ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ
ဝါဆိုခြင်း၊ ဝါကပ်ခြင်း
ဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ နေရခြင်း။
ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် သွားလာနေခဲ့ကြသည်။ မိုးကာလလူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် နင်းကြသဖြင့်စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့က ရဟန်းများကို ကဲ့ရဲ့ကြသည်။
မြက်သစ်ပင်၊ ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် ဘုရားသားတော် ရဟန်းများသည် အပင်ငယ်များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတၴိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံး ငှက် တိရစၧာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ အပင်ငယ်များ၊ သတ္တဝါငယ် လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။
ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် ဥပဒေကို ပညတ်ခဲ့ရသည်။
ဝါကပ်ခြင်းနှစ်မျိုးရှိသည်
(၁) ပုရိမဝဿာဝါသ - ပထမဝါကပ်ခြင်း၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။
(၂) ပစ္ဆိမဿာဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်သည်။
ဝါဆိုသင်္ကန်းကပ်လှူခြင်း
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် တို့၌ဝါဆိုသင်္ကန်းကို ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက်် သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှုမရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး
'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္တဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္တဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။
ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးည့ံရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။
ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ညာဏ် ဖိုလ်ညာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်း လှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။
ဝါဆိုသင်္ကန်း အမေး၊ အဖြေ ကဏ္႑
မေး။ ။ ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။
ဖြေ။ ။ ပုရိမဝါ ကပ်ခြင်း၊ပစၧိမဝါ ကပ်ခြင်းလို့ ဝါကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ(ရှေ့မှာဖြစ်တဲ့ဝါကပ်တာ)ပါပဲ။ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပစိၧဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅)
မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့်ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)
