........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Sep 28, 2016

ပါဠိဘာသာ(မာဂဓဘာသာ)

ပါဠိဘာသာ(မာဂဓဘာသာ)
*****************
ဘုရားရွင္လက္ထက္ေတာ္က သာမန္လူမ်ား ေျပာဆိုၾကေသာ စကားရပ္သည္ ပါဠိဘာသာစကားပင္ ျဖစ္ပါသလား၊ ယင္းဘာသာစကားကို ယခုေခတ္ ဘယ္အရပ္ေဒသတြင္ ေျပာပါသလဲ၊
ယခုကာလ၌ ရြတ္ဖတ္ေနေသာ ပရိတ္ပါဠိေတာ္မ်ားသည္ ဘုရားရွင္လက္ထက္ေတာ္က အတိုင္းပင္ ျဖစ္ပါသလား၊ ယင္းပရိတ္ေတာ္မ်ားကို အျခားေသာ ေထရ၀ါဒ ႏိုင္ငံမ်ားက ရဟန္းမ်ား ရြတ္ဖတ္ပါက ျမန္မာ ရဟန္းေတာ္မ်ား ရြတ္ဖတ္သည့္အတိုင္းပင္ တူညီပါသလားဘုရား။
( ဦးေဆြ-အေရွ႔ရန္ကင္း၊ ရန္ကုန္ )

( ေျဖ )
ျမတ္စြာဘုရားသည္ မဇၩိမေဒသ (ယခု-ဘီဟာနယ္၊ အိႏၵိယ အေရွ႔ေျမာက္ေဒသ) ၌ ပြင့္ေတာ္မူသည္။
ထိုအခ်ိန္က အိႏၵိယတျပည္လံုးတြင္
၁။ သကၠတဘာသာ
၂။ ျပာကရိတ္ဘာသာ
၃။ မာဂဓဘာသာ တို႔သည္ အရပ္သံုး ဘာသာမ်ား ျဖစ္ၾက၏။

၁-မွာ ထီးသံုး နန္းသံုး။
၂-မွာ အထက္တန္းလႊာသံုး ျဖစ္ျပီး
၃-မွာ လူတန္းစားအားလံုး သံုးေသာဘာသာျဖစ္၍ ျမတ္စြာဘုရားသည္ ၄င္းအမွတ္ ၃-(မာဂဓ) ဘာသာျဖင့္ အမ်ား နားလည္ေအာင္ ေဟာေျပာေလ့ရွိပါသည္။

ျမတ္စြာဘုရား၏ တရားေတာ္ကို ေစာင့္ေရွာက္ေသာ ၀ါ-တရားေတာ္ႏွင့္ ကိုက္ညီေသာ ဘာသာျဖစ္၍ မာဂဓဘာသာကို ပါဠိဘာသာ-ဟု ေခၚပါသည္၊ ထိုပါဠိဘာသာမွာ မည္သည့္အခါမွာမွ် ကြယ္ေပ်ာက္မည္မဟုတ္ နတ္ျပည္ ျဗဟၼာ့ျပည္မ်ားမွာလည္း ထိုဘာသာကိုပင္ သံုးစြဲပါသည္၊ ျမတ္စြာဘုရား၏ တရားေဒသနာမ်ား ပရိတ္ပါဠိေတာ္ကဲ့သို႔ေသာ သုတ္ေတာ္မ်ားမွာ မာဂဓဘာသာ (ပါဠိဘာသာ)ျဖင့္သာ ျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့၍ အျခားဘာသာျဖင့္ ျပန္ဆိုထားလွ်င္ ၾကာရွည္လည္း မတည္ႏိုင္၊ ျမတ္စြာဘုရား၏ အလိုေတာ္ ၀ါ-အနက္အဓိပၸါယ္ကိုလည္း မထိမိႏိုင္၊ ပါဠိဘာသာမွသာလွ်င္ အလိုေတာ္ႏွင့္ ကိုက္ညီ ထိမိႏိုင္သည္။

ေထရ၀ါဒႏိုင္ငံတိုင္းပင္ ဤပါဠိဘာသာကိုသာ သံုးပါသည္၊ ပါဠိဘာသာတတ္လွ်င္ အတူတကြ ေျပာဆိုႏွီးေႏွာႏိုင္သည္၊ ေဒသသံမွ်သာ ကြာျခား၍ အမ်ားအားျဖင့္ တူညီပါသည္။

#psot>>>သဓမၼရံသီWebစာမ်က္နွာမွ

ေထရဒ၀ါဒ ဗုဒၶဘာသာ ႏွင့္ ပါဠိဘာသာ
*************************
( မဂဓတိုင္း )
ပါဠိဘာသာသည္ မာဂဓဘာသာတြင္ အေျခခံ၏။(၀ါ) ပါဠိဘာသာသည္ ျမင့္ျမတ္ေသာ မာဂဓဘာသာ ျဖစ္သည္။ အိႏၵိယႏိုင္ငံတြင္ ၀ိသာခါသုတ္၌ ဘုရားရွင္ေဟာထားသည့္အတိုင္း တိုင္းႀကီး ၁၆-တိုင္းရွိရာ မဂဓတိုင္းသည္ တတိုင္းအပါအ၀င္ျဖစ္၏။ ယခုေခတ္ ဗီဟာရ္ျပည္နယ္ ေတာင္ပိုင္းျဖစ္၏။ ဘုရားရွင္လက္ထက္က ထိုမဂဓတိုင္း၏ ျမိဳ႔ေတာ္မွာ ရာဇျဂိဳဟ္ျမိဳ႔ႀကီးျဖစ္၏။ ထိုတိုင္းသည္ သာသနာေတာ္တြင္ အလြန္ထင္ရွားေသာ တိုင္းႀကီးျဖစ္၏။ ဘုရားျဖစ္ေတာ္မူရန္၊ လူသာမန္တို႔က်င့္ႏိုင္ရန္ ခဲယဥ္းေသာ ဒုကၠရစရိယာအက်င့္ကို ၆-ႏွစ္တိုင္ က်င့္သံုးရာဌာနလည္း ျဖစ္၏။ ေဗာဓိပင္ရင္းရွိ ရတနာပလႅင္ထက္၀ယ္ ေဒ၀ပုတၱမာရ္ စသည့္ မာရ္ငါးပါးကို ေအာင္ျမင္ျပီးေနာက္ သစၥာေလးပါးတရားကို သိျမင္ေတာ္မူကာ သဗၺညဳတဉာဏ္ရွင္ ဘုရားသခင္အျဖစ္သို႔ ေရာက္ရာဌာနလည္း ျဖစ္၏။ ရာဇျဂိဳဟ္ျမိဳ႔ေတာ္ႀကီးမွာပင္ ငါး၀ါတိုင္တိုင္ ဘုရားရွင္ သီတင္းသံုးေတာ္မူ၍ သတၱ၀ါအေပါင္းကို တရားထူးရေစေတာ္မူေသာ ဌာနလည္းျဖစ္၏။

အဂၤါေလးပါးရွိ၍ ဆဠဘိညဧဟိဘိကၡဴ ရဟႏၲာေပါင္း ၁၂၅၀-ပါ၀င္ေသာ သာ၀ကအစည္းအေ၀းႀကီးျဖစ္ေပၚရာ အရွင္သာရိပုတၱရာႏွင့္ အရွင္ေမာဂၢလာန္တို႔အား လက္ယာေတာ္ရံ လက္၀ဲေတာ္ရံ အဂၢသာ၀က ရာထူးအပ္ႏွင္းရာ ၾသ၀ါဒပါတိေမာက္ကို ျပေတာ္မူရာဌာနႀကီးလည္း ျဖစ္၏။ အရွင္မဟာကႆပ အမွဴးရွိေသာ ပဋိသမၻိဒါပတၱဆဠဘိည ရဟႏၲာႀကီးငါးရာတို႔ ပထမသဂၤါယနာ တင္ရာ တိုင္းဌာနႀကီးလည္း ျဖစ္သည္။

( မာဂဓဘာသာ )
ထိုမဂဓတိုင္းသားတို႔ ေျပာဆိုသံုးစြဲေသာ ဘာသာစကားကို မာဂဓဘာသာဟု ေခၚသည္။ မဂဓတိုင္းသံုးဘာသာစကားျဖစ္၏။ ထိုမာဂဓဘာသာကို အရိယာပုဂၢိဳလ္တို႔ သံုးစြဲရိုးျဖစ္ေသာေၾကာင့္ အရိယာဘာသာ-ဟူ၍လည္း ေခၚသည္ဟု ပါရာဇိကဏ္ပါဠိ၊ အ႒ကထာ၌ မိန္႔ဆိုထား၏။ မာဂဓဘာသာကား သဘာ၀နိရုတၱိ-ဟူေသာ ဂုဏ္ထူး၀ိေသသရွိသျဖင့္ ဘာသာတကာတို႔ထက္ ထူးျခားေသာဘာသာျဖစ္၏။ သဘာ၀နိရုတၱိ ဆိုသည္မွာ မိမိဆိုလိုေသာ အနက္အဓိပၸါယ္ကို ေဖာက္ျပန္ေျပာင္းလႊဲျခင္းမရွိ၊ တိတိက်က် ေဖာ္ျပစြမ္းႏိုင္၍ ဘုရားအစရွိေသာ ပုဂၢိဳလ္ထူး၊ ပုဂၢိဳလ္ျမတ္တို႔ ေဟာေျပာသံုးစြဲေသာ ဘာသာဟု ဆိုလိုေၾကာင္း မူလဋီကာ၊ အႏုဋီကာက်မ္းမ်ား၌ မိန္႔ဆိုထား၏။

တနည္းအားျဖင့္ဆိုေသာ္ ေဖာက္လွဲေဖာက္ျပန္ တိမ္းပါးပ်က္စီးျခင္းမရွိ၊ ပကတိအတိုင္း တည္ေနေသာ ဘာသာဟု ဆိုလိုသည္။ မွန္၏။ အျခားေသာ ဘာသာတို႔သည္ ကာလအတန္ၾကာလာေသာအခါ ဧကန္အမွန္ ေျပာင္းလဲပ်က္စီးသြားၾက၏။ မာဂဓဘာသာမွာမူ ေနရာအခ်ိဳ႔၌ျဖစ္ေစ၊ တခါတရံျဖစ္ေစ ေျပာဆိုသူတို႔ အလြဲလဲြအမွားမွား ရြတ္ဆိုသင္ယူျခင္းစေသာ အေၾကာင္းေၾကာင့္ ေျပာင္းလဲပ်က္စီးတတ္ေသာ္လည္း ေနရာမ်ားစြာ၌ ျဖစ္ေစ၊ အခါခပ္သိမ္းျဖစ္ေစ၊ ေျပာင္းလဲျခင္း မရွိေပ။ အေၾကာင္းမွာ-ငရဲဘံု၊ တိရစၧာန္ဘံု၊ ျပိတၱာဘံု၊ လူ႔ျပည္၊ နတ္ျပည္၊ ျဗဟၼာ့ျပည္တို႔၌ မာဂဓဘာသာကိုသာ အေျပာမ်ား၏ဟု သေမၼာဟ၀ိေနာဒနီ အ႒ကထာ၌ မိန္႔ဆိုထားရကား ကမၻာပ်က္ေသာအခါမွာပင္ ကမၻာပ်က္ရာတြင္ မပါ၀င္ေသာ ျဗဟၼာ့ျပည္၌ သဘာ၀အားျဖင့္ တည္ရွိႏိုင္ေသာေၾကာင့္ ျဖစ္သည္။ (လူသားတို႔ မွားမွားယြင္းယြင္း သင္ယူုျခင္း စသည္တို႔ရွိေသာေၾကာင့္ အခ်ိဳ႔ေနရာ၌ တခါတရံ ေျပာင္းလဲတတ္သည္ဟု ဆိုျခင္းျဖစ္၏။ ျဗဟၼာ့ျပည္စသည့္ေနရာတို႔၌ မေျပာင္းလဲဘဲ ပကတိသဘာ၀အတိုင္း တည္ရွိႏိုင္သည့္အတြက္ ေနရာမ်ားစြာ၌ အခါခပ္သိမ္း ေျပာင္းလဲျခင္းမရွိဟု အႏုဋီကာ၌ ဆိုထား၏။)

မာဂဓဘာသာကား အနက္အဓိပၸါယ္ကို ခ်မ္းသာလြယ္ကူစြာ သိႏိုင္၊ ေဆာင္ႏိုင္၏။ ဗုဒၶရွင္ေတာ္ျမတ္ဘုရား မာဂဓဘာသာစကားျဖင့္ တရားေဟာေတာ္မူလွ်င္ ပဋိသမၻိဒါပတၱပုဂၢိဳလ္တို႔မွာ ၾကားရံုမွ်ျဖင့္ပင္ နည္းေပါင္းရာေထာင္ျဖင့္ အဓိပၸါယ္ကို က်ယ္၀န္းစြာသိၾက၏။ အျခားဘာသာျဖင့္ ဘုရားစကားေတာ္အစဥ္ကို တင္ထားလွ်င္ ထိုစကားေတာ္ကို အရိုက္အပုတ္ခံ၍ သင္ယူၾကရမည္ျဖစ္၏။ ပုထုဇဥ္ပုဂၢိဳလ္တို႔အဖို႔လည္း အေျမာက္အမ်ားသင္ယူေစကာမူ ပဋိသမၻိဒါပတၱျဖစ္ရန္ အခြင့္အလမ္းမရွိ။ အမွန္စင္စစ္ မာဂဓဘာသာသည္သာ သဘာ၀နိရုတၱိျဖစ္၍ နိရုတၱိပဋိသမၻိဒါဉာဏ္၏အရာလည္း ျဖစ္၏။ နိရုတၱိပဋိသမၻိဒါဉာဏ္ကိုရလွ်င္ မာဂဓဘာသာကို အလိုအေလ်ာက္ တတ္ႏိုင္သည့္နည္းတူ မာဂဓဘာသာ၌ ကၽြမ္းက်င္လိမၼာျခင္းသည္လည္း ပဋိသမၻိဒါဉာဏ္ကို ရျခင္းအေၾကာင္းတပါးလည္း ျဖစ္ေပသည္။ ထို႔ေၾကာင့္ ျမတ္စြာဘုရားသည္ ပိဋကတ္သံုးပံုဟူေသာ တရားေတာ္ကို မာဂဓဘာသာျဖင့္သာ ေဟာၾကားေတာ္မူျခင္းျဖစ္သည္ဟု သေမၼာဟ၀ိေနာဒနီစေသာ က်မ္းမ်ား၌ မိန္႔ဆိုထား၏။

ကမၻာပ်က္ရာတြင္ မပါ၀င္ေသာ ျဗဟၼာ့ျပည္၌ သဘာ၀အတိုင္း မေျပာင္းမလဲ တည္ရွိခဲ့ေသာေၾကာင့္ မာဂဓဘာသာသည္ ကမၻာဦးလူသားတို႔ ေျပာဆိုေသာ ဘာသာစကားလည္း ျဖစ္ခဲ့၏။ ထင္ရွားေစဦးအံ႔။ ကမၻာဦးလူသားတို႔မွာ ျဗဟၼာ့ျပည္မွ စုေတ၍ လူ႔ျပည္သုိ႔ ဥပပါတ္ ပဋိသေႏၶအားျဖင့္ ေရာက္လာၾကသူမ်ားျဖစ္၍ လူသားအျဖစ္ျဖင့္ ျဖစ္လာၾကသည့္အခါမွာလည္း ျဗဟၼာ့ျပည္တြင္ ေျပာဆိုခဲ့ေသာ မာဂဓဘာသာကိုပင္ ေျပာဆိုၾကသည္ဟု က်မ္းဂန္တို႔၌ မိန္႔ဆိုထား၏။ သို႔ျဖစ္၍ မာဂဓဘာသာသည္ ဘာသာတကာတို႔၏ အရင္းမူလျဖစ္ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည္း က်မ္းဂန္တို႔၌ သံုးႏႈန္းၾက၏။ ထိုဘာသာစကားကို ( ကမၻာဦးလူသား၊ ျဗဟၼာ၊ သူတပါးတို႔ စကားေျပာသံကို မၾကားရေသးေသာ ကေလးႏွင့္ ေတာတြင္း လူရိုင္း၊ ျမတ္စြာဘုရား-) တို႔ ေျပာၾကားၾကသည္ဟု ပဒရူပသိဒၶိက်မ္း၌ မိန္႔ဆိုထားေပသည္။

ဗုဒၶျမတ္စြာသည္ မာဂဓဘာသာစကားျဖင့္ တရားေဒသနာကို ေဟာၾကားခဲ့သည္ဟု ဆိုခဲ့၏။ ဤေနရာ၌ မာဂဓဘာသာစကား မတတ္သူ တရားနာ ေ၀ေနယ်တို႔မွာ တရားေတာ္ကို မည္သုိ႔နားလည္ႏိုင္ပါသနည္းဟု ေမးစရာရွိ၏။ အေျဖကား ဘုရားရွင္သည္ မာဂဓဘာသာျဖင့္ပင္ တရားေတာ္တို႔ကို ေဟာၾကားေတာ္မူသည္မွာ အမွန္ပင္ျဖစ္သည္။ သို႔ရာတြင္ တရားနာယူသူ ပုဂၢိဳလ္တို႔ကမူ မိမိတို႔ဆိုင္ရာ ကိုယ္ပိုင္ဘာသာျဖင့္ပင္ နားလည္ၾကသည္။ ဥပမာ-ဒမိဠလူမ်ိဳးတို႔ကလည္း ဒမိဠဘာသာစကားျဖင့္ ေဟာၾကားေနသည္ဟု ထင္ရသကဲ့သို႔ အႏၶက လူမ်ိဳးတို႔ကလည္း အႏၶကဘာသာျဖင့္ပင္ ေဟာညႊန္ျပသဆိုဆံုးမေနသည္ဟု ထင္ရေလသည္။ ဤသို႔ ထင္ရျခင္းသည္ပင္ အစိေႏၲယ်ဂုဏ္ေတာ္ေလးပါးတို႔တြင္ ၀ါစာအစိေႏၲယ် ဂုဏ္ေတာ္ဟူေသာ ဘုရားရွင္၏ တန္ခိုးအာႏုေဘာ္ပင္ ျဖစ္သည္ဟု ဣတိ၀ုတၱက အ႒ကထာစေသာ အ႒ကထာက်မ္းမ်ားစြာ၌ မိန္႔ဆိုထားသည္။

မာဂဓဘာသာသည္ ဆိုခဲ့ျပီးေသာ ဂုဏ္တို႔ႏွင့္သာ ျပည့္စံုသည္မဟုတ္ေသး။ သာသနာေတာ္၏ အသက္ဟုဆိုရေသာ ၀ိနည္းကံေဆာင္ရာတို႔၌လည္း လြန္စြာ ေက်းဇူးမ်ားလွ၏။ မွန္၏။ ရဟန္းခံျခင္း၊ သိမ္သမုတ္ျခင္း စေသာ သာသနာေတာ္၏ မူလဘူတျဖစ္သည့္ သံဃာ့ကံတို႔ကို ေအာင္ျမင္ထေျမာက္ေအာင္ ေဆာင္ရြက္ရာ၌ ဆိုင္ရာကမၼ၀ါာစာတို႔သည္ မပါလွ်င္ မျပီးေသာအရာမ်ားျဖစ္ၾက၏။ ထိုကမၼ၀ါစာတို႔ကို သိထိလ, ဓနိတ, ၀ိမုတၱ, နိဂၢဟိတ ပီသေအာင္ ရြတ္ဖတ္ႏိုင္မွ ကံေျမာက္၏။ ထိုသို႔ ရြတ္ဖတ္ႏိုင္ရန္မွာလည္း မာဂဓဘာသာဆိုင္ရာ ရြတ္ဖတ္နည္းျဖစ္ေသာ သိထိလ, ဓနိတ စသည့္ ဗ်ဥၨနဗုဒၶိဆယ္ပါးကို ကၽြမ္းက်င္ရမည္။ ကၽြမ္းက်င္မွသာ ကမၼ၀ါစာကို မပ်က္စီးေစဘဲ ကံအထေျမာက္ေအာင္ ရြတ္ဖတ္ႏိုင္၏။ မာဂဓဘာသာကို မတတ္လွ်င္ကား ကမၼ၀ါစာတို႔ကို ေအာင္ျမင္ထေျမာက္ေအာင္ ရြတ္ဖတ္ႏိုင္မည္ မဟုတ္ေခ်။ သို႔ျဖစ္၍ မာဂဓဘာသာသည္ ဗုဒၶျမတ္စြာ သာသနာေတာ္ အဓြန္႔ရွည္ၾကာ တည္တံ႔ေရး၌ အလြန္အေရးပါ အေရာေရာက္ေသာ ဘာသာထူး ဘာသာျမတ္ ျဖစ္ေလသည္။

( မာဂဓဘာသာႏွင့္ ပါဠိဘာသာ )
ယခု ကၽြႏ္ုပ္တို႔ သံုးႏႈန္းေျပာဆိုေနေသာ ပါဠိဘာသာဟူေသာ ေ၀ါဟာရကို အရိယဘာသာ၊ ဓမၼနိရုတၱိ၊ သဘာ၀နိရုတၱိ၊ မာဂဓဘာသာ၊ တႏၲိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ ဟူေသာ အမည္တို႔ျဖင့္သာ ပါဠိ အ႒ကထာ ဋီကာတို႔၌ သံုးႏႈန္းသည္ကို ေတြ႔ရ၍ ပါဠိဘာသာဟူေသာ အမည္ျဖင့္ သံုးႏႈန္းသည္ကို မေတြ႔ရသေလာက္ ရွိ၏။ သို႔ေသာ္ မူလပဏၰာသဋီကာ၊ သီလကၡန္ဋီကာေဟာင္းတို႔၌ကား တႏၲိနယာႏုစၧ၀ိကံ-၏ အဖြင့္တြင္ ပါဠိဂတိယာ အႏုေလာမိကံ၊ ပါဠိဘာသာယာႏု၀ိဓာယိနိႏၲိ အေတၳာ-ဟု ရွားရွားပါးပါး ေတြ႔ရ၏။ အ႒ကထာ ဋီကာတို႔၌ ပါဠိဘာသာ-ဟူေသာ ေ၀ါဟာရကို အေတြ႔ရနည္းေသာ္လည္း ဓေမၼာတိ ပါဠိစသည္ျဖင့္ ပါဠိ-ဟူေသာ အသံုးအႏႈန္းတို႔ကိုမူ အေတာ္မ်ားမ်ား ေတြ႔ရ၏။ ထိုပါဠိဟူေသာ ေ၀ါဟာရကို သီလစေသာ အျမတ္တရားတို႔ကို သိေစတတ္ေသာေၾကာင့္၄င္း၊ သဘာ၀နိရုတၱိျဖစ္၍ ဘုရားစေသာ ပုဂၢိဳလ္ျမတ္တို႔ ေဟာၾကားေတာ္မူေသာေၾကာင့္၄င္း၊ ျမင့္ျမတ္ေသာ ဘုရားစကားေတာ္တို႔၏ အစဥ္ကို ပါဠိဟုေခၚသည္။

ပိဋကတ္သံုးပံုဟူေသာ ပရိယတ္တရားေတာ္မ်ားျဖစ္သည္-ဟု သာရတၳဒီပနီဋီကာစေသာ ဋီကာႀကီးမ်ား၌ တေျပးညီဖြင့္ဆိုထားၾကရကား မာဂဓဘာသာႏွင့္ တည္ရွိေနေသာ ျမတ္ေသာဘုရားတရားေတာ္အစဥ္ကို ပါဠိ-ေခၚသည္ဟု ဆိုရမည္။ (ပ=ျမတ္ေသာဘုရားစကားေတာ္တို႔၏၊ အာဠိ=အစဥ္) မာဂဓဘာသာသည္ ဘုရားစကားေတာ္အစဥ္ဟူေသာ ပါဠိတို႔မွ မွတ္တမ္းတင္၍ ထိန္းသိမ္း ေစာင့္ေရွာက္ထားသည့္ ဘာသာျဖစ္ေသာေၾကာင့္ ထိုမာဂဓဘာသာကိုပင္ ပါဠိဘာသာေခၚသည္ဟု အဘိဓာနပၸဒီပိကာသူစိက်မ္း၌ မိန္႔ဆိုထားသည္ကို ေတြ႔ရ၏။ ( ပါဠိ-ပ+အာဠိ )

ဤဆိုခဲ့ျပီးေသာ စကားအစဥ္အရ မာဂဓတိုင္းသံုး ေဒသမာဂဓဘာသာတခုလံုးကို ပါဠိဘာသာဟု မေခၚ။ ပါဠိ, အ႒ကထာ, ဋီကာ စသည္တို႔၌ တည္ရွိေသာ မာဂဓဘာသာကိုသာ မြန္ျမတ္ေသာ ဘုရားစကားေတာ္မ်ား၏ အစဥ္ျဖစ္ေသာေၾကာင့္ ပါဠိဘာသာေခၚသည္ဟု ဆိုရေပမည္။ ထို႔ေၾကာင့္ ေတာင္ေပါက္ဆရာေတာ္ အဂၢမဟာပ႑ိတ စကၠပါလမဟာေထရ္ျမတ္ႀကီးက မဂဓတိုင္း၌ေနသူ လူတို႔ ေျပာဆိုသံုးစြဲေသာ ဘာသာျဖစ္ေသာေၾကာင့္ မာဂဓဘာသာဟုေခၚသည္။ သို႔ေသာ္ တိုင္းသူျပည္သား လူအမ်ားတို႔ ေျပာဆိုၾကေသာ အရပ္သံုး မာဂဓီဘာသာကား သဂၤါယနာသံုးတန္တင္ လြန္စြာစင္ၾကယ္ေသာ ဘုရားေဟာပိဋကတ္သံုးပံု ပါဠိေတာ္ႏွင့္ အ႒ကထာ ဋီကာက်မ္းမ်ား၌လာေသာ သုဒၶမာဂဓီ တႏၲိဘာသာကဲ့သို႔ မဟုတ္ဘဲ ဘာသႏၲရေရာယွက္ အပ်က္ပ်က္ျဖစ္၍ မသန္႔ရွင္း မစင္ၾကယ္ေသာ ဂါမိကေဒသမာဂဓီ မိႆကဘာသာမ်ိဳးသာ ျဖစ္ေခ်သည္။ ထိုအေၾကာင္းကို အမ်ားအားျဖင့္ ၄င္းေဒသ မာဂဓီဘာသာျဖင့္ ေရးသားထားေသာ အေသာက သိလာလိပိမ်ားကို ၾကည့္ရႈက ထင္ရွားသိႏိုင္သည္ဟု ဗုဒၶသာသနိက ပထ၀ီ၀င္က်မ္းႀကီး၌ မိန္႔ဆိုထားျခင္း ျဖစ္သည္။ (အခ်ိဳ႔က်မ္းမ်ား၌ မာဂဓဘာသာကို မာဂဓီဘာသာဟုလည္း သံုးႏႈန္းသည္ကို ေတြ႔ရ၏။) သို႔ျဖစ္၍ ပါဠိဘာသာသည္ ျမင့္ျမတ္ေသာ မာဂဓဘာသာမ်ိဳးျဖစ္သည္-ဟု အစ၌ ဆိုခဲ့ျခင္းျဖစ္ေပသည္။

( ပါဠိဘာသာ ႏွင့္္ သကၠတဘာသာ )
ပါဠိဘာသာသည္ ေထရ၀ါဒဗုဒၶဘာသာ၀င္တို႔အဖို႔ ထူးျမတ္ေသာဘာသာျဖစ္သကဲ့သို႔ သကၠတဘာသာသည္လည္း ဟိႏၵဴျဗဟၼဏဘာသာ၀င္အဖို႔ ထူးျမတ္ေသာ ဘာသာျဖစ္၏။ ေ၀ဒိကသကၠတ၊ န၀ီနသကၠတ-ဟု သကၠတဘာသာ ႏွစ္မ်ိဳးရွိရာ ပါဠိဘာသာသည္ ေ၀ဒိကသကၠတထက္ ေနာက္က်ေသာ္လည္း န၀ီနသကၠတထက္ ေရွးက်သည္ဟု ဆိုၾကသည္။
သကၠတဘာသာႏွစ္မ်ိဳးလံုးပင္ ပါဠိဘာသာႏွင့္ ပုဒ္ေနပါဌ္ထားတို႔၌ တူညီေသာအခ်က္ အမ်ားအျပားပင္ ေတြ႔ရွိရ၏။ အထူးသျဖင့္ န၀ီနသကၠတႏွင့္မတူေသာ ေ၀ဒိကသကၠတႏွင့္သာ ရုပ္အစီအရင္တူေသာ အခ်က္မ်ားစြာတို႔သည္ ပါဠိဘာသာ၌သာ ရွိေလသည္။

ျပဆိုခဲ့ျပီးသည့္အတိုင္း သကၠတဘာသာ၌ ပါဠိဘာသာႏွင့္ တူညီေသာအခ်က္ မ်ားစြာပင္ရွိေသာ္လည္း ဗုဒၶရွင္ေတာ္ျမတ္ဘုရားသည္ မိမိေဟာၾကားေသာ စကားေတာ္၊ တရားေတာ္မ်ားကို သကၠတဘာသာသို႔ ျပန္ဆိုတင္ထားရန္ကိုကား ခြင့္ျပဳေတာ္မမူခဲ့ဘဲ တားျမစ္ေတာ္မူခဲ့သည္။

( ဗုဒၶ၀စနကို သကၠတဘာသာသို႔ မတင္ရ )
အတန္ငယ္ ရွင္းျပဦးအံ႔။ ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိေတာ္မူစဥ္က အရြတ္အဖတ္ေကာင္း အသံေကာင္းျဖစ္ၾကေသာ ျဗဟၼဏဇာတ္မွ ရဟန္းျပဳလာၾကသည့္ ရဟန္းညီေနာင္ႏွစ္ပါးတို႔သည္ ဘုရား စကားေတာ္ကို ဇာတ္ညံ႔သူမ်ားလည္း သင္ယူၾကသည္ကိုျမင္၍ မာဂဓဘာသာကား အရြတ္အဖတ္မခက္၊ အနက္အဓိပၸါယ္ သိလြယ္၍ လူတိုင္း သင္ယူႏိုင္သည္။ အရြတ္အဖတ္ ခက္ခဲ၍ အနက္အဓိပၸါယ္ မသိလြယ္ေသာ သကၠတဘာသာသို႔ ျပန္ဆိုတင္ထားရပါမူကား ေ၀ဒက်မ္းတို႔ကဲ့သို႔ ျဗဟၼဏဇာတ္၀င္တို႔သာ သင္ယူႏိုင္၍ ဇာတ္ညံ႔သူတို႔ မသင္ယူႏိုင္။ ယခုမူ ဇာတ္ညံ႔သူတို႔ပင္ သင္ယူႏိုင္၍ သူတို႔လက္သို႔ ေရာက္ေနသျဖင့္ ပ်က္စီးေနရသည္ဟု ဆိုကာ ဘုရားစကားေတာ္ကို သကၠတဘာသာသို႔ ျပန္ဆိုရန္ ဘုရားရွင္အား ေလွ်ာက္ထားရာ ဘုရားရွင္က ထိုေလွ်ာက္ထားခ်က္ကို ကဲ့ရဲ႔ေတာ္မူျပီး ရဟန္းတို႔-ဘုရားစကားေတာ္ကို သကၠတဘာသာသို႔ မတင္ထိုက္။ တင္ေသာရဟန္း ဒုကၠဋ္အာပတ္ သင့္ေစ-ဟု ပယ္ျမစ္ေတာ္မူျပီး ဆက္လက္၍ ရဟန္းတို႔-ဘုရားစကားေတာ္ကို မိမိဥစၥာ မာဂဓီဘာသာျဖင့္ သင္ၾကားျခင္းငွါ ငါဘုရား ခြင့္ျပဳေတာ္မူ၏-ဟု ပညတ္ေတာ္မူခဲ့ေပသည္။ ဤသို႔အားျဖင့္ သကၠတဘာသာသည္ ေထရ၀ါဒဗုဒၶဘာသာႏွင့္ မသက္ဆိုင္၊ မာဂဓဘာသာ သို႔မဟုတ္ ပါဠိဘာသာသည္ကား ေထရ၀ါဒဗုဒၶဘာသာသံုး ဘာသာျဖစ္သည္။

နိဂံုးခ်ုဳပ္အားျဖင့္ဆိုရေသာ္ မာဂဓဘာသာသည္ အရိယဘာသာ၊ ဓမၼနိရုတၱိ၊ သဘာနိရုတၱိ၊ တႏၲိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ-ဟု အမည္အမ်ိဳးမ်ိဳးရသည့္ဘာသာ ျဖစ္သည္။ သို႔ေသာ္ မာဂဓတိုင္းသံုး ေဒသမာဂဓဘာသာတခုလံုးကို ပါဠိဘာသာဟု မေခၚဆို။ ပါဠိ၊ အ႒ကထာ၊ ဋီကာတို႔၌ မွတ္တမ္းတင္ သံုးစြဲထားသည့္ မာဂဓဘာသာကိုသာ မြန္ျမတ္ေသာ ဘုရားစကားေတာ္မ်ား၏ အစဥ္ျဖစ္ေသာေၾကာင့္ ပါဠိဘာသာဟု ေခၚဆိုႏိုင္သည္။ ထိုပါဠိဘာသာသည္ (၀ါ) မာဂဓဘာသာသည္ ဘုရားရွင္ကိုယ္တိုင္ ပိဋကတ္သံုးပံုဟူေသာ မိမိစကားေတာ္ကို ပါဠိေတာ္အစဥ္သို႔ တင္ေတာ္မူေသာအခါ မာဂဓဘာသာျဖင့္သာ တင္ေတာ္မူ၍ ရဟန္းတို႔အားလည္း ဘုရားစကားေတာ္ကို ထိုဘာသာျဖင့္ပင္ သင္ၾကားခြင့္ျပဳခဲ့ရကား ေထရ၀ါဒဗုဒၶဘာသာအတြက္ လြန္စြာေက်းဇူးမ်ား၍ ေထရ၀ါဒဗုဒၶဘာသာသံုး ဘာသာထူး ဘာသာျမတ္ ျဖစ္ေပသည္။

ဓမၼာစရိယ-ဦးေအးႏိုင္(ဘီ-ေအ)

( ျမတ္မဂၤလာ ၂၀၀၁-ခု ႏို၀င္ဘာလ )

ပါဠိဘာသာ(မာဂဓဘာသာ)
*****************
ဘုရားရှင်လက်ထက်တော်က သာမန်လူများ ပြောဆိုကြသော စကားရပ်သည် ပါဠိဘာသာစကားပင် ဖြစ်ပါသလား၊ ယင်းဘာသာစကားကို ယခုခေတ် ဘယ်အရပ်ဒေသတွင် ပြောပါသလဲ၊
ယခုကာလ၌ ရွတ်ဖတ်နေသော ပရိတ်ပါဠိတော်များသည် ဘုရားရှင်လက်ထက်တော်က အတိုင်းပင် ဖြစ်ပါသလား၊ ယင်းပရိတ်တော်များကို အခြားသော ထေရဝါဒ နိုင်ငံများက ရဟန်းများ ရွတ်ဖတ်ပါက မြန်မာ ရဟန်းတော်များ ရွတ်ဖတ်သည့်အတိုင်းပင် တူညီပါသလားဘုရား။
( ဦးဆွေ-အရှေ့ရန်ကင်း၊ ရန်ကုန် )

( ဖြေ )
မြတ်စွာဘုရားသည် မဇ္ဈိမဒေသ (ယခု-ဘီဟာနယ်၊ အိန္ဒိယ အရှေ့မြောက်ဒေသ) ၌ ပွင့်တော်မူသည်။
ထိုအချိန်က အိန္ဒိယတပြည်လုံးတွင်
၁။ သက္ကတဘာသာ
၂။ ပြာကရိတ်ဘာသာ
၃။ မာဂဓဘာသာ တို့သည် အရပ်သုံး ဘာသာများ ဖြစ်ကြ၏။

၁-မှာ ထီးသုံး နန်းသုံး။
၂-မှာ အထက်တန်းလွှာသုံး ဖြစ်ပြီး
၃-မှာ လူတန်းစားအားလုံး သုံးသောဘာသာဖြစ်၍ မြတ်စွာဘုရားသည် ၄င်းအမှတ် ၃-(မာဂဓ) ဘာသာဖြင့် အများ နားလည်အောင် ဟောပြောလေ့ရှိပါသည်။

မြတ်စွာဘုရား၏ တရားတော်ကို စောင့်ရှောက်သော ဝါ-တရားတော်နှင့် ကိုက်ညီသော ဘာသာဖြစ်၍ မာဂဓဘာသာကို ပါဠိဘာသာ-ဟု ခေါ်ပါသည်၊ ထိုပါဠိဘာသာမှာ မည်သည့်အခါမှာမျှ ကွယ်ပျောက်မည်မဟုတ် နတ်ပြည် ဗြဟ္မာ့ပြည်များမှာလည်း ထိုဘာသာကိုပင် သုံးစွဲပါသည်၊ မြတ်စွာဘုရား၏ တရားဒေသနာများ ပရိတ်ပါဠိတော်ကဲ့သို့သော သုတ်တော်များမှာ မာဂဓဘာသာ (ပါဠိဘာသာ)ဖြင့်သာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့၍ အခြားဘာသာဖြင့် ပြန်ဆိုထားလျှင် ကြာရှည်လည်း မတည်နိုင်၊ မြတ်စွာဘုရား၏ အလိုတော် ဝါ-အနက်အဓိပ္ပါယ်ကိုလည်း မထိမိနိုင်၊ ပါဠိဘာသာမှသာလျှင် အလိုတော်နှင့် ကိုက်ညီ ထိမိနိုင်သည်။

ထေရဝါဒနိုင်ငံတိုင်းပင် ဤပါဠိဘာသာကိုသာ သုံးပါသည်၊ ပါဠိဘာသာတတ်လျှင် အတူတကွ ပြောဆိုနှီးနှောနိုင်သည်၊ ဒေသသံမျှသာ ကွာခြား၍ အများအားဖြင့် တူညီပါသည်။

#psot>>>သဓမ္မရံသီWebစာမျက်နှာမှ

ထေရဒဝါဒ ဗုဒ္ဓဘာသာ နှင့် ပါဠိဘာသာ
*************************
( မဂဓတိုင်း )
ပါဠိဘာသာသည် မာဂဓဘာသာတွင် အခြေခံ၏။(ဝါ) ပါဠိဘာသာသည် မြင့်မြတ်သော မာဂဓဘာသာ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၀ိသာခါသုတ်၌ ဘုရားရှင်ဟောထားသည့်အတိုင်း တိုင်းကြီး ၁၆-တိုင်းရှိရာ မဂဓတိုင်းသည် တတိုင်းအပါအ၀င်ဖြစ်၏။ ယခုခေတ် ဗီဟာရ်ပြည်နယ် တောင်ပိုင်းဖြစ်၏။ ဘုရားရှင်လက်ထက်က ထိုမဂဓတိုင်း၏ မြို့တော်မှာ ရာဇဂြိုဟ်မြို့ကြီးဖြစ်၏။ ထိုတိုင်းသည် သာသနာတော်တွင် အလွန်ထင်ရှားသော တိုင်းကြီးဖြစ်၏။ ဘုရားဖြစ်တော်မူရန်၊ လူသာမန်တို့ကျင့်နိုင်ရန် ခဲယဉ်းသော ဒုက္ကရစရိယာအကျင့်ကို ၆-နှစ်တိုင် ကျင့်သုံးရာဌာနလည်း ဖြစ်၏။ ဗောဓိပင်ရင်းရှိ ရတနာပလ္လင်ထက်၀ယ် ဒေ၀ပုတ္တမာရ် စသည့် မာရ်ငါးပါးကို အောင်မြင်ပြီးနောက် သစ္စာလေးပါးတရားကို သိမြင်တော်မူကာ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်ရာဌာနလည်း ဖြစ်၏။ ရာဇဂြိုဟ်မြို့တော်ကြီးမှာပင် ငါးဝါတိုင်တိုင် ဘုရားရှင် သီတင်းသုံးတော်မူ၍ သတ္တဝါအပေါင်းကို တရားထူးရစေတော်မူသော ဌာနလည်းဖြစ်၏။

အင်္ဂါလေးပါးရှိ၍ ဆဠဘိညဧဟိဘိက္ခူ ရဟန္တာပေါင်း ၁၂၅၀-ပါ၀င်သော သာ၀ကအစည်းအေ၀းကြီးဖြစ်ပေါ်ရာ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား လက်ယာတော်ရံ လက်၀ဲတော်ရံ အဂ္ဂသာ၀က ရာထူးအပ်နှင်းရာ သြဝါဒပါတိမောက်ကို ပြတော်မူရာဌာနကြီးလည်း ဖြစ်၏။ အရှင်မဟာကဿပ အမှူးရှိသော ပဋိသမ်ဘိဒါပတ္တဆဠဘိည ရဟန္တာကြီးငါးရာတို့ ပထမသင်္ဂါယနာ တင်ရာ တိုင်းဌာနကြီးလည်း ဖြစ်သည်။

( မာဂဓဘာသာ )
ထိုမဂဓတိုင်းသားတို့ ပြောဆိုသုံးစွဲသော ဘာသာစကားကို မာဂဓဘာသာဟု ခေါ်သည်။ မဂဓတိုင်းသုံးဘာသာစကားဖြစ်၏။ ထိုမာဂဓဘာသာကို အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သောကြောင့် အရိယာဘာသာ-ဟူ၍လည်း ခေါ်သည်ဟု ပါရာဇိကဏ်ပါဠိ၊ အဋ္ဌကထာ၌ မိန့်ဆိုထား၏။ မာဂဓဘာသာကား သဘာ၀နိရုတ္တိ-ဟူသော ဂုဏ်ထူး၀ိသေသရှိသဖြင့် ဘာသာတကာတို့ထက် ထူးခြားသောဘာသာဖြစ်၏။ သဘာ၀နိရုတ္တိ ဆိုသည်မှာ မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်းလွှဲခြင်းမရှိ၊ တိတိကျကျ ဖော်ပြစွမ်းနိုင်၍ ဘုရားအစရှိသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ ဟောပြောသုံးစွဲသော ဘာသာဟု ဆိုလိုကြောင်း မူလဋီကာ၊ အနုဋီကာကျမ်းများ၌ မိန့်ဆိုထား၏။

တနည်းအားဖြင့်ဆိုသော် ဖောက်လှဲဖောက်ပြန် တိမ်းပါးပျက်စီးခြင်းမရှိ၊ ပကတိအတိုင်း တည်နေသော ဘာသာဟု ဆိုလိုသည်။ မှန်၏။ အခြားသော ဘာသာတို့သည် ကာလအတန်ကြာလာသောအခါ ဧကန်အမှန် ပြောင်းလဲပျက်စီးသွားကြ၏။ မာဂဓဘာသာမှာမူ နေရာအချို့၌ဖြစ်စေ၊ တခါတရံဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲအမှားမှား ရွတ်ဆိုသင်ယူခြင်းစသော အကြောင်းကြောင့် ပြောင်းလဲပျက်စီးတတ်သော်လည်း နေရာများစွာ၌ ဖြစ်စေ၊ အခါခပ်သိမ်းဖြစ်စေ၊ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ-ငရဲဘုံ၊ တိရစၧာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြောများ၏ဟု သမေ္မာဟ၀ိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားရကား ကမ်ဘာပျက်သောအခါမှာပင် ကမ်ဘာပျက်ရာတွင် မပါ၀င်သော ဗြဟ္မာ့ပြည်၌ သဘာ၀အားဖြင့် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။ (လူသားတို့ မှားမှားယွင်းယွင်း သင်ယူုခြင်း စသည်တို့ရှိသောကြောင့် အချို့နေရာ၌ တခါတရံ ပြောင်းလဲတတ်သည်ဟု ဆိုခြင်းဖြစ်၏။ ဗြဟ္မာ့ပြည်စသည့်နေရာတို့၌ မပြောင်းလဲဘဲ ပကတိသဘာ၀အတိုင်း တည်ရှိနိုင်သည့်အတွက် နေရာများစွာ၌ အခါခပ်သိမ်း ပြောင်းလဲခြင်းမရှိဟု အနုဋီကာ၌ ဆိုထား၏။)

မာဂဓဘာသာကား အနက်အဓိပ္ပါယ်ကို ချမ်းသာလွယ်ကူစွာ သိနိုင်၊ ဆောင်နိုင်၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရား မာဂဓဘာသာစကားဖြင့် တရားဟောတော်မူလျှင် ပဋိသမ်ဘိဒါပတ္တပုဂ္ဂိုလ်တို့မှာ ကြားရုံမျှဖြင့်ပင် နည်းပေါင်းရာထောင်ဖြင့် အဓိပ္ပါယ်ကို ကျယ်၀န်းစွာသိကြ၏။ အခြားဘာသာဖြင့် ဘုရားစကားတော်အစဉ်ကို တင်ထားလျှင် ထိုစကားတော်ကို အရိုက်အပုတ်ခံ၍ သင်ယူကြရမည်ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့လည်း အမြောက်အများသင်ယူစေကာမူ ပဋိသမ်ဘိဒါပတ္တဖြစ်ရန် အခွင့်အလမ်းမရှိ။ အမှန်စင်စစ် မာဂဓဘာသာသည်သာ သဘာ၀နိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ်ဘိဒါဉာဏ်၏အရာလည်း ဖြစ်၏။ နိရုတ္တိပဋိသမ်ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ်ဘိဒါဉာဏ်ကို ရခြင်းအကြောင်းတပါးလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော တရားတော်ကို မာဂဓဘာသာဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်သည်ဟု သမေ္မာဟ၀ိနောဒနီစသော ကျမ်းများ၌ မိန့်ဆိုထား၏။

ကမ်ဘာပျက်ရာတွင် မပါ၀င်သော ဗြဟ္မာ့ပြည်၌ သဘာ၀အတိုင်း မပြောင်းမလဲ တည်ရှိခဲ့သောကြောင့် မာဂဓဘာသာသည် ကမ်ဘာဦးလူသားတို့ ပြောဆိုသော ဘာသာစကားလည်း ဖြစ်ခဲ့၏။ ထင်ရှားစေဦးအံ့။ ကမ်ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသနေ္ဓအားဖြင့် ရောက်လာကြသူများဖြစ်၍ လူသားအဖြစ်ဖြင့် ဖြစ်လာကြသည့်အခါမှာလည်း ဗြဟ္မာ့ပြည်တွင် ပြောဆိုခဲ့သော မာဂဓဘာသာကိုပင် ပြောဆိုကြသည်ဟု ကျမ်းဂန်တို့၌ မိန့်ဆိုထား၏။ သို့ဖြစ်၍ မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည်း ကျမ်းဂန်တို့၌ သုံးနှုန်းကြ၏။ ထိုဘာသာစကားကို ( ကမ်ဘာဦးလူသား၊ ဗြဟ္မာ၊ သူတပါးတို့ စကားပြောသံကို မကြားရသေးသော ကလေးနှင့် တောတွင်း လူရိုင်း၊ မြတ်စွာဘုရား-) တို့ ပြောကြားကြသည်ဟု ပဒရူပသိဒ္ဓိကျမ်း၌ မိန့်ဆိုထားပေသည်။

ဗုဒ္ဓမြတ်စွာသည် မာဂဓဘာသာစကားဖြင့် တရားဒေသနာကို ဟောကြားခဲ့သည်ဟု ဆိုခဲ့၏။ ဤနေရာ၌ မာဂဓဘာသာစကား မတတ်သူ တရားနာ ေ၀နေယျတို့မှာ တရားတော်ကို မည်သို့နားလည်နိုင်ပါသနည်းဟု မေးစရာရှိ၏။ အဖြေကား ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် တရားနာယူသူ ပုဂ္ဂိုလ်တို့ကမူ မိမိတို့ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြသည်။ ဥပမာ-ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟု ထင်ရသကဲ့သို့ အန္ဓက လူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသဆိုဆုံးမနေသည်ဟု ထင်ရလေသည်။ ဤသို့ ထင်ရခြင်းသည်ပင် အစိနေ္တယျဂုဏ်တော်လေးပါးတို့တွင် ဝါစာအစိနေ္တယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်ဟု ဣတိ၀ုတ္တက အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများစွာ၌ မိန့်ဆိုထားသည်။

မာဂဓဘာသာသည် ဆိုခဲ့ပြီးသော ဂုဏ်တို့နှင့်သာ ပြည့်စုံသည်မဟုတ်သေး။ သာသနာတော်၏ အသက်ဟုဆိုရသော ၀ိနည်းကံဆောင်ရာတို့၌လည်း လွန်စွာ ကျေးဇူးများလှ၏။ မှန်၏။ ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း စသော သာသနာတော်၏ မူလဘူတဖြစ်သည့် သံဃာ့ကံတို့ကို အောင်မြင်ထမြောက်အောင် ဆောင်ရွက်ရာ၌ ဆိုင်ရာကမ္မဝါာစာတို့သည် မပါလျှင် မပြီးသောအရာများဖြစ်ကြ၏။ ထိုကမ္မဝါစာတို့ကို သိထိလ, ဓနိတ, ၀ိမုတ္တ, နိဂ္ဂဟိတ ပီသအောင် ရွတ်ဖတ်နိုင်မှ ကံမြောက်၏။ ထိုသို့ ရွတ်ဖတ်နိုင်ရန်မှာလည်း မာဂဓဘာသာဆိုင်ရာ ရွတ်ဖတ်နည်းဖြစ်သော သိထိလ, ဓနိတ စသည့် ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးကို ကျွမ်းကျင်ရမည်။ ကျွမ်းကျင်မှသာ ကမ္မဝါစာကို မပျက်စီးစေဘဲ ကံအထမြောက်အောင် ရွတ်ဖတ်နိုင်၏။ မာဂဓဘာသာကို မတတ်လျှင်ကား ကမ္မဝါစာတို့ကို အောင်မြင်ထမြောက်အောင် ရွတ်ဖတ်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ မာဂဓဘာသာသည် ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ရေး၌ အလွန်အရေးပါ အရောရောက်သော ဘာသာထူး ဘာသာမြတ် ဖြစ်လေသည်။

( မာဂဓဘာသာနှင့် ပါဠိဘာသာ )
ယခု ကျွန်ုပ်တို့ သုံးနှုန်းပြောဆိုနေသော ပါဠိဘာသာဟူသော ေဝါဟာရကို အရိယဘာသာ၊ ဓမ္မနိရုတ္တိ၊ သဘာ၀နိရုတ္တိ၊ မာဂဓဘာသာ၊ တန္တိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ ဟူသော အမည်တို့ဖြင့်သာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရသလောက် ရှိ၏။ သို့သော် မူလပဏ္ဏာသဋီကာ၊ သီလက္ခန်ဋီကာဟောင်းတို့၌ကား တန္တိနယာနုစၧ၀ိကံ-၏ အဖွင့်တွင် ပါဠိဂတိယာ အနုလောမိကံ၊ ပါဠိဘာသာယာနု၀ိဓာယိနိန္တိ အတေၳာ-ဟု ရှားရှားပါးပါး တွေ့ရ၏။ အဋ္ဌကထာ ဋီကာတို့၌ ပါဠိဘာသာ-ဟူသော ေဝါဟာရကို အတွေ့ရနည်းသော်လည်း ဓမေ္မာတိ ပါဠိစသည်ဖြင့် ပါဠိ-ဟူသော အသုံးအနှုန်းတို့ကိုမူ အတော်များများ တွေ့ရ၏။ ထိုပါဠိဟူသော ေဝါဟာရကို သီလစသော အမြတ်တရားတို့ကို သိစေတတ်သောကြောင့်၄င်း၊ သဘာ၀နိရုတ္တိဖြစ်၍ ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့ ဟောကြားတော်မူသောကြောင့်၄င်း၊ မြင့်မြတ်သော ဘုရားစကားတော်တို့၏ အစဉ်ကို ပါဠိဟုခေါ်သည်။

ပိဋကတ်သုံးပုံဟူသော ပရိယတ်တရားတော်များဖြစ်သည်-ဟု သာရတၳဒီပနီဋီကာစသော ဋီကာကြီးများ၌ တပြေးညီဖွင့်ဆိုထားကြရကား မာဂဓဘာသာနှင့် တည်ရှိနေသော မြတ်သောဘုရားတရားတော်အစဉ်ကို ပါဠိ-ခေါ်သည်ဟု ဆိုရမည်။ (ပ=မြတ်သောဘုရားစကားတော်တို့၏၊ အာဠိ=အစဉ်) မာဂဓဘာသာသည် ဘုရားစကားတော်အစဉ်ဟူသော ပါဠိတို့မှ မှတ်တမ်းတင်၍ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘာသာဖြစ်သောကြောင့် ထိုမာဂဓဘာသာကိုပင် ပါဠိဘာသာခေါ်သည်ဟု အဘိဓာနပ္ပဒီပိကာသူစိကျမ်း၌ မိန့်ဆိုထားသည်ကို တွေ့ရ၏။ ( ပါဠိ-ပ+အာဠိ )

ဤဆိုခဲ့ပြီးသော စကားအစဉ်အရ မာဂဓတိုင်းသုံး ဒေသမာဂဓဘာသာတခုလုံးကို ပါဠိဘာသာဟု မခေါ်။ ပါဠိ, အဋ္ဌကထာ, ဋီကာ စသည်တို့၌ တည်ရှိသော မာဂဓဘာသာကိုသာ မွန်မြတ်သော ဘုရားစကားတော်များ၏ အစဉ်ဖြစ်သောကြောင့် ပါဠိဘာသာခေါ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တောင်ပေါက်ဆရာတော် အဂ္ဂမဟာပဏ္႑ိတ စက္ကပါလမဟာထေရ်မြတ်ကြီးက မဂဓတိုင်း၌နေသူ လူတို့ ပြောဆိုသုံးစွဲသော ဘာသာဖြစ်သောကြောင့် မာဂဓဘာသာဟုခေါ်သည်။ သို့သော် တိုင်းသူပြည်သား လူအများတို့ ပြောဆိုကြသော အရပ်သုံး မာဂဓီဘာသာကား သင်္ဂါယနာသုံးတန်တင် လွန်စွာစင်ကြယ်သော ဘုရားဟောပိဋကတ်သုံးပုံ ပါဠိတော်နှင့် အဋ္ဌကထာ ဋီကာကျမ်းများ၌လာသော သုဒ္ဓမာဂဓီ တန္တိဘာသာကဲ့သို့ မဟုတ်ဘဲ ဘာသန္တရရောယှက် အပျက်ပျက်ဖြစ်၍ မသန့်ရှင်း မစင်ကြယ်သော ဂါမိကဒေသမာဂဓီ မိဿကဘာသာမျိုးသာ ဖြစ်ချေသည်။ ထိုအကြောင်းကို အများအားဖြင့် ၄င်းဒေသ မာဂဓီဘာသာဖြင့် ရေးသားထားသော အသောက သိလာလိပိများကို ကြည့်ရှုက ထင်ရှားသိနိုင်သည်ဟု ဗုဒ္ဓသာသနိက ပထ၀ီ၀င်ကျမ်းကြီး၌ မိန့်ဆိုထားခြင်း ဖြစ်သည်။ (အချို့ကျမ်းများ၌ မာဂဓဘာသာကို မာဂဓီဘာသာဟုလည်း သုံးနှုန်းသည်ကို တွေ့ရ၏။) သို့ဖြစ်၍ ပါဠိဘာသာသည် မြင့်မြတ်သော မာဂဓဘာသာမျိုးဖြစ်သည်-ဟု အစ၌ ဆိုခဲ့ခြင်းဖြစ်ပေသည်။

( ပါဠိဘာသာ နှင့်် သက္ကတဘာသာ )
ပါဠိဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ၀င်တို့အဖို့ ထူးမြတ်သောဘာသာဖြစ်သကဲ့သို့ သက္ကတဘာသာသည်လည်း ဟိန္ဒူဗြဟ္မဏဘာသာ၀င်အဖို့ ထူးမြတ်သော ဘာသာဖြစ်၏။ ေ၀ဒိကသက္ကတ၊ န၀ီနသက္ကတ-ဟု သက္ကတဘာသာ နှစ်မျိုးရှိရာ ပါဠိဘာသာသည် ေ၀ဒိကသက္ကတထက် နောက်ကျသော်လည်း န၀ီနသက္ကတထက် ရှေးကျသည်ဟု ဆိုကြသည်။
သက္ကတဘာသာနှစ်မျိုးလုံးပင် ပါဠိဘာသာနှင့် ပုဒ်နေပါဌ်ထားတို့၌ တူညီသောအချက် အများအပြားပင် တွေ့ရှိရ၏။ အထူးသဖြင့် န၀ီနသက္ကတနှင့်မတူသော ေ၀ဒိကသက္ကတနှင့်သာ ရုပ်အစီအရင်တူသော အချက်များစွာတို့သည် ပါဠိဘာသာ၌သာ ရှိလေသည်။

ပြဆိုခဲ့ပြီးသည့်အတိုင်း သက္ကတဘာသာ၌ ပါဠိဘာသာနှင့် တူညီသောအချက် များစွာပင်ရှိသော်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မိမိဟောကြားသော စကားတော်၊ တရားတော်များကို သက္ကတဘာသာသို့ ပြန်ဆိုတင်ထားရန်ကိုကား ခွင့်ပြုတော်မမူခဲ့ဘဲ တားမြစ်တော်မူခဲ့သည်။

( ဗုဒ္ဓ၀စနကို သက္ကတဘာသာသို့ မတင်ရ )
အတန်ငယ် ရှင်းပြဦးအံ့။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က အရွတ်အဖတ်ကောင်း အသံကောင်းဖြစ်ကြသော ဗြဟ္မဏဇာတ်မှ ရဟန်းပြုလာကြသည့် ရဟန်းညီနောင်နှစ်ပါးတို့သည် ဘုရား စကားတော်ကို ဇာတ်ညံ့သူများလည်း သင်ယူကြသည်ကိုမြင်၍ မာဂဓဘာသာကား အရွတ်အဖတ်မခက်၊ အနက်အဓိပ္ပါယ် သိလွယ်၍ လူတိုင်း သင်ယူနိုင်သည်။ အရွတ်အဖတ် ခက်ခဲ၍ အနက်အဓိပ္ပါယ် မသိလွယ်သော သက္ကတဘာသာသို့ ပြန်ဆိုတင်ထားရပါမူကား ေ၀ဒကျမ်းတို့ကဲ့သို့ ဗြဟ္မဏဇာတ်၀င်တို့သာ သင်ယူနိုင်၍ ဇာတ်ညံ့သူတို့ မသင်ယူနိုင်။ ယခုမူ ဇာတ်ညံ့သူတို့ပင် သင်ယူနိုင်၍ သူတို့လက်သို့ ရောက်နေသဖြင့် ပျက်စီးနေရသည်ဟု ဆိုကာ ဘုရားစကားတော်ကို သက္ကတဘာသာသို့ ပြန်ဆိုရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ထိုလျှောက်ထားချက်ကို ကဲ့ရဲ့တော်မူပြီး ရဟန်းတို့-ဘုရားစကားတော်ကို သက္ကတဘာသာသို့ မတင်ထိုက်။ တင်သောရဟန်း ဒုက္ကဋ်အာပတ် သင့်စေ-ဟု ပယ်မြစ်တော်မူပြီး ဆက်လက်၍ ရဟန်းတို့-ဘုရားစကားတော်ကို မိမိဥစ္စာ မာဂဓီဘာသာဖြင့် သင်ကြားခြင်းငှါ ငါဘုရား ခွင့်ပြုတော်မူ၏-ဟု ပညတ်တော်မူခဲ့ပေသည်။ ဤသို့အားဖြင့် သက္ကတဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် မသက်ဆိုင်၊ မာဂဓဘာသာ သို့မဟုတ် ပါဠိဘာသာသည်ကား ထေရဝါဒဗုဒ္ဓဘာသာသုံး ဘာသာဖြစ်သည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော် မာဂဓဘာသာသည် အရိယဘာသာ၊ ဓမ္မနိရုတ္တိ၊ သဘာနိရုတ္တိ၊ တန္တိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ-ဟု အမည်အမျိုးမျိုးရသည့်ဘာသာ ဖြစ်သည်။ သို့သော် မာဂဓတိုင်းသုံး ဒေသမာဂဓဘာသာတခုလုံးကို ပါဠိဘာသာဟု မခေါ်ဆို။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ မှတ်တမ်းတင် သုံးစွဲထားသည့် မာဂဓဘာသာကိုသာ မွန်မြတ်သော ဘုရားစကားတော်များ၏ အစဉ်ဖြစ်သောကြောင့် ပါဠိဘာသာဟု ခေါ်ဆိုနိုင်သည်။ ထိုပါဠိဘာသာသည် (ဝါ) မာဂဓဘာသာသည် ဘုရားရှင်ကိုယ်တိုင် ပိဋကတ်သုံးပုံဟူသော မိမိစကားတော်ကို ပါဠိတော်အစဉ်သို့ တင်တော်မူသောအခါ မာဂဓဘာသာဖြင့်သာ တင်တော်မူ၍ ရဟန်းတို့အားလည်း ဘုရားစကားတော်ကို ထိုဘာသာဖြင့်ပင် သင်ကြားခွင့်ပြုခဲ့ရကား ထေရဝါဒဗုဒ္ဓဘာသာအတွက် လွန်စွာကျေးဇူးများ၍ ထေရဝါဒဗုဒ္ဓဘာသာသုံး ဘာသာထူး ဘာသာမြတ် ဖြစ်ပေသည်။

ဓမ္မာစရိယ-ဦးအေးနိုင်(ဘီ-အေ)

( မြတ်မင်္ဂလာ ၂၀၀၁-ခု နို၀င်ဘာလ )

thotuzana.blogspot.com

thotuzana.blogspot.com

No comments:

Post a Comment