........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Nov 25, 2015

ျမတ္ဘုရား ေဖာ္ထုတ္ခဲ႔ေသာ သံဃာ႕ေက်းဇူး

   ျမတ္ဘုရား ေဖာ္ထုတ္ခဲ႔ေသာ သံဃာ႕ေက်းဇူး
**********************************
(သာမဏႆ ဘာ​ေဝါ သာမညံ။ ဖလတီတိ ဖလံ။
သာမညႆ ဖလံ သာမညဖလံ။)ရဟန္​းျဖစ္​ျခင္​းအက်ိဳးတရား

အခါတစ္ပါး၌၊ ျမတ္စြာဘုရားသည္၊ တစ္ေထာင့္ႏွစ္ရာ့ငါးက်ိပ္ရွိေသာ မ်ားစြာေသာ ရဟန္းသံဃာႏွင့္အတူ၊ ရာဇၿဂိဳဟ္ျပည္ရွိ ဇီဝက၏ သရက္ဥယ်ာဥ္၌ သီတင္းသုံးေနေတာ္မူ၏။

ထိုအခ်ိန္တြင္၊ မဂဓတိုင္းရွင္ အဇာတသတ္မင္းသည၊္ မိုးေလးလအဆုံး၊ ကုမုျဒာၾကာပြင့္ခ်ိန္ တန္ေဆာင္မုန္း လျပည့္ေန႔ ညဥ့္၌ မင္းအမတ္အေပါင္း ျခံရံလ်က္၊ ျမတ္ေသာ နန္းျပာသာဒ္၌ ေနကာ ဤသို႔ ဥဒါန္းက်ဴးရင့္၏ -
'အခ်င္းတို႔ လသာေသာ ညဥ့္သည္ ေမြ႕ေလ်ာ္ဖြယ္ ေကာင္းစြတကား၊ ဤညဥ့္သည္ အလြန္သာယာ လွစြတကား၊ ဤညဥ့္သည္ ႐ႈခ်င္ဖြယ္ ေကာင္းစြတကား၊ ဤညဥ့္သည္ ၾကည္ႏူးဖြယ္ ေကာင္းစြတကား၊ ဤညဥ့္သည္မွတ္သားဖြယ္ ေကာင္းစြတကား၊ ယေန႔ အဘယ္သမဏျဗာဟၼဏကို ငါတို႔ ဆည္းကပ္ရပါ ကုန္အံ့နည္း၊ အဘယ္သမဏျဗာဟၼဏကို ဆည္းကပ္လွ်င္ ငါတို႔၏ စိတ္သည္ ၾကည္လင္ရာပါအံ့ နည္း''ဟု က်ဴးရင့္၏။

အဇာတသတ္မင္းသည္ ေဒ၀ဒတ္ႏွင့္ ေပါင္းမိသျဖင့္ ခမည္းေတာ္ ဗိမၺိသာရမင္းကို သတ္ခဲ့မိေသာ ပဥၥာနႏၱိယ ကံႀကီးေၾကာင့္ အလြန္ၾကည္ႏူး သာယာဖြယ္ေကာင္ေးသာ တန္ေဆာင္မုန္းလျပည့္ည၏ အလွ အပကို မခံစားႏိုင္ဘဲ အိပ္စက္မရႏိုင္ခဲ့ေပ။ ခမည္းေတာ္ကို လုပ္ၾကံခဲ့ေသာအခ်ိန္မွ စ၍ အိပ္မေပ်ာ္ေသာ ေရာဂါေ၀ဒနာ စြဲကပ္ခဲ့သည္။ သူ၏မ်က္လံုးတို႔ကို လွံခ်က္ေပါင္း အရာအေထာင္တို႔ျဖင့္ ထိုးဆြျခင္းခံရသလို ေဝဒနာစြဲကပ္ ခဲ့သည္။ ထိုေဝဒနာ ေပ်ာက္ကင္းေအာင္ မည္သည့္ေဆးႏွင့္မွ ကုစား၍မရ ျဖစ္ေနသည္။

ထို႕အျပင္၊ ရဟန္းျပဳျခင္း၏အက်ိဳး (သာမညဖလ) အမွန္တကယ္ရွိမရွိကို စိတ္ထဲတြင္ ျပႆနာျဖစ္၍ ေနသည္။ ထင္ရွားလွေသာ ပ႑ိတ္ႀကီးမ်ားထံ ခ်ဥ္းကပ္ေမးျမန္း ခဲ့ဖူးေသာ္လည္း၊ ေက်နပ္ေလာက္ေအာင္ အေျဖမွန္မရခဲ့ေခ်။ ဤျပႆနာကို ဘုရားရွင္မွလြဲ၍ မည္သူမွ် မေျဖႏိုင္မွန္းလည္း သိ၏။

သို႕ေသာ္ ခမည္းေတာ္အား သတ္ခဲ့မိသည့္အတြက္ ဘုရားရွင္ကို မဖူးေတြ႕၀ံ့ေအာင္ ျဖစ္ေနရရွာ၏။
တိုင္းေရးျပည္ေရးကတစ္ဖံု၊ အဖသတ္မိ၍ ေနာင္တႀကီးစြာ ရေနသည္က တစ္သြယ္၊ သားေတာ္ေလး ဥဒယဘဒၵ ႀကီးျပင္းလာသည့္အခါ မိမိကို ျပန္သတ္မွာကို စိုးရိမ္ရသည္က တစ္ေၾကာင္း၊ သိခ်င္သည့္ ျပႆနာကို မသိရသည္က တစ္ခက္ ျဖစ္ေနသျဖင့္၊ မာဂဓတိုင္းႀကီးရွင္ အဇာတသတ္ဘုရင္မွာ စိတ္မရႊင္ ဘဲ ရွိေနရရွာသည္။

အဇာတသတ္မင္း၏ မင္းအမတ္ ၆-ဦးတို႕က၊ တိတၳိဆရာႀကီး ၆-ဦးတို႕၏ ဂုဏ္တို႕ကို ေဖာ္ညႊန္းၿပီး၊ ထိုသူ တို႕ကို ဆည္းကပ္လွ်င္ မင္းျမတ္၏စိတ္သည္ ၾကည္လင္တန္ရာပါ၏ ဟု အသီးသီးေလွ်ာက္ထားၾကေသာ္၊ မဂဓတိုင္းရွင္ အဇာတသတ္မင္းသည္ ဆိတ္ဆိတ္ ေန၏။

ထိုစဥ္အခါ၌ (အဘယ) မင္းသားေမြးစားေသာ ဇီဝကသည္၊ အဇာတသတ္မင္း၏ အနီး၌ ဆိတ္ဆိတ္ ထိုင္ေနလ်က္ ရွိ၏၊ ထိုအခါ ေအဇာတသတ္မင္းသည္ ဇီဝကအား ''အခ်င္း ဇီဝကသင္သည္ကား အဘယ္ ေၾကာင့္ ဆိတ္ဆိတ္ ေနဘိသနည္း''ဟု ဆို၏။ ထိုအခါတြင္မွ ဇီ၀ကသည္၊ ဘုရင္ကို လက္အုပ္မခ်ီ ေက်ာေပး ကာ၊ ဘုရားရွင္ရွိရာ သရက္ေတာဘက္သို႕ လက္အုပ္ခ်ီမိုးၿပီး ဘုရားရွင္၏ ဂုဏ္ေတာ္အေပါင္းကို ခ်ီးက်ဴးပူ ေဇာ္ကာ ဤသို႕ေျဖၾကား၏။

''မင္းျမတ္ ပူေဇာ္အထူးကို ခံေတာ္မူထိုက္ေသာ အလုံးစုံေသာ တရားတို႔ကို ကိုယ္တိုင္ မွန္စြာသိ ေတာ္မူေသာ ဤျမတ္စြာဘုရားသည္ မ်ားစြာေသာ ရဟန္းသံဃာႏွင့္အတူ အကြၽႏု္ပ္တို႔၏ သရက္ဥယ်ာဥ္၌ (သီတင္းသုံး) ေနေတာ္မူပါ၏၊ ထိုျမတ္စြာဘုရား၏ေကာင္းေသာ ေက်ာ္ေစာသတင္းသည္ ဤသို႔ ပ်ံ႕ႏွံ႔၍ ထြက္ပါ၏ -

