မြန်မာ့လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ဆိုသည်မှာ . . .
နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာ နိုင်ငံအား ကျွန်ပြုသိမ်းပိုက်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် သွေးခွဲ
အုပ်ချုပ်ခြင်းဖြင့် နိုင်ငံရေးအရှုပ် ထုတ်များကို နိုင်ငံတော်တစ်နံ တစ်လျား၌ ပစ်ချခဲ့၏။ ကျဲဖြန့်ခဲ့ ၏။
ထိုနိုင်ငံရေးအရှုပ်ထုပ်များအား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက မြန်မာ့လွတ် လပ်ရေးအတွက်
တိုင်းရင်းသား ခေါင်းဆောင်များဖြင့် ပင်လုံမြို့တွင် စုဝေးတိုင်ပင်ကာ အောက်ပါ ပင် လုံစာချုပ်ကို ချုပ်ဆိုရင်း
နယ်ချဲ့တို့ ကျဲဖြန့်ခဲ့သော နိုင်ငံရေးအရှုပ်ထုတ် များအား သိမ်းဆည်းနိုင်ခဲ့ပါသည်။
ယခုအခါ ပြည်နယ် တောင်းဆိုမှုများ အချို့လူမျိုးစု အကြားပေါ်ထွက်လာသည့်အတွက်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များချုပ်ဆိုခဲ့သည့်
ပင် လုံစာချုပ် မူရင်းအချက်အလက် သဘောတရားများကိုခေတ်သစ်နိုင်ငံ ရေးသမားများ သိရှိလေ့လာနိုင်စေ ရန်အလို့ငှာ
ဖော်ပြလိုက်ပါသည်။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့ နှင့် စ၀်ဖများအားလုံးအပြင် ရှမ်း ပြည်နယ်များ၊
ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်
ကျင်းပသည့် အစည်းအဝေးကြီး တစ်ရပ်တွင်....
ကြားဖြတ်မြန်မာ အစိုးရ နှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့်ချင်းတို့သည် လွတ် လပ်ရေးကို
ပိုမို၍ လျင်မြန်စွာရရှိ လိမ့်မည်ဟု အစည်းအဝေးတက် ရောက်သူ အဖွဲ့ဝင်တို့သည် ကန့် ကွက်သူမရှိဘဲ အောက်ပါအတိုင်း
သဘောတူညီကြလေသည်။
၁။ တောင်တန်းသား များ စည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ)၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များက
ထောက်ခံ ချက်အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံ က ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ်္စနှင့်
ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤတိုင်ပင်ခံပုဂ်္ဂိုလ် ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီ တွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီ ၀င်တစ်ဦး
ခန့်ထား၍ ကာကွယ်ရေး နှင့် ပြည်ပကိစ်္စရပ်များတွင် ထုံး နည်းဥပဒေအရ အမှုဆောင်ကောင် စီ၏အာဏာလက်အောက်သို့
ရောက် ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ်္စ များကိုလည်း အမှုဆောင်ကောင်စီ ၏အာဏာလက်အောက်သို့
ရောက် ရှိစေရမည်။ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ်္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို
ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင် ခံပုဂ်္ဂိုလ်ကို ၎င်းင်းနှင့်လူမျိုးချင်းမတူ သော ဒုတိယအတိုင်ပင်ခံ ပုဂ်္ဂိုလ် နှစ်ဦးက
ကူညီစေရမည်။ ရှေးဦး စွာ ဒုတိယအတိုင်ပင်ခံ ပုဂ်္ဂိုလ်နှစ် ဦးတို့သည် ၎င်းင်းတို့အသီးသီး သက် ဆိုင်သည့် နယ်များ၏
ကိစ်္စရပ်များ ကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင် ခံပုဂ်္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ကိစ်္စရပ်များကို ဆောင်
ရွက်စေရန်ဖြစ်သည်။ ၎င်းင်းတို့သည် ထုံးနည်းဥပဒေအရ တာဝန်ယူရ မည်မူအတိုင်း ရွက်ဆောင်စေရမည်။
၎။ အတိုင်ပင်ခံ ပုဂ်္ဂိုလ် သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ် ဒေသများ၏
တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ်္ဂိုလ်များသည် နယ်စပ်
ဒေသများ နှင့်သက်ဆိုင်ရာကိစ်္စရပ်များကိုဆွေး နွေးကြသည့်အခါအမှုဆောင်ကောင်စီ တွင်တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင် ခံ၏ အမှုဆောင်ကောင်စီကို တိုး ချဲ့မည်ဖြစ်သော်လည်း
နယ်စပ် ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေး တွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို
တစ်စုံတစ်ရာ လက်လွတ်စေ ရန် အဆိုပါကောင်စီကပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေး
တွင် ကိုယ် ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘော တူညီကြသည်။
၆။ ပူးပေါင်းထားပြီး သည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ် သတ်မှတ်၍
တည်ထောင်ရန် ပြ ဿနာမှာ တိုင်းပြုပြည်ပြုလွှတ် တော်ကဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု
ထားရှိသင့်ကြောင်းကို သဘောတူ ညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပဋ္ဌမခြေ လှမ်းအနေဖြင့်
၁၉၃၅-ခုနှစ် မြန်မာ နိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲ စာရင်းပါအပိုင်း-၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ်္ဂိုလ်တို့အား ဆွေးနွေး
တိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ ၏နယ်သူနယ်သားတို့သည်ဒီမိုကရေ စီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြု
ထားသောအခွင့်အရေး များတို့ကို ခံစားပိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူညီကြသည် အစီအစဉ် မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီး
သော ဘဏ္ဍာ ရေးနှင့်ပတ်သက်သည့်ကိုယ်ပိုင်အုပ် ချုပ်ရေးကိုမထိခိုက်ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ် တို့မှာ မြန်မာပြည်အခွန်တော်ငွေများ မှ ကချင်တောင်
တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့် ရထိုက်သောဘဏ္ဍာရေးအကူအညီ ကို ထိခိုက်ခြင်းမရှိစေရ။
မြန်မာ ပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင် တန်းများတို့
အတွက် အလားတူ အစီအစဉ်များကိုထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင် ခံ၏ အမှုဆောင်ကောင်စီက
နယ် စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နှင့် ဒုတိယအတိုင်ပင်ခံပုဂ်္ဂိုလ်တို့ နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
ရှမ်းကော်မတီ တိုင်း ရင်းသား ခေါင်းဆောင်များအဖြစ် ခွန်ပန်းစိန် (တောင်ပိုင်စ၀်ဖလုံ)၊ စ၀် ရွှေသိုက်
(ညောင်ရွှေစ၀်ဖလုံ)၊ စ၀် ဟုံဖ (မြောက်သိန်္ဒီစ၀်ဖလုံ)၊ စ၀်နွံ (လဲချားစ၀်ဖလုံ)၊ စ၀်စံထွန်း (မိုင်း ပွန်စ၀်ဖလုံ)၊ စ၀်ထွန်း
အေး (သာ မိုင်းခမ်းစ၀်ဖလုံ)၊ ဦးဖြူ (သထုံ စ၀်ဖလုံ၏ ကိုယ်စားလှယ်)၊ ခွန်ဖုံး (ကချင်ကိုယ်စားလှယ်၊ မြောက်သိ န်္ဒီ)၊
ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးကြာ ပု၊ ဦးခွန်စော၊ စ၀်ယိပ်ဖ၊ ခွန်ထီး။ကချင်ကော်မတီ တိုင်း ရင်းသား ခေါင်းဆောင်များအဖြစ်
ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီး နား)၊ ဇော်ရစ် (မြစ်ကြီးနား)၊ ဒင် ရတန်း(မြစ်ကြီးနား)၊ ဇော်လ (ဗန်း မော်)၊
ဇော်လွန်း (ဗန်းမော်)၊ လဗန်း ဂရောင်း (ဗန်းမော်)။ ချင်းကော်မ တီတိုင်းရင်းသား ခေါင်းဆောင်များ အဖြစ်
ဦးလွှာမှုန်း (အေတီအမ်- အိုင်တီအက်(စ်)အမ်၊ ဖလမ်း)၊ ဦးသောင်ဇာခုပ်(အေတီအမ်၊တီဒင်)၊ ဦးကွယ်မန်း(အေတီအမ်၊
ဟားခါး)။ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း (၁၂-၂-၄၇) တို့မှ တက်ရောက်သည်။
ဦးအောင်ဆန်း၏
ညွှန်ကြားချက် ၇ ချက်
လွတ်လပ်သည့် အချုပ် အခြာအာဏာပိုင် မြန်မာနိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံ
ဥပဒေနှင့်ပတ်သက် သည့် လမ်းညွှန်ပြဋ္ဌာန်းချက်။
တောင်တန်းဒေသများ နှင့်ကရင်နီနယ်များ အပါအ၀င်ဖြစ် သော မြန်မာနိုင်ငံတော်သူနိုင်ငံသား တို့၏
ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသ ဆန်္ဒနှင့်လျော်ညီစွာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
စီ စဉ်ရေးဆွဲရန်အလို့ငှာ စုံညီစုဝေးကြ လျက် အောက်ပါပြဋ္ဌာန်းချက်များ ကို ချမှတ်ကြကြောင်း။
၁။ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဟုခေါ်တွင် စေသော
လွတ်လပ်သည့်အချုပ် အခြာအာဏာပိုင် သမ်္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။ ထို့ပြင်....
