ရွာသစ်တစ်ရွာတည်ဖို့ စုန်း(၇)ယောက်တကယ်လိုသလား?
✍️✍️✍️ စာရေးသူ-အရှင်ငယ်စဉ်ကလေးဘ၀ကတည်းက ကြားဖူးနားဝခဲ့တဲ့စကားလေးပါ ။ သို့သော်ကိုယ်ပိုင်ဉာဏ်ဖြင့် မဆင်ခြင်မသုံးသပ်နိုင်ခဲ့ပေ။စုန်းအကြောင်းတွေက ရှေးခေတ်ဘိုးဘွားများထံမှ ကြားဖူးခဲ့သည် ။ ရွာတည်တော့မည်ဆိုရင် စုန်း(၇)ယောက်တော့ မရှိမဖြစ်လိုအပ်တယ်လို့ စာရေးသူ-အရှင်လည်း မှားယွင်းစွာထင်မြင် လက်ခံခဲ့ဖူးသည်။
✍️✍️✍️ တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း ဖြေရှင်းပေးနိုင်သူဟူ၍ မရှိပေ။ တစ်ယောက်စကား တစ်ယောက်ဆီမှာသာ မှားယွင်းသည့်ယူဆချက်များသာ ကျန်ရစ်ခဲ့လေသည်။ အမှားများတွေက ကာလကြာရှည်လာသော် အမှန်ဟုထင်မြင်ယူဆလာတတ်ကြတာက လူတို့၏ မဟာအားနည်းချက်များဖြစ်သည်။စာရေးသူ-အရှင် လက်လှမ်းမီသလောက်ရှာဖွေကြည့်တော့ စုန်းဟူသောစကားလုံးသည် စုန္န ဟူသောပါဠိစကားလုံးမှ ဆင်သက်လာသည့် ဝေါဟာရစကားလုံးပင်ဖြစ်သည်။
ဋီကာကျမ်းမှာ ဖော်ပြသည့်
အဓိပ္ဗါယ်မှာ-စုန္နောတိ ဥဇုကတော-ဖြောင့်မှတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး ကိုဆိုလိုခြင်းသာဖြစ်သည်။ရွာသစ်တစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်ဆိုသည်မှာ………
(၁)ပထ၀ီမြေပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ပထမဦးဆုံးရွာတည်မည့်နေရာအရပ်ဒေသမှာ တည်နေရာသည် ပထ၀ီမြေအနေအထားသင့်/မသင့် ၊ စိုက်ပျိုးသီးနှံအတွက် မြေဆီမြေလွှာကောင်းမကောင်းသိရှိနားလည်ဖို့ရန်အတွက်ကို လယ်ယာမြေကျွမ်းကျင်သည့် ပထ၀ီမြေပညာရှင်အထူးလိုအပ်ပေသည်။
(၂)ရေပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရပ်ရွာအတွက်ရေို ရေရှည် သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရ/မရကို သိရှိကျွမ်းကျင်သည့်ရေပညာရှင်အထုးလိုအပ်ပေသည်။
(၃)လေပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရွာ၏တည်နေရာအရပ်သည် လေကြောင်း သင့်/မသင့် ၊ လေကောင်းလေသန့် ရ/မရ ၊ လေပြင်းဒဏ်ရှိ/မရှိ ၊
လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်းကျင်ပါးနပ်သည့်လေပညာရှင်ထူးလိုအပ်ပေသည် ။
(၄) ဘောဂဗေဒ-စီးပွါးရေးပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရပ်ရွာဒေသသာယာစိုပြေရေး စီးပွားရေးအတွက် စီမံခန့်ခွဲနိုင်သည့် ဘောဂဗဒ စီးပွားရေးပညာရှင်များအထူးလိုအပ်ပေသည် ။
(၅)ဆက်သွယ်ရေး ကျွမ်းကျင်သည့်ပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရွာတည်မည့်နေရာသည် လမ်းပန်ဆက်သွယ်ရေး ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ တစ်ရွာနှင့်တစ်ရွာ ၊ တစ်မြို့နှင့် တစ်မြို့ လမ်းပန်းဆက်သွယ်ရေး ၊ ရွာ၏လိုအပ်ချက်များအတွက် ဆက်
သွယ်သွားလာရန် လွယ်ကူမည့်လမ်းကြောင်းကို သိနားလည်သည့် ဆက်သွယ်ရေးကျွမ်းကျင်သည့် ပညာရှင်များလည်းအထူးလိုအပ်ပေသည်။
(၆)ပညာရေး စီမံနိုင်သည့်ပညာရှင်
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရပ်ရွာအတွက်ဘက်ပေါင်းစုံ ထူးချွန်ထက်မြက်သည့်ပညာရှင်များအထူးလိုအပ်ပါပေသည် ။
(၇)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ဆေးဝါးပညာရှင်-