'ထို ျမတ္စြာဘုရားသည္ ပူေဇာ္အထူးကို ခံေတာ္မူထိုက္ေသာ အေၾကာင္းေၾကာင့္လည္း 'အရဟံ' မည္ေတာ္ မူ၏၊ (အလုံးစုံေသာ တရားတို႔ကို) ကိုယ္တိုင္ မွန္စြာ သိေတာ္မူေသာ အေၾကာင္းေၾကာင့့္လည္း 'သမၼာ သမၺဳဒၶ' မည္ေတာ္မူ၏၊ အသိဉာဏ္ 'ဝိဇၨာ' အက်င့္ 'စရဏ' ႏွင့္ ျပည့္စုံေတာ္မူေသာအေၾကာင္းေၾကာင့္လည္း 'ဝိဇၨာစရဏသမၸႏၷ' မည္ေတာ္မူ၏၊ ေကာင္းေသာ စကားကို ဆိုေတာ္မူတတ္ေသာ အေၾကာင္းေၾကာင့္လည္း 'သုဂတ' မည္ေတာ္မူ၏၊ ေလာကကို သိေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း 'ေလာကဝိဒူ' မည္ေတာ္မူ၏၊ ဆုံးမထိုက္သူကို ဆုံးမတတ္သည့္ အတုမဲဲ့ ပုဂၢိဳလ္ ျဖစ္ေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း 'အႏုတၱေရာ ပုရိသဒမၼသာရထိ' မည္ေတာ္မူ၏၊ နတ္လူတို႔၏ဆရာျဖစ္ေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း 'သတၳာ ေဒဝမႏုႆာနံ' မည္ေတာ္မူ၏၊ (သစၥာေလးပါးတရားတို႔ကို) သိေစေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း 'ဗုဒၶ' မည္ေတာ္မူ၏၊ ဘုန္းတန္ခိုးႀကီးေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း 'ဘဂဝါ' မည္ေတာ္မူ၏'ဟု ပ်ံ႕ႏွံ႔၍ ထြက္ပါ၏။

"မင္းျမတ္သည္ ထိုျမတ္စြာဘုရားကို ဆည္းကပ္ေတာ္မူပါ၊ ျမတ္စြာဘုရားကို ဆည္းကပ္လွ်င္ မင္းျမတ္၏ စိတ္သည္ ၾကည္လင္တန္ရာပါ၏''ဟု ေလွ်ာက္၏။

'အခ်င္း ဇီဝက သို႔ျဖစ္လွ်င္ ဆင္ယာဥ္တို႔ကို ျပင္ဆင္ေစေလာ့''။

ဤသို႔ျဖင့္၊ ဇီဝကသည္ ဆင္မငါးရာႏွင့္ မင္း၏ စီးေတာ္ဆင္ကို ျပင္ဆင္ေစၿပီးလွ်င္၊ ဆင္မငါးရာတို႔၌ ေမာင္းမတို႔ကို တစ္ဦးစီ စီးေစ၍၊ အဇာသတတ္မင္းက၊ စီးေတာ္ဆင္ကို စီးၿပီး၊ မီးရွဴးတိုင္တို႔ကို ေဆာင္ေစ လ်က္ ဇီဝက၏ သရက္ဥယ်ာဥ္သို႔ သြားေလ၏။

အဇာတသတ္မင္းသည္ သရက္ဥယ်ာဥ္၏ အနီးသို႔ေရာက္လွ်င္၊ ေၾကာက္ျခင္း တုန္လႈပ္ျခင္း ၾကက္သီး ေမြးညင္းထျခင္း ျဖစ္၏၊

'အခ်င္း ဇီဝက - ငါ့ကို မလွည့္ပတ္ မျဖားေယာင္းသည္ မွန္၏ေလာ့၊ ငါ့ကို ရန္သူတို႔အား မအပ္ႏွင္းသည္ မွန္၏ေလာ့၊ တစ္ေထာင့္ႏွစ္ရာ့ငါးက်ိပ္မွ်ရွိ ေျမာက္ျမားေသာ ရဟန္းသံဃာ၏ ေခ်ဆတ္သံ ေခ်ာင္းဟန္႔သံ စကားေျပာသံသည္ အဘယ္ေၾကာင့္ မျဖစ္ဘိသနည္း''ဟု ဆို၏။