၂။ ပြည်ထောင်စု နိုင်ငံ တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကသတ်မှတ်ဖော်ပြထားသည့်
တသီးပုဂ်္ဂလပြည်နယ်များသည် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်
အုပ်ချုပ်ရေး အာဏာရရှိ စေရမည်။ ထို့ပြင်...
၃။ အချုပ်အခြာအာဏာ ပိုင် လွတ်လပ်သော သမ်္မတမြန်မာ နိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ် သည့်
ပြည်နယ်များနှင့် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အခွင့် အာဏာဟူသမျှတို့သည် တိုင်းသူ ပြည်သားတို့ထံမှ ဆင်းသက်
စေရ မည်။ ထို့ပြင်....။
၎။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည် သားမှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊
နိုင်ငံရေး၌လည်း ကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေးနှင့်ဥပဒေ သက်ရောက်မှုတို့တွင်
ဆူကြုံနိမ့် မြင့်မရှိ။ ပကတိတူညီစေရမည့် အပြင် တရားဥပဒေနှင့်သော်လည်း ကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ
ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည် ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ခွင့်၊ ၀တ်ပြုပိုင်ခွင့်၊
ပရိယေသနရှာမှီးပိုင် ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင် ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန် အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံ ဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိစေရမည်။ ထို့ပြင်....။
၅။ ဤဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေတွင် လူနည်းစုများ အဖို့ လုံလောက်သော ကာကွယ် ချက်များ
ထည့်သွင်းပြဋ္ဌာန်းထားရှိ စေရမည်။ ထို့ပြင်....။
၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ်္မတ မြန်မာနိုင်ငံ၏နယ်မြေကို တစ် ပေါင်းတစ်စည်းတည်း
တည်တံ့ခိုင် မြဲရေးကိုသော်လည်ကောင်း၊ နိုင်ငံ တော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာအာဏာ စိုးမိုးအုပ်ချုပ်
ပိုင်ခွင့်ကိုလည်းကောင်း၊ တရား ဓမ်္မနှင့်တကွပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရ မည်။
ထို့ပြင်....။
၇။ ရာဇ၀င်တွင် ထင် ရှားခဲ့သော ဤမြန်မာနိုင်ငံတော် သည် ကမ်္ဘာတွင် မိမိ၏ဂုဏ်ကျက် သရေနှင့်လျော်ညီစွာ
ရသင့်ရထိုက် သော အဆင့်အတန်းသို့ရောက်ရှိစေ ရမည့်အပြင် လူသတ်္တ၀ါတို့၏ တိုး တက်ရေးနှင့် ကောင်းကျိုးချမ်းသာ
ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက် ထမ်းရွက်ကာ ပြည်ထောင်အချင်း ချင်းဆိုင်ရာ
တရားဓမ်္မနှင့်တကွ ကျင့်ဝတ်သိက်္ခတို့ကို အခြေခံပြု၍ ကမ်္ဘာ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ
တွဲဘက်ပူးပေါင်းဆောင်ရွက်မှု ကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့် ထိန်းတော့အံ့။
https://m.facebook.com/permalink.php?id=235408419848326&story_fbid=488831057839393
မှပြန်လည်ကူးယူခြင်းဖြစ်ပါသည်
No comments:
Post a Comment