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် ရွာသူ/သားများကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်ရန်အတွက် သားဖွားဆရာဝန်၊ ဆေးဆရာဝန်၊ပိန်းတောဆေးဆရာဝန်၊ ဆေးဝါးသုသေသနပညာရှင်စသည်များ အထူးလိုအပ်ပါပေသည်။
ရွာသစ်တစ်ရွာတည်တော့မည်ဆိုရင် စုန်း(၇)ယောက်ကို လိုအပ်ခြင်းမဟုတ်ရပါ။အထက်ပါပညာရှင်(၇)ကို အဓိကလိုအပ်ခြင်းသာဖြစ်သည်။ စုန်းကဝေကို ဆိုလိုခြင်းမဟုတ်ပါ ။ သည်စာလေးဖတ်ရင်းဖြင့် စာဖတ်သူများ
အမြင်မှန်များရသွားလိမ့်မည်ဟု
စာရေးသူ-အရှင်
အထူးယုံကြည်ရင်းနဲ့
စာဖတ်သူများကို
အစဉ်သတိရလျှက်ဖြင့်
Copy--
#တက္ကသိုလ်ခွန်အားသစ်
လူမှု့ဘာသာရပ်
30-6-2017 10:20 AM
ကျမ်းကိုး-
ဓာတွတ္ထပန်းကုံး
ဋီကာကျမ်း
အင်တာနက်သတင်း
Jun 30, 2017
ရွာသစ်တစ်ရွာတည်ဖို့ စုန်း(၇)ယောက်တကယ်လိုသလား?
Jun 29, 2017
ရက်
**ရကျ**
ရက်ရီးသွော့ နီနမ်းမꩻ
ကွဲရက်သွော့ဝင်ꩻ၊
ရက်ရီးသွော့ နီလိတ်မꩻ
ကွဲရက်သွော့ဝင်ꩻလိတ်၊
ရက်ရီးသွော့ နီလိုꩻမျိုꩻမꩻ
ကွဲရက်သွော့ဝင်ꩻလိုꩻမျိုꩻ၊
ရက်ရီးသွော့ နီစွိုးခွိုꩻမꩻ
ကွဲရက်သွော့ဝင်ꩻစွိုးခွိုꩻ၊
ရက်ရီးသွော့ နီဘာႏသာႏမꩻ
ကွဲရက်သွော့ဝင်ꩻ ဘာႏသာႏ၊
ရက်ရီးသွော့ နီယိုꩻယာႏမꩻ
ကွဲရက်သွော့ဝင်ꩻ ယိုꩻယာႏ၊
ရက်ရီးသွော့ နီထွုံꩻစံႏမꩻ
ကွဲရက်သွော့ဝင်ꩻထွုံꩻစံႏ။
မွေခံထိုက်စေ
" " မွေခံထိုက်စေ ""
ငါတို့လူမျိုး နွယ်ပအိုဝ်းသည်
ရှေးဟိုးကာလ သုဝဏ္ဏ၌
ကမ္ဘာ့အလယ် ဂုဏ်လင်းကြွယ်သည့်
မင်းနွယ်မျိုးမြတ် ဖြစ်ခဲ့သည် ။
ကိုယ်ပိုင်နိုင်ငံ ကိုယ့်အသံဖြင့်
သိဉာဏ်သုံးပြု နှုက်လက်မှူနှင့်
သုခု-စာပေ ယဉ်ကျေးမွေလည်း
ထူးထွေတိုးတက် ကျော်ကြားသည် ။
မင်းမျိုးဆင်းသက် ပအိုဝ်းဆက်တွင်
နေထွက်လဝင် ဖွားသန့်စင်သည့်
ဘုရင်ရာဇ မင်းနာမကား
သူရိယစန္ဒာ တွင်သတည်း ။
တပေါင်းလပြည့် သူမွေးနေ့ကို
မမေ့ကြရိုး ဒို့ပအိုဝ်းသည်
အမျိုးသားနေ့ သတ်မှတ်သည် ။
တပေါင်းလပြည့် အမျိုးသားနေ့တွင်
ဓလေ့ရိုးရာ ပဒေသာနှင့်
လမ်းမှာကခုန် အိုးစည်ဗုံမောင်းနှင့်
အာရုံထူးလ ပျော်မြူးကြ၏ ။
ဆွမ်းကပ်ကျွေးမွေး ဖျော်ရည်အေးနှင့်
နီးဝေးများလာ မိတ်များစွာကို
စိတ်မှာဖြူဖွေး ဒို့ပေးလှူ၏ ။
စာချ-ကြီးတန်း စာအောင်ပန်းကို
ရွှင်လန်းခူးလာ မြတ်သံဃာနှင့်
ဒို့စာရေးသား ဆရာများတွင်
ထူးခြားအလွန် ပုဂ္ဂိုလ်မွန်ကို
ထူးချွန်လက်မှတ် ဂုဏ်ပြုအပ်၏။
ဒို့အကြီးကဲ ခေါင်းဆောင်ထဲက
ရွှေပွဲကြွလာ မိတ်ဿဟာသို့
နှုက်လွှာခွန်းဆက် ထူးခြားချက်ကို
ငြိမ်သက်နာကြ စိတ်တက်ကြွ၏ ။
ညသို့ရောက်လာ စင်မြင့်မှာကား
သာယာတီးသံ ချိုတေးလျံ၍
ကဟန်စုံသော ပျိုမေချောကို
ငေးမောကြည့်ကြ လွန်များလှ၏ ။
ထက်အာကာခွင် လဘုရင်လည်း
ပြုံးရွှင်ထွက်လာ ငွေရောင်သာဖြင့်
သြဘာကောင်းချီး ပေးနေ၏ ။
သြော်.....
တပေါင်းလပြည့် ငါတို့နေ့သည်
ချမ်းမြေ့သာယာလှပေစွ ။
ချမ်းမြေ့လွန်စွာ ဒို့ရိုးရာကို
ရာဇာဖေစစ် အမွေနှစ်ဟု
မျိုးချစ်စိတ်လျှံ အဓိဋ္ဌာန်၍
ထက်သန်အနေ ရံကြလော့...။
ဆက်ခံအမွေ ခံကြလော့...။
(၁၃၇၅ ခုနှစ် တပေါင်းလပြည့် ၊ပအိုဝ်းအမျိုးသားနေ့)
သထုံးပေးခွန်မောင်း
By@သောတုဇနပအိုဝျနပနေ
Jun 28, 2017
မူးနံ.သီးတာ; "ငဝ်းကွီတော;လမ်း တော;ပါ;" ဝါခို
မူးနံ.သီးတာ; "ငဝ်းကွီတော;လမ်း တော;ပါ;" ဝါခို
*******😜😜😜😜**************
အွိုးဟွေးးးး ဝေးခို ခွန်ဗွာလွား၊ ဝေးခိုတဲးဝါး ခွန်ယောင်ဆျူ;၊ စွုမ်;ဖြာ.နင်.မူ; ကမဲဉ်;သ့၊ နင်;နီမဲဉ်;လ့ ဝေးနဲုင်းသီ၊ ဖူးမူမဲဉ်ရီ အခွင့်သာ;၊ အရွယ်;မဲဉ်;ရာ; အခါ;တွင်.၊ ဖူးမူနမ်းရင်. မဲဉ်လွစ်ငါ;၊ လို့ယွဲးသံ;သရာ; ကိစ္စအာ၊ ခေတ်ယိုလဲင်;ခါ တရျိုးငါ;၊ အီ;တော;သဲင်.ဗာ; ကံ;အုံတန်၊ ငမ်းတန့သန် ကံ;သူ;လွိုး၊ န၀်မ့ ဟွုန်ရွိုး ယူ;ရီးဗာ;၊ ဘဝဖြားတာ; ကံ;အုံနောင်၊ လိုဖြားတဒေါင် ပိုလီ.ဆ့၊ စ၀်းစ၀်းယံလ့ နဲတ်သောင်;သာ၊ န၀့်မ့ယိုခါ လွဉ်ခွင်.ဗာ;၊ နင်;နီ.သရာ; ခွန်ဝေးခို၊ ယူ;သွော့ထိုထို အွဉ်;သ့ဆွာ.၊ မဉ်;လ့ဝေးနာ. နင်;နီတာ;၊ ကံ;ဟ၀်မွေးငါ; ယူ;ပျော;သဲင်.၊ ရက်ရက်ပဲင်.ပဲင်. ထုမ်;လွူးဒျာ;၊ ရက်ဝေးအတာ; က့တွမ်;ကွဉ်၊ တထွဉ်;ဗာ;တ၀်း ထုမ်;လွဉ်ဒျာ;၊ မဉ်;ဟွီဟဲင်ငါ; တွမ်;နန်းကြွို့၊ ဖူးမူ;စိမ်;စွို့ဖေ;ဒျား ပဉ်ခ၀်ခ၀်၊ ဖူးမူ ဗွော့ဟ၀်ဖေ;ဒျာ; ပဉ်ဖဲ့ဖဲ့၊ ခွမ်လာ. ဗော့လဲ့ ပဆူ;စင်၊ ဒဲဉ်ဟန်;ယံယံလဲ ဒွို;ဖေ;၊ ရို;ရို;သေ;သေ;တဲ့ စွော့တက်၊ နိတ်နိတ်သက်သက် ဝွတ်ပတ်မာ.၊ လို;ဒျာ; ဝေးနာ့ အုံပျော;ငါ၊ စွုမ်းနီ. စွုမ်;ဟာ ရက်ရက်ဒျာ;၊ ဖဝယိုတဗာ; လွစ်သဲင်.ငါ၊ နင်.တဆွူ;ထွာ မူ;နံ.ဖြား၊ လွစ်အွမ်;ဗွာလွားဗာ; ၀င်ပို၊ ထွားသွူလို.ခို လွစ်ဟွုံ;ဟဲင်၊ န၀့်မ အုံတဲင် ကွီခွင်.ဗာ;၊ နင်;နီအတာ; ဝါ.ခိုဗွာ၊ ကော့မောင့်ထွူခါ ရီထင်;ဗာ;၊ ဝေးခိုလိန်;မာ; ခွန်ယောင်.ဆျူ;၊ သွိုန်;သ့မဉ်;တူ; နင်;အွဉ်ထို.၊ ယို.ယို.သာ;သာ; သဲင်လွဉ်.နော @@@@@@
Credit>>>
21-6-2017
တဲမ်းထွင်; = ဗဲဉ်ဝိနယ (ခ) ခွန်ခန်ထို
Jun 26, 2017
အပါယ်မှလွတ်စေနိုင်သောကုသိုလ်(၇)မျိုး
အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုးအပါယ်လေးပါးဆိုတာ ငရဲ၊တိရိစာၦန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ(အပ+အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။အပ=ကင်းခြင်း၊အယ=ကုသိုလ်တရား နှစ်ပုဒ် ပေါင်းလိုက ်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှ ကင်းခြင်း ၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ် ရပါ တယ်။မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေက ိုပြုလုပ်နိုင်စွမ်း မရှိသည့် အတွက် ကောင်းသော ဘုံဌာနကို ပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။အကုသိုလ်ကံ အဟုန်တွေ ကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။
ငရဲဘုံဆိုရင်လည်းငရဲသူ၊ငရဲသားတို့ရဲ့ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။သံရည်ပူများနှင့်လောင်းခံရခြင်း၊ခွေးနက်ကြီးများရဲ့
ကိုက်ခဲခြင်းကိုခံရခြင်း၊ဓါ၊လှံတို့ဖြင့်ထိုးခံရခြင်းစသည်ဖြင့် ဒုက္ခများစွာ ဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့ မြူမှုန်တစ်မှုန် မျှမရှိလို့ှုရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။
အိပ်ခြင်း၊စားခြင်း၊ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကို မသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ဘုရား၊တရားသံဃာ၊မိဘ၊ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရား တို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစာၦန်လို့ခေါ်တာပါ၊ တိရိစာၦန်ဘဝကို စဉ်းစားကြည့်ပါ။မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်း စွာဖောက်ပြန်မှုတွေ ရှိပါတယ်။ကုသိုလ်ကို ကုသိုလ်ပါ လို့နားမလည်ပါဘူး။အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လု့ိမသိရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်လို့ မသိတဲ့ သူများ အထူး သတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်က ိုလည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လို အနေထား ကိုရောက်သွားပြီဆိုတာသိသာပါတယ်။ဒါကတိရိစာၦန်ပါ။
ပြိတ္တာဆိုတာက ပေတဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှ ဝေးကွာသော သတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။
စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိပေ္ပါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ . ပြိတ္တာဘဝကို ရောက်ရှိသွားကြတ့ဲ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူ ကြားကာလအထိ မကျွတ် မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိေကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့အဆင်းနဲ့ ကြောက်ရွ့ံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။
ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတၳုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန် ကြမ်းတမ်းကြောင်း ၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်း တစ်လုံး ရေ တစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင် မွတ်သိပ်ခြင်း နှိပ်စက် ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတၳုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။
သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။
ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။
အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊ တင့်တယ်ခြင်း ကင်းနေတဲ့ သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊နတ်စုတ်၊နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင်အတော်ကြောက်စရာ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။
လူဘုံ လူလောကမှာ ကြုံဆုံနေရ တဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများ ကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက်အဆပေါင်းမြောက်များစွာ သာလွန်နေ ပါတယ်။ပြီးတော့ အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသော ဘုံဌာနသို့ပြန်ရောက် ဖို့သာမလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ဝိပဿနာအားထုတ်လို့
သောတာပန ်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။သောတာပန် မတည်ရင်ရော အပါယ်လေးပါးက မလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါး လွတ်မြောက်ချင်ရင ်ဘယ်လိုကောင်းမှုတေ ွပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေ ပြုလုပ်ရင် အပါယ်လေးပါး လွတ်ကင်းမလဲ။စသည်ဖြင့်ပေါ့လေ မေးဖွယ်ရာရှိပါတယ်။အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း(တနည်း)အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ကုသိုလ်တွေရှိနေပါတယ်။အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့
(၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ပညာဦးစီးတဲ့ စိတ်ထားနဲ့ကြည့်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ် လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေး ရှိထားရင် သောတာပန် ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်းအပါယ်လေးပါးကလွတ်
မြောက် ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၃)။စာရေးတံ မဲချခြင်းကုသိုလ်၊ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာ ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများ ကို ပေးလှူတဲ့ ကုသိုလ်မျိုးပါ။ ကထိန်ရာသီ မှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတၳုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါ တယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာက ငါနဲ့သိတဲ့ ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေ တဲ့ကျောင်းအတွက်)ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်း သာသာ သုံးဆောင်မှီဝဲစေလို့တဲ့အတွက် သံဃာဂုဏ် ကိုရည်မှန်းပြီး လှူဒါန်းတဲ့ အလှူမျိုးကို ခေါ်မယ် ဆိုရင် ခေါ်လို့ ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့ မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှ ပြုရလွယ်ပြီး အကုန်ကျနည်းပေမယ့် ရလိုက်တဲ့ အကျိုးတရား ကတော့ အပါယ်လေးပါးက တောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူး များပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုနး်ရှင် ကံရှင်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန် ပုဂ္ဂိုလ်နဲ့ အဆင့်ချင်း တူပါတယ်။)
(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။ရှင်းအောင်ပြောမယ်ဆိုရင်မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လ ဆွမ်းတစ်ချိုင့်သော်လည်း၊ တစ်လ ဆွမ်းနှစ်ချိုင့်သော်လည်းကောင်း လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမး်လို့ခေါ်တာပါ။ အဲဒီလို တစ်လကိုနှစ်ကြိမ် သော်လည်းကောင်း၊ တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ဒီကုသိုလ်လေးက ငွေကုန် ကျေးကျလည်း နည်းပါတယ်။ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထ ိအကျိုးကျေးဇူးများပါတယ်။ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၅)။ဝေဿဝါသိက ကုသိုလ်ပါ။ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်း ဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးပါး သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါး ကတောင် လွတ်မြောက်ချင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္႑န်တူ တယ်လို့ ဆိုပါတယ်။သောတာပန်
ပုဂ္ဂိုလ်ကအပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။
(၆)။ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။ဆိုလိုတာက ကျောင်းတစ်ဆောင်သော်လည်းကောင်း၊ ဇရပ်တစ်စောင် သော် လည်းကောင်း လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ် ။ကျောင်းတစ်ဆောင် လုံးတပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ပြောချင်ပါတယ်။အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်းကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး အပါယ်လေးပါးက လွတ်မြောက်ခြင်း ဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။အဲလို ကျောင်းတစ်ဆောင်။ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားတူဖြစ်ပါတယ်။ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ပြောပြအသိပေးပါတယ်။
နောက်ဆုံး(၇)။က ဧကာပေါက္ခရဏီတဲ့ ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊လှူဒါန်းခြင်း၊ ရေတွင်းရေကန် အဟောင်းများကိုပြုပြင် လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိမလုပ်နိုင်သေးဘူးဘုရားဆိုရင်မိမိအိမ်ရှေ့မှာ သော်လည်းကောင်း လမ်းထောင့်တစ်နေရာရာမှာသော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည် ထားမယ်ဆိုရင်လည်းရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ရှင်၊လူများသောက်သုံးဖို့တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါး လွတ်မြောက်တဲ့အထိ တန်ဘိုးကြီး။အကျုးိများပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။
ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုသော်လည်းကောင်း ၊ နှစ်မျိုးကိုသော် လည်းကောင်း၊ (၇)မျိုးလုံးကိုသော်လည်း အမြဲတန်းဝတ်ထားပြီးပြုလုပ်မယ် ဆိုရင် မြတ်စွာ ဘုရား က သောတာပန်ပုဂ္ဂိုလ်နှင့် အလားတူပါတယ်၊သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက် သလို အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတန်း ဝတ်ထားပြီး ပြုလုပ်ရမယ် လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ရမယ်။
ငါးပါးသီလကိုလည်းအတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင်အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ။ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်း များကိုလည်း ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့ မိမိကိုယ်တိုင် လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေဝတ်ထားပြီး အားထုတ်ပါ လို့တိုက်တွန်းလိုက်ရပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
Fwd: ကမ ်ဘာသစ် မြန်မာ Fan Page