ဆီမီးပူဇော်ရကျိုး(၆)ပါး
----------------------------
၁။ဖြစ်လေရာဘဝတိုင်း၌ များစွာသောဆီမီးတို့ ကောင်းစွာတောက်ပခြင်း။
၂။နံရံတစ်ဖက်,ကျောက်တောင်တစ်ဖက်,
တောင်စသည်ကို ကျော်လွန်၍ အလိုရှိအပ်သော အရာဝတ္ထုကို မြင်နိုင်ခြင်း။
၃။မျက်စိအထူးစင်ကြယ်ခြင်း။
၎။အခြံအရံတို့ဖြင့် တောက်ပခြင်း
၅။သဒ္ဓါတရားရှိသူ ဖြစ်ခြင်း။
၆။ပညာဥာဏ်ကြီးသူ ဖြစ်ခြင်း။
(အပ-၂။၂၅၁) (အပ-မြန် ၂။၂၄၃)
ဆီမီးလှူ ရကျိုး(၁၁)ပါး
---------------------------
၁။တာဝတိံသာနတ်ပြည်၌ အမြင့်ယူဇနာခြောက်ဆယ် အကျယ်ယူဇနာသုံးဆယ်ရှိသော ဘုံဗိမာန်ကို ရရှိခြင်း။
၂။မရေမတွက်နိုင်သော ဆီမီးတိုင်များဝန်းရံလျှက် နတ်ဘုံရှိသလောက် ထွန်းလင်းတောက်ပခြင်း။
၃။မျက်ကွယ်ဖြစ်လျှက် အလိုရှိလျှင် အထက်,အောက် ဖီလာ အရပ်မျက်နှာအားလုံးတို့ကို မြင်နိုင်ခြင်း။
၎။သုဂတိဘဝ,ဒုဂ္ဂတိဘဝ လားရောက်မည့်ပုဂ္ဂိုလ်တို့ကို အပိတ်အပင်မရှိဘဲ ကြည့်ရှုနိုင်ခြင်း။
၅။ရှစ်ကျိပ်သောနတ်မင်းကြီးတို့နှင့် တစ်ရာသော စကြာမင်းတို့၏ မိဖုရားဖြစ်ရခြင်း။
၆။လူ့ဘဝ,နတ်ဘဝတို့၌ ဆီမီးတစ်သိန်းဝန်းရံလျှက် တောက်ပခြင်း။
၇။မွေးဖွားရာအိမ်၌ ဆီမီတစ်သိန်းတို့ တောက်ပခြင်း။
၈။မဏ္ဍပ်,သစ်ပင်ရင်း,ဆိတ်ငြိမ်ရာ ကျောင်းတို့၌ နေ့စဉ် ဆီမီးများ အမြဲတောက်ပခြင်း။
၉။ဒိဗ္ဗစက္ခု အဘိညာဉ်သည် အထူးစင်ကြယ်လျှက် ဈာန်အဘိညာဉ်တို့၌ အထွတ်အထိပ်သို့ ရောက်ခြင်း။
၁၀။ဗောဓိပင်အား ဆီမီးလှူခဲ့သည့်အခါမှစ၍ ကမ္ဘာတစ်သိန်းတိုင် ဒုဂ္ဂတိဘဝသို့ မလားခြင်း
၁၁။နောက်ဆုံးဘဝ၌ ခုနှစ်နှစ်အရွယ်တွင် ကိလေသာကုန်ခန်း ရဟန္တာဖြစ်ခြင်း။
အကိုး - (အပ-၂။၂၀၄) (အပ-မြန် ၂။၁၉၅)
Credit >>>
thotuzana blogspot.com
“ဘယ်လိုရည်ရွယ်ချက်နဲ့ ဆီမီးထွန်းမလဲ..????
•••••••••••••••••••••••••••••••••••••••••••••
သီတင်းကျွတ်လပြည့်ညဆို ဆီမီးတွေ
ထိန်ထိန်ညီးနေတော့မယ်။
ကောင်းကင်က လမင်းကြီးအရောင်နဲ့
လူ့ပြည်က လျှပ်စစ်မီးအရောင် ဆီမီးအရောင်တို့
အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် လင်းလက်ကြတော့မယ်။
ရည်ရွယ်တာက “မြတ်ဗုဒ္ဓဂုဏ်တော်”ကို
ရည်စူးပူဇော်ကြတာပါ။တစ်ချို့ကတော့
အပိုအလုပ်တွေပါကွာလို့ ရှုံ့ချကြသလို၊
အလကားဖြုန်းတီးနေတာပါလို့
ကဲ့ရဲ့သူတွေလဲ ရှိနေကြမှာပါ။
မြတ်ဗုဒ္ဓမရှိတော့ပေမယ့် ဂုဏ်တော်ကို
ရည်မျှော်ပြီး ၊ပူဇော်ကြတာအမှတ်ရကြတာဟာ..
ကွယ်လွန်သွားတဲ့သူရဲ့ အုပ်ဂူဘေးမှာ
လွမ်းသူ့ပန်းခွေပေးတာနဲ့ မနှိုင်းယှဉ်ချင်ပါဘူး။
ကျဆုံးသွားတဲ့ ဗိုလ်ချုပ်တွေရဲ့ အုပ်ဂူဘေးမှာ ရပ်ပြီး
အလေးသွားပြုနေသူတွေနဲ့လဲ ဥပမာမပေးချင်ပါဘူး၊
အတုမရှိ အတူမရှိတဲ့ မြတ်ဗုဒ္ဓကို
ရည်စူးနေတာမို့ ဘာနဲ့မှ မူတူပါဘူး။
အတူမရှိဘူးလို့ပဲ ပြောချင်ပါတယ်။
တစ်ချို့ကပြောကြတယ်..
ဘုရားကို ရည်စူးရင် ရုပ်ပွားစေတီတွေမှာ
ပူဇော်ပါလား၊အိမ်မှာတွေ ၊ကျောင်းမှာတွေ ၊
သစ်ပင်မှာတွေ ဆီမီးတိုင်တွေ ထွန်းညှိတာက
အပိုမဟုတ်ဘူးလား..တဲ့။
ဒီလိုတွေးမိသူတွေအတွက် ဆရာသမားရဲ့
လမ်းညွှန်တဲ့ မီးထွန်းနည်းလေး
ပြောလိုက်ချင်ပါတယ်။
“မင်းတို့ အခု သီတင်းကျွတ်လပြည့်နေ့မှာ
ကျောင်းတို့ ၊အိမ်တို့မှာ ၊မီးထွန်းတာ
အပျော်ထွန်းတာ မဖြစ်စေနဲ့။ကြည်နူးမှုနဲ့အတူ
အဓိပ္ပာယ်ရှိရှိ လုပ်ကြပါ၊ ရည်ရွယ်ချက်
ကောင်းကောင်းနဲ့ ဆီမီးထွန်းကြပါ..။”
ဥပမာ- ကျောင်းမှာ ဆီမီးထွန်းတယ်ဆိုပါစို့
စိတ်ထဲကြည်နူးစရာ ပျော်စရာလေးပေါ့..
ဒါပေမယ့် ဒီလိုလေး ရည်ရွယ်ချက်ထားပါ၊
ဒီလိုလေး စိတ်ထဲက ရည်မှန်းထားပါ..။
●ဒီကျောင်းမှာ ရှိတဲ့ ကျောင်းစောင့်နတ်တွေ..
အခုဆီမီးတိုင်များဖြင့် ဘုရားရှင်အား
လှူဒါန်းပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏။
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့်
မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်၍
ကုသိုလ်ယူကြပါကုန်လော့.။
●အိမ်မှာထွန်းရင်လဲ အိမ်စောင့်နတ်တွေ
အခုကျွန်ုပ်ထွန်းထားသောဆီမီးတိုင်များဖြင့်
ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန် သင်တို့အား
စွန့်လှူပါ၏
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့်
မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်၍
ကုသိုလ်ယူကြပါကုန်လော့။
●သစ်ပင်မှာထွန်းမယ်ဆိုရင် …
ထွန်းငြိမယ်ဆိုရင်လည်း ဤသစ်ပင်၌
စိုးအုပ်နေသော ရုက္ခစိုးနတ်သည်
အခု ကျွန်ုပ်ထွန်းထားသော ဆီမီးတိုင်များဖြင့်
ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန်
သင်တို့အား စွန့်လှူပါ၏
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့်
မြတ်စွာဘုရားရှင်အား ရည်စူးပူဇော်၍
ကုသိုလ်ယူကြပါကုန်လော့။
ဒီလိုလေး စိတ်ကနေဖြစ်စေ ၊
နှုတ်ကနေဖြစ်စေ ၊ညွှတ်ပေး ပြောပေးရင်
ကိုယ်လုပ်တဲ့အလုပ် ကိုယ်ထွန်းလိုက်တဲ့
ဆီမီးလေးတွေ ဘယ်လောက် အဓိပ္ပာယ်ရှိသွားသလဲ။
ဘယ်လောက်ကြည်နူးစရာကောင်းသလဲ
အဓိပ္ပာယ်မဲ့ အပျော်သက်သက်မဟုတ်တော့ဘူး..။”
ဒါကတော့ ကျွန်ုပ်တို့ငယ်စဉ်
သီတင်းကျွတ်လပြည့်နေ့မှာ ပေးခဲ့တဲ့
ဆရာသမားရဲ့ သြ၀ါဒပါ။
ဒီသြ၀ါဒလေးအတိုင်း ကျွန်ုပ်ရော ၊
သီတင်းသုံးဖော်များပါ ကျောင်းဆောင်မှာတွေရော၊
ကျောင်းဝင်ရှိ သစ်ပင်မှာတွေပါ ၊ဆီမီးလေးတွေ
ထွန်းညှိပူဇော်ရင်း ကြည်နူးခဲ့တာလေးကို
ပြန်လည်တမ်းတ လွမ်းဆွတ်သတိရရင်
ဆရာသြ၀ါဒလေးကို ပြန်လည်တင်ပြလိုက်ပါတယ်..။
ဒါကတော့ ဆရာသမားရဲ့ သြ၀ါဒလေးပါ..။
မိမိရဲ့ နှလုံးသွင်းအားလျော်စွာ အဓိပ္ပာယ်ရှိအောင်
ဆီမီးထွန်းညှိပူဇော်လို့လဲ ရပါတယ်၊
အဓိကကတော့ အဓိပ္ပာယ်ရှိရှိနဲ့
ကြည်နူးမှုလေး ဖြစ်နေဖို့ပဲ မဟုတ်ပါလား....။
မိမိနှလုံးသွင်းက ကုသိုလ်ကိုလည်း ဖြစ်စေနိုင်တယ်။
အကုသိုလ်ကိုလည်းဖြစ်စေနိုင်တယ်။
ကောင်းတဲ့နှလုံးသွင်းမိရင် ကုသိုလ်ဖြစ်သွားပြီး၊
နှလုံးသွင်းမှု မှားသွားရင် မကောင်းတဲ့
နှလုံးသွင်းမိရင်တော့ အကုသိုလ်ဖြစ်မှာပါ။
သီတင်းကျွတ်လပြည့်နေ့မှာ အားလုံး
အဓိပ္ပာယ်ရှိသော ဆီမီးပူဇော်မှုဖြင့် ပူဇော်နိုင်ကြပါစေ။။
Post>>>@Credit
Oct 17, 2018
ဆီမဖိပူဇော်လှူဒါန်းရခြင်းအကျိုး
Oct 7, 2018
======================
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)
ကဏ္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)
၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဎေုာ (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပေါ (သပ်ပေါ)
ဒဿန (ဒတ်သန)
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)
√√√မှတ်ချက်/√√√
============
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။
ကိဋ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎို (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)
ဧတ္ထ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)
အာနေဉ္ဇ (အာနင်ဇ)
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
န+ဟ=နှ (နှာန-နဟာန)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)
ပါဠိ စာလုံးဆင့်ဖတ်နည်းလင်္ကာ
***********************
ဥပမာ ၁. သမန္တာ = သမန်တာ
သဒၶမၼံ = သဒ္ဓမ္မံ
ဥပမာ ၂. မေတ္တာ = မစ်တာ
ခေတ္တာရာ = ခစ်တာရာ
ဥပမာ ၄. သောတ္ထနာ = သောတ်ထာနံ ( သွတ်ထာနံ )
ဥပမာ ၅. အမှ = အမ်မှ
တုမှ = တုမ်မှ
သကျ = သက်ကျ
ဝါကျ = ဝက်ကျ
စကြာ = စက်ကြာ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ
{ပါဠိစာဖတ်နည်း
Pali Reading Method
ဒေါ်ခင်လှတင်
Daw Khin Hla Tin}
[Unicode]
ပါဠိဘာသာ(စာလုံးဆင့်) ရွတ်ဖတ်နည်း
============================
.
ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်.။
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။
၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)
၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)
၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)
၄။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များ သည် (အန်) ဟု အသံထွက်၏။
ကဏ္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)
၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်််များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဍော (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပော (သပ်ပေါ)
ဒဿန (ဒတ်သန)
၆။ ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)
√√√မှတ်ချက်/√√√
ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သေ၀ထိုး ရေးချ၊ ဧ သရသည် သေ၀ထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။
၇။ ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)
၈။ ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎို (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)
၉။ ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)
၁ဝ။ ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတၴ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)
၁၁။ သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)
၁၂။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟုဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)
၁၃။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟုဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတၴက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတၴိ (သွတ်ထိ)
၁၄။ ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)
၁၅။ ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)
၁၆။ ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)
၁၇။ ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)
၁၈။ ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)
ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။
၁၉။ ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)
၂ဝ။ ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)
မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ
ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။
ပါဠိဘာသာ (စာလုံးဆင့်)ဖတ်နည်းလင်္ကာ
====================
၁။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန်။
၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊ ဖတ်ရိုး စသတ်သံ။
၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊ ဖတ်ရိုး ငသတ်သံ။
၄။ သဝေရေးချ ၊ သတ်မြင်က ၊ မှတ်ကြ ဝ ဆွဲသံ ။
၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊နှစ်ဝတာဝန် ၊ကျေပွန်စေရန် ၊ အသံ အသတ် ယူမြဲ မှတ် ။
ဥပမာ ၁. သမန္တာ = သမန်တာ
စက္ကဝါဠေသု = စက်ကဝါ ဠေသု
သဒ္ဓမ္မံ = သဒ်ဓမ်မံ
ဥပမာ ၂. မေတ္တာ = မစ်တာ
ခေတ္တာရာ = ခစ်တာရာ
သေတ္တာ = သေတ်တာ ( သစ်တာ ဟုဖတ်)
ဥပမာ ၃. ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ) ဟုဖတ်
သမေန္တု = သမေန်တု ( သမင်တု )
ဥပမာ ၄. သောတၳနာ = သောတ်ထာနံ ( သွတ်ထာနံ )
ဟောန္တု = ဟောန်တု ( ဟွန်တု )
ဥပမာ ၅. အမှ = အမ်မှ
တုမှ = တုမ်မှ
သကျ = သက်ကျ
ဝါကျ = ဝက်ကျ
စကြာ = စက်ကြာ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ
Credit>>op facebook စာမ်ာက္နွာမွ
@thotuzana
Oct 6, 2018
"မိဘကိုလုပ်ကျွေးသူ ကျေးမင်း"
"မိဘကိုလုပ်ကျွေးသူ ကျေးမင်း"
=================
ရာဇဂြိုဟ်ပြည်ဝယ် မာဂဓမင်း မင်းပြုချိန်အခါ ဘုရားလောင်းကျေးမင်းသည် ကျေးအပေါင်း ခြံရံလျက် ကေသီယဂေါတ္တ အမည်ရသော ပုဏ္ဏားတစ်ဦး၏ လယ်မြေအနီး တောင်ပေါ်နေရာ လက်ပံတောကြီးထဲတွင် မိဘနှစ်ပါးကို အဓိပတိထား၍ လုပ်ကိုင်ကျွေးမွေးပြီး နေထိုင်ပါတယ်။
တစ်နေ့ ကျေးမင်းနှင့် သူ့ပရိသတ်အပေါင်းသည် ပုဏ္ဏား၏လယ်မှ မှည့်ဝင်းနေသော သလေးစပါးကို သွားရောက်စားသောက်ကြပြီး၍, အပြန်ခရီးမှာ ကျေးမင်းဟာ ထသလေးနှံ့တို့ကို ကိုက်ချီပြီးယူလာခဲ့ပါတယ်။
နောက်ရက်များမှာလည်း ကျေးမင်းဟာ ကျေးပရိသတ်များနဲ့ စားသောက်ပြီး အပြန်ခရီးမှာ ရှေ့ကအပြုအမူအတိုင်း ပြုမူပြီး ပြန်သန်းသွားတာကို လယ်စောင့် စာရင်းငှားမြင်ပြီး ထိုအကြောင်းအရာကို လယ်ပိုင်ပုဏ္ဏားကြီးအား ပြောကြားရာ.. ပုဏ္ဏားကြီးက ကျေးသားအားလုံးထဲမှ သလေးနှံကို ကိုက်ချီယူသွားလေ့ရှိတဲ့ ကျေးမင်းကိုပဲ မြင်းမြီးကျော့ကွင်းနဲ့ ထောင်ဖမ်းရန် အမိန့်ပေးလိုက်ပါတယ်။
စာရင်းငှားလည်း ပုဏ္ဏားကြီးစေခိုင်းတဲ့အတိုင်း ထောင်ဖမ်းရာ ကျေးမင်းကိုမိပြီး ပုဏ္ဏားကြီးထံယူလာခဲ့လေ၏။ ပုဏ္ဏားသည် ကျေးမင်းကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့ ချစ်ခင်စိတ် ဖြစ်ပေါ်လာပါတယ်။ ပုဏ္ဏားက ကျေးမင်းကို “ အသင် ကျေးမင်း၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊ ဘာကြောင့် ကိုက်ချီ ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊ ဒါမှမဟုတ် သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေးလေ၏။
ထိုအခါ ကျေးမင်းက "မိမိသည် ကြွေးမြီဟောင်းများကို ပေးဆပ်၍, ကြွေးမြီသစ်များကို ပေးနေသူဖြစ်ကြောင်း၊ ထိုမျှသာမက လက်ပံတော၌ ရွှေအိုးများလည်း မြှုပ်နှံထားပါကြောင်း ပြောပြရာ…ပုဏ္ဏားကြီးက ယင်းစကားများ၏ အဓိပ္ပာယ်ကို ရှင်းပြပေးပါရန် တောင်းဆိုသည့်အခါ...
ကျေးမင်းက.."ပုဏ္ဏား၊ သားသမီးငယ်များအား ရှာဖွေကျွေးမွေးခြင်းမှာ ကြွေးမြီသစ်ချပေးခြင်း ဖြစ်၏။ ကြွေးမြီဟောင်းများ ပေးဆပ်ခြင်းမှာ အရွယ်လွန်ပြီးသော မိဘနှစ်ပါး အဘိုးအဖွားများအား ရှာဖွေကျွေးမွေးခြင်းဖြစ်ပြီး၊ ကုသိုလ်ပွားလို၍ အခြားသော ကျေးသားအိုကြီးများအား ရှာဖွေကျွေးမွေးနေခြင်းကို ရွေအိုးမြှုပ်နှံသည်ဟု ဆိုခြင်းဖြစ်သည်" ဟူ၍ ရှင်းပြလေရာ ပုဏ္ဏားကြီးသည် အလွန်နှစ်ထောင်း ဝမ်းမြောက်အားရစွာဖြင့် ကျေးမင်းအား အနှောင်အဖွဲ့မှ ဖြေလွှတ်ပေးပြီး မိမိ၏ လယ်ခွင်၌ အလိုရှိတိုင်း လာရောက်စားသောက်ပါရန် ဖိတ်ခေါ်လှူဒါန်းလေသည်။
သို့ရာတွင် ကျေးမင်းက ရှစ်ပယ်သော လယ်မြေကိုသာ လက်ခံ၍ မိဘများထံ ပြန်လာပြီး အသက်ထက်ဆုံး ပြုစုလုပ်ကျွေး နေထိုင်သွားလေသည်။
ဤဝတ္ထု၌ ကျေးမင်းသည် မိဘများတွင်သာမက အဘိုးအဖွား သားသမီး သက်ရွယ်ကြီးရင့်ကြပြီဖြစ်သော အခြားသော သက်ကြီးရွယ်အိုများကိုပါ လုပ်ကိုင်ကျွေးမွေး ပြုစုသွားသည်ကိုထောက်၍, အားလုံးသော သူတော်ကောင်းတို့သည်လည်း ဘုရားလောင်းကျေးမင်း ဥပမာအတိုင်း စံနမူနာယူ၍ မိမိတို့၏ မိဘ, ဘိုးဘွား သားသမီး ဇနီး မယား သက်ကြီးရွယ်အိုသူတို့အား ပြုစုလုပ်ကျွေးနိုင်ကြသူများ ဖြစ်ကြပါစေ။
(၅၅၀-သာလိကေဒါရဇာတ်)