'မင္းႀကီး - ေၾကာက္ေတာ္မမူပါလင့္။ မင္းျမတ္ သင့္ကို မလွည့္ပတ္ပါ၊ သင့္ကို မျဖားေယာင္းပါ၊ သင့္ကို ရန္သူတို႔အား မအပ္ႏွင္းပါ။ မင္းႀကီး ေရွ႕သို႔ ႂကြေတာ္မူပါေလာ့၊ မင္းႀကီး ေရွ႕သို႔ ႂကြေတာ္မူပါေလာ့၊ တန္ေဆာင္းဝန္း၌ ဤဆီမီးတို႔သည္ ေတာက္ပ လ်က္ ရွိပါကုန္၏''ဟု ေလွ်ာက္၏။

ထိုအခါ အဇာတသတ္မင္းသည္ တန္ေဆာင္းဝန္း တံခါးရွိရာသို႔ခ်ဥ္းကပ္၍ ''အခ်င္း ဇီဝက ျမတ္စြာဘုရား အဘယ္မွာနည္း''ဟု ဆို၏။

''မင္းႀကီး အလယ္တိုင္ကို မွီ၍ အေရွ႕အရပ္သို႔ မ်က္ႏွာမူလ်က္ ရဟန္းသံဃာ၏ ေရွ႕၌ ထိုင္ေန ေသာပုဂၢိဳလ္ သည္ ျမတ္စြာဘုရားပါတည္း''ဟု ေလွ်ာက္၏။

အဇာတသတ္မင္းသည္ ျမတ္စြာဘုရားထံသို႔ခ်ဥ္းကပ္ၿပီးလွ်င္ ျမတ္စြာဘုရားကို ရွိခိုး၍ တစ္ခုေသာ ေနရာ၌ ရပ္ၿပီးေသာ္ ၾကည္လင္ေသာ အိုင္ႀကီးကဲဲ့သို႔ (ၿငိမ္သက္ေသာ) ဆိတ္ဆိတ္ေနေသာ ရဟန္းသံဃာကို အဖန္ဖန္ ၾကည့္႐ႈ၍ (ဤသို႔) ဥဒါန္းက်ဴးရင့္၏ -

''ယခုအခါ ရဟန္းသံဃာသည္ အၾကင္ ၿငိမ္သက္ျခင္းႏွင့္ ျပည့္စုံ၏၊ ငါ၏ (သား) ဥဒယဘဒၵ မင္းသားသည္ ဤၿငိမ္သက္ျခင္းႏွင့္ ျပည့္စုံပါေစသတည္း''ဟု ဥဒါန္း က်ဴးရင့္၏။

''မင္းႀကီး ခ်စ္ျမတ္ႏိုးရာသို႔ သင္ (စိတ္အားျဖင့္) ေရာက္သြားေလၿပီ''ဟု ျမတ္စြာဘုရားက မိန္႔ေတာ္မူ၏။

ထို႔ေနာက္ အဇာတသတ္မင္းသည္ ျမတ္စြာဘုရားကိုရွိခိုး၍ ရဟန္းသံဃာကို လက္အုပ္ခ်ီၿပီးလွ်င္ တစ္ခု ေသာ ေနရာ၌ ထိုင္လ်က္ ရဟန္းျပဳျခင္း၏ အက်ိဳးတရားတို႕ကို ေမးေလွ်ာက္ရာ၊ ျမတ္စြာဘုရားရွင္သည္ သာမညဖလ သုတၱန္ ေဒသနာေတာ္ကို အက်ယ္တ၀င့္ အနိမ့္ဆံုးအဆင့္မွ အျမင့္ဆံုးအဆင့္ထိ တစ္ဆင့္ၿပီး တစ္ဆင့္ ေဟာၾကားေတာ္မူသည္။

သာမညဖလ သုတၱန္ကို နာၾကားရအၿပီးတြင္၊ အဇာတသတ္မင္းသည္ ျမတ္စြာဘုရားအား ဤစကားကို ေလွ်ာက္၏။

"အရွင္ဘုရား (တရားေတာ္သည္) အလြန္ႏွစ္သက္ဖြယ္ ရွိပါေပ၏၊ ဥပမာေသာ္ကား ေမွာက္ထားသည္ကို လွန္ဘိသကဲ့သို႔လည္းေကာင္း၊ ဖံုးလႊမ္းထားသည္ကို ဖြင့္လွစ္ဘိသကဲ့သို႔ လည္းေကာင္း၊ မ်က္စိလည္ ေသာ သူအား လမ္းမွန္ကို ေျပာၾကားဘိသကဲ့သို႔လည္းေကာင္း၊ မ်က္စိအျမင္ရွိေသာ သူတို႔သည္ အဆင္းတို႔ ကို ျမင္ၾကလိမ့္ဟု အမိုက္ေမွာင္၌ ဆီမီးတန္ေဆာင္ကို ေဆာင္ျပဘိသကဲဲ့သို႔လည္းေကာင္း၊ ဤအတူသာ လွ်င္ ျမတ္စြာဘုရားသည္ မ်ားစြာေသာ အေၾကာင္းျဖင့္ တရားေတာ္ကို ျပေတာ္မူပါေပ၏၊

အရွင္ဘုရား အကြၽႏု္ပ္သည္ ျမတ္စြာဘုရားကို ကိုးကြယ္ရာ ဟူ၍ ဆည္းကပ္ပါ၏၊ တရားေတာ္ကိုလည္း ကိုးကြယ္ရာဟူ၍ ဆည္းကပ္ပါ၏၊ သံဃာေတာ္ကို လည္း ကိုးကြယ္ရာဟူ၍ဆည္းကပ္ပါ၏၊

ျမတ္စြာဘုရားသည္ အကြၽႏ္ုပ္ကို ယေန႔မွ စ၍ အသက္ ထက္ဆံုး ကိုးကြယ္ဆည္းကပ္ေသာ ဥပါသကာဟု မွတ္ေတာ္မူပါ၊ အရွင္ဘုရား။ မိုက္သည့္ အေလ်ာက္ေတြေဝသည့္အေလ်ာက္ မလိမၼာသည့္အေလ်ာက္ အျပစ္သည္ အကြၽႏု္ပ္ကို လႊမ္းမိုးသြား ခဲဲ့ပါ၏၊

အကြၽႏု္ပ္သည္ တရားေစာင့္ေသာ တရားသျဖင့္ မင္းျပဳေသာ ခမည္းေတာ္ကို မင္းစည္းစိမ္ ဟူေသာ အေၾကာင္းေၾကာင့္ သတ္ခဲဲ့မိပါ၏၊

ျမတ္စြာဘုရားသည္ ထိုအကြၽႏု္ပ္၏ အျပစ္ကို ေနာင္အခါေစာင့္စည္းျခင္းငွါ အျပစ္ဟု လက္ခံေတာ္မူပါ ဘုရား''ဟု ေလွ်ာက္၏။

"မင္းၾကီး - မိုက္သည့္အေလ်ာက္ ေတြေဝသည့္အေလ်ာက္ မလိမၼာသည့္အေလ်ာက္ အျပစ္သည္သင့္ကို စင္စစ္ လႊမ္းမိုးသြားခဲဲ့၏၊ သင္သည္ တရားေစာင့္ေသာ တရားသျဖင့္ မင္းျပဳေသာခမည္းေတာ္ကို သတ္ခဲဲ့မိ ၏၊ မင္းႀကီး သင္သည္ အျပစ္ကို အျပစ္ဟု ျမင္၍ အျပစ္အားေလ်ာ္စြာကုစားေသာေၾကာင့္ သင္၏ ထိုအျပစ္ ကို၊ (အျပစ္ဟု) ငါတို႔ လက္ခံကုန္၏၊

မင္းၾကီး - အၾကင္သူသည္အျပစ္ကို အျပစ္ဟု ျမင္၍ အေၾကာင္းအားေလ်ာ္စြာ ကုစား၏၊ ေနာင္အခါ ေစာင့္ စည္း၏၊ (ထိုသူ၏) ဤ (ကုစားေစာင့္စည္းျခင္း) သည္ အရိယာ၏ ဝိနည္းအဆုံးအမ၌ ၾကီးပြားျခင္း ပင္တည္း" ဟု မိန္႔ေတာ္မူ၏။

ထိုအခါ အဇာတသတ္မင္းသည္ ျမတ္စြာဘုရား ေဟာေတာ္မူေသာ တရားေတာ္ကို အလြန္ႏွစ္သက္စြာ ခံယူ၍ ဝမ္းေျမာက္စြာ ခ်ီးက်ဴးၿပီးေနာက္ ေနရာမွ ထကာျမတ္စြာဘုရားကို ရွိခိုး၍ အ႐ိုအေသျပဳၿပီးလွ်င္ ဖဲဲခြါသြားေလ၏။

ျမတ္စြာဘုရားသည္အဇာတသတ္မင္း ျပန္သြား၍မၾကာမီ ရဟန္းတို႔ကို (ဤသို႔) မိန္႔ေတာ္မူ၏-
''ရဟန္းတို႔ - ဤမင္းသည္ (မိမိတည္ရာကို မိမိ) တူးၿဖိဳခဲဲ့၏၊
ရဟန္းတို႔ - ဤမင္းသည္ (မိမိကိုယ္ကို မိမိ) ဖ်က္ဆီးခဲဲ့၏၊

ရဟန္းတို႔ - ဤမင္းသည္ တရားေစာင့္ေသာ၊ တရားသျဖင့္ မင္းျပဳေသာ ခမည္းေတာ္ ကိုမသတ္မိပါမူ၊ ဤမင္းအား ဤေနရာ၌ပင္လွ်င္ ကိေလသာျမဴ အညစ္အေၾကးကင္းေသာ တရားမ်က္စိ (ေသာတာပတၱိ မဂ္ဉာဏ္) သည္ ျဖစ္ေပၚရာ၏''ဟု မိန္႔ဆိုေတာ္မူ၏။

ထိုေန႕တြင္ေဟာၾကားေသာ သာမညဖလ သုတ္ေတာ္ေၾကာင့္ အဇာသတတ္မင္းသည္၊

၁. အိပ္မေပ်ာ္ေသာ ေရာဂါေ၀ဒနာ ၿငိမ္းေအးသက္သာခဲ့ရ၏။

၂.ရတနာသံုးပါးကို ႏွစ္ႏွစ္ကာကာ ယံုၾကည္လာခဲ့၏။

၃.ပုထုဇဥ္တို႕တြင္ ရတနာသံုးပါးကို အၾကည္ညိဳဆံုး ဧတဒဂ္ရရွိခဲ့၏။

၄. ေနာင္ေသာအခါ၊ ပထမသဂၤါယနာတင္ပြဲႀကီး ျဖစ္ေျမာက္ေအာင္ ကူညီခဲ့သည္။

၅. ေႏွာင္းခတ္ ဗုဒၶဘာသာ၀င္မ်ားအတြက္ ဓာတ္ေတာ္ မ်ားကို စနစ္တက် သိမ္းဆည္းထားခဲ့သည္။

၆.ဗုဒၶသာသနာေတာ္ႏွစ္ကို အတိအက် သတ္မွတ္ေပးခဲ့သည္။

၇.ခမည္းေတာ္ကို သတ္ခဲ့သျဖင့္ အျပစ္ႀကီးေလးေသာ မဟာအ၀ီစီငရဲ၌ မခံရေတာ့ဘဲ အျပစ္ေပါ့ေသာ ေလာဟကုမၻီငရဲ၌ အႏွစ္ေျခာက္ေသာင္းသာ ခံရေတာ့သည္။

၈.ငရဲမွ လြတ္ျပီး ေနာက္အနာဂတ္ ကာလ၌ ၀ိဇိတာ၀ီ အမည္ျဖင့္ ပေစၥကဗုဒၶါျဖစ္ျပီး ကၽြတ္တမ္း၀င္ေပ ေတာ့မည္။

တန္ေဆာင္မုန္းလျပည့္ေန႕တြင္၊ ျမတ္စြာဘုရားက အဇာတသတ္မင္းအား သာမညဖလသုတၲန္ကို ေဟာ ၾကားေတာ္ မူေသာေၾကာင့္၊ ဤေန႕ကို သာမညဖလ အခါေတာ္ေန႕ ဟူ၍ သတ္မွတ္ကာ၊ သံဃာ ရတနာ၏ ဂုဏ္ေက်းဇူးအေပါင္းကို ပူေဇာ္ၾကသည့္ အခ်ိန္အခါ ျဖစ္ပါသည္။

သာမညဖလသုတ္​ကိုမွီျငမ္​း​ၿပီးေရးသားျခင္​းျဖစ္​သည္​။

(Unicode)
   မြတ်ဘုရား ဖော်ထုတ်ခဲ့သော သံဃာ့ကျေးဇူး
***********************************
(သာမဏဿ ဘာ​ဝေါ သာမညံ။ ဖလတီတိ ဖလံ။
သာမညဿ ဖလံ သာမညဖလံ။)ရဟန်​းဖြစ်​ခြင်​းအကျိုးတရား