မေး။ ။ ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။
ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြုဘဲ'ဝါဆိုလ'လို့ ထပ်ပြီး့ပြုတာကို'ဝါထပ်တယ်'လို့ခေါ်စမှတ် ပြုကြတာပါပဲ။ အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )
မေး။ ။ ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။
ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာသီတင်းသုံးတော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။ရဟန်းတွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။ 'ဒီဘုရားသားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။ စိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာယိနြေ္ဒတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။ ဒီသာသနာပ တိတိၴတွေဟာ မိုးခိုကြသေးတယ်။ ဒီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။'လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြားရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိုဖို့ (ဝါဆိုဖို့) ခွင့်ပြုတော်မူခဲ့ပါတယ်။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)
ဇောတိက
ရဟန်းသံဃာတော်များ ဝတ်ရုံသောသင်္ကန်းသည် သစ် ခေါက်ဆိုးဆေးဆိုးထားသော ပိတ်စသာလျှင်ဖြစ်သည်။ လူတို့ဝတ်သော အဝတ်နှင့် ပိတ်စချင်းတူပါလျက် သင်္ကန်း ကို အဘယ့်ကြောင့် ကော်ရော်မြတ်နိုး ရှိခိုးအမှူးပြုကြပါ သနည်း။ ဤအကြောင်းကို မြတ်စွာဘုရားရှင်အား ရှင် ဥပါလိမထေရ်ကြီးက လျှောက်ထားမေးမြန်းတော်မူ၏။
မြတ်စွာဘုရားရှင်သည် ရှင်ဥပါလိမထေရ်၏အမေး ကို ''ချစ်သားဥပါလိ၊ ရှေးက လွန်လေပြီးသောဘုရားတို့ သည်လည်းကောင်း၊ ယခုပွင့်ဆဲ ပွင့်လတ္တံ့သောဘုရားတို့ သည်လည်းကောင်၊ ဤဖန်ရည်ဆိုးသောသင်္ကန်းဖြင့်သာ ကိလေသာအညစ်အကြေးတို့ကို ပယ်သတ်ကြကုန်သည်။ ပိတ်စချင်းတူငြားလည်း ဖန်ရည်စွန်းသောသင်္ကန်းသည် ကိ လေသာတို့ကို သန့်စင်ရာ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက် ပြုရာအတွက် တံခွန်သဖွယ်ဖြစ်သဖြင့် ရှိခိုးဦးခိုက်ထိုက် ပေသည်''ဟု မိန့်တော်မူလေ၏။
မှီငြမ်း - သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ပြန့်ပွား ရေးဦးစီးဌာန၊ (ဗုဒ္ဓဘာသာကောင်းတစ်ယောက်)
သင်း, ကိုယ်, ဒု, အိပ်၊
မျက်, ပရိက်, နိသိဒ်, မိုးအမာလို့ဝိနယသံခိပ်ကျမ်းမှာ လယ်တီဆရာတော် မိန့်တော်မူတဲ့အတိုင်း
(၁)။သင်းပိုင်၊
(၂)။ကိုယ်ဝတ်၊
(၃)။ဒုကုဋ်၊ နှစ်ထပ်သင်္ကန်းကြီး
(၄)။အိပ်ရာလွှမ်း၊
(၅)။မျက်နှာသုတ်ပဝါ၊
(၆)။ပရိက္ခာရာ စောဠပုဆိုး၊
(၇)။နိသီဒိုင်အခင်း၊
(၈)။မိုးရေခံသင်္ကန်း၊
(၉)။အမာလွှမ်း အနာလွှမ်း
သင်္ကန်းအားဖြင့် “၉-ပါး ရှိ၏
ကိုးပါးသော သင်္ကန်းမှတစ်ပါး
ဝါဆိုသင်္ကန်း”ရယ်လို့ သီးခြား မရှိ
ဝါဆိုသင်္ကန်းကို(ဝဿာဝါသိက) လို့ ခေါ်၏၊
ဗုဒ္ဓသမီးတော်အမရာ
ဝါဆိုသကၤန္း ကပ္လွဴျခင္းအေၾကာင္း သိေကာင္းစရာ
ဝါဆိုျခင္း၊ ဝါကပ္ျခင္း
ဝႆာဝါသ - ဝါဆိုျခင္း၊ ဝါကပ္ျခင္း၊ မိုးသုံးလအတြင္း ဝါဆိုသည့္ ေက်ာင္းတိုက္ အာရာမ္တြင္းမွာ ေနရျခင္း။
ဝါဆိုမႈသည္ ျမတ္စြာဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္ကပင္ ရွိခဲ့သည္။ ဝါဆို၊ ဝါကပ္ ဥပေဒ မပညတ္မီက ရဟန္းမ်ားသည္ ဥတုသုံးလီ ေနပူ၊မိုးရြာမေရွာင္လွည့္လည္ သြားလာေနခဲ့ၾကသည္။ မိုးကာလလူတို႔စိုက္ပ်ဳိးထားေသာ စိုက္ပ်ဳိးပင္မ်ားကိုရဟန္းတို႔ ေက်ာ္ျဖတ္ နင္းၾကသျဖင့္စိုက္ပ်ဳိးပင္မ်ား ပ်က္ဆီးေသာေၾကာင့္ လူတို႔က ရဟန္းမ်ားကို ကဲ့ရဲ႕ၾကသည္။
ျမက္သစ္ပင္၊ ေရေပါက္ငယ္မ်ား ကိုပင္ အသက္ရွိသည္ဟု ယူဆသူမ်ားလည္း ရွိေနသည္။ အဘယ့္ေၾကာင့္ ဘုရားသားေတာ္ ရဟန္းမ်ားသည္ အပင္ငယ္မ်ားႏွင့္ ပုိးမႊား မ်ားကို နင္းေျခဖ်က္ဆီးလွ်က္ တစ္ ႏွစ္ပတ္လုံး ခရီးသြားေနၾကပါသနည္း။ သာသနာျပင္ပ တိတၴိတို႔ေသာ္မွ မိုးဥတုတြင္ ခရီးမထြက္ပဲ ေၾကာင့္ၾကမဲ့ ေနႏိုင္ၾကသည္။ ယုတ္စြအဆုံး ငွက္ တိရစၧာန္တို႔ေသာ္မွ မိုးကာလတြင္ အသုိက္၌ေနၾကသည္။ အပင္ငယ္မ်ား၊ သတၱဝါငယ္ ေလးမ်ား ပ်က္ဆီး ေသေၾကၾကရသည္ဟု ကဲ့ရဲ႕ ျပစ္တင္ ႐ႈံ႕ခ်ၾကသည္။
ထုိ႔ေၾကာင့္ ဘုရားရွင္က ရဟန္းေတာ္မ်ား မိုးသုံးလကာလပတ္လုံး ခရီးမထြက္ရေသာ ဝါဆို ဝါကပ္ ဥပေဒကို ပညတ္ခဲ့ရသည္။
ဝါကပ္ျခင္းႏွစ္မ်ဳိးရွိသည္
(၁) ပုရိမဝႆာဝါသ - ပထမဝါကပ္ျခင္း၊ ဝါဆိုလျပည့္ေက်ာ္ တစ္ရက္ေန႔၌ ဝါကပ္၍ သီတင္းကြၽတ္ လျပည့္ေန႔တြင္ ဝါကြၽတ္သည္။
(၂) ပစိၧမဝႆာဝါသ - ဒုတိယဝါကပ္ျခင္း၊ ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႔၌ ဝါကပ္၍ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ဝါကြၽတ္သည္။
ဝါဆိုသကၤန္းကပ္လွဴျခင္း
ရဟန္းမ်ားကို ဘုရားရွင္က ဝါဆိုဝါကပ္ ခြင့္ျပဳေတာ္မူၿပီးေနာက္ ႏွစ္အတန္ၾကာတြင္ ဘုရားရွင္ကလူတို႔လွဴဒါန္း ေသာ သကၤန္းကို ခြင့္ျပဳခဲ့ရာ ဝါဆိုသကၤန္း လွဴဒါန္းလိုေသာ သူတို႔သည္ ဝါဆိုဝါကပ္ၾကေသာ ရဟန္းမ်ားကို ဝါဆိုခ်ိန္ ဝါတြင္းအခ်ိန္ ဝါကြၽတ္ခါနီးအခ်ိန္ တို႔၌ဝါဆိုသကၤန္းကို ကပ္လွဴၾကပါသည္။ ဝါဆိုသကၤန္းမ်ားကိုေစတနာ သံုးတန္ ျပ႒ာန္းၿပီး ဤေက်ာင္းတိုက္မွာ ဝါကပ္ေတာ္မူၾကေသာ သံဃာေတာ္အရွင္ျမတ္မ်ား ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာစြာျဖင့္ ပရိယတၱိအက်င့္၊ ပဋိပတၱိအက်င့္ေတြကို က်င့္ႀကံႀကိဳးကုတ္ အားထုတ္ႏိုင္ရန္အတြက္္ သကၤန္းကိစၥႏွင့္ပတ္သက္၍ ပူပင္ေၾကာင့္က်မႈမရွိေစရန္ ဝါဆိုသကၤန္း အျဖစ္ျဖင့္ လွဴဒါန္းႏိုင္ၾကပါသည္။
ဝါဆိုသကၤန္းလွဴဒါန္းရျခင္းအက်ိဳး
'' အရဟတၱဓဇ'' ေခၚ ရဟႏာၱတို႔၏ အလံတံခြန္သဖြယ္ျဖစ္ေသာ ဤဝါဆိုသကၤန္းကို လွဴဒါန္းရသျဖင့္ . . .
'' ဝတၴေဒါ ေဟာတိ ဝဏၰေဒါ ''
'' ဝတၴဒါေနန ဝဏၰသမၸတၱိ ပဋိလာေဘာ '' ဟူေသာ ေဒသနာေတာ္မ်ားအရ သကၤန္း၏ အဓိကအက်ိဳးျဖစ္ေသာ ' အဆင္းလွျခင္း ' ဟူေသာ အက်ိဳးကို ဧကန္ရမည္ျဖစ္ေပသည္။
ထို႔ျပင္ ဘဝသံသရာ က်င္လည္ရစဥ္ဝယ္ -
'' ေရႊသို႔အဆင္း၊ ျမဴေၾကးကင္၍
ေရာင္ဝင္းထိန္ပ၊ ႏူးည့ံရ၏၊
မကသိန္းဖိုး၊ ပုဆိုးရေလ၊
ညိဳေရႊျဖဴနီ၊ ဤရွစ္လီသည္၊
က်မ္းညီသကၤန္း လွဴက်ိဳးတည္း။ ''
ဟူေသာ အပဒါန္လာ သကၤန္းအက်ိဳး (၈)မ်ိဳးကိုလည္း ရဦးမည္ျဖစ္၏။
ထုိမွတပါး '' ဣဒံ ေမ ပုညံ အာသဝကၡယံ ဝဟံ ေဟာတု-တပည့္ေတာ္၏ ဤဝါဆိုသကၤန္းအလွဴသည္ အာသေဝါ တရားေလးပါး ကုန္ရာကုန္ေၾကာင္းျဖစ္ေသာ မဂ္ၫာဏ္ ဖိုလ္ၫာဏ္ ျမတ္နိဗၺာန္ကို ဧကန္ေရာက္ေအာင္ ရြတ္ေဆာင္ႏိုင္ ပါေစ '' ဟု ဆုေတာင္း လွဴဒါန္းခဲ့ေသာ္ ဒုကၡခပ္သိမ္း ၿငိမ္းရာျဖစ္ေသာ နိဗၺာန္ခ်မ္းသာ ဟူေသာ အက်ိဳးအျမတ္ကို မလြဲမေသရေပမည္။
ဝါဆိုသကၤန္း အေမး၊ အေျဖ က႑
ေမး။ ။ ဝါကပ္တာ(ဝါဆိုတာ)ကဘယ္ႏွမ်ိဳး ရွိပါသလဲ။
ေျဖ။ ။ ပုရိမဝါ ကပ္ျခင္း၊ပစၧိမဝါ ကပ္ျခင္းလို႔ ဝါကပ္ျခင္း ၂ မ်ိဳး ရွိပါတယ္။ ဝါဆိုလျပည့္ေက်ာ္တစ္ရက္ေန႔မွာ ဝါကပ္တာဟာ ပုရိမဝါကပ္တာ(ေရွ႕မွာျဖစ္တဲ့ဝါကပ္တာ)ပါပဲ။ ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႔မွာ ဝါကပ္တာဟာ ပစိၧဝါကပ္တာ (ေနာက္ျဖစ္တဲ့ ဝါကပ္တာ)ပါပဲ။
(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၅)
ေမး။ ။ ဘယ္လို ရွင္၊ရဟန္းကပစိၧမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။
ေျဖ။ ။ ပုရိမဝါ က်ိဳးပ်က္တဲ့ ရဟန္းနဲ႔ အေၾကာင္းတစ္ခုခုေၾကာင့္ပုရိမဝါ မကပ္ခဲ့တဲ့ ရဟန္းဟာ ပစိၧမဝါ(ဒုတိယဝါ)ကို ကပ္ႏိုင္ပါတယ္။
(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၈)
ေမး။ ။ ဝါထပ္တယ္ဆိုတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ။
ေျဖ။ ။ ဝါေခါင္လကို ဝါေခါင္လလို႔မျပဳဘဲ'ဝါဆိုလ'လို႔ ထပ္ၿပီး့ျပဳတာကို'ဝါထပ္တယ္'လို႔ေခၚစမွတ္ ျပဳၾကတာပါပဲ။ အဲဒီလို ဝါဆိုလ ႏွစ္ထပ္ျဖစ္ရတာမွာလည္းရက္ မစံုလေတြကို ျပန္ၿပီးအစားေပးေသာအားျဖင့္ ေကာင္းကင္ကေန သြား ၊ လ သြားနဲ႔ ကိုက္ညီေစလိုလို႔ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )
ေမး။ ။ ဘုရားရွင္က ဘာ့ေၾကာင့္ ဝါဆိုဖို႔ ခြင့္ျပဳေတာ္မူခဲ့တာပါလဲ။
ေျဖ။ ။ ဘုရားရွင္က ရာဇၿဂိဳဟ္ၿမိဳ႕ ေဝဠဳဝန္ေက်ာင္းမွာသီတင္းသံုးေတာ္မူပါတယ္။ အဲဒီအခ်ိန္မွာ ဘုရားရွင္က ရဟန္းေတြအား ဝါဆိုဖို႔ ခြင့္မျပဳရေသးပါ။ရဟန္းေတြက ေဆာင္း၊ ေႏြ၊ မိုး ဥတုသံုးပါးလံုး ခရီးလွည့္လည္ၾကပါတယ္။ လူေတြက ဒီလို ကဲ့ရဲ႕ ႐ႈတ္ခ် အျပစ္တင္ၾကပါတယ္။ 'ဒီဘုရားသားေတာ္ရဟန္းေတာ္ေတြက ေဆာင္း၊ ေႏြ၊ မိုး ဥတုသံုးပါးလံုး ဘာလို႔ ခရီး လွည့္လည္ၾကတာလဲ။ စိမ္းစိုတဲ့ ျမက္ေတြကို နင္းေခ်ကာ ကာယိေႁႏၵတစ္ခု ရွိတဲ့သတၱဝါကို ၫႇဥ္းဆဲၾကတယ္။ သတၱဝါ ငယ္ေလးမ်ားစြာကို ၫႇင္းဆဲႏွိပ္စက္ၾကတယ္။ ဒီသာသနာပ တိတိၴေတြဟာ မိုးခိုၾကေသးတယ္။ ဒီငွက္ေတြဟာ သစ္ပင္ဖ်ားေတြမွာ အသိုက္ေတြျပဳလုပ္ၿပီး မိုးခိုၾကေသးတယ္။'လူေတြရဲ႕ အဲဒီကဲ့ရဲ႕သံကို ရဟန္းေတြၾကားရလို႔ ဘုရားရွင္အား ေလွ်ာက္ထားၾကတဲ့အခါ ရဟန္းေတြမိုးအခါမွာ မိုးခိုဖို႔ (ဝါဆိုဖို႔) ခြင့္ျပဳေတာ္မူခဲ့ပါတယ္။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)
ေဇာတိက
ရဟန္းသံဃာေတာ္မ်ား ဝတ္႐ုံေသာသကၤန္းသည္ သစ္ ေခါက္ဆိုးေဆးဆိုးထားေသာ ပိတ္စသာလွ်င္ျဖစ္သည္။ လူတို႔ဝတ္ေသာ အဝတ္ႏွင့္ ပိတ္စခ်င္းတူပါလ်က္ သကၤန္း ကို အဘယ့္ေၾကာင့္ ေကာ္ေရာ္ျမတ္ႏိုး ရွိခိုးအမွဴးျပဳၾကပါ သနည္း။ ဤအေၾကာင္းကို ျမတ္စြာဘုရားရွင္အား ရွင္ ဥပါလိမေထရ္ႀကီးက ေလွ်ာက္ထားေမးျမန္းေတာ္မူ၏။
ျမတ္စြာဘုရားရွင္သည္ ရွင္ဥပါလိမေထရ္၏အေမး ကို ''ခ်စ္သားဥပါလိ၊ ေရွးက လြန္ေလၿပီးေသာဘုရားတို႔ သည္လည္းေကာင္း၊ ယခုပြင့္ဆဲ ပြင့္လတၱံ႕ေသာဘုရားတို႔ သည္လည္းေကာင္၊ ဤဖန္ရည္ဆိုးေသာသကၤန္းျဖင့္သာ ကိေလသာအညစ္အေၾကးတို႔ကို ပယ္သတ္ၾကကုန္သည္။ ပိတ္စခ်င္းတူျငားလည္း ဖန္ရည္စြန္းေသာသကၤန္းသည္ ကိ ေလသာတို႔ကို သန္႔စင္ရာ၊ မဂ္ဖိုလ္နိဗၺာန္သို႔ မ်က္ေမွာက္ ျပဳရာအတြက္ တံခြန္သဖြယ္ျဖစ္သျဖင့္ ရွိခိုးဦးခိုက္ထိုက္ ေပသည္''ဟု မိန္႔ေတာ္မူေလ၏။
မွီျငမ္း - သာသနာေရးဝန္ႀကီးဌာန၊ သာသနာေတာ္ ျပန္႔ပြား ေရးဦးစီးဌာန၊ (ဗုဒၶဘာသာေကာင္းတစ္ေယာက္)
သင္း, ကိုယ္, ဒု, အိပ္၊
မ်က္, ပရိက္, နိသိဒ္, မိုးအမာလို႔ဝိနယသံခိပ္က်မ္းမွာ လယ္တီဆရာေတာ္ မိန္႔ေတာ္မူတဲ့အတိုင္း
(၁)။သင္းပိုင္၊
(၂)။ကိုယ္ဝတ္၊
(၃)။ဒုကုဋ္၊ ႏွစ္ထပ္သကၤန္းႀကီး
(၄)။အိပ္ရာလႊမ္း၊
(၅)။မ်က္ႏွာသုတ္ပဝါ၊
(၆)။ပရိကၡာရာ ေစာဠပုဆိုး၊
(၇)။နိသီဒိုင္အခင္း၊
(၈)။မိုးေရခံသကၤန္း၊
(၉)။အမာလႊမ္း အနာလႊမ္း
သကၤန္းအားျဖင့္ “၉-ပါး ရိွ၏
ကိုးပါးေသာ သကၤန္းမွတစ္ပါး
ဝါဆိုသကၤန္း”ရယ္လို႔ သီးျခား မရွိ
ဝါဆိုသကၤန္းကို(ဝႆာဝါသိက) လို႔ ေခၚ၏၊
ဗုဒၶသမီးေတာ္အမရာ
Jul 7, 2017
ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ
Jul 6, 2017
ဝါတွင်းချိန်ခါ ဒို့ရိုးရာ
ဝါတွင်းချိန်ခါ ဒို့ရိုးရာ
ခရစ်သက္ကရာဇ်များလည်း အလီလီပြောင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်တွေလည်း အကြိမ်ကြိမ်အခါခါ ပြောင်းလဲခဲ့ပါပြီ။ ဟိုးအတိတ်ကလည်းပြောင်း၊ ယခုလည်းပြောင်း နှောင်လည်း ဆက်လက်ပြောင်းလဲနေပါလိမ့်မည်။ ထိုကဲ့သို့ပင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုရာသီတွေ၊ လတွေလည်း အလီလီပြောင်းကာ တစ်ရာသီပြီး တစ်ရာသီ၊ တစ်လပြီးတစ်လဆက်လက် ပြောင်းလဲလည်ပတ်နေမည်ပင်ဖြစ်သည်။ ထို့အတူပင် လူသားများ၏ ရိုးရာယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးထိန်းသိမ်းလိုသည့်စိတ်ဓါတ်များသည်လည်း အနည်းနှင့်အများ တစ်ဖြည်းဖြည်း လျော့တိလျော့ရဲဖြစ်လာကြသည်လေကုန်၏။
ယခုအခါ ဥတုရာသီကား ပူပြင်းလှသောနွေရာသီကျော်လွန်၍ ချမ်းစိမ့်သောရာသီဟုသမုတ်ကြသော မိုးရာသီသို့ရောက်ရှိလာပြီသကိုး။ ယခုအချိန်တွင် ဝါတွင်းသုံးလ ပအိုဝ်းလူမျိုးများဖြတ်သန်းသည့် ဓလေ့ထုံးစံများကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။ ယခုလိုအချိန်ခါရောက်တိုင်း ဇာတိမြေ၊ မိဘ၊ ဆွေမျိုးအသိုင်း အဝိုင်းများနှင့် အနေဝေးရသောသူများအတွက် များသောအားဖြင့် ရေခြားမြေခြားတစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ပအိုဝ်းညီအစ်ကို တိုင်းရင်းသားများအတွက် ဇာတိမြေကိုလွမ်းဆွတ်သတိရသည့်စိတ်က တဆစ်ဆစ်ကိုက်၍ အလွမ်းဒဏ်ပိုမိုပြင်းထန်သည့် အချိန်ခါဆိုလည်း မှားမည်မထင်။ ဒီအချိန်ဆို ပအိုဝ်းလူမျိုးများ နေထိုင်ရာမည်သည့်ဒေသမဆို အိုးစည်ဗုံမောင်းသံများ၊ ငေါဝ်းကဲး၊ ငေါဝ်းတဲက်သံများ တလွင်လွင် ကြားရတော့မည်။ တက်သစ်စ လူပျို၊ အပျိုများလည်း လူပျို၊ အပျိုဂိုဏ်းဝင်လာကာ ရင်ခုန်ပျော်မြူးရမည့်အချိန် ဖြစ်သကဲ့သို့ ဝါကျွတ်လျှင် “တူနှစ်ကိုယ် တဲအိုထဲဘဲနေရနေရ” ဟူသော စကားပုံအတိုင်း အိမ်ထောင်ပြုဖို့ရည်မှန်းထားသည့် သက်ကြီးပိုင်းလူပျို၊ အပျိုတို့အတွက်လည်း ဝါကျွတ်မည့်အချိန်ကိုစောင့်မျော်ကာ ရင်ခုန်သံပိုမိုမြိုင်ဆိုင်မြန်ဆန်လာသည့် အချိန်လည်းဟုတ်ပေမည်။
ဒီချိန်ဆို ပအိုဝ်းရိုးရာအင်္ကျီများကို ဆင်တူဝတ်ကာ မနက်အာရုံဆွမ်းကပ်ဖို့ ဆွမ်းခွက်ကိုယ်စီကိုင်ပြီး ညီညာစွာတန်းစီကာ အိုးစည်ဗုံမောင်းသံတလွင်လွင်ဖြင့် မိမိတို့ကိုးကွယ်ရာဘုန်းတော်ကြီးကျောင်းကို ကုသိုလ် ဒါနအတွက်ချီတက်လာကြသည့် မြင်ကွင်းကိုလည်း ဝါတွင်းသုံးလလုံးလုံးမြင်တွေ့ရတော့မည်။ ဝါတွင်းသုံးလ လုံးလုံး ဥပုသ်စောင့်တည်ကြတော့မည့် အဖိုးအဖွားများကိုလည်း စာဂပွဲကျင်းပကြတော့မည်။ ဥပုသ်နေ့တိုင်း တွင် ကျေးလက်ကျေးရွာရှိပအိုဝ်းလူငယ်များက ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီး၏ ဝေယျာဝစ္စများ၊ ဥပုသ်သည်များအတွက် ဝေယျာဝစ္စများကို ကူညီလုပ်ဆောင်ခြင်းဖြင့် နှောင်ဘဝအတွက် ကုသိုလ်ဒါနများ ပြုကြတော့မည်။ ယခုလို မြင်ကွင်းမျိုးကို ပအိုဝ်းလူမျိုးများနေထိုင်ရာ မည်သည့်နေရာဒေသမဆို လက်ညိုးထိုးမလွဲမြင်တွေ့ရပါတော့မည်။ ထို့အပြင် ရေခြားမြေခြားတွင် ပညာသင်ကြားနေကြသော ပအိုဝ်းတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ရေခြားမြေခြားတွင် ဝမ်းစာအတွက်အလုပ်လုပ်ကိုင်နေကြသော ပအိုဝ်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများလည်း မိမိတို့၏ ဓလေ့ထုံးစံများကို မပပျောက်အောင်ထိန်းသိမ်းကာ ပြန််လည်ဖော်ဆောင်နေကြသည့် မြင်ကွင်းများကိုလည်း အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့လာပါတော့မည်။ ထိုမြင်ကွင်းကို မြင်တွေ့ရသော ဗုဒ္ဓဘာသာဝင်များအတွက် “တစ်မူးရှိလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟူသော စကားအတိုင်း ပအိုဝ်းလူမျိုးတို့၏ ဘာသာရေးကိုင်းရှိုင်းပုံကို အံ့သြမှင်သက်ဖြစ်စေပါလိမ့်မည်။
ထို့အတူပင် ပအိုဝ်းလူမျိုးတို့၏ ဘူမိနက်သန်နယ်မြေဖြစ်သော တောင်ကြီးမြို့ပေါ်တွင်လည်း တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ပအိုဝ်းလူမျိုးတက်ကြွလူငယ်များ၊ ပအိုဝ်းလူမျိုးဦးဆောင်ဖွင့်လှစ်သော ဘော်ဒါဆောင်များနှင့် မြို့ပေါ်ရပ်ကွက်အချို့တို့တွင် မိမိတို့