ဝန်ချတောင်းပန်ရမဲ့အပြစ်ဆိုရင် ၀န်ချတောင်းပန် ပါမှ ဒီအပြစ်ပြေပျောက်တယ်။ ဘယ်လိုကောင်းမှုတွေ လုပ်ပါစေ မတောင်းပန်ရင် ဒီအပြစ်မပြေပျောက်ဘူး။ ဒီအပြစ်ကနေ သက်သာခွင့်မရဘူးဆိုတာပါဘဲ။
ဒါနဲ့ပတ်သတ်လို့ ကျမ်းဂန်မှာပြဆိုထားတဲ့ ဖြစ်ရပ် တစ်ခုကိုကြည့်ရအောင် မထေရ်ကြီးတစ်ပါးနှင့်ရဟန်းငယ်တစ်ပါးရွာတစ်ရွာကို ဆွမ်းခံဝင်ကြပါသတဲ့။ ပဌမ ဆုံးအိမ်က နှစ်ပါးလုံးကို ရာဂုဆန်ပြုတ်လောင်းလိုက် ပါတယ်။ ဒီအခါမထေရ်ကြီးက ဆန်ပြုတ် ပူပူနွေးနွေးဆိုတော့ လေနာရောဂါနဲ့ သင့်လျော်တယ်။...
အေးမသွားမှီ သုံးဆောင်လိုက်ရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။ ဒါနဲ့အနီးအနားက သစ်တုံးတစ်ခုပေါ် ထိုင်ပြီး ဘုန်းပေးပါတော့တယ်။ မထေရ်ကြီးရဲ့ အပြု အမူကိုမြင်တော့ ရဟန်းငယ်ရဲ့စိတ်ထဲ အတော်လေး
သဘောမကျ ဖြစ်သွားတယ်။ ဒါကြောင့် ကိုယ်တော်ကြီး အစားအသောက်နဲ့ ပတ်သက်ရင် သည်းကိုမခံနိုင်ဘူး။ အတော် ဆာတတ်လွန်းတယ်။ အရှင်ဘုရား လုပ်တာနဲ့ တပည့်တော်ပါ အရှက်ရနေပြီလို့ ပြော
လိုက်မိပါတယ်။
ဆွမ်းကိစ္စပြီးလို့ကျောင်းသို့ပြန်ရောက်တဲ့အခါမှာ မထေရ်ကြီးက ငါ့ရှင် တရားထူးများရပြီးပြီလား လို့ ရဟန်းငယ်ကိုမေးပါတယ်။
ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်းလျှောက် ပါတယ်။ ဒီတော့ မထေရ်ကြီးက ငါ့ရှင် အထက် မဂ် ဖိုလ်ကိုရဖို့ မကြိုးစားနဲ့တော့။ ငါ့ရှင်ဟာ ရဟန္တာကို ကဲ့ရဲ့ရှုတ်ချမိပြီ လို့မိန့်တော်မူလိုက်ပါတယ်။ ဒီတော့
မှရဟန်းငယ်ဟာ အနှုးအညွှန့်တောင်းပန်ကန်တော့ ပါတော့တယ်။ တောင်းပန်ကန်တော့လိုက်လို့မို့ မဂ္ဂ န္တရာယ် အပြစ် ပြေပျောက်သွားတယ်။ အထက်မဂ် ဖိုလ်ကို သိမြင်ခွင့်ရသွားတယ်လို့ ကျမ်းဂန်မှာ ပြဆို ထားပါတယ်။
ဒီဖြစ်ရပ်က ဘာကိုပြသလဲဆိုရင် သိမြင်လောက် ရောပေါ့။ ကန်တော့တောင်းပန်မှပျောက်တဲ့အပြစ်ကို ကန်တော့တောင်းပန်မှုမလုပ်ရင် အဲဒီအကုသိုလ်ပြစ် က သောတာပန်ပုဂ္ဂိုလ်ကိုပင် အထက်မဂ်ဖိုလ်ကိုမရ
နိုင်အောင် အန္တရာယ်ပေးကြောင်း ပြဆိုတာ ဖြစ်ပါတယ်။ သူလိုငါလို သာမာန်ပုထုဇဉ်အဖို့တော့ပြော မနေနဲ့တော့၊ ဒါကြောင့်ကန်တော့တောင်းပန်သူဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
ကန်တော့တောင်းပန်တာနဲ့ ပတ်သတ်လို့ ကျမ်းဂန်မှာ ဘယ်လောက်ထိပြဆိုထားလဲဆိုရင် သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တစ်ပါးပါးကို ကာယကံနဲ့ဖြစ်ဖြစ်၊ ၀စီကံနှင့်ဖြစ်ဖြစ်၊ မနောကံနှင့်ဖြစ်ဖြစ် ကျူးလွန် စော်ကားမိရင် အနူးအညွန့် ၀န်ချတောင်းပန်ရမယ်။
အရိယာပုဂ္ဂိုလ်ပါလားလို့ သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ အပြစ်ဟာအပြစ်ပဲ။ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်တွေဟာ ဒေါသကိုပယ်ပြီးသားပုဂ္ဂိုလ်တွေမဟုတ်လို့ ၀န်ချတောင်းပန်ပေမဲ့ လက်မခံရင် ဒါမှမဟုတ် တစ် နေရာရာကို ထွက်သွားရင် အခြား တစ်ဦးဦးဆီမှာ သွားပြီး တောင်းပန်နိုင်တယ်။ ဘယ်ပုဂ္ဂိုလ်အပေါ် ဘယ်လို ပြစ်မှားမိခဲ့ပါတယ်။
အဲဒီအတွက် ၀န်ချတောင်းပန်ပါတယ် လို့အပြစ်ကို ဖော်ပြပြီး တောင်းပန်ရမယ်။ နောက်ဆုံးကုန်ကုန်ပြောရ
ရင် အဲဒီပုဂ္ဂိုလ် ကွယ်လွန် ဒါမှမဟုတ် ပရိနိဗ္ဗာန်ပြုသွားရင် ကွယ်လွန်တဲ့နေရာ၊ ပရိနိဗ္ဗာန်ပြုတဲ့ နေရာကို သွားပြီး တောင်းပန်ရမယ်။ တောင်းပန်မှသာ သဂ္ဂ န္တရာယ်၊ မဂ္ဂ န္တရာယ်ကနေ လွတ်မြောက်ပြီး ကြိုးစား အားထုတ်ရင် ဒီဘ၀မှာ တရားထူးရနိုင်ခွင့်ရှိသွားတယ်။ နောင်ဘ၀မှာလည်း သုဂတိသို့ရောက်နိုင်ခွင့် ရှိသွားတယ်လို့ မိန့်ဆို ထားပါတယ်။
ဒီလောက်ဆိုရင် ကျူးလွန်စော်ကားမိတဲ့ အပြစ်တွေ ကန်တော့တောင်းပန်ရင်ပျောက်ပျက်သွားသလား ဆိုတဲ့ အမေးနဲ့ပတ်သတ်လို့ အတော်အသင့်လေ့လာခဲ့ပြီးပါပြီ။
ဘယ်လိုအခြေအနေမျိုးနဲ့ဘယ်လိုကန်တော့တောင်းပန်ရင် ဘယ်လိုအပြစ်တွေ ဘယ်လိုအခြေအနေတွေအထိ ကွယ်ပျောက် ဘယ်လိုအပြစ်တွေ ဘယ်လို အပြစ်တွေ ဘယ် အခြေအနေတွေ ကွယ်ပျောက်တယ်တော့ နားလည်ရောပေါ့။
အရှင်နန္ဒမာသေနာလင်္ကာရ
ဘာသာရေးအနှစ်သာရများ
Mar 7, 2014
ဆင်းရဲဒုက္ခဆိုတာ ဘာကိုဆိုလိုတာလဲ
ဆင်းရဲဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။ နှစ်မျိုးဆိုတာက ပညတ်ဆင်းရဲ နှင့် ပရမတ်ဆင်းရဲ။
ပညတ်ဆင်းရဲဆိုတာ ပဋိသန္ဓေနေရတာ ဆင်းရဲတယ်။ အိုရတာ ဆင်းရဲတယ်။ နာရတာ ဆင်းရဲတယ်။ သေရတာ ဆင်းရဲတယ်။ ကိုယ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရတယ်-ဆိုတဲ့ ဆင်းရဲခြင်းမှန်သမျှ ပညတ်ဆင်းရဲလို့ခေါ်တယ်။
ပညတ်ဆင်းရဲကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက ပရမတ်ဆင်းရဲဖြစ်တယ်။...
ပရမတ်ဆင်းရဲဆိုတာ သစ္စာထိုက်တဲ့ ဒုက္ခသစ္စာဖြစ်တယ်။ ဒုက္ခ-ဆိုတာ ဆင်းရဲခြင်း။ သစ္စာ-ဆိုတာက မှန်ကန်ခြင်း။ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ-ဆိုတာ ဘာလဲလို့ကြည့်လိုက်တော့ ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ-လို့ သင်္ဂြိုဟ်ကျမ်းမှာ ပြထားတာကို တွေ့ရတယ်။
တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော၊ ၀ဋ္ဋံ-၀ဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏-တဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်တရားဟာ ဒုက္ခသစ္စာ အစစ်အမှန်ပါပဲတဲ့။ ဒီစကားရပ်မှာ ဘုံသုံးပါးဆိုတာနဲ့ ၀ဋ်သုံးပါးဆိုတာ အသိခက်နေတယ်။
ဘုံသုံးပါးဆိုတာ-ပုထုဇဉ်အများ ကျင်လည်ရာဘုံဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ ဘုံသုံးပါးသာရှိတယ်။
ဘုံသုံးပါးကို အကျယ်ချဲ့လိုက်လျှင် ၃၁-ဘုံ ဖြစ်လာတယ်။
ဘုံသုံးပါးက ဘယ်လို ၃၁-ဘုံ ဖြစ်သွားတာလဲဆိုတော့ ကာမဘုံအတွင်းမှာ အပါယ်လေးဘုံ(၄)၊ လူ့ဘုံ(၁)၊ နတ်ပြည်ခြောက်ထပ်(၆)၊ အားလုံး ၁၁-ဘုံကို ကာမတရားရဲ့ ကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ခေါ်တယ်။
ရူပဘုံ-ဆိုတာက ရုပ်ရှိတဲ့ ဗြဟ္မာဘုံကို ခေါ်တယ်။ ရုပ်ရှိတဲ့ ဗြဟ္မာဘုံပေါင်းက ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန်သုံးဘုံ၊ တတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန် ခုနစ်ဘုံရယ်လို့ ရူပ ၁၆-ဘုံ ရှိတယ်။
အရူပ ရုပ်မရှိတဲ့ဘုံက လေးဘုံရှိတယ်။ အားလုံး ၃၁-ဘုံရှိတယ်။
ပုထုဇဉ်သတ္တ၀ါမှန်သမျှ ဒီ ၃၁-ဘုံက မထွက်နိုင်ဘူး။ တဘ၀ဆုံးသွားလျှင် တဘ၀ ဆက်တာပဲ။ ဆုံးပြီး ဆက်တာကို ဘ၀လို့ခေါ်တယ်။ ဘ၀ကို အရကောက်ပြပါဆိုတော့ ရုပ်တရားနဲ့ နာမ်တရားကိုသာ အရကောက်လို့ရတယ်။ ယောက်ျား မိန်းမ လူ နတ် စတဲ့ ပညတ်ကို အရမကောက်နိုင်ဘူး။ ဒါကြောင့် ၀ဋ်သုံးပါးဆိုတာလည်း ရုပ်နာမ်ကိုပဲ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားရပ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် တွက်ကြည့်သင့်တယ်။ ပဋိစ္စသမုပ္ပါဒ်အရ ၀ဋ်သုံးပါးဆိုတာ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ပါပဲ။
ကိလေသ၀ဋ်ဆိုတာ-အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့တရားတွေက စိတ်ဓာတ်ကို ညစ်ညူးအောင် ပြုလုပ်တတ်တဲ့အတွက် ကိလေသ၀ဋ်လို့ ခေါ်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-အရ အ၀ိဇ္ဇာကြောင့်ဖြစ်လာတဲ့ သင်္ခါရအမည်ရတဲ့ ကံတရားရယ်၊
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်လာတဲ့ ကမ္မဘ၀ရယ်၊ ဒီတရားနှစ်ပါးကို ကမ္မ၀ဋ်လို့ခေါ်တယ်။
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဘ၀ကို ကမ္မဘ၀၊ ဥပပတ္တိဘ၀လို့ နှစ်မျိုးခွဲလိုက်တယ်။
ကမ္မဘ၀ကို ကမ္မ၀ဋ်ထဲ ထည့်ပြီးပြီ။ ကြွင်းကျန်တဲ့ ဥပပတ္တိဘ၀နှင့် ကျန်တဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားတွေကိုတော့ ၀ိပါက၀ဋ်ထဲ ထည့်ပါတဲ့။
ဒါကြောင့်ဝဋ်သုံးပါးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ် လည်ပြီးဖြစ်နေပုံ ပြတာပါပဲ။
အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ဆိုတဲ့ ကိလေသ၀ဋ်ကြောင့် ကံတည်းဟူသော သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ ကမ္မ၀ဋ်ကြောင့် ၀ိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ဖြစ်တယ်။
ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ကြောင့် အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိလေသ၀ဋ်ဖြစ်တယ်။
ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ဒီလိုရုပ်နာမ်မစဲ ထပ်တလဲလဲ ဖြစ်တာကို ၀ဋ်သုံးပါးလို့ခေါ်တာပဲ။
ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပါပဲ။ ဒီရုပ်တရား နာမ်တရားက ဘယ်မှာဖြစ်တာလဲဆိုတော့ ဘုံသုံးပါးမှာဖြစ်တာပါပဲ။ ဒါကြောင့် ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပဲဖြစ်တယ်။ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီဝဋ်သုံးပါးက ဘာလဲဆိုတော့ ဒုက္ခသစ္စာ=စစ်မှန်သော ဆင်းရဲခြင်းဖြစ်တယ်။
( တည်တော ဆရာတော်)

Mar 6, 2014
ပရိယတ်ကို အခြေခံရန် အရှင်ဇနကာဘိဝံသဆရာတော်ကြီး၏ အဆုံးအမ။
ပရိယတ်ကို အခြေခံရန် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ အဆုံးအမတော်မှာ ==
“မြန်မာပြည်သာသနာ ခိုင်မာနေတယ်ဆိုတာ ပရိယတ်ကို မလွတ်တမ်းကိုင်...
ထားလို့ပေါ့။ ပရိယတ်ကို အခြေခံပြီးလာခဲ့တာ။ ပဋိပတ်ဟာ တစ်ဦးချင်းအတွက် လိုအပ်တယ် ဆိုပေမယ့် သာသနာကြီး အရှည်တည်တံ့ရေးအတွက်တော့ သူချည်း မပြီးသေးဘူး။ ပရိယတ်
လည်း လိုအပ်သေးတယ်။
တကယ့် သာသနာတော်ရဲ့ အခြေခံက ကမ္မဌာန်း မဟုတ်ပါဘူး။ ပရိယတ်စာပေတွေပါ။ စာပေတွေကို မသင်ဘဲ ကမ္မဌာန်းချည်း အားထုတ်နေစမ်းပါလား ?။ အနှစ် ၅၀၊ ၁၀၀ ဆိုလျှင် သာသနာ ပျောက်သွားမယ်။
ပြီးတော့ စာပေမပါဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ကမ္မဌာန်းခွင်မှာ အမှန်တရား ရနိုင်မှာလဲ။ စဉ်းစားကြပါ။ ယနေ့ သာသနာတော်ကြီးကို တွေ့နေကြရတာ ဟာ ကမ္မဌာန်းကြောင့် မဟုတ်ဘူး။ ပရိယတ်စာပေတွေ မကွယ်ပျောက်အောင် စာသင်စာချ ပရိယတ်ကိုယ်တော်တွေကြောင့်။
ဒါကို မြင်တော်မူလို့ အရှင်မဟာကဿပကိုယ်တော်ကြီးတို့က သင်္ဂါယနာတင်တော်မူ ခဲ့ကြတာ။ ဘုရား ပရိနိဗ္ဗာန်ပြုအပြီး ဒေသနာတွေကို မစုစည်းဘဲ၊ သင်္ဂါယနာမတင်ဘဲ ထားခဲ့လျှင် ယနေ့အချိန် ဒီ သာသနာတော်ကြီးကို မတွေ့နိုင်တော့ဘူး။
ဒါကြောင့် သာသနာတော်ကြီး တည်တံ့ဖို့အတွက်က ပရိယတ်၊ အဲဒီကမှတဆင့်တက် ဘ၀သံသရာ လွတ်မြောက်ဖို့အတွက်ကျတော့ ပဋိပတ်၊ အဲဒီလို နားလည်ထားကြပါ။
အဲဒါကြောင့်လည်း ဆရာသမားတွေ အဆက်ဆက်က ပရိယတ်ကို လေးစားခဲ့ကြတာပဲ။ စနစ်တကျနဲ့ တကယ်လုပ်နေတဲ့ ကမ္မဌာန်းကို အထင်မသေးပါဘူး။ အားပေးပါတယ်။
ဒါလည်း သူ့အချိန်နဲ့၊ သူ့အရွယ်နဲ့ လုပ်ရမှာပဲ။ သာသနာမှာ ပရိယတ်၊ ပဋိပတ်နှစ်မျိုးလုံး ထွန်းကားနေမှ ပြည့်စုံတယ် ဆိုရမှာပါ ” ။ ။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ပရိယတ်စာပေကို လေ့လာ သင်ယူကာ ထိုမှတစ်ဆင့်တက် ဘ၀သံသရာလွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်နိုင်ကြပြီး
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ။ ။
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ကောက်နုတ်ရေး
သားပူဇော်ပါသည်။ }
https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/501057299977813?ref=stream

Mar 5, 2014
သထုံမြို့ လေးဆူဓာတ်စံရွေဆံရံ စေတီတော်နှင့် ပအိုဝ်းလူမျိုးများသမိုင်းဆက်စပ်ပုံ ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ
မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။
မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။
သူရိယစန္ဒာမင်းလက်ထက်မှ စ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ရွှေဆံရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခု မတ်လတွင် ဖဆပလ၏ မြေယာခွဲဝေရေး ပေါ်လာစီကို စမ်းသပ်သည့်အနေဖြင့် သထုံဒေသရှိ လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိ ပအိုဝ်းလယ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။
ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအိုဝ်းဟုသာ ခေါ်ဆိုရေးသားရန်။
မြေယာခွဲဝေရေး ပေါ်လာစီကို ပြန်လည်ရုပ်သိမ်းပေးရန်။
ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ ဖြစ်သည်။
ထိုအဆို(၃)ရပ်ကို ပအိုဝ်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအိုဝ်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအိုဝ်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်ဝပ်ပြားခံနေရကြောင့် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။
၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့် စော်ဘွားများက မိမိတို့အုပ်ချုပ်ရေးအာဏာကို ရှမ်းပြည်နယ်အစိုးရသို့ အပ်နှင်းခဲ့သည်။ သို့သော်လည်း ၁၉၆၀ တွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးက လက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး တော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင် ပအလဖ အမည်ကို ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။
ပအိုဝ်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအိုဝ်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာကြသည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေများပေါ်တွင် ပအိုဝ်းကျောင်းသားများက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပလာကြသည်။
၂၀၀၇ အတွင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့၏ နောက်ဆုံးရက်(၂၊ ၀၃၊ ၂၀၀၇) တွင် နိုင်ငံခြားအဲန်ဂျီအိုများ၊ ဒေသခံအာဏာပိုင်များ လာရောက်အားပေးမည်ဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော Pa-Oh National Day ဆိုသည့်စလုံးကို ခွာထုတ်ခံခဲ့ရသည်။ ထိုနှစ်မှ စပြီး နှစ်စဉ်ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့ စာလုံးအစား ပအိုဝ်းအမျိုးသားပွဲတော်အဖြစ် ရေးသားသည်ကို တွေ့ရသည်။ အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်အမျိုးသားနေ့ကို ပြန်လည်ကျင်းပခွင့်ပေးသည့်နည်းတူ လာမည့်တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့တွင် Pa-Oh National Day နှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် စာလုံးကို စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ပြန်လည် ရေးသားခွင့် ရလိမ့်မည်ဟု မျှော်လင့်ပါသည်။
ခွန်ချန်ကီ (မဲုင်းကောင်)
ကျမ်းကိုး
ပြည်ထောင်စုထဲကပအိုဝ်း
သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ
သုဝဏ္ဏပကာသနီကျမ်း (ပအိုဝ်းဘာသာ)
၂၀၀၅ တွင် အသက်(၈၀)ကျော်ရှိ ကော့ကျိုက်ဇာတိ မွိုးဖြားဗွာ (ခ)ဒေါ်ဖြူ၏ ၎င်း၏ အပျိုပေါက်စဘ၀တွင် သထုံ၌ ပအိုဝ်းအမျိုးသားနေ့ သွားအားပေးသည့်ပုံ ပြန်ပြောပြချက်များ။
PA-OH PEOPLE by Mika Rolly
copy by ...>> http://www.bwarsara.blogspot.com/

မွန်ပြည်နယ် လူငယ်များဖော်ရမ်မှ တဆင့် ပအိုဝ်းလူငယ်များကို တိုက်တွန်းချင်တာက
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မကြာသေးခင်က မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖော်ရမ်ကို ကျင်းပခဲ့တယ်။ ဒီပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ လူငယ်ပေါင်းစုံ တက်ရောက်ခဲ့ကြပါတယ်။ မွန်ပြည်နယ်အတွင်း အဓိကနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးများကို မြို့နယ်အလိုက် ကိုယ်စားပြုစေပြီး လုပ်ခဲ့တယ်။ မွန်ပြည်နယ်မှ မွန်၊ ကရင်၊ ပအိုဝ်း နှင့် ဗမာတိုင်းရင်းသားများ တက်ရောက်ခဲ့ကြ ပါတယ်။
အမှန်တော့ ဒီလူငယ်ညီလာခံများမှာ မွန်ပြည်နယ် လူငယ်များအရေးကိစ္စ၊ လူငယ်နှင့် အလုပ်အကိုင်၊ ပညာရေး၊ နိုင်ငံရေး၊ အဓိက ဆွေးနွေးဖလှယ်ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီး မြန်မာတပြည်လုံး ဆိုင်ရာ ညီလာခံသို့ တက်ရောက်ကိုယ်စားပြုမယ့် မွန်ပြည်နယ်က ကိုယ်စားလှယ်များကို လည်း ရွေးချယ်ခဲ့ကြပါတယ်။
ဒါဟာ နောက်ပိုင်းပြောင်းလဲလာတဲ့ မြန်မာပြည် နိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်ညီလာခံ aတွ၊ ဖော်ရမ်တွေကို လွတ်လွတ်လပ်လပ်နှင့် ကျင်းပခွင့်ရလာခဲ့တာပါ။ နောက်ပြီး နိုင်ငံရေး၊ လူ့အခွင့် အရေးနှင့် ပတ်သတ်တဲ့အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရတဲ့ အခြေအနေ လည်း ဖြစ်ခဲ့ပါပြီး။
ဒီအတွက် မွန်ပြည်နယ်က ပအိုဝ်းလူငယ်တွေလည်း နိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြဖို့ လိုပါတယ်။ မွန်ပြည်နယ်မှာ ပအိုဝ်းတွေက သထုံမြို့နယ်ကို အခြေပြုပြီး၊ ဘီလင်း၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်တွေမှာ နေထိုင်ကြပါတယ်။ ဒါဟာ ပအိုဝ်းတွေဟာ ကရင်လူမျိုးကဲ့သို့ မွန်ပြည်နယ်မှာ လူနည်းစု တိုင်းရင်းသားအနေဖြင့် ပါဝင်ပါတယ်။ သို့ပေမယ့် ပြည်နယ် အရေးကိစတွေမှာ ပအိုဝ်းတိုင်းရင်းသားကို ကိုယ်စားပြုမယ့် အသံတွေ ပါဝင်လာဖို့ဆိုတာ ပအိုဝ်း လူငယ်များကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ဖို့ လိုပါတယ်။ လက်ရှိ လုပ်သွားခဲ့တဲ့ မွန်ပြည်နယ် ညီလာခံကလည်း ပအိုဝ်းလူငယ်များအတွက် လူငယ်အသံ၊ အင်အားပါဝင်ဖို့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ အသင့်အတင့်ရှိတဲ့ ပအိုဝ်းလူဦးရေကလည်း မွန်ပြည်နယ်မှာ နိုင်ငံရေးနှင့် အခြားသော အရေးကိစ္စတွေမှာ များစွာ ကိုယ်စားပြုခွင့်တွေ မကြာခင်မှာ ရလာနိုင်ပါတယ်။ သို့ပေမယ့် တက်တက်ကြွ ကြွ ပါဝင်လှုပ်ရှား အရေးဆိုဖို့တော့ ပအိုဝ်းလူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရလိမ့်မယ်။
နောက်ပြီး တိုင်းရင်းသားများ ဦးတည်သွားနေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးမှာ ပအိုဝ်းလူငယ်တွေအနေနဲ့ လူများစု မွန်လူငယ်များနည်းတူ ပါဝင်ထောက်ခံ၊ ပြောကြားဖို့ လိုအပ်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာ ရှိကြတဲ့ လူငယ်တွေ အထူုးသဖြင့် ဗမာလူငယ်တွေကိုလည်း ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ၀ိုင်းဝန်း၊ ပါဝင်၊ ထောက်ခံလာအောင် စည်းရုံးလှုပ်ဆော်ဖို့ လိုပါလိမ့်မယ်။
ဒါပြင့် ကိုယ်နေထိုင်ရာ ပြည်နယ်မှာ မကြာခင် ဖြစ်ပေါ်လာမယ့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေဥပဒေ အကြောင်းကိုလည်း သိရှိနားလည်ဖို့တော့ လိုအပ်ပါတယ်။ ဒီဖွဲ့စည်းပုံ ဖြစ်လာဖို့အတွက်လည်း ကိုယ်တိုင် ပါဝင်ရပါလိမ့်မယ်။ ဒီအတွက် ကိုယ်ဘယ်လိုပါဝင်မလဲ၊ ပအိုဝ်းလူနည်းစုအရေး ဘယ်လို ဆွေးနွေးမလဲ ဆိုတာ သိထားဖို့လိုပါတယ်။ ဒါက တချိန်ကျရင် ရှိလာမည့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အတွက်ပါ။
ထို့ပြင် ယခင့်တော်လှန်ရေး နယ်မြေများမှာ ရေးဆွဲခဲ့ဖူးတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှုကြမ်းကို မွန်ပြည်နယ်ရှိ ပအိုဝ်းလူငယ်များလည်း ဖတ်ရှု့လေ့လာ၊ နားလည်သင့်ပါတယ်။ ဒီဖွဲ့စည်းပုံမှာ ပအိုဝ်းအတွက် လက်ရှိ နှင့် အနာဂတ် အခြေအနေအတွက် သိရှိထားဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။
ခွန်နီပအိုဝ်း

Mar 3, 2014
ပအိုဝ်း အမျိုးသားနေ့” ဒို့တသက်မမေ့
ပအိုဝ်း အမျိုးသားနေ့” ဒို့တသက်မမေ့
နေ၀င်လထွက် တပေါင်းလပြည့်
သူရိယစန္ဒာမင်းရဲ့ မွေးနေ့...
ထိုမင်းကို အစွဲပြု
ပအိုဝ်းအမျိုးသားနေ့ဟု ခေါ်တွင်လာ။
သုဝဏ္ဏဘူမိ သထုံတခွင်မှစ
တောင်ယာ၊ ခြံလုပ် ပအိုဝ်းဘိုးဘွားများက
တစ်နှစ်တစ်ခါ ရွှေဆံရံဘုရားမှာ စုရုံး
ပအိုဝ်း အမျိုးသားနေ့ဟု အစပြုလာ။
၁၉၄၇ ခုနှစ် နောက်ပိုင်းကစ
ပအိုဝ်း ခေါင်းဆောင်များက
တပေါင်းလပြည့် နေ့တနေ့ကို
တရားဝင် အမျိုးသားနေ့အဖြစ် သတ်မှတ်
စုပေါင်းဆောင်ရွက်ခဲ့။
ခေတ်ဆက်ဆက်က
လူမျိုးရေး သွတ်သွင်း၊ ဖိနှိမ့်မှုတွေကြား
ပအိုဝ်းလူမျိုးတစ်မျိုး ရှင်သန်ရပ်တည်လာစေဖို့
တောင်သူမှ ပအိုဝ်းဖြစ်လာစေရေး
တော်လှန်ရေး၊ အမျိုးသားရေး လှုပ်ရှားမှု
ပအိုဝ်းခေါင်းဆောင်များ အစပြုခဲ့။
လူမျိုးကြီးဝါဒနှင့် အာဏာရှင်များ၏ လုပ်ရပ်
မခံမရပ်နိုင်ပြီး တောင်ပေါ်၊မြေပြန့်မကျန်
ပအိုဝ်း ခေါင်းဆောင်များစုစည်း
ပအိုဝ်း အမျိုးသားလှုပ်ရှားမှုဆီသို့ ဦးတည်ခဲ့။
သို့အတွက်ကြောင့် ယနေ့ချိန်ခါ
အခါသမယမှာ နောင်လာနောက်သား
ပအိုဝ်းလူငယ်များ ရှေးပအိုဝ်းဘိုးဘွား
သက်စွန့် ဆံဖျား ဖော်ဆောင်ခဲ့သည့်
“ပအိုဝ်းအမျိုးသားနေ့” နေ့ထူးတနေ့ကို
လက်ကမ်း၊ ကြိုဆို၊ ဂုဏ်ပြုရင်းဖြင့်
ရောက်ရာအရပ် တက်နိုင်သည့်ဘက်မှ
ပါဝင်ဆင်နွှဲ တက်ရောက်ကြပါစို့။
ခွန်နီပအိုဝ်း (ယခုနှစ်ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့အတွက်)
https://www.facebook.com/pages/Khun-Nipaoh/1417777945123327

နို့နှစ်လုံးဖိုးမက ကျေပါသည်
အရှင်ဘုရား၊ တပည့်တော် သိလိုသည်မှာ
မြတ်စွာဘုရားရှင်သည် မိခင် မယ်တော်မာယာ
၏ မွေးကျေးဇူးကို ဆပ်ရာတွင် နို့တလုံးဖိုးသာ
ကျေပါသည်ဟု ငယ်စဉ်ကတည်းက ကြားဖူးနေ...
ပါသည်။ သို့သော်လည်း ယခုအခါ ဆရာတော်
သံဃာတော်များက နို့နှစ်လုံးဖိုး ကျေပါသည်ဟု
ဟောကြားသံ ကြားနေရပါသည်။ အမှန်ကို သိ
လိုပါသဖြင့် ကျမ်းဂန်အထောက်အထားနှင့် ဖြေ
ကြားပေးတော်မူပါဘုရား။
(မောင်ထင်လင်း-ကျောက်ကုန်းလမ်း၊ ရန်ကုန်မြို့)
(ဖြေ)
ဘုရားရှင်ဟောကြားတော်မူသောနည်းဖြင့်
ကျေးဇူးဆပ်တတ်မည်ဆိုလျှင် နို့နှစ်လုံးဖိုးမက
ကျေပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒုကနိပါတ်၊
သမစိတ္တ၀ဂ်တွင် မိဘတို့၏ ကျေးဇူးကို ကျေပွန်
အောင် ပြန်ဆပ်နိုင်ဖို့ ခဲယဉ်းကြောင်း ဘုရားရှင်
ဟောတော်မူပါသည်။ မည်မျှ ခဲယဉ်းသနည်း ဆို
သော် လိမ္မာသော သားသမီးသည် အမိအဖတို့၏
ကျေးဇူးကို ဆပ်လိုလှသဖြင့် အမိကိုလက်ယာပဖုံး
၌၊ အဖကို လက်ဝဲပဖုံး၌ထား၍ ရေနွေး၊ ရေအေး
အမျိုးမျိုးတို့ဖြင့် ရေချိုးပေးခြင်း၊ နံ့သာအမျိုးမျိုးတို့
ဖြင့် လိမ်းကျံပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ လိုလေ
သေးမရှိအောင်အစားအစာပေးခြင်း၊ ယုတ်စွအဆုံး
ကျင်ကြီးကျင်ငယ်ပင် ပခုံးပေါ်၌ စွန့်၍ သုတ်သင်
ပေးခြင်းတို့ဖြင့် ပြုစုလုပ်ကျွေးပါသော်လည်းကျေး
ဇူးကျေအောင် ဆပ်ပြီးသူဟု မခေါ်ထိုက်သေး။
ထိုမျှဖြင့်လဲ အားမရသေးသဖြင့် မိမိက စကြာ
ဝတေးမင်းကြီးဖြစ်၍ မိဘကျေးဇူးကျေအောင်ဆပ်
လို၍ စကြာမင်းကြီး၏ စည်းစိမ်ချမ်းသာပေး၍ မိဘ
တို့အား ပြုစုလုပ်ကျွေးခြင်းသည်လည်း ကျေးဇူးမ
ကျေနိုင်သေး-ဟု ဆိုပါသည်။
ကျေးဇူးကျေအောင်ဆပ်နည်းမှာ
(၁) ရတနာသုံးပါး၊ ကံ ကံ၏အကျိုးတရားတို့ကို
ယုံကြည်မှုသဒ္ဓါတရားမရှိ၊ အားနည်းနေသေးသော
မိဘတို့ကို သဒ္ဓါတရား တိုးပွားလာအောင်။
(၂) သီလမရှိ၊ သီလအားနည်းနေသေးသော မိဘ
တို့ကို သီလရှိ သီလအားကောင်းလာအောင်။
(၃) မပေးရက်လို ၀န်တိုမှု မစ္ဆရိယအားကောင်းနေ
သော မိဘတို့ကို ပေးကမ်းစွန့်ကြဲ လှူဒါန်းမှု ဒါန၊
စာဂ တရားတို့၌ အားကောင်းလာအောင်။
(၄) လောကီ၊ လောကုတ္တရာ ၊ သမထ၊ ၀ိပဿနာ
ပညာ အားနည်းနေသေးသော မိဘတို့ကို လောကီ၊
လောကုတ္တရာ၊ သမထ၊၀ိပဿနာပညာအားကောင်း
လာအောင် ဆောင်ရွက်ပေးနိုင်သော သားသမီးတို့
သည် မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်သည့်
အပြင် ကျေးဇူးတရားများ အမို့အမောက် ပိုလျှံ၍
သွားပါ၏။
အဘယ့်ကြောင့်ဆိုသော် စကြာမင်းစည်းစိမ်ကြီး
ပေးသော်လည်း တဘ၀ ကောင်းစားရေးသာ ဖြစ်ပါ
၏။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားတို့ တိုးပွားပါမူ
ကား သံသရာတလျှောက် နိဗ္ဗာန်ရောက်သည့် တိုင်
အောင်ပင် ကျေးဇူး ပြုနိုင်သောကြောင့် ဖြစ်ပါသည်။
ပုတ္တောဝါဒ ဆုံးမခန်းကဟု အောက်မေ့သည်။ နှုတ်
ဝယ်ဆောင်ထားဖို့ကောင်းသည့် မိဘကျေးဇူး ကျေ
အောင်ဆပ်နည်း-လင်္ကာ
နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ
၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း
၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို
မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်-ခတ်လုယူ၊ မဖြူနှလုံး၊
မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှ
မှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်
ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက် သေစာ၊ ပါ
ဏာသူ့သက်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ။
လှူဒါမပြတ်၊ ပိဏ္ဍပတ်လည်း၊ မလပ်နေ့တိုင်း၊ မရိုင်း
ကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာ
ဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ညောင်ရေလည်းသွန်း၊
ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက် ချချ၊
လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါ
ဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ထိုသားမြတ်ကို၊ဆပ်
ဆပ်ကျေးဇူး၊ မို၏တည်။
သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့အား ကျွေး
မွေးပြုစုရုံမဟုတ်ဘဲ ကုသိုလ်ရေးတို့၌ ပျော်မွေ့အောင်
အားပေးဆောင်ရွက်စေနိုင်လျှင် နို့နှစ်လုံးဖိုးမက ကျေ
ပါသည်။ ပိုပါသည်။ လျှံပါသည်။ မို၍မောက်၍ လာပါ
သည်။
ဆရာတော်ရဝေထွန်း ( အရှင်တိလောကသာရ )

အချစ်ယာဂု၊ ငရုတ်သီးစပ်သည်
သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းရဲ့ ငရုတ်သီးတစ်
တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်းတွင်ရစ်
အောင် စည်ကားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ငရုတ်သီးတစ်ထောင့်ကျောင်း ရေစက်ချပွဲ...
မှာ ရဟန်းတော် တစ်သိန်း၊ ဘိက္ခုနီမ ကိုးသောင်း
ပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့  အကြီးအကျယ် ပေး
လှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ဆုံခဲ့ကြသူနှစ်ဦးရဲ့
စိတ်ဝင်စားစရာ တစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်
ကျန်ရစ်ခဲ့ပါတယ်။
ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး
စားဦးကိုမလှူဘဲ ထမင်းစားလေ့ မရှိပါဘူး။ ဒီလိုနဲ့
တစ်နေ့တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့
အခါ စားဦးကိုမလှူရသေးဘဲ ငရုတ်သီးတစ်ထောင့်
ကိုအမှတ်တမဲ့ စားလိုက်မိပါသတဲ့.။ ဒုဋ္ဌဂါမဏိမင်း
ကြီးက ဒီအမှတ်တမဲ့ စားလိုက်မိတာလေးကိုပဲ
သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်း
ပြည်အေးချမ်းတဲ့အခါ ငရုတ်သီး တစ်ထောင့် စား
လိုက်မိတာလေးကိုကိုယ့်ကိုယ်ကိုဒဏ်ခတ်တဲ့အနေ
နဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်း
ပါတယ်။ ကျောင်းတိုက်အမည်ကိုလဲ ငရုတ်သီးတစ်
တောင့်ကျောင်းလို့ အမည်ပေးထားပါတယ်။
အဲဒီငရုတ်သီးတစ်တောင့်ကျောင်းတိုက်ရေစက်ချပွဲ
မှာ ခုနှစ်နှစ်အရွယ် ကိုရင်ကလေးတစ်ပါးဟာ ယာဂု
ပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂု
ကပူတော့ သပိတ်ကို သင်္ကန်းစွန်းကလေးနဲ့ ခုကိုင်
လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာနတဲ့ အခါကျ
တော့ မြေကြီးပေါ် ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်း
ကလေးနဲ့ကိုင်ပြီး ရှေ့ဆက် ကြွလိုက်၊ ပူလာတဲ့အခါ
ကျတော့ မြေကြီးပေါ် ခဏချလိုက်နဲ့ဖြစ်နေပါတယ်။
ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့
သက်တူရွယ်တူ ခုနှစ်နှစ်အရွယ် သာမဏေမလေးက
မြင်သွားပါတယ်။ ဒါကြောင့်ကိုရင်လေးဆီသွားပြီး
ကိုရင် ပူနေရင် တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့
သပိတ်အောက်က ခံကိုင်သွားပါဘုရား၊ ပြီးတော့ ဒီခံ
ခွက်ကလေးကို ကိုရင့်ကိုအပြီးလှူလိုက်ပါတယ်ဘုရား
လို့ပြောပြီး ကိုရင်လေးရဲ့ အခက်အခဲကို ဖြေရှင်းပေး
လိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါ
တယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပါသတဲ့။
ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောဆိုပါတော့၊
အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက ၁၂
နှစ်တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ပြည်သူ
တွေ ငတ်မွတ်ဆင်းရဲ၊ ရဟန်းသံဃာတွေလည်း အတိ
ဒုက္ခရောက်၊ တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေး
ကြပါတယ်။ တချို့ရဟန်းတော်တွေကျတော့ တောထဲ
ရှောင်ပြေး ပိဋကတ်စာကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ
ပါတယ်။
အဲဒီအချိန်မှာ ယာဂုပူပူကို သပိတ်နဲ့ယူခဲ့တဲ့ကိုရင်
ကလေးဟာ သက်တော် ၈၀ ၊ ၀ါတော် ၆၀ရ ဆရာ
တော်ကြီး ဖြစ်နေသလို ခံခွက်ကလေး လှူခဲ့တဲ့ သာမ
ဏေမလေးဟာလည်း သက်တော် ၈၀ရ ဘိက္ခုနီမကြီး
ဖြစ်နေပါပြီ။
အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ
စောစောက ဘိက္ခုနီမလည်း ပါပါတယ်.။ သူတို့ဟာ
အိန္ဒိယရောက်နေပေမဲ့ သူတို့ရဲ့ဇာတိသီဟိုဠ်စစ်သတင်း
ကို အမြဲနားစွင့်နေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး
အိန္ဒိယကို စစ်တိမ်းရှောင်လာတယ်၏ဆိုတဲ့သတင်းကြား
လိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိ
စစ်သတင်း သွားမေးကြတယ်။ သတင်းမေးသူတွေထဲမှာ
ဘိက္ခုနီမကြီးလည်းပါပါတယ်။
လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်
ကြီးကို မေးခွန်းတစ်ခုမေးပါတယ်။
ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း
ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော်ဘယ်
လောက်ရှိပါပြီလဲဘုရား။
အဲဒီတုန်းက ငါ့အသက်က ခုနှစ်နှစ်အရွယ်ကိုရင်
ကလေးပေါ့။
အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်
လည်း ခုနှစ်နှစ်အရွယ် သာမဏေမလေးပါဘုရား၊ အဲဒီ
ကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်ကြုံခဲ့ရတာ
လေးကို ဆရာတော်ကိုလျှောက်ပြဦးမယ်ဘုရား၊ ကိုရင်
လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို
သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ဖြစ်
နေပါတယ်ဘုရား။ ဒါနဲ့တပည့်တော်လည်း သူ့ဆီသွားပြီး
တပည့်တော်ရဲ့ ခံခွက်ကလေးကို သပိတ်အောက်ကခံဖို့
ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာကလေး
ကိုတော့ ဒီနေ့အထိမေ့လို့ကို မရပါဘူးဘုရား။
ဘိက္ခုနီမကြီးဆီက စကားကို ကြားလိုက်ရတော့ဆရာ
တော်ကြီးက သြော် ဆိုပြီး အာမေဋိတ်သံနှင့်အတူသက်
ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့ ........
အဲဒီကိုရင်ကလေးဟာ တခြားသူမဟုတ်ပါဘူး၊ ငါပါပဲ လို့
ပြောပြီး အနှစ်နှစ်အလအလလက ကိုယ်နဲ့မခွဲမခွါ အမှတ်
တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကို အိတ်
ထဲက ထုတ်ပြလိုက်ပါသတဲ့။
သက်တော် ၈၀ အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီး
တို့ဟာ နှစ်ပေါင်းခုနှစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်
တဲ့ ခံခွက်ကလေးကိုနှစ်ဦးသားမှင်တက်မိစွာ စိုက်ကြည့်
နောကပါတယ်။
ပြီးတော့ နှစ်ပေါင်းများစွာ ၀တ်ခဲ့တဲ့အ၀တ်တွေကို တခြား
အ၀တ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်
ကြပါသတဲ့။
တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ စာလေး
ကို ဒီမှာတင် အဆုံးသတ်လိုက်ချင်ပါတယ်။ အဋ္ဌကထာ
မှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက်
ဘာဖြစ်သွားကြတယ်။ လူ့ဘ၀မှာ ဘယ်လိုလုပ်ကိုင် စား
သောက်နေကြတယ်ဆိုတာဆက်ပြမထားပါဘူး။ လူထွက်
သွားတြယ်ဆုတာနဲပပဲ အဆုံးသတ်ထားပါတယ်။ ဒါပေမဲ့
ကိုယ်က ၀ိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာ
ဖြစ်လေတော့ ၀ိပဿနာနွယ်တဲ့ အဘိဓမ္မာ သဘောလေး
တစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။
ပုထုဇဉ်တိုင်းမှာ ကိလေသာတွေရှိနေတယ်ဆိုတာ အထူး
ပြောစရာ မလိုပါဘူး။ ကိလေသာက သုံးပါးရှိပါတယ်။
၁။ အနုသယကိလေသာ
၂။ ပရိယုဋ္ဌာနကိလေသာ
၃။ ၀ီတိက္ကမကိလေသာ တဲ့။
အနုသယကိလေသာဆိုတာ ပဋိသန္ဓေတည်ကတည်းက
ပါလာတဲ့ ကိလေသာပါ။ သတ္တ၀ါတွေရဲ့ သန္တာန်မှာအစဉ်
သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။
ပရိယုဋ္ဌာန ကိလေသာဆိုတာက အာရုံတစ်ခုကို တွေ့
ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။
ဝီတိက္ကမဆိုတာကတော့ အာရု့တစ်ခုကိုတွေ့ပြီး ထကြွ
သောင်းကျန်းရုံတင် မကဘဲ လွန်ကျူးမှု အဆင့်အထိ
ရောက်သွားတဲ့ ကိလေသာပါ။
ဒီကိလေသာသုံးပါးရဲ့သရုပ်ကို ပေါ်လွင်သွားအောင်
အထက်က ရေးပြခဲ့တဲ့ ၀တ္ထုကလေးကိုပဲ ပြန် အာရုံပြု
ကြည့်လိုက်ပါ။
ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်
ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီး
သားပါ။ သူတို့နှစ်ဦးရဲ့ သန္တာန်မှာအနုသယကိလေသာ
တွေက ကိန်းနေခဲ့ပါတယ်။
ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ၀ိသဘာဂ
အာရုံကို တွေ့လိုက်တဲ့အချိန် အဲဒီအချိန်မှာအစဉ်သဖြင့်
ကိန်းနေခဲ့တဲ့ကိလေသာတွေကထကြွသောင်းကျန်းလာ
ပါတော့တယ်။ အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေ
သာကို ပရိယုဋ္ဌာနကိလေသာလို့ ခေါ်ပါတယ်။
နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦး
သဘောတူလက်ထပ်လိုက်ကြတာကတော့လွန်ကျူးခြင်း
ဆိုတဲ့ ၀ီတိက္ကမကိလေသာ ဖြစ်သွားတော့တာပါပဲ။
ဒီတော့ ကိလေသာသုံးပါးကို ဘာနဲ့တားမလဲ။ ( ဒီ
နေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါ
တယ်။ အခုပြောတာက ပုထုဇဉ် သက်သက်မျှအသွင်နဲ့
ပြောနေတာမို့ပါ။)
စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့
တားရပါမယ်။
၁။ ၀ီတိက္ကမကိလေသာကို သီလသိက္ခာနဲ့တားရပါတယ်။
ကိုယ့်အခွင့်သင့်ရာ သီလ တစ်ခုခုကို ဆောက်တည်ထား
ရင် လွန်ကျူးစရာ အာရုံတစ်ခုကို တွေ့ပေမယ့် သီလ
ဆောက်တည်ထားတဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။
၂။ ပရိယုဋ္ဌာန ကိလေသာကို သမာဓိသိက္ခာနဲ့တားရပါ
တယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်းလေးဆယ်ထဲကကိုယ်
နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။ ဥပမာ
ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရား ဂုဏ်
တော်ဆီမှာပဲ အာရုံရောက်နေတဲ့အတွက် ထကြွ သောင်း
ကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာန
ကိလေသာကို တားပြီးသားဖြစ်နေပါတယ်။
၃။ အနုသယကိလေသာကိုတော့ ၀ိပဿနာဆိုတဲ့ ပညာ
သိက္ခာနဲ့ တားရပါတယ်။ ဆိုလိုချက်ကတော့ ကိလေသာ
သုံးပါးကို သိကာသုံးပါးနဲ့တားဆီးရတဲ့သဘောပါ။
ဒီစာစုမှာ အဓိကပြောချင်တာကတော့ သတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သတ္တာနံ
ဝိသုဒ္ဓိယာ ဧကာယနောမဂ္ဂေါလို့ ဟောခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ သတ္တ၀ါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်
ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ၀ိပ
ဿနာ သတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာ
တွေ စင်ကြယ်ဖို့အတွက် ၀ိပဿနာ သတိပဋ္ဌာန်လမ်းစဉ်မှ
တစ်ပါး ........။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ မူလပဏ္ဍာသ အဋ္ဌကထာ
(ရထ၀ိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင် ( ကျီးသဲလေးထပ်ဆရာတော် )
၃။ သၿဂိၤဳလ္ဘာသာဋီကာ ( အရွင္ဇနကာဘိ၀ံသ )
အင်တာဗျူးဂျာနယ်

မဟာပေသကာရ၀တ္ထု
လင်အလှူပေးသည်ကို မယားဖြစ်သူက အမျိုးမျိုး
ကျိန်ဆဲရာတွင် ` သင်၏အ၀တ်တို့သည် သံပြားနှင့်အတူ
ဖြစ်ပါစေ´ ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေး
ပြည်အညစ်အကြေးကို၊ ဓားသံပြားအ၀တ်ကို ၀တ်နေရသူ...
ပြိတ္တာမ။
ဤမိန်းမသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကို
လည်းကောင်း၊သွေးကိုလည်းကောင်း၊ပြည်ကိုလည်းကောင်း၊
စားနေရ၏။ ဤ အကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊
အခါခပ်သိမ်း သွေးပြည်ကိုစားနေသော ဤမိန်းမသည် ရှေး
ဘ၀က အဘယ်အမှုကို ပြုခဲ့ဖူးသနည်း။
အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန်သော စင်ကြယ်
သော အဆင်း နူးညံ့သည့်အမွှေးရှိကုန်သော အ၀တ်တို့ကို
ဤ မိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအ၀တ်တို့
သည် သံပြားကဲ့သို့ဖြစ်ကုန်၏။ ဤမိန်းမသည် အဘယ်အမှု
ကို ပြုခဲ့သနည်းဟု ရဟန်းကမေး၏။
အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယားဖြစ်ခဲ့ဖူး
ပါ၏။ ပေးလှူလေ့မရှိပါ။ ၀န်တိုလေ့ရှိပါ၏။ စဉ်းလဲကောက်
ကျစ်တတ်ပါ၏။ ထိုမိန်းမသည် သမဏ ဗြဟ္မဏတို့အား ပေး
လှူသော အကျွန်ုပ်ကို ` သင်သည် အခါခပ်သိမ်းမစင်ကြယ်
သော ကျင်ကြီးကိုလည်းကောင်း၊ကျင်ငယ်ကိုလည်းကောင်း၊
သွေးကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း၊ စားလော့။
ဤ ကျင်ကြီး ကျင်ငယ် သွေး ပြည်သည်သင့်အား တမလွန်
ဘ၀၌ဖြစ်စေသတည်း။ သင်၏ အ၀တ်တို့သည်လည်းသံပြား
နှင့်အတူဖြစ်စေကုန်သတည်း´ ဟုဆဲရေးလည်းဆဲရေးပါ၏။
ခြိမ်းခြောက်လည်းခြိမ်းခြောက်ပါ၏။ ထိုမိန်းမသည် ဤသို့
သဘောရှိသော မကောင်းမှုဒုစရိုက်ကိုပြုကျင့်ခဲ့သောကြောင့်
ဤပြိတ္တာဘုံဘ၀သို့ ရောက်လာ၍ ကြာမြင့်စွာ ( ဤကျင်ကြီး
စသည်ကို ) စားရ၏ဟု ( လျှောက်၏ )။
ပေတ၀တ္ထု

ဗုဒ္ဓဘာသာကို လွယ်လွယ်စွန့်ရခြင်းအကြောင်း
ဗုဒ္ဓဘာသာကို လွယ်လွယ်စွန့်ရခြင်းအကြောင်း
ဗုဒ္ဓဘာသာဝင်လူငယ်များ တခြားဘာသာဝင်များ
နှင့်အိမ်ထောင်ကျလျှင် ဗုဒ္ဓဘာသာကိုစွန့်ပြီးတခြား
ဘာသာသို့ပြောင်းသွားသည်မှာ အဘယ်...နည်း။
တခြားဘာသာဝင်ကလေးများသည် ငယ်ရွယ်စဉ်
ကတည်းက ဘာသာရေးအသိကို ကလေးများရင်ထဲ
ရောက်အောင်ထည့်ပေးတတ်ကြသည်။ ကလေးငယ်
များကိုမုန့်ကျွေးပြီး ဘာသာရေးအသိတွေကိုသင်ကြား
ပေးကြသည်။ ထိုလုပ်ငန်းအတွက် ငွေကို အများဆုံး
အကုန်အကျခံကြသည်။
ဗုဒ္ဓဘာသာများကား ကလေးတို့၏နှလုံးသား၌ ဘုရား
တည်ပေးတာအလွန်ရှားသည်။ ထိုကိစ္စအတွက် ငွေ
ကုန်ကြေးကျခံသူ မရှိသလောက်ပင်ရှားသည်။
ထို့ကြောင့် ဗုဒ္ဓလာသာကလေးငယ်များစွာ ဘာသာရေး
အသိဘာမျှမရှိကြပေ။ အမည်ခံဗုဒ္ဓဘာသာအဆင့်သာ
ရှိသည်။ ထို့ကြောင့် အခြား ဘာသာဝင် လူငယ်များနှင့်
အိမ်ထောင်ကျလျှင် တခြားဘာသာသို့လွယ်လွယ်ကူကူ
ပင် ကူးပြောင်းသွားကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ အမှတ်(၈)နှင့်
အမှတ်(၉)ရပ်ကွက်အတွင်းတွင်ဘာသာခြား၊သာသနာ
ပြုကျောင်းများရှိသည်။ ထိုကျောင်းများကတနင်္ဂနွေနေ့
တိုင်း ဗုဒ္ဓဘာသာ ကလေးငယ်များကို ဆွဲဆောင် ခေါ်
ယူပြီး မုန့်ကျွေးကြသည်။ သူတို့ ထာဝရဘုရားကို ရှိခိုး
သော သီချင်းများကို သင်ပေးကြသည်။ ကလေးများ
သည် မုန့်များများ စားရတာ တစ်ခုကြောင့် ထိုဘုရား
ကျောင်းများသို့ တနင်္ဂနွေနေ့တိုင်း အရောက်သွားကြ
သည်။
ထိုဘုရားကျောင်းများက သင်ပေးလိုက်သော ဓမ္မ
သီချင်းများကို ကလေးများကအိမ်တွင် ပြန်ဆိုပြသော
အခါ ဗုဒ္ဓဘာသာဝင်မိဘများက ၀မ်းနည်းရမည့်အစား
ဝမ်းသာကြည်နူးနေကြသည်။ မိဘများကိုယ်တိုင် မိရိုး
ဖလာအမည်ခံ ဗုဒ္ဓဘာသာများဖြစ်နေရာသားသမီးများ
သည် အဘယ်မှာလျှင် တကယ့် ဗုဒ္ဓဘာသာ ဖြစ်နိုင်
တော့မည်နည်း။ ထိုရပ်ကွက်ထဲမှ ပခုက္ကူဝိပဿနာ
သင်တန်းသားများ ဖြစ်ကြသော ဦးထွန်းဝင်းနှင့် မိတ်
ဆွေများ စုပေါင်းပြီး ရပ်ကွက်ထဲတွင် နွေရာသီ ဗုဒ္ဓ
ဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ကြသည်။
လာတက်သောကလေးများကို မုန့်ကျွေးကြသည်။
သင်တန်း ပြီးသောအခါ စာမေးပွဲကျင်းပပြီး အောင်
လက်မှတ်နှင့်ဆုချီးမြှင့်ကြသည်။ ထိုသင်တန်းသည်
အလွန်အောင်မြင်သည်။
ထိုအခါ အောင်လက်မှတ်နှင့်ဆုချဖို့ ငွေငါးသိန်းကို
မရှာနိုင်ဖြစ်လာသည်.။ ထိုကုန်ကျစရိပ်ကို ကျွန်ုပ်က
တာဝန်ယူပေးလိုက်ရာ ယခုဆိုလျှင် ဗုဒ္ဓဘာသာ
ယဉ်ကျေးမှုသင်တန်းသားသည် ထောင်ဂဏန်းပြည့်
လုနီးဖြစ်လာသည်။
ထိုသင်တန်းတက်ပြီးသောကလေးများကား ဘာသာ
ခြားနှင့်အိမ်ထောင်ကျသော်လည်း တခြားဘာသာသို့
ပြောင်းတော့မည်မဟုတ်ပေ။ မြို့နယ်တိုင်း၊ ရပ်ကွက်
တိုင်း ထိုကဲ့သို့ ပြုလုပ်ကြမည်ဆိုလျှင် မြန်မာပြည်၌
ဗုဒ္ဓဘာသာသည် ကမ္ဘာတည်သရွေ့ တည်နေမည်
သာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအားလုံး ဓနတတ်
နိုင်သူက ဓနအား၊ ကာယတတ်နိုင်သူကကာယအား၊
ဉာဏ်တတ်နိုင်သူက ဉာဏ်အားဖြင့် ၀ိုင်းဝန်း၍ ဗုဒ္ဓ
ဘာသာ ယဉ်ကျေးမှုသင်တန်းများကို နှစ်စဉ်ဖွင့်ကြပါ
ကုန်လော။
မေတ္တာရှင် ရွှေပြည်သာ
စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ

Subscribe to:
Posts (Atom)