အခါတစ်ပါး၌၊ မြတ်စွာဘုရားသည်၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ၊ ရာဇဂြိုဟ်ပြည်ရှိ ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။

ထိုအချိန်တွင်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည၊် မိုးလေးလအဆုံး၊ ကုမုဒြာကြာပွင့်ချိန် တန်ဆောင်မုန်း လပြည့်နေ့ ညဥ့်၌ မင်းအမတ်အပေါင်း ခြံရံလျက်၊ မြတ်သော နန်းပြာသာဒ်၌ နေကာ ဤသို့ ဥဒါန်းကျူးရင့်၏ -
'အချင်းတို့ လသာသော ညဥ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် အလွန်သာယာ လှစွတကား၊ ဤညဥ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ ဤညဥ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း''ဟု ကျူးရင့်၏။

အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော ပဉ္စာနန္တိယ ကံကြီးကြောင့် အလွန်ကြည်နူး သာယာဖွယ်ကောင်ေးသာ တန်ဆောင်မုန်းလပြည့်ည၏ အလှ အပကို မခံစားနိုင်ဘဲ အိပ်စက်မရနိုင်ခဲ့ပေ။ ခမည်းတော်ကို လုပ်ကြံခဲ့သောအချိန်မှ စ၍ အိပ်မပျော်သော ရောဂါေ၀ဒနာ စွဲကပ်ခဲ့သည်။ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ် ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။

ထို့အပြင်၊ ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) အမှန်တကယ်ရှိမရှိကို စိတ်ထဲတွင် ပြဿနာဖြစ်၍ နေသည်။ ထင်ရှားလှသော ပဏ္႑ိတ်ကြီးများထံ ချဉ်းကပ်မေးမြန်း ခဲ့ဖူးသော်လည်း၊ ကျေနပ်လောက်အောင် အဖြေမှန်မရခဲ့ချေ။ ဤပြဿနာကို ဘုရားရှင်မှလွဲ၍ မည်သူမျှ မဖြေနိုင်မှန်းလည်း သိ၏။

သို့သော် ခမည်းတော်အား သတ်ခဲ့မိသည့်အတွက် ဘုရားရှင်ကို မဖူးတွေ့ဝံ့အောင် ဖြစ်နေရရှာ၏။
တိုင်းရေးပြည်ရေးကတစ်ဖုံ၊ အဖသတ်မိ၍ နောင်တကြီးစွာ ရနေသည်က တစ်သွယ်၊ သားတော်လေး ဥဒယဘဒ္ဒ ကြီးပြင်းလာသည့်အခါ မိမိကို ပြန်သတ်မှာကို စိုးရိမ်ရသည်က တစ်ကြောင်း၊ သိချင်သည့် ပြဿနာကို မသိရသည်က တစ်ခက် ဖြစ်နေသဖြင့်၊ မာဂဓတိုင်းကြီးရှင် အဇာတသတ်ဘုရင်မှာ စိတ်မရွှင် ဘဲ ရှိနေရရှာသည်။

အဇာတသတ်မင်း၏ မင်းအမတ် ၆-ဦးတို့က၊ တိတၳိဆရာကြီး ၆-ဦးတို့၏ ဂုဏ်တို့ကို ဖော်ညွှန်းပြီး၊ ထိုသူ တို့ကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏ ဟု အသီးသီးလျှောက်ထားကြသော်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည်၊ အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ အေဇာတသတ်မင်းသည် ဇီဝကအား ''အချင်း ဇီဝကသင်သည်ကား အဘယ် ကြောင့် ဆိတ်ဆိတ် နေဘိသနည်း''ဟု ဆို၏။ ထိုအခါတွင်မှ ဇီ၀ကသည်၊ ဘုရင်ကို လက်အုပ်မချီ ကျောပေး ကာ၊ ဘုရားရှင်ရှိရာ သရက်တောဘက်သို့ လက်အုပ်ချီမိုးပြီး ဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ချီးကျူးပူ ဇော်ကာ ဤသို့ဖြေကြား၏။

''မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိ တော်မူသော ဤမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အကျွနု်ပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ -

'ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော် မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့့်လည်း 'သမ္မာ သမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတၳာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ ထွက်ပါ၏။

"မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

'အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့''။

ဤသို့ဖြင့်၊ ဇီဝကသည် ဆင်မငါးရာနှင့် မင်း၏ စီးတော်ဆင်ကို ပြင်ဆင်စေပြီးလျှင်၊ ဆင်မငါးရာတို့၌ မောင်းမတို့ကို တစ်ဦးစီ စီးစေ၍၊ အဇာသတတ်မင်းက၊ စီးတော်ဆင်ကို စီးပြီး၊ မီးရှူးတိုင်တို့ကို ဆောင်စေ လျက် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

အဇာတသတ်မင်းသည် သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင်၊ ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီး မွေးညင်းထခြင်း ဖြစ်၏၊

'အချင်း ဇီဝက - ငါ့ကို မလှည့်ပတ် မဖြားယောင်းသည် မှန်၏လော့၊ ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း''ဟု ဆို၏။

'မင်းကြီး - ကြောက်တော်မမူပါလင့်။ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ သင့်ကို မဖြားယောင်းပါ၊ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ။ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏''ဟု လျှောက်၏။

ထိုအခါ အဇာတသတ်မင်းသည် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ ''အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း''ဟု ဆို၏။

''မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ် သည် မြတ်စွာဘုရားပါတည်း''ဟု လျှောက်၏။

အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ -

''ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း''ဟု ဥဒါန်း ကျူးရင့်၏။

''မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

ထို့နောက် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်လျက် ရဟန်းပြုခြင်း၏ အကျိုးတရားတို့ကို မေးလျှောက်ရာ၊ မြတ်စွာဘုရားရှင်သည် သာမညဖလ သုတ္တန် ဒေသနာတော်ကို အကျယ်တ၀င့် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားတော်မူသည်။

သာမညဖလ သုတ္တန်ကို နာကြားရအပြီးတွင်၊ အဇာတသတ်မင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

"အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည် သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲဲ့သို့လည်းကောင်း၊ ဤအတူသာ လျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊

အရှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊

မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အရှင်ဘုရား။ မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွနု်ပ်ကို လွှမ်းမိုးသွား ခဲဲ့ပါ၏၊

အကျွနု်ပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသော အကြောင်းကြောင့် သတ်ခဲဲ့မိပါ၏၊

မြတ်စွာဘုရားသည် ထိုအကျွနု်ပ်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ ဘုရား''ဟု လျှောက်၏။

"မင်းကြီး - မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲဲ့မိ ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာကုစားသောကြောင့် သင်၏ ထိုအပြစ် ကို၊ (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊

မင်းကြီး - အကြင်သူသည်အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့် စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်း ပင်တည်း" ဟု မိန့်တော်မူ၏။

ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲဲခွါသွားလေ၏။

မြတ်စွာဘုရားသည်အဇာတသတ်မင်း ပြန်သွား၍မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏-
''ရဟန်းတို့ - ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲဲ့၏၊
ရဟန်းတို့ - ဤမင်းသည် (မိမိကိုယ်ကို မိမိ) ဖျက်ဆီးခဲဲ့၏၊

ရဟန်းတို့ - ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိ မဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏''ဟု မိန့်ဆိုတော်မူ၏။

ထိုနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာသတတ်မင်းသည်၊

၁. အိပ်မပျော်သော ရောဂါေ၀ဒနာ ငြိမ်းအေးသက်သာခဲ့ရ၏။

၂.ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်လာခဲ့၏။

၃.ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ဧတဒဂ်ရရှိခဲ့၏။

၄. နောင်သောအခါ၊ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။

၅. နှောင်းခတ် ဗုဒ္ဓဘာသာ၀င်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။

၆.ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။

၇.ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအ၀ီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ်ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။

၈.ငရဲမှ လွတ်ပြီး နောက်အနာဂတ် ကာလ၌ ၀ိဇိတာ၀ီ အမည်ဖြင့် ပစေ္စကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်း၀င်ပေ တော့မည်။

တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟော ကြားတော် မူသောကြောင့်၊ ဤနေ့ကို သာမညဖလ အခါတော်နေ့ ဟူ၍ သတ်မှတ်ကာ၊ သံဃာ ရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါ ဖြစ်ပါသည်။

သာမညဖလသုတ်​ကိုမှီငြမ်​း​ပြီးရေးသားခြင်​းဖြစ်​သည်​။

No comments:

Post a Comment