ဂရုဓမၼအခါေတာ္ေန႔ (ေတာ္သလင္းလျပည့္ေန႔)
*****************************
ဂရုဓမၼဆိုသည္မွာ ငါးပါးသီလကိုပင္ ဆိုလိုရင္းျဖစ္သည္။ ၅၅၀-တိကနိပါတ္ ဂရုဓမၼဇာတ္တြင္ အျမင့္ဆံုး ရွင္ဘုရင္မွ အနိမ့္ဆံုး ျပည့္တန္ဆာမအထိ ၅-ပါးသီလကို ေစာင့္ထိန္းေသာေၾကာင့္ မိုးေလ၀သ မွန္ကန္၍ ကပ္ႀကီးသံုးပါးမွ လြတ္ကင္းရေၾကာင္း ေဖာ္ျပထားသည္။
ဂရုဓမၼဇာတ္ေတာ္ ေပၚေပါက္လာရျခင္းမွာ
အခါတပါး၌ ဘုရားအေလာင္းသည္ ကုရုတုိင္း ဣႏၵပတၳၿမိဳ႕ တြင္္ ကုရုမင္း၏ မိဘုရားေခါင္ႀကီး ၀မ္း၌ ပဋိသေႏၶတည္၍ ဖြားျမင္ေတာ္မူၿပီး မင္းက်င့္တရားဆယ္ပါးႏွင့္ျပည့္စံုေသာ ဓနဥၥယအမည္ရွိေသာ မင္းျပဳေလသည္။ ထိုမင္းဟာ ၿမိဳ႕တံခါးေလးေပါက္၊ ၿမိဳ႕လယ္ႏွင့္ နန္းေတာ္တို႕တြင္ မ႑ပ္ႀကီးမ်ား ေဆာက္လုပ္ၿပီး ေန႕စဥ္ေပးလွဴခဲ့သည္။ ထုိမင္းသည္ ေပးလွဴျခင္း၌ ေမြ႕ေလ်ာ္ေသာသတင္းသည္ ဇမၺဴဒိပ္ တစ္ကၽြန္းလံုး၌ ပ်႔ံႏွံ႕ေနသည္။ ကုရုတုိင္းမွာ ေနထုိင္ၾကတဲ့ ရွင္ဘုရင္ နဲ႔ တကြေသာ တုိင္းသူ ျပည္သားေတြဟာ ငါးပါးသီလ ကုိ လုံၿခဳံစြာေဆာက္တည္ႏုိင္ၾကတဲ့ အတြက္ မုိးေလဝသ ရာသီ ဥတုမွန္ကန္ၿပီး အစာေရစာ ေပါမ်ားကာ သာယာဝေျပာလ်က္ ကပ္ႀကီး သုံးပါးမွ လြတ္ေျမာက္ၾကပါတယ္။ အဲဒီ အခ်ိန္မွာ အိမ္နီးခ်င္းႏုိင္ငံျဖစ္တဲ့ ကလိဂၤ တုိင္းမွာ မုိးေခါင္ေရရွား အစာေရရွားပါးျခင္း=ဒုဗိၻ ကၡႏၲရ ကပ္ ၊ အနာေရာဂါေတြ ျဖစ္ပြားျခင္း=ေရာဂႏၲရကပ္ ၊ လက္နက္ျဖင့္ လုယက္ႏွိပ္စက္ျခင္း=သတၱႏၲရကပ္ တည္းဟူေသာ ကပ္ႀကီးသုံးပါး ဆုိက္ ေရာက္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာ အိမ္နီးခ်င္း--ကုရုတုိင္း မွာ မုုိးေလဝသ မွန္တာကေတာ့ အဥၥနသႏၷိဘ ဆင္ျဖဴေတာ္ႀကီး ရွိလုိ႔ျဖစ္မွာပဲ လုိ႔ယူဆ ၾကၿပီး အလွဴခံ ၾက ပါတယ္။ ဆင္ျဖဴေတာ္ ရရွိခဲ့ေသာ္လည္းမုိးကမရြာေတာ့မွ ျပန္ဆန္းစစ္ရပါတယ္။ အမွန္မွာ ကေတာ့ ကုရုတုိင္းေန လူ အေပါင္းတုိ႔ က်င့္သုံးေနတဲ့ ငါးပါးသီလ-ကုရုဓမၼ ေၾကာင့္ ျဖစ္တယ္ဆုိတာ ေနာက္ေတာ့မွ အမွန္သိျမင္ သြားၾကပါတယ္။ အဲဒီေတာ့မွ ကုရုတုိင္းမွာ က်င့္သုံးက်တဲ့ ဂုရုဓမၼ ကုိေရႊ ျပားနဲ႔ကူးယူ ၾကရန္ ကုိယ္စားလွယ္ေတာ္မ်ားေစလႊတ္ခဲ့ပါတယ္။ ေရႊျပားမွာ ေရးသားထားတဲ့ ငါးပါးသီလေတာ္ျမတ္ကုိ ကလိဂၤ တစ္တုိင္း တစ္ျပည္လုံးက်င့္ႀကံအားထုတ္ ၾကလုိ႔ ရာသီ ဥတု မွန္ကန္ၿပီး သာယာဝေျပာလာ ခဲ့တာ၊ကပ္ႀကီးသုံးပါးကုိ လည္းေက်ာ္လႊားႏုိင္ခဲ့ ပါတယ္။ ဒီဇတ္ေတာ္ကို ျမတ္စြာဘုရားဟာ ေတာ္သလင္းလျပည့္ေန႕မွာ ေဟာၾကားခဲ့တအတြက္ အဲဒါေၾကာင့္ဒီေန႕ကိုဂုရုဓမၼာအခါေတာ္ေန႕အျဖစ္သတ္မွတ္ခဲ့ၾကပါတယ္။
ငါးပါးသီလကို ဂရုဓမၼဇာတ္အရ သူေတာ္ေကာင္းတို႔ အေလးထား၍ က်င့္သံုးအပ္ေသာ သီလျဖစ္ေသာေၾကာင့္ ဂရုဓမၼသီလဟူ၍ လည္း ေခၚၾကသည္။
လူမွန္လွ်င္ လိုက္နာက်င့္သံုးရမည့္ ဓမၼတာတရားျဖစ္ေသာေၾကာင့္ ဓမၼတာသီလဟူ၍လည္း ေခၚၾကသည္။
စၾကာ၀ေတးမင္းတို႔ ဓမၼသတ္သဖြယ္ က်င့္သံုးေသာေၾကာင့္ စကၠ၀တၱိဓမၼသတ္ဟူ၍လည္း ေခၚၾကသည္။
ကုရုတိုင္းေန လူတို႔ လိုက္နာက်င့္သံုးေသာ တရားျဖစ္ေသာေၾကာင့္ ကုရုဓမၼသီလဟူ၍လည္း ေခၚၾကသည္။
အေရအတြက္ ၅-ပါးရွိေသာေၾကာင့္ ပဥၥသီလဟူ၍လည္း ေခၚၾကသည္။
လူပုဂၢိဳလ္တို႔၏ ကိုယ္က်င့္တရားျဖစ္ေသာေၾကာင့္ ဂဟ႒သီလဟူ၍လည္း ေခၚၾကသည္။
လူတို႔အျမဲနိစၥ ေစာင့္သံုးအပ္ေသာေၾကာင့္ နိစၥသီလဟူ၍လည္း ေခၚၾကသည္။
ျမတ္စြာဘုရား တားျမစ္သည့္အတိုင္း ေရွာင္ၾကဥ္ရေသာ အက်င့္ျဖစ္ေသာေၾကာင့္ ၀ါရိတၱသီလဟူ၍လည္း ေခၚၾကသည္။
အရိယာပုဂၢိဳလ္တို႔ ႏွစ္သက္ျမတ္ႏိုးအပ္ေသာေၾကာင့္ အရိယကႏၲသီလဟူ၍လည္း ေခၚၾကသည္။
က်င့္သံုးအပ္ က်င့္သံုးသင့္ က်င့္သံုးထိုက္ေသာေၾကာင့္ သိကၡာပဒသီလဟူ၍လည္း ေခၚၾကသည္။
ဤသို႔ အမည္အမ်ိဳးမ်ိဳးျဖင့္ ဂုဏ္ျပဳေခၚဆိုထားေသာ ဂရုဓမၼသီလေခၚ ၅-ပါးသီလကား
(၁) သူတပါးအသက္ကို သတ္ျခင္းမွ ေရွာင္ၾကဥ္ျခင္း။
(၂) သူတပါးဥစၥာကို ခိုးယူျခင္းမွ ေရွာင္ၾကဥ္ျခင္း။
(၃) ကာမဂုဏ္တို႔၌ မွာယြင္းစြာျပဳျခင္းမွ ေရွာင္ၾကဥ္ျခင္း။
(၄) မဟုတ္မမွန္ေသာ စကားကို ေျပာျခင္းမွ ေရွာင္ၾကဥ္ျခင္း။
(၅) မူးယစ္ေသစာ ေသာက္စားျခင္းမွ ေရွာင္ၾကဥ္ျခင္းတို႔ ျဖစ္သည္။
ငါးပါးသီလသည္ ဗုဒၶဘာသာ၀င္တို႔၏ နားမ်က္စိႏွင့္ တူ၏။
ငါးပါးသီလပ်က္စီးေသာသူသည္ နား မ်က္စိ ခ်ိဳ႔ယြင္းေသာသူကဲ့သို႔ ဆင္းရဲဒုကၡ ေရာက္တတ္၏။
ငါးပါးသီလ ပ်က္စီးသူသည္ အသက္ရွင္လ်က္ ေသသူမည္၏။
အမႈိက္သဖြယ္ စြန္႔ပစ္အပ္သူ မည္၏။
အပုပ္နံ႔ထြက္ေသာ အေကာင္ပုပ္ႏွင့္တူ၏။
ေျချပတ္ လက္ျပတ္ ဦးေခါင္းျပတ္ေသာသူႏွင့္ တူ၏။
ဤသို႔ ငါးပါးဦလပ်က္လွ်င္ ဆိုးက်ိဳးမ်ားကို ခံစားရရွိသည့္နည္းတူ ငါးပါးသီလကို ေစာင့္ထိန္းလွ်င္လည္း ေကာင္းက်ိဳးခ်မ္းသာမ်ားကို အတိုင္းမသိ ခံစား စံစား ရရွိၾကေပသည္။
ငါးပါးသီလ ေစာင့္ထိန္းျခင္း၏ အက်ိဳးတရားမ်ားကို ဣတိ၀ုတ္ အ႒ကထာႏွင့္ ခုဒၵကပါဌအ႒ကထာတို႔တြင္ အက်ယ္တ၀င့္ ဖြင့္ဆိုထားသည္မွာ မွတ္သားဖြယ္ေကာင္းလွသည္။ ငါးပါးသီလျမဲသူမွာ စား၀တ္ေနေရး မပူပင္ရ၊ ေသသူအတြက္ ေသာကမေရာက္ရ၊ ေသျပီးေနာက္လည္း နတ္ျပည္သို႔ ေရာက္ရ၏။ သက္တမ္းေစ့ ေနရ၏ စေသာ အက်ိဳးေက်းဇူးမ်ားကို ခံစားရ၏။
ထို႔ျပင္ ငါးပါးသီလကုိ လူတိုင္းကိယ္စီ ျမဲၾကပါလွ်င္ မိုးေလ၀သ မွန္ကန္သည္။ သယံဇာတ သဘာ၀ပစၥည္းမ်ား ေပါၾကြယ္ႏိုင္သည္။ အမႈအခင္းမ်ားကင္း၍ တရားရံုးမ်ား အခ်ဳပ္ေထာင္မ်ားပင္ ထားစရာမလိုေတာ့ေပ။ ယေန႔ ကမၻာသူ ကမၻာသားတို႔ ေတာင့္တေနေသာ ကမၻာ့ျငိမ္းခ်မ္းေရးႀကီးမွာ ႏိုင္ငံတိုင္း လူသားတိုင္းသာ ငါးပါးသီလ ေစာင့္ထိန္းၾကလွ်င္ မုခ်မေသြ ရရွိႏိုင္ေပသည္။
ငါးပါးသီလကို ေရွးျမန္မာမင္းမ်ားသည္ အထူးတန္ဖိုးထားၾကသည္။ ဘိုးေတာ္မင္းတရား မင္းတုန္းမင္းဘုရင္ စသူတို႔လက္ထက္တြင္ ငါးပါးသီလေခၚ ဂရုဓမၼသီလ အမိန္႔ေတာ္ျပန္တမ္းကို ဆင္ေပၚတင္၍ ေလးျပင္ေလးရပ္ လွည့္လည္ျပီး ငါးပါးသီလေစာင့္ထိန္းၾကရန္ ၀ါဆိုကာလ ေရာက္သည့္အခါတိုင္း တိုင္းသူျပည္သားတို႔အား ႏႈိးေဆာ္ေလ့ရွိၾကသည္။
ငါးပါးသီလေစာင့္ထိန္းျခင္းသည္ ဗုဒၶဘုရားရွင္၏ အဆံုးအမကို လိုက္နာက်င့္သံုးျခင္းမည္ရံုသာမက ေရွးျမန္မာဘိုးဘြားတို႔၏ ေကာင္းျမတ္ေသာ ယဥ္ေက်းမႈဓေလ့ထံုးစံကို လိုက္နာက်င့္သံုးျခင္းလည္း မည္ေပသည္တကား။
အဲဒါေၾကာင့္ စာဖတ္သူသူေတာ္ေကာင္းမ်ားအေနနဲ႕ ယေန႕မွစၿပီး ငါးပါးသီလကိုလံုျခံဳစြာေစာင့္ထိန္းၾကပါလို႕ တုိက္တြန္းမွ်ေ၀လိုက္ပါတယ္။
ဂရုဓမ္မအခါတော်နေ့ (တော်သလင်းလပြည့်နေ့)
*****************************
ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလကိုပင် ဆိုလိုရင်းဖြစ်သည်။ ၅၅၀-တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံး ရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ၅-ပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေ၀သ မှန်ကန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းရကြောင်း ဖော်ပြထားသည်။
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ
အခါတပါး၌ ဘုရားအလောင်းသည် ကုရုတိုင်း ဣန္ဒပတၳမြို့ တွင်် ကုရုမင်း၏ မိဘုရားခေါင်ကြီး ၀မ်း၌ ပဋိသနေ္ဓတည်၍ ဖွားမြင်တော်မူပြီး မင်းကျင့်တရားဆယ်ပါးနှင့်ပြည့်စုံသော ဓနဉ္စယအမည်ရှိသော မင်းပြုလေသည်။ ထိုမင်းဟာ မြို့တံခါးလေးပေါက်၊ မြို့လယ်နှင့် နန်းတော်တို့တွင် မဏ္႑ပ်ကြီးများ ဆောက်လုပ်ပြီး နေ့စဉ်ပေးလှူခဲ့သည်။ ထိုမင်းသည် ပေးလှူခြင်း၌ မွေ့လျော်သောသတင်းသည် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ ပျ့ံနှံ့နေသည်။ ကုရုတိုင်းမှာ နေထိုင်ကြတဲ့ ရှင်ဘုရင် နဲ့ တကွသော တိုင်းသူ ပြည်သားတွေဟာ ငါးပါးသီလ ကို လုံခြုံစွာဆောက်တည်နိုင်ကြတဲ့ အတွက် မိုးလေဝသ ရာသီ ဥတုမှန်ကန်ပြီး အစာရေစာ ပေါများကာ သာယာဝပြောလျက် ကပ်ကြီး သုံးပါးမှ လွတ်မြောက်ကြပါတယ်။ အဲဒီ အချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကလိင်္ဂ တိုင်းမှာ မိုးခေါင်ရေရှား အစာရေရှားပါးခြင်း=ဒုဗိ်ဘ က္ခန္တရ ကပ် ၊ အနာရောဂါတွေ ဖြစ်ပွားခြင်း=ရောဂန္တရကပ် ၊ လက်နက်ဖြင့် လုယက်နှိပ်စက်ခြင်း=သတ္တန္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက် ရောက်နေခဲ့တယ်။ အဲဒီအချိန်မှာ အိမ်နီးချင်း--ကုရုတိုင်း မှာ မိုးလေဝသ မှန်တာကတော့ အဉ္စနသန္နိဘ ဆင်ဖြူတော်ကြီး ရှိလို့ဖြစ်မှာပဲ လို့ယူဆ ကြပြီး အလှူခံ ကြ ပါတယ်။ ဆင်ဖြူတော် ရရှိခဲ့သော်လည်းမိုးကမရွာတော့မှ ပြန်ဆန်းစစ်ရပါတယ်။ အမှန်မှာ ကတော့ ကုရုတိုင်းနေ လူ အပေါင်းတို့ ကျင့်သုံးနေတဲ့ ငါးပါးသီလ-ကုရုဓမ္မ ကြောင့် ဖြစ်တယ်ဆိုတာ နောက်တော့မှ အမှန်သိမြင် သွားကြပါတယ်။ အဲဒီတော့မှ ကုရုတိုင်းမှာ ကျင့်သုံးကျတဲ့ ဂုရုဓမ္မ ကိုရွှေ ပြားနဲ့ကူးယူ ကြရန် ကိုယ်စားလှယ်တော်များစေလွှတ်ခဲ့ပါတယ်။ ရွှေပြားမှာ ရေးသားထားတဲ့ ငါးပါးသီလတော်မြတ်ကို ကလိင်္ဂ တစ်တိုင်း တစ်ပြည်လုံးကျင့်ကြံအားထုတ် ကြလို့ ရာသီ ဥတု မှန်ကန်ပြီး သာယာဝပြောလာ ခဲ့တာ၊ကပ်ကြီးသုံးပါးကို လည်းကျော်လွှားနိုင်ခဲ့ ပါတယ်။ ဒီဇတ်တော်ကို မြတ်စွာဘုရားဟာ တော်သလင်းလပြည့်နေ့မှာ ဟောကြားခဲ့တအတွက် အဲဒါကြောင့်ဒီနေ့ကိုဂုရုဓမ္မာအခါတော်နေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
ငါးပါးသီလကို ဂရုဓမ္မဇာတ်အရ သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် ဂရုဓမ္မသီလဟူ၍ လည်း ခေါ်ကြသည်။
လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် ဓမ္မတာသီလဟူ၍လည်း ခေါ်ကြသည်။
စကြာ၀တေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္က၀တ္တိဓမ္မသတ်ဟူ၍လည်း ခေါ်ကြသည်။
ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သောကြောင့် ကုရုဓမ္မသီလဟူ၍လည်း ခေါ်ကြသည်။
အရေအတွက် ၅-ပါးရှိသောကြောင့် ပဉ္စသီလဟူ၍လည်း ခေါ်ကြသည်။
လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရားဖြစ်သောကြောင့် ဂဟဋ္ဌသီလဟူ၍လည်း ခေါ်ကြသည်။
လူတို့အမြဲနိစ္စ စောင့်သုံးအပ်သောကြောင့် နိစ္စသီလဟူ၍လည်း ခေါ်ကြသည်။
မြတ်စွာဘုရား တားမြစ်သည့်အတိုင်း ရှောင်ကြဉ်ရသော အကျင့်ဖြစ်သောကြောင့် ဝါရိတ္တသီလဟူ၍လည်း ခေါ်ကြသည်။
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလဟူ၍လည်း ခေါ်ကြသည်။
ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလဟူ၍လည်း ခေါ်ကြသည်။
ဤသို့ အမည်အမျိုးမျိုးဖြင့် ဂုဏ်ပြုခေါ်ဆိုထားသော ဂရုဓမ္မသီလခေါ် ၅-ပါးသီလကား
(၁) သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမဂုဏ်တို့၌ မှာယွင်းစွာပြုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅) မူးယစ်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။
ငါးပါးသီလသည် ဗုဒ္ဓဘာသာ၀င်တို့၏ နားမျက်စိနှင့် တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား မျက်စိ ချို့ယွင်းသောသူကဲ့သို့ ဆင်းရဲဒုက္ခ ရောက်တတ်၏။
ငါးပါးသီလ ပျက်စီးသူသည် အသက်ရှင်လျက် သေသူမည်၏။
အမှိုက်သဖွယ် စွန့်ပစ်အပ်သူ မည်၏။
အပုပ်နံ့ထွက်သော အကောင်ပုပ်နှင့်တူ၏။
ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်သောသူနှင့် တူ၏။
ဤသို့ ငါးပါးဦလပျက်လျှင် ဆိုးကျိုးများကို ခံစားရရှိသည့်နည်းတူ ငါးပါးသီလကို စောင့်ထိန်းလျှင်လည်း ကောင်းကျိုးချမ်းသာများကို အတိုင်းမသိ ခံစား စံစား ရရှိကြပေသည်။
ငါးပါးသီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများကို ဣတိ၀ုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌအဋ္ဌကထာတို့တွင် အကျယ်တ၀င့် ဖွင့်ဆိုထားသည်မှာ မှတ်သားဖွယ်ကောင်းလှသည်။ ငါးပါးသီလမြဲသူမှာ စား၀တ်နေရေး မပူပင်ရ၊ သေသူအတွက် သောကမရောက်ရ၊ သေပြီးနောက်လည်း နတ်ပြည်သို့ ရောက်ရ၏။ သက်တမ်းစေ့ နေရ၏ စသော အကျိုးကျေးဇူးများကို ခံစားရ၏။
ထို့ပြင် ငါးပါးသီလကို လူတိုင်းကိယ်စီ မြဲကြပါလျှင် မိုးလေ၀သ မှန်ကန်သည်။ သယံဇာတ သဘာ၀ပစ္စည်းများ ပေါကြွယ်နိုင်သည်။ အမှုအခင်းများကင်း၍ တရားရုံးများ အချုပ်ထောင်များပင် ထားစရာမလိုတော့ပေ။ ယနေ့ ကမ်ဘာသူ ကမ်ဘာသားတို့ တောင့်တနေသော ကမ်ဘာ့ငြိမ်းချမ်းရေးကြီးမှာ နိုင်ငံတိုင်း လူသားတိုင်းသာ ငါးပါးသီလ စောင့်ထိန်းကြလျှင် မုချမသွေ ရရှိနိုင်ပေသည်။
ငါးပါးသီလကို ရှေးမြန်မာမင်းများသည် အထူးတန်ဖိုးထားကြသည်။ ဘိုးတော်မင်းတရား မင်းတုန်းမင်းဘုရင် စသူတို့လက်ထက်တွင် ငါးပါးသီလခေါ် ဂရုဓမ္မသီလ အမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင်၍ လေးပြင်လေးရပ် လှည့်လည်ပြီး ငါးပါးသီလစောင့်ထိန်းကြရန် ဝါဆိုကာလ ရောက်သည့်အခါတိုင်း တိုင်းသူပြည်သားတို့အား နှိုးဆော်လေ့ရှိကြသည်။
ငါးပါးသီလစောင့်ထိန်းခြင်းသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းမည်ရုံသာမက ရှေးမြန်မာဘိုးဘွားတို့၏ ကောင်းမြတ်သော ယဉ်ကျေးမှုဓလေ့ထုံးစံကို လိုက်နာကျင့်သုံးခြင်းလည်း မည်ပေသည်တကား။
အဲဒါကြောင့် စာဖတ်သူသူတော်ကောင်းများအနေနဲ့ ယနေ့မှစပြီး ငါးပါးသီလကိုလုံခြုံစွာစောင့်ထိန်းကြပါလို့ တိုက်တွန်းမျှေ၀လိုက်ပါတယ်။
No comments:
Post a Comment