ေဗြ႞ဆရာ႞ေတာ႞ဘဒၵႏၲေကာဝိဒါဘိဝံသ(သီ႞သဲင္႞)ေဟာ္႟"ေဝြ႟သီးေက႞နပ္တဝ္းဘုရာ႟"MP3တရာ႟ပအိုဝ္႞
ဗွေႏဆရာႏတောႏဘဒ္ဒန္တကောဝိဒါဘိဝံသ(သီႏသဲင်ႏ)ဟော်ꩻ"ဝွေꩻသီးကေႏနပ်တဝ်းဘုရာꩻ" MP3 တရာꩻပအိုဝ်ႏ #DOWNLOAD
http://www5.zippyshare.com/v/vABxPIrv/file.html
Sep 28, 2015
ေဗြ႞ဆရာ႞ေတာ႞ဘဒၵႏၲေကာဝိဒါဘိဝံသ(သီ႞သဲင္႞)ေဟာ္႟"ေဝြ႟သီးေက႞နပ္တဝ္းဘုရာ႟"MP3တရာ႟ပအိုဝ္႞
Sep 26, 2015
ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး"
ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး"
တချို့ပုဂ္ဂိုလ်များက “ဘုန်းတော်ကြီးများဟာ ဘာသာရေးပဲ လုပ်သင့်ပါတယ်၊ နိုင်ငံရေး မလုပ်သင့်ပါဘူး”ဟု ဝေဖန်ကြ၏။ ထိုသို့ ဝေဖန်ခြင်းသည် နိုင်ငံရေးဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကို နားမလည်သောကြောင့်တည်း။ အစွန်းရောက် ဝေဖန်ချက်ဟုပင် ပြောချင်ပါ၏။
ထိုသို့ဆိုလျှင် နိုင်ငံရေးဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း ?
“နိုင်ငံရေး”ဟူသည် နိုင်ငံ၏ အရေးပင် ဖြစ်၏။ ထို့ကြောင့် အမျိုးသားရေး ဘာသာရေး စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသော နိုင်ငံ၏ အရေးကိစ္စ မှန်သမျှသည် “နိုင်ငံရေး”ပင် ဖြစ်ပေသည်။
သို့သော် လူအများစုက အုပ်ချုပ်သူလူတန်းစားများနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့် တော်လှန်ရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီအရေးစသော အရေးကိစ္စများကိုသာ “နိုင်ငံရေး”ဟု ယူဆ ကြပေသည်။
“နိုင်ငံရေး”ဟူသောစကားလုံးကို မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဖွင့်၊ မည်သို့ပင် ယူဆယူဆ၊ “နိုင်ငံရေး”သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် သက်ဆိုင်သည်သာ ဖြစ်၏။
ရှင်းဦးအံ့။ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ ကောလိယနှင့် သာကီဝင် နှစ်ပြည်ထောင်မင်းတို့သည် မသင့်မမြတ် ဖြစ်ပြီး စစ်တိုက်ဖို့ တာစူနေကြ၏။ ထိုအချိန်မှာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကြွရောက်ပြီး ကောလိယမင်းနှင့် သာကီဝင်မင်းတို့အား စစ်ပြေငြိမ်းဖို့အတွက် တရားဟောပေးရ၏။
ထို့ကြောင့် နှစ်နိုင်ငံလုံး ပြေလည်မှု ရရှိသွားပြီး ငြိမ်းချမ်းရေး ရရှိသွားကြပါသည်။ ဤကား သုံးလောကထွဋ်ထား မြတ်ဘုရား၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်ပင် မဟုတ်ပါလော။
ဘုန်းတော်ကြီးများသည် တိုင်းပြည်၏ဆွမ်းကို ဘုဉ်းပေးသုံးဆောင်နေကြရကား တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်နေလို့ မဖြစ်ပေ။ ပြောသင့်က ပြောရမည်။ ဆုံးမသင့်က ဆုံးမရမည်။ ဘုရားသားတော်ပီပီ အမျိုးသားရေးနှင့် ပတ်သက်လာလျှင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်၏။
ထို့ကြောင့် အင်္ဂလိပ်အုပ်စိုးသည့်ခေတ်တွင် အမျိုးသားရေးဝါဒီ ဆရာတော်ဦးဥတ္တမက ဘာသာခြား လူမျိုးခြားဖြစ်သည့် အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို “ မြန်မာနိုင်ငံသည် တို့နိုင်ငံ၊ ဒါကြောင့် မင်း ဒီနိုင်ငံက ထွက်သွား“ဟု မောင်းထုတ်ခဲ့ဖူးပါသည်။
မြန်မာ့တိုင်းရင်းသားများကို အုပ်စိုးနေသည့် အင်္ဂလိပ်ကို မလိုလားသောကြောင့် ထိုကဲ့သို့ မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အမျိုးသားရေး စကား၊ အမျိုးသားရေးတရားပင်တည်း။
ဆက်၍ ဆိုဦးအံ့။ ရှေးခေတ်က နိုင်ငံတော်၏ ပညာရေးသည် ဘုန်းတော်ကြီးများ၏ လက်ထက်မှာရှိ၏။ ဘုရင်လည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ ဝန်ကြီးလည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ စစ်သူကြီးလည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။
ရှင်ဘုရင်များ၏ ဆရာများ(သို့မဟုတ်) အကြံပေး ပညာရှင်များမှာ ဘုန်းတော်ကြီးများပင် ဖြစ်သောကြောင့် ဘုန်းတော်ကြီးများက ရှင်ဘုရင်အစထား တိုင်းသူပြည်သား လူအများကို သွန်သင်ဆုံးမ လမ်းညွှန်ခဲ့ကြပါသည်။
ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ဖန်ဆင်းခဲ့သော ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ နိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒများကို သုတ်သင်ဖယ်ရှားပြီး ထေရဝါဒဗုဒ္ဓသာသနာ အုတ်မြစ်ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ချခဲ့ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် မြန်မာဆိုသည်မှာ ခွဲခြားလို့ မရလောက်အောင် အမြစ်တွယ်ခဲ့ပါသည်။ ဤကား အရှင်အရဟံ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များပင် ဖြစ်ပေသည်။
မြန်မာသက္ကရာဇ် ၁၁၁၅-ခုနှစ်တွင် နန်းတက်သော အလောင်းမင်းတရားကြီးလက်ထက်၌ အတုလဆရာတော်ကြီးက “လောက ဓမ္မထုံးတမ်း” အမည်ရှိ နိုင်ငံရေးလမ်းညွန်ကျမ်းကို ရေးသားခဲ့ပါသည်။
ထိုကျမ်း၌ နိုင်ငံ့ခေါင်းဆောင်များသည် သားသမီးထက် နိုင်ငံကို ပိုချစ်သင့်ကြောင်း၊ သားရေးသမီးရေးထက် ပြည်ထဲရေးကို ဦးစားပေးသင့်ကြောင်းစသဖြင့် “နိုင်ငံရေးအယူအဆ”များကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် အလောင်းမင်းတရားကြီးနှင့် တိုင်းသူပြည်သားများအတွက် “အခြေခံဥပဒေ” ကဲ့သို့ ဖြစ်ခဲ့ပါသည်။
မုံရွေးဇေတဝန်ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၁၈၉-ခုနှစ်တွင် ရတနာပူရစတုတ္ထမြို့တည် ဘကြီးတော် စစ်ကိုင်းမင်းအတွက် “ရာဇောဝါဒ” အမည်ရှိ နိုင်ငံရေးလမ်းညွှန်ကျမ်းကိုလည်း ရေးသားခဲ့ပါသည်။
ထိုကျမ်း၌ မြန်မာ့ရာဇဝင်၊ အိန္ဒိယဂန္ထဝင်တို့မှ အကြောင်းအရာများကို ကိုးကား၍ လည်းကောင်း၊ ငါးရာ့ငါးဆယ် ဇာတ်တော်များကို ကိုးကား၍လည်းကောင်း “နိုင်ငံရေး အယူအဆ”ကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် စစ်ကိုင်းမင်းနှင့် တိုင်းသူပြည်သားများအတွက် “အခြေခံဥပဒေ”ကဲ့သို့ ဖြစ်ခဲ့ပါသည်။
ဤကား ရှေးခေတ် သံဃရာဇာဆရာတော်ကြီးများ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်ပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုန်းတော်ကြီးများသည် နိုင်ငံရေးကို ငါတို့နှင့် မသက်ဆိုင်ဟု သဘောမထားသင့်ပေ၊ စွမ်းနိုင်သမျှ လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ပေသည်။
ထိုနိုင်ငံရေးကား . . .
“ပါတီနိုင်ငံရေး” မဟုတ်၊ “အမျိုးသားနိုင်ငံရေး”တည်း။
“ပေါ်ပြူလာနိုင်ငံရေး” မဟုတ်၊ “ပါရမီမြောက်နိုင်ငံရေး”တည်း။
“အာဏာနိုင်ငံရေး” မဟုတ်၊ “ပညာနိုင်ငံရေး”တည်း။
“ဟန်ပြနိုင်ငံရေး” မဟုတ်၊ “စံပြနိုင်ငံရေး”တည်း။
“အတ္တနိုင်ငံရေး” မဟုတ်၊ “ကိုယ်ကျိုးစွန့် နိုင်ငံရေး”တည်း။
“ငါ့အတွက်နိုင်ငံရေး” မဟုတ်၊ “အများအတွက်နိုင်ငံရေး”တည်း။
------------------------------------------------
Credit - သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Sep 24, 2015
ဘုရားရှေ့မှာ ခြသေ့င်္ရုပ်ထု ထားခြင်း အကြောင်း
ယနေ့ ဦးဇင်း ရဲ့ ဓမ္မမိတ်ဆွေ များ ကို ဘုရားများ ကျောင်း ပေါက်ဝ မုခ်ဦး များတွင် များသော အား ဖြင့် တွေ့ မြင် ရတတ်သော ခြင်္သေ့ရုပ် ထုများ ရဲ့ အကြောင်း ကို ပြော ပြ မှာ ပါ။ မသိ သူများ မေးလာ ခဲ့ ရင် ဖြေ နိုင်စေရန် နှင့် ခြသေ့င်္ ရုပ်ထု ထားခြင်း ၏ အဓိပ္ပါယ် ကို တိတိ ကျကျ သိ စေ ရန် အတွက် ရည် ရွယ် ပြီး ရေး ရ ခြင်း ဖြစ် ပါ တယ် ။
ဟိုး ရှေ့အခါ က ....ဒက္ခိဏ တိုင်း ၌ ဝင်္ဂရာဇ် မင်းကြီး အုပ်ချုပ်တော်မူပါ တယ် ။ မင်းကြီး ၌ အလွန်လှပ တဲ့ သမီးတော် တစ်ဦး ရှိပါ တယ် ။ သမီးတော် လေး ၏ ဖွားဇာတာ ကို ပုဏ္ဏား ပညာရှိ ကြီးတွေ ကြည့်ပြီး ဤ မင်းသမီး လေး ဟာ အရွယ်ရောက် ရင် ခြင်္သေ့မင်း နဲ့ လက်ထပ်ရ လိမ့်မယ် လို့ ဟော ခဲ့ ပါ တယ် ။ မင်းသမီးလေး ရဲ့ အမည်ကို လဲ ကေသရီ လို့ ပေးခဲ့ ကြပါ တယ် ။
မင်းကြီးဟာ သူ့ သမီးတော် လေး ကို ချစ် ရှာ လွန်းလို့ ဘယ်တောရိုင်း တိရစ္ဆာန် မှ ကပ် မရအောင် အစောင့် ရှောက်တွေ နဲ့ ထား တော်မူပါ တယ် ။ သမီးတော် လေး ကို လဲ တိရစ္ဆာန် ဆိုလို့ ကြောင်တောင် မွေးခွင့် မပြုပါ ဘူး ။ မင်းသမီးလေး ကို ဘုရင့်သားတော် တစ်ပါးပါး နဲ့ လက်ဆက်ပေးမယ် လို့ မင်းကြီး က စီမံကိန်းကြီး ချ ထား တာ ပေါ့ ။
မင်းသမီးလေး ကေသရီ ဟာ အရွယ်ရောက် တဲ့ အခါ မှာ တံခါးမူး အစောင့် တစ်ရောက် နဲ့ ချစ်ကြိုက် မိကြသွား တယ် ။ ဒါကို ဘုရင် ကြီး သိ သွား တဲ့ အခါ မှာ သူ့ စီမံကိန်း ကြီ ပျက် စီးသွာတာ ရယ် သူသဘော မတူ နိုင်တဲ့ သူ ကို ချစ်ကြိုက် နေတာ ရယ် ကြောင့် အလွန်း ဒေါသထွက် သွားတာပေါ့ ။ အချစ်ကြီး တော့ အမျက်ကြီး တာမျိုး လေ ။ အဲဒိတော့ မင်း သမီးလေး ကို တိုင်း ပြည် ကနေ ထွက်ခွာသွား ဖို့ ပြည်နှင်ဒဏ် ချမှတ် လိုက်ပါတယ် ။
မင်းသမီးလေး ဟာ သူ့ အခြံရံတစ်ချို့ကို ခေါ်ပြီး ဒက္ခိဏ တိုင်း က ထွက် ခွာခဲ့ ပါတယ် ။ တော အထပ်ထပ် တောင် အထပ်ထပ် ကို ဖြတ်ကျော် ရင် ကေသရာဇာ ခြင်္သေ့မင်း ကြီး ကျက်စား တဲ့ တော တစ်ခု ကို ဖြတ်ကျော် ဖို့ အကြောင်း ဖန် လာ ကြပါ တယ် ။
ကေသရာဇာ ခြင်္သေ့မင်း ကြီး သည် အစာ ရှာ ထွက် ခါး နီး မှာ ဟိန်းဟောက်လေ့ ရှိပါတယ် ။ အဲဒိ လို ဟိန်း တဲ့ အသံ ကို ခြင်္သေ့မင်း ပိုင်နက်တော အုပ် ကြီး ကို ဖြတ်သန်း နေကြတဲ့ သမီးလေး ရဲ့ အခြွေရံတွေ ကြား သွား တဲ့ အခါ ဆောင်တည်ရာ မရ ခြေ ဦးတည့် ရာ ထွက်ပြေး ကြတာ ပေါ့။
မင်းသမီးလေ လဲ ကြောက်လန့် ပြီး ထွက် ပြေးပါ တယ် ။ အဲဒိလို လူတွေ အော် ဟစ်ပြေး လွား သံတွေ ကြားတဲ့ အခါ မှာ ခြင်္သေ့ကြီး က သူ့ သားကောင် တွေ အသံ ကြား ရာ ဘက် ကို ထွက်လာ ခဲ့ ပါ တယ် ။ အဲဒိ အခါ မှာ ဘုရင့် သမီးတော် လေး ကို မြင်သွား ပါ တယ် ။ မင်း သမီးလေး လဲ ကြောက်လန့် ထွက်ပြေး ရင်း ချော် လဲ ပြိး မေ့မျောသွား ခဲ့ ပါတယ်။
ခြင်္သေ့မင်းကြိး သည် မင်းသမီးလေ ထံ ပြေးလား ပြီး မင်းသမီးလေး မျက် နှာ မြင်တဲ့ အခါ မှာ တော့ မစား ရက် တော့ပါဘူး ။ ရှေ့ဘဝ အဆက်ဆက် ကပေါင်း ဖက်ခဲ့ ဖူးတဲ့ မေတ္တာရေစက် အဟုန်တွေကြောင့် မင်း သမီး လေး ကို မြင်တာနဲ့ ချစ်ကြိုက် စိတ်တွေ ဖြစ်ပေါ် ပေါက် ဖွား လာ ခဲ့ပါတယ် ။
ခြင်္သေ့မင်းကြိး ဟာ မင်းသမီးလေး ရဲ့ အင်္ကျီကို ကိုက်ချိပြီး မင်းသမီးလေး ကို အသာ အယာ သူနေတဲ့ ဂူထဲ ချီသွင်းလာ ပါတယ် ။ မင်းသမီး မျက်နှာ လေး ကို တစိမ့်စိမ့်ကြည့်ပြီး မင်း သမီးလေး သတိမရ မချင်း အနား က မခွာပါဘူး ။ သတိပြန်ရ တဲ့ အထိ မင်း သမီးလေး ပါး ကို လျှာနဲ့ ရက်ပေး ရင်း မင်း သမီးလေး ကို စောင့်ရှောက်ပေး နေတာ ပေါ့ ။
သတိပြန်ရ လာ တဲ့ မင်း သမီးလေး ကတော့ ခြင်္သေ့ကြီး ကို ကြည့်ပြီးလန့် နေပါတယ် ။ ဒါပင်မဲ့ ခြင်္သေ့ကြီး ထံက ရန်မူမဲ့ သဏ္ဍာန် မတွေ့ရ ရှာပါ ဘူး ။ မင်း သမီးလေး လဲ ကြောက်ကြောက်နဲ့ ခြသေ့င်္ကြီးရဲ့ အလိုက် အထိုက်ကို ကြည့် နေရတာ ပေါ့ ။
ခြင်္သေ့မင်းကြီး နဲ့ မင်းသမီး လေး ဟာ ဂူထဲ မှာ အတူနေကြပါတယ် ။ ခြင်္သေ့ကြီးက မင်းသမီးလေး အတွက် အစာတွေ ရှာလာ သလို သူလဲ မင်းသမီး လေး ကို တွေ့ တဲ့ အချိန် က စပြီ လူသားတွေ မစား တော့ ပါ ဘူး ။ ဘုရင့်သမီးတော် လေး ခဗျာ မှာတော့ ကယ်သူဝေး နေ တဲ့ တောကြီး ထဲ မှာ ခြသေ့င်္ ကြီး နဲ့ တစ်ဂူထဲ အတူနေရင်း သူနေ ဖူးခဲ့တဲ့ နေပြည်တော် ကြီး ကို သာ နေ့တိုင်း လွမ်းနေရ ရှာ တာပေါ့ ။
အနေကြာလာ တော့ ခြင်္သေ့မင်း ကြီးနဲ့ ဘုရင့် သမီးတော် လေး ဟာ ပေါင်းဖက်ရင်း သား လေး တစ်ယောက် တောင် ရခဲ့ ကြပါတယ် ။ အဲဒိ ကလေး လေး ဟာ သူ့ အဖေ ခြင်္သေ့ မင်းကြီးလို ခွန်အား ဗလတွေ နဲ့ ပြည့်စုံပြီ ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံပါတယ် ။ ဘုရင့် သမီးတော်လေး က သူ့တို့ရဲ့ သားတော်လေး အမည်ကို သီဟဗာဟု လို့ အမည့် ပေးလိုက် ပါတယ် ။ သီဟ = ခြသေ့င်္, ဗာဟု = လက်ရုံး ။ ခြင်္သေ့မင်း ကြီးရဲ့ လက်ရုံးနဲ့ တူတဲ့ သားလေးပေါ့ ။
ခြင်္သေ့မင်း ကြီးဟာ အစာရှာ ထွက်တဲ့ အခါမှာ သားနဲ့ ဇနီး ကို ကျောက်ဂူးကြီး အတွင် မှာ ထည့်ပြီး ကြီးမားတဲ့ ကျောက်တုံးကြီး နဲ့  ဂူအဝ ကို ပိတ် ထား ခဲ့ လေ့ ရှိပါ တယ် ။ အကြောင်း က တော့ ရန်သူတွေ မတွေ့ စေရန် နဲ့ သူ့ ရဲ့ ချစ်လှ စွာသော သား နဲ့ ဇနီး ထွက်မပြေး စေရန် အတွက်ပါ ။
ယနေ့တော့ ဒိလောက်ပဲ နားကြ ရအောင် နောက်ရက်တွေ ဆက်ရေးပေး ပါ မယ် ။ ဖုန်းနဲ့ ရေးတော့ note မှာ မဆန့်တော့လို့ပါ။ ဦးဇင်း ရှာဖွေပြီး ရေးသား ပေးနေ သော စာပေ များကို မည်သူမဆို လွတ်လပ်စွာ ထပ်ဆင့်ဖြန့်ဝေနိုင်ပါ သည် ။ ဦးဇင်းတို့ ရဲ့ ရည်ရွယ် ချက် က ဘာသာရေးဆိုင် ရာ ဗဟုသုတ များ ခေတ်လူငယ်များ ထံသို့ ရောက်စေရန် အတွက် သာ ဖြစ်ပါတယ် ။ အားလုံးသော ဓမ္မ မိတ်ဆွေ စာဖတ်ပရိတ်သတ်ကြီး ကျန်းမာချမ်းသာ ကြပါစေ။
လူငယ်တိုင်း ဖတ်ကြည့်သင့်သည့် ..... ●●●●●●●●●●●●●●●●●●●●●●●●●● “ ပါးစပ်ထဲက ဓါးမတစ်ချောင်း မှသည်
အော်.. ပါးစပ်.. ပါးစပ်..။
တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ
ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ
စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။
ဟုတ်ပါတယ်နော်..။
မုန်းစေချင်ရင်လည်း ဒီပါးစပ်..
ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။
ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင်
ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ
ပွားစေအောင် လုပ်နိုင်ပါတယ်နော်။
ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့
အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ..
သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင်
ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။
ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။
ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ
(၅)စက္ကန့်လောက်တောင်၊ မကြာလိုက်ပေမယ့်
ပေးဆပ်လိုက်ရာတာတွေက
ဘ၀(၅၀၀)မကအောင်ပါပဲနော်။
ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့
ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက
သေးများသေးသွားမလားတောင် မသိပါဘူးနော်။
ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့
အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ
ပြောပြချင်ပါတယ်။
❖အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့
အလှဧကရီ “အမ္ဗပါလီ”ရဲ့ အကြောင်းလေးပါပဲ။
ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်
ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ
သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။
တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့
နေရာကို အရိယာဘိက္ခူနီမတစ်ယောက်
တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို
ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်..
“ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ”ဆိုတဲ့
စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက
“(၉)လုံးထဲ” ပါပဲ။ ဒါပေမယ့် ပြန်ပြီး
ပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း
မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ
သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ
ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင်
လှပချောမောပေမယ့်…အရိယာကို စော်ကားမိတဲ့
စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ
ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့
အဆမတန်အောင် ပေးဆပ်သွားရတာပါ။
နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။
ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့
နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။
❖နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်
လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့
အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို
ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။
တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့
တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန်
ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက
မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။
အပြစ်လည်း မဖြစ်ပါဘူး။
ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို
ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်။
“ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ
လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ..။
မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား”
ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။
သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း
သူမသိလိုက်ပါဘူး။ အဲဒီ ဘုရား၊ ရဟန္တာကို
ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ
“လယ်သမားပြိတ္တာ” ဘ၀နဲ့ ဘုရားရှင်နှစ်ဆူ
ပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။
ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ
ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင်
ပေးဆပ်သွားရတာပါနော်။
သတိထားသံဝေဂယူစရာလေးပါပဲ။
❖နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့
ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။
ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ
ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။
တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေ
ဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။
ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှ
ဝတ်ထားတဲ့ သူကိုမကြည့်ဘဲ၊ အ၀တ်အစား
ဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့
ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး
ကြည်ညိုနေကြပါတယ်။ ဒီအချိန်မှာ သူပြောလိုက်တဲ့
စကားတစ်ခွန်းကတော့..
“တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်..
ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့
မကြည့်ဘဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို
စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ
အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ” ဆိုတဲ့
စကားလေးတစ်ခွန်းပါပဲ။ အရိယာကို စော်ကားမိတဲ့
အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ
အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့ အခါမှာ
ဘ၀ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်း
ဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ
ကျွတ်လွတ်ခဲ့ရပါတယ်။
ဝစီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ
အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း
ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့
အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့
နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို
ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့
စကားကို ပြောမိလို့ပါပဲ။ နောက်ဆုံး သဌေးသားကတော့
သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး၊
သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။
ဒီအကြောင်းအရာတွေ
အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့
“သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့သူတွေ”
အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ
အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။
အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။
အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ၊
ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့
အရေးကြီးပါတယ်။
ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင်
●“မပြောခင်စဉ်းစားပါ..
●ပြောနေတုန်းမှာလည်း စဉ်းစားပါ..
●ပြောပြီးရင်လည်း စဉ်းစားပါ” ဆိုတဲ့ အချက်သုံးချက်နဲ့
မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့
စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့
အကောင်းဆုံးပါပဲ။
အဲ့ဒါတွေကတော့
(၁) ဟုတ်တယ်၊မှန်တယ်၊အကျိုးရှိတယ်၊သူတစ်ပါးနာလိုတယ်၊
(၂) ဟုတ်တယ်၊မှန်တယ်၊အကျိုးရှိတယ်၊သူတစ်ပါးမနာလိုဘူး။
(ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော)
ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး
အဓိကဆုံးမထားတာကတော့
ဟုတ်တိုင်းလည်း မပြောနဲ့။
မှန်တိုင်းလည်း မပြောနဲ့။
မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။
ဓမ္မမိတ်ဆွေ အပေါင်းလည်း..
ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ
လောဘသံတွေ၊ဒေါသသံတွေ၊မောဟသံတွေ
မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။
ဓမ္မမိတ်ဆွေအပေါင်း..
ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို
မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့
ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့ ကိုယ့်ကို နှောက်ယှက်လာမယ့်
လောဘ၊ ဒေါသ၊မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး
ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့
ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..။
-【စာရေးသူ - ဓမ္မမေတ္တာ】
Posted by►
www.facebook.com/youngbuddhistassociation.mm
✿✿ သောတာပန်ဆိုတာ ✿✿
သောတာပန်ဆိုတာ
═════════════════
သောတာပန်ဆိုတာဘာဖြစ်သွားတာလဲ ? ဘုရားလက်ထက်က ဧဟိဘိက္ခုခေါ်လိုက်တာနဲ့ ၀ါတော် ၆၀ ရ ရဟန်းဝတ်စုံနဲ့ရဟန်းတစ်ပါးအဖြစ်ပြောင်းသွားတာမျိုးလား ? ဒါမှမဟုတ် ခုခေတ် Plastic surgery လုပ်သလို ရုပ်ဆိုးရာကနေချော်မော်လှပသွားတာလား ?
ရုပ်ရည်အနေနဲ့ဘာမှသိသိသာသာပြောင်းသွားတာမဟုတ်ပါဘူး။ စိတ်ကိုညစ်ပတ်စေတဲ့ ကိလေသာ အညစ်အကြေးတွေ ၂၅ ရာခိုင်နှုန်းခန့်လျော့သွားတာကြောင့် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ် တွေမှာကိလေသာတွေလျော့သွားလို့ရုပ်အနေနဲ့အရင်တက်ပိုမိုကြည်လင်တာကို အနားနေတဲ့သူ၊ ဂရုစိုက်ကြည့်သူတွေအနေနဲ့သတိထားမိချင်တော့မိနိုင်ပါတယ်။
အရေးကြီးဆုံးပြောင်းလဲမှုကတော့ ကိလေသာ ၁၅၀၀ ထဲက ၁၄၉၉ ကိုချန်လှပ်၍ ဒိဋ္ဌိဝိစိကိစ္ဆာ ဆိုတဲ့ကိလေသာတစ်ခုကိုပယ်လိုက်နိုင်တာပါ။ ဒါပေမဲ့ ဒီကိလေသာကိုပယ်လိုက် တာကြောင့် ဘုရား၊ တရား၊သံဃာဆိုတဲ့ ရတနာသုံးပါးအပေါ်မှာယုံမှားသံသယတွေမရှိတော့ပါဘူး။ ကံ၊ကံရဲ့ အကျိုးတွေအပေါ်မှာလည်း ယုံမှားသံသယတွေမရှိတော့တာကြောင့် အပါယ်လေးပါး ရောက်ကြောင်း ဒုစရိုက်တွေကိုလည်းမလုပ်တော့တာမို့အပါယ်မရောက်နိုင်တော့ပါဘူး။
သောတာပန်ဆိုတာပါဠိဘာသာမှဆင်းသက်လာသောပါဠိသက်စကားဖြစ်ပါတယ်။ ပါဠိစကားသောတ + အာပန္န မှာ သောတ ဆိုတာက ရေအလျဉ်း။ အာပန္န ဆိုတာရောက်ရှိခြင်း။ ပေါင်းလိုက်တော့ ရေအလျဉ်းသို့ရောက်ရှိခြင်း။ ဆိုလိုရင်းအဓိပ္ပါယ်က နိဗ္ဗာန်ဆိုတဲ့ရေစီးကြောင်းထဲရောက်သွားတယ်။ အပါယ်တံခါးပိတ်သွားပြီ၊စိတ်ချရတဲ့ဘ၀ရောက်သွားပြီး၊ပုထုဇဉ်ဘ၀မှအရိယာသူတော်စဉ်ဘ၀ရောက်သွားလို့တစ်နေ့မှာနိဗ္ဗာန်ရောက်မယ် လို့အဓိပ္ပါယ်ရပါတယ်။
ဟိမ၀န္တာမှစီးဆင်းလာသောမြစ်ကြီးငါးရာ၊မြစ်ငယ်ငါးရာမှရေတို့သည်နောက်သို့ပြန်မစီးဘဲသမုဒ္ဒရာသို့သာစီးဝင်သကဲ့သို့ သောတာပန်တို့သည်လည်းပုထုဇဉ်ပြန်မဖြစ်ဘဲတစ်ဆင့်ထက်တစ်ဆင့်မြင့်သောအရိယာဘ၀များမှနောက်ဆုံးရဟန္တာအဖြစ်ဖြင့်နိဗ္ဗာန်စံဝင်သောကြောင့် သောတာပန် ဟု ခေါ် ဆိုသည်။
ပုထုဇဉ်တို့ကတော့ ၃၁ ပုံဖြစ်တဲ့ အထက်ဘ၀ဂ်မှအောက်အ၀ီစိ ထက်အောက်၊ဆုန်ဆန် ၊တက်ချီးဆင်းချီး ဖြစ်နိုင်ကြသည်။
သောတာပန်တည်သွားသည်နှင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်သွား၏။
ရတနာသုံးပါးကို အသက်နှင့်လဲပြီး ယုံကြည်ကိုးကွယ်သွား၏။
ငါးပါးသီလကို အသက်နှင့်လဲပြီး လုံခြုံသွား၏။
ဝိပလ္လာသရှစ်ပါးကို အရှင်းပယ်သတ်သွား၏။
ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရမာသသံယောဇဉ်၊ ၀ိစိကိစ္ဆာသံယောဇဉ်တို့ ကို ပယ်သတ်လိုက်၏။
မိမိမှာရှိသော အပြစ်ကို မရှိဟန်ဆောင်သော မာယာနှင့် မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန်ဆောင်သည့် သာဌေယျတို့ ကိုလည်း ပယ်သတ်၏။
သောတာပန် ပယ်သတ်သည့် ၀ိပလ္လာသ(၈)ပါး
----------------------------------------------
- ခန္ဓာငါးပါးကို မြဲသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို မြဲသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို မြဲသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ။
သောတာပန် မပယ်သေးသော ၀ိပလ္လာသလေးပါး
------------------------------------------------
- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ။
ဤဖောက်ပြန်မှားယွင်းသော အသိမှား၊ အမှတ်မှား၊ ၀ိပလ္လာသလေးချက်
ကျန်နေသောကြောင့် သောတာပန်၊ သကဒါဂါမ်များသည်
အိမ်ထောင်သားမွေး ပြုလုပ်ကြခြင်းဖြစ်၏။
မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက်လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
(ဓမ္မပဒ)
အဘယ်ကြောင့်နည်း၊ စကြာမင်း သိကြားမင်း ဗြဟ္မာမင်းတို့ သည်သေလျှင် အပါယ်လေးပါးသို့  ကျနိုင်သေးသော်လည်း သောတာပန်သည် ဘယ်သောအခါမျှ အပါယ်သို့  မကျနိုင်သောကြောင့်တည်း။
(ကျမ်းကိုး)
ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) (သီလအစွမ်း အံ့မခန်း မှ)နှင့်
ဦးကျော်ဇေယျ၏(သောတာပန်)