........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 23, 2013

ဝါဆိုခြင်း ၊၀ါကပ်ခြင်း


 သံဃာတော်တိုင်းဟာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ (သို့မဟုတ်)၀ါခေါင်လပြည့်ကျော် (၁) ရက်နေ့မှာ ဘုရားဥပဒေတော်အတိုင်း ၀ါဆို၊၀ါကပ်ခြင်းအမှုကို ပြုလုပ်ရပါတယ်။ဝါဆိုခြင်း၊ ၀ါ ကပ်ခြင်းဆိုတာဟာ မိုး (၃)လအတွင်း မိမိဝါဆိုသည့် ကျောင်းတိုက် အာရာမ်အတွင်း၌ သာနေ ရခြင်း …လို့ အဓိပ္ပါယ်ရပါတယ်။

ဝါဆိုခြင်းကို မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် ရဟန်းတော် များ ပြုကျင့်ကြရပါတယ်။ ဒီ ၀ါဆိုဝါကပ် ဥပဒေ မသတ်မှတ်ခင်က ရဟန်းတွေဟာ လည်း မြတ်စွာဘုရားရှင်ရဲ့ သာနာပြုမူရင်းဩ၀ါဒ အတိုင်း နေပူမိုးရွာမရှောင် ဒေသစာရီ လှည့် လည်ကြပါတယ်။ သာသနာပြုခရီးအတွင်း ကြုံသလိုတည်းခိုရပ်နားသီတင်းသုံးပြီး သွားလာ ကြပါတယ်။ မိုးကာလမှာတော့ လူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်ငယ်များကို မလွှဲမရှောင်သာ နင်းခြေမိကြပြီး ၊ စိုက်ပျိုးပင်ငယ်များ ပျက်စီးကြရတာမျိုးရှိပါတယ်။ အဲဒီခေတ် အိန္ဒိယမှာ သစ်ပင်ကို သက်ရှိအဖြစ် သတ်မှတ်သူများ ၊ ကိုးကွယ်သူများကလည်း ရှိနေပါတယ်။ ဒီလို စိုက်ပျိုးပင်ငယ်များ သေကြေတာကို မြင်တဲ့အခါ သက်ရှိအဖြစ် သတ်မှတ် သူများက ရဟန်းတော် များကို သားသတ်သမားများလို့ စွပ်စွဲကြပါတယ်။ ကဲ့ရဲ့ရှုတ်ချ ကြပါတယ်။ ဘာလို့ ဂေါတမရဲ့ ရဟန်းတွေဟာ အပင်ငယ်များနဲ့ ပိုးမွှားများကို သေကြေပျက်စီးဖို့ရန် တစ်နှစ်ပတ်လုံး ခရီးသွားနေ ကြသလဲ ။ တတ္ထိဆရာကြီးများရဲ့ တပည့်များတောင် မိုးတွင်းမှာ ခရီးမသွား ဘဲ ကြောင့်ကြမဲ့ နေထိုင်ကြတယ်။ယုတ်စွအဆုံး ကျေးငှက်တိရစ္ဆာန်တွေတောင် မိုးကာလမှာ အသိုက်မှာသာနေကြတယ်။ ဒီရဟန်းတွေကြောင့် အပင်ပယ်များ ၊ သတ္တ၀ါငယ် များသေကြေကြ ရတယ်လို့ အပြစ်တင်ဝေဖန်ကြတယ် ။ 

သစ်ပင်ကို ကိုးကွယ်သူများကတော့ ရန်ပြုတဲ့အထိ ဖြစ်လာကြတယ်။ ဒါကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးဥတု (၃)လမှာ ခရီးမတွက်ရ ဆိုတဲ့ ၀ါဆိုဝါကပ် ဥပဒေကို ပညတ်ခဲ့ပါတယ်။ဝါ
ဆို၊ ၀ါကပ်မဲ့နေ့မှာ ရဟန်းတော်တွေဟာ တပါးချင်းဖြစ်စေ၊ စုရုံးရ်ျဖြစ်စေ က်ျဝါတွင်းသုံးလပတ်လုံး
က်ျကျောင်းတိုက်တွင် နေထိုင်ပါ့မည်လို့ ဘုရားရှေ့မှာ ၀န်ခံကတိပြုရပါတယ်။ အဲဒါကို ၀ါဆို၊၀ါကပ်
တယ်လို့ ခေါ်ပါတယ်။

ဝါကပ်ခြင်းဟာ (၂) မျိုးရှိပါတယ်။

(၁) ပုရိမ၀ဿာဝါသ - ပထမ၀ါကပ်ခြင်း ၊
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှာ ၀ါကပ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ ၀ါကျွတ်ပါတယ် ။
 (၀ါကျွတ်တယ်ဆိုတာဟာ မိမိတို့ဝါကပ်ထားတဲ့ သုံးလလွန်မြောက်ပြီ ဖြစ်လို့ အရပ်တပါးသို့ လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိတာကို ဆိုလိုပါတယ်။)

(၂) ပစ္ဆိမ ၀ဿာဝါသ - ဒုတိယ ၀ါကပ်ခြင်း ၊ ၀ါခေါင် လပြည့်ကျော် (၁) ရက်နေ့မှာ ၀ါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှာ ၀ါကျွတ်ပါတယ်။ 

ရဟန်းတော်တပါးရဲ့ သိက္ခာတရားဆိုတာကို ဒီဝါစဉ်ကို ကြည့်ပြီး သတ်မှတ်ကြပါတယ်။ ဥပမာဆို
ကြပါစို့။ အသက်နှစ်ဆယ်အရွယ်မှာ ရဟန်းပြုလာတဲ့ ရဟန်းတော်တပါးဟာ အသက်သုံးဆယ် အရွယ်ဆိုရင် ၀ါတော်ဆယ်ဝါရှိပြီပေါ့။ ၀ါတော် ဆယ်ဝါကျော်ပြီးမှ သိက္ခာချလူထွက်ပြီး ပြန်ဝတ်ရင်
အရင်ရဟန်းဘ၀က ရခဲ့ဖူးတဲ့ ဆယ်ဝါနဲ့ မဆိုင်တော့ဘဲ တစ်ဝါကနေ အသစ်တဖန်ပြန်စရပါတယ်။
မြတ်စွာဘုရားကတော့ ဆယ်ဝါပြည့်ပြီးတဲ့ ရဟန်းတော်တပါးကို လူကြီးလုပ်ခွင့်ရှိတယ်လို့ သတ်မှတ်
နိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးအင်္ဂါထဲမှာ ထည့်သွင်းထားပါတယ်။ ဆိုလိုတာက ကျောင်းထိုင်မဲ့ ရဟန်းတော်တပါးဟာ အနည်းဆုံးဆယ်ဝါရှိရမယ်လို့ ဆိုလိုပါတယ်။ ရဟန်းဝါဆယ်ဝါရရင် သာသ
နာမှာ လူကြီးဖြစ်ပြီလို့ ဆိုနိုင်ပါတယ်။အသက်ရှစ်ဆယ်အရွယ်တဦးက ဒီနေ့မှ ရဟန်းဝတ်ရင် ၀ါတော်တစ်ဝါရှိ အသက် ၂၁ နှစ်အရွယ်တပါးအား လူ့လောကတွင် မိမိမြေးအရွယ်ပင်ဖြစ်လင့်က
စား အရိုအသေပြုခြင်းစသည်ဖြင့် ပူဇော်ဦးညွတ်ရတယ်။ ရဟန်းဘ၀တွင် အကြီးအငယ်ဟူသည်ကို
အသက်အရွယ်ဖြင့် မဆုံးဖြတ်ကြပါ။ အသက်မည်မျှပင်ကြီးကြီး ရဟန်းဝတ်ဖြင့် နေခဲ့သော ၀ါတော်
အရသာ အကြီးအငယ်ဆုံးဖြတ်ကြရပါတယ်။

မြတ်စွာဘုရားက လူသားတို့အား ကျီးခြောက်နိုင်သော အရွယ်မှ အသက် ၁၉နှစ် ၃လအထိ အရွယ်ရှိသူတွေကို ကိုရင်ဝတ်ခွင့်ပေးထားပြီး အသက် ၁၉နှစ် ၃လမှ စရ်ျ ရဟန်းဝတ်ခွင့်ပေး ထားတယ်။ ထိုကြောင့် ငယ်ရွယ်စဉ်စကာ ကိုရင်ဝတ်လာသူတို့ဟာ မိမိတို့ရဲ့ အသက် ၁၉နှစ်နှင့် ၃ လရှိတဲ့အခါ ရဟန်းဘောင်သို့ တက်ကြရပါတယ်။ ထိုသို့ ရဟန်းဘောင်တက်ကြသည့်အခါ အချို့တကာ၊တကာမများက မိမိရင်သွေးပင့် မဟုတ်လင့်ကစား မိမိတို့ရဲ့ သားသမီးပမာ သဘော
ထားကာ ရဟန်းဒကာခံယူကာ သာသနာ့ဘောင်သို့ ပို့ဆောင်ပေးကြပါတယ်။ အဲဒါဟာ လူဒါယကာ
တို့မှာ ကြီးကျယ်မြင့်မြတ်ဆုံးသော သာသနာပြုနည်းဖြစ်ပါတယ်။ ရဟန်းတပါးဖြစ်ခွင့်ရတာဟာ လွယ်သလားဆိုတာ နောက်မှ ဆောင်းပါးတပုဒ်ရေးပြီး တင်ပြပေးပါ့မယ်။

ဗုဒ္ဓဘာသာ ထုံးတမ်းအရ ၀ါတွင်းကာလတွင် သံဃာတော်များ ခရီးသွားလာခြင်း မပြုလုပ်ရပါ၊ မဖြစ်မနေ သွားလာ ရမည့် အမိအဘ ဆရာသမားများနှင့်သက်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ် များပေါ်ပေါက် လာပါက ၀ါပန်၍ ခရီးသွားကြ ရပါတယ်။ ၀ါပန်တယ်ဆိုတာက က်ျကျောင်းတိုက်သို့ ခုနစ်ရက်အတွင်း ရောက်
အောင် ပြန်လာပါ့မယ်လို့ ဘုရားကို ကတိပြုခြင်းပဲ့ ဖြစ်တယ်။

ကိုရင်များအတွက်ကတော့ ၀ါဆိုဝါကပ်ရမယ်လို့ သီးသန့်သတ်မှတ်ပညတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ရှေး
ဆရာတော်ကြီးများက ကိုရင်များအားလဲ ၀ါဆိုဝါကပ်ခိုင်းလေ့ရှိပါတယ်။ ရပ်ထဲရွာထဲတွင်လဲ ကိုရင်  ဘယ်နှစ်
ဝါရပြီလဲ မေးလျှင် ကိုရင်တို့ကား မိမိတို့ သင်္ကန်းဝတ်ဖြင့် နေခဲ့ဖူးတဲ့ ၀ါတွင်းကာလများကို ရေတွက်ကာ ဘယ်
နှစ်ဝါရပြီ၊ ဘယ်နှစ်ဝါရပြီ စသဖြင့် ပြောကြလေ့ရှိပါတယ်။

ထိုကဲ့သို့ ၀ါဆိုဝါကပ်မဲ့ ရဟန်းသံဃာတော်တွေကို လူဒါယကာများက မိုးသုံးလ၀တ်ရုံသုံးဆောင်ရန် ၀ါဆိုသ
င်္ကန်းများ ကပ်လှူရပါတယ်။ 

ဘုရားလက်ထက်တော်အခါက ၀ိသာခါတကာမကြီးက ၀ါဆိုသင်္ကန်းကပ်လှူခွင့်ကို ဘုရားရှင်ထံတော်ပါးမှာ
တောင်းဆိုခဲ့လို့ ဒီနေ့အထိ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခွင့်ရနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment