☀ မျှတွေးပါ ……
🍀🍀🍀🍀🍀🍀🍀
❖ ဘယ်လောက်ပဲ စိတ်ရှည်သူဖြစ်ပါစေ…
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။
❖ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ…
သူ့မှာလည်း ပေးဆပ်နေရတာများလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာမတန်တော့
စိတ်ပျက်လာမှာပဲလေ။
❖ ဘယ်လောက်ပဲ သည်းခံတတ်သူဖြစ်ပါစေ…
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတစ်လေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။
❖ ဘယ်လောက်ပဲ တော်နေတဲ့သူဖြစ်ပါစေ…
လောကဓံဖိအားပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိူင်တာပဲလေ။
❖ ဘယ်လောက်ပဲ အသည်းမာတဲ့လူဖြစ်ပါစေ…
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။
❖ ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ…
ကိုယ်ကပဲ အလိုက်တသိလျော့ပေးနေရပြီး
မနိူင်ဝန်ထမ်းတာ များလာတော့
အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိူင်တာပဲလေ။
❖ ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ…
ဖြူ စင်မူှကို အသုံးချခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိူင်တာပဲလေ။
❖ ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ…
အလိမ်ခံရတာများလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ
ရှိနေနိူင်တာပဲလေ။
❖ ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက်ကိုယ့်ဘက်မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာမဖြစ်စေနဲ့နော်
လူဆိုတာ ခံနိူင်ရည်ထက်ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။
❖ သူ့ဘက်ကိုယ့်ဘက်မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမှ ကိုယ်တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာအမြဲရှိနေမှာ ဖြစ်ပါတယ်။ ✔
credit - ဇင်းနစ် မကွေး။
Mar 4, 2018
မျှတွေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment