်းရံလျက်ရှိသည်ကို မြင်တွေ့ရလျှင် ပို၍ ဒေါသထွက်သွားသည်။ မြတ်စွာဘုရားကို သေကျေပျက်စီး စေရန် ပြင်းထန်သော လေမုန်တိုင်းကြီးကို လွှတ်၏။ သို့သော် လေမုန်တိုင်းသည် မြတ်စွာဘုရားကို မည်သို့မျှ မထိခိုက်စေနိုင်၊ ရေတွင် နစ်မွန်းသေစေရန် မိုးကြီးသည်းထန်စွာ ရွာသွန်းချပြန်၏။ ထိုမိုးကြီးသည်လည်း အချည်းနှီးပင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓား လှံ လက်နက်မိုး၊ မီးကျီးခဲမိုး၊ ပြာပူမိုး၊ သဲမိုး၊ ရွှံညွှန်မိုးတို့ကိုလည်း (ဗောဓိမဏ္ဍိုင်မှာ မာရ်နတ်မင်းတိုက်ခိုက်သည့်နည်းတူ) တစ်ခုပြီး တစ်ခု ရွာသွန်းကြံချပြန်သည်။ မရချေ။ နောက်ဆုံး ကြောက်ရွံ့အားငယ်စေရန် အမှောင်ထုကြီးချလိုက် သော်လည်း မစွမ်းဆောင်နိုင်၊ ကြောက်လန့်ထွက်ပြေးအောင်လည်း မပြုလုပ်နိုင်ချေ။

ထိုအခါ အာဠ၀ကဘီလူးကြီးသည် လက်နက်မျိုးစုံ စွဲကိုင်ထားသော နတ်ဘီလူးစစ်တပ်ကြီးကို ဦးဆောင်ပြီး ဘုရားရှင်အား အနီးကပ် ထိုးနှက်ခုတ်သတ်ရန် ကြောက်မက်ဖွယ် အဆင်းအသံ အမျိုးမျိုးဖြင့် ဟစ်အော်ချီတက်လာလေသည်။ ရဲရဲပူသောသံတွေခဲ၌ ယင်ကောင်များ မနားဝံ့သကဲ့သို့ နတ်ဘီလူး စစ်တပ်ကြီးသည် မြတ်စွာဘုရားအနီးသို့ပင် မချဉ်းကပ်ရဲချေ။

မြတ်စွာဘုရားနှင့် ဘီလူးကြီးတို့၏ ရန်စစ်ပွဲကို ကြည့်ရူရန် မရေမတွက်နိုင်သော နတ်များလည်း ကောင်းကင်မလပ် ပြည့်ကျပ်နေတော့၏။
အာဠ၀ကဘီလူးကြီးသည် သန်ခေါင်ကျော်သည်တိုင်အောင် နည်းမျိုးစုံဖြင့် အဆက်မပြတ် တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သဖြင့် နောက်ဆုံး ဘွဲ့ဖြူ လက်နက် (အ၀တ်ပုဆိုးလက်) ဖြင့် ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလက်နက်သည် ကောင်းကင်သို့ ပစ်လွှတ်လျှင် တစ်ဆယ့်နှစ်နှစ်မိုးခေါင်စေနိုင်၏။ မြေပြင်သို့ပစ်လွှတ်လျှင် သစ်ပင်များ ခြောက်သွေ့ပြီး တစ်ဆယ့်နှစ်နှစ် အတွင်း တစ်ဖန်ပြန်လည်မပေါက်နိုင်။ သမုဒ္ဒရာတွင်းသို့ ပစ်ခတ်ပါက သမုဒ္ဒရာရေများ ခန်းခြောက်ပြီး မြင်းမိုရ်တောင်လောက်ရှိ တောင်မျိုးကို ပစ်ခတ်ပါလျှင်လည်း အပိုင်းပိုင်း ပြတ်ကြွေကျသွားနိုင်လေသည်။

ထိုဘွဲ့ဖြူလက်နက်ကို ပစ်ခတ်လိုက်သောအခါ ကောင်းကင်၌ မိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းပြီး အခိုးတလူလူ အလျှံတပြောင်ပြောင် တောက်လောင်လွင့်ပျံကာ မြတ်စွာဘုရားထံသို့ ဦးတည်သွားသည်၊ မြတ်စွာဘုရားအနီးသို့ ရောက်သည်နှင့် စွမ်းရည်ကင်းမဲ့သော ခြေသုတ်အ၀တ်အဖြစ် ပြောင်းလဲသွား လေသည်။ ဘီလူးကြီးသည် အစွမ်းအထက်ဆုံး လက်နက်ဖြင့် ပစ်ခတ်သော်လည်း မအောင်မြင်နိုင်သဖြင့် မိုင်တွေချကာ ခတ္တမျှ စဉ်းစားနေ၏။ မြတ်စွာဘုရားအား တိုက်ခိုက်မရနိုင်သည်မှာ မေတ္တာစိတ်ထားကြောင့်ဖြစ်သည်ဟု စဉ်းစားမိသည်နှင့် မြတ်စွာဘုရားအား မေတ္တာပျက်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။

“အို … ရဟန်းဂေါတမ … အဘယ်ကြောင့် ကျွန်ုပ်ခွင့်မပြုဘဲ ဗိမာန်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေ သနည်း၊ ဗိမာန်တွင်းမှ ယခုထွက်လော့” ဟုဆိုသည်။

“ပြောရ ဆိုရ လွယ်ကူသော ရဟန်းဂေါတမကို စစိထိုးမိလေပြီ” ဟု အာဠ၀ကဘီလူးကြီး စိတ်ဓာတ်သိမ်မွေ့ လာသည်။ သို့သော် “ရဟန်းဂေါတမသည် သဘောထား နူးညံ့၍ ဗိမာန်မှထွက်သလော၊ အမျက်ဒေါသကြောင့် ထွက်သလော”ဟု စုံစမ်းလို၍ “ရဟန်းဂေါတမ ဗိမာန်အတွင်းသို့ ၀င်ဦးလော့” ဟု ဆိုပြန်သည်။

မြတ်စွာဘုရားက “ကောင်းပါပြီ” ဟု ဆို၍ ပြန်ဝင်သည်။ အာဠ၀က ဘီလူးခိုင်းစေတိုင်း သုံးကြိမ်တိုင်တိုင်ပင် ထွက်တော်ဝင်တော်မူ၏။ ဘီလူးကြီးသည် “မြတ်စွာဘုရားအား ထိုသို့ဝင်ခိုင်း၍ တစ်ညလုံး ပင်ပန်းအောင်လုပ်ပြီးမှ ခြေထောက်နှစ်ချောင်း ဆွဲကိုင်ပြီး ဂင်္ဂါမြစ် တစ်ဘက်ကမ်းသို့ ပစ်ရမူ ကောင်းလေစွာ့” ဟု ကြံစည်လျက် “ရဟန်းဂေါတမ ထွက်ဦးလော့” ဟု လေးကြိမ်မြောက် ခိုင်းစေသော အခါတွင်မူ ဘီလူးကြီး၏ စိတ်အကြံကို သိတော်မူသဖြင့် “သင်လုပ်လိုရာလုပ်တော့၊ ငါမထွက်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘီလူးကြီးက “ရဟန်းဂေါတမကို ပြဿနာမေး၍ မဖြေနိုင်မှ ခြေထောက်ကိုဆွဲကိုင်ကာ ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ပစ်မည်” ဟု ကြံစည်ပြန်သည်။

အာဠ၀ကဘီလူးကြီး၏ မိဘတို့သည် ကဿပမြတ်စွာဘုရားထံမှ တရားဓမ္မနှင့် စပ်သော အမေးအဖြေများကို သင်ယူခဲ့ပြီး အာဠ၀ကဘီလူးအား သင်ကြားပေးထားခဲ့ကြဖူးသည်။ ဘီလူးကြီးသည် ကာလကြာသောအခါ အဖြေကို မမှတ်မိတော့ချေ။ အမေးပုစ္ဆာများကိုမူ မေ့ပျောက်မည်စိုး၍ ရေးမှတ်ထားစေခဲ့သည်။ ထိုအမေးပုစ္ဆာများကား ဘုရားရှင်တို့သာ ဖြေနိုင်သော အမေးပု စ္ဆာများ ဖြစ်၏။ ဘီလူးကြီးသည် မိမိဗိမာန်ကို စုံစမ်းကြည့်ရူးရန် ရောက်လာသော အခြားရသေ့ရဟန်းများအားလည်း ထိုအမေးပု စ္ဆာများကို မေး၍ မဖြေနိုင်လျှင် ခြေထောက်ကို ဆွဲကိုင်ပြီး ဂင်္ဂါမြစ်တစ်ဘက်သို့ ပစ်ခဲ့ဖူးလှပြီ။ ယခုလည်း မြတ်စွာဘုရားအား ထိုအမေးပုစ္ဆာပြဿနာ မေးမည်ဟု တောင်းဆိုလာသည်ကို မြတ်စွာဘုရားက မေးခွင့်ပြုတော်မူလိုက်သည်။

“အို ရဟန်းကြီးဂေါတမ လောက၌ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ်အရာကို ကောင်းစွာကျင့်လျှင် ချမ်းသာစေနိုင်သနည်း၊ အဘယ်အရသာသည် အကောင်းဆုံးဖြစ်သနည်း၊ အဘယ်အသက်မွေးခြင်းကို အမြတ်ဆုံးဟု ဆိုရသနည်း”။

အာဠ၀ကဘီလူးက ဤသို့ ပြဿနာကို မေးသည်။

“အာဠ၀က … လောက၌ မြတ်သော ဥစ္စာကား(ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်သော) သဒ္ဓါတရားတည်း။ ချမ်းသာစေနိုင်သော တရားကား ကုသလကမ္မပထတရားဆယ်ပါးတည်း။ မုသားမပါ မှန်ရာကို ပြောဆိုခြင်းသည် အကောင်းဆုံးအရသာတည်း။ ပစ္စုပန်သံသရာကို မြော်မြင်သော ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးတည်း” ဟု မြတ်စွာဘုရားက ချက်ချင်း ဖြေဆိုတော်မူလိုက်သည်။

မြတ်စွာဘုရားသည် ဘီလူးကြီးမေးသော အခြားမေးခွန်းများကိုလည်း ဆက်လက် ဖြေဆိုတော်မူလိုက်ရာ ဘီလူးကြီးသည် မြတ်စွာဘုရားရှင် မေတ္တာဖြင့် အမေးပုစ္ဆာများကို တစ်ခုပြီးတစ်ခု ဖြေဆိုဟောကြားသော တရားကို နာကြားရသောအခါ ဒေါသအမျက်ပြေကာ စိတ်နှလုံးနူးညံ့သိမ်မွေ့ လာ၏။ နာရင်း နာရင်း အသိဉာဏ် အမြင်ရှင်းကာ သောတာပတ္တိမင်္ဂဉာဏ် အလင်းကိုပင် ရရှိသွားခဲ့သည်။

နံနက်မိုးသောက်ချိန်တွင် တရားပွဲလည်းပြီးဆုံး၍ မင်းချင်းယောက်ျားတို့လည်း အာဠ၀ီမင်းကြီး၏ သားငယ် အာဠ၀ကကို ဘီလူးစာပို့ရန် ဆိုက်ရောက်လာကြလေသည်။ မြတ်စွာဘုရားရှေ့မှောက်၌ မင်းချင်းများက ပေးကမ်းသည့် ကလးငယ်ကိုယူရန် ရှက်နိုးသဖြင့် ဘုရားရှင်အား လှူလိုက်သည်။ ထိုသူငယ် ကြီးပြင်းလာသောအခါ သင်္ဂဟတရားလေးပါးကို လက်သုံးပြု၍ သာသနာတော် ထွန်းကားပြန့်ပွားအောင် စည်းရုံးကာ ဟောပြောနိုင်သော “ဟတ္ထာဠ၀ကသူကြွယ်” ဖြစ်လာခဲ့သည်။

ထိုမျှမကအာဠ၀ီတစ်ပြည်လုံး ထိတ်ရွံ့ကြောက်လန့်နေခဲ့ကြရသော အာဠ၀ီပြည်အနီး အာဠ၀ကဘီလူးကြီးရန်ကို အောင်မြင်တော်မူသောအခါ ဘီလူးကြီးသာမက အာဠ၀ီ ပြည်သူပြည်သားများနှင့် ရှစ်သောင်းလေးထောင်သော လူ နတ် ဗြဟ္မာတို့ပါ တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြလေသည်။
 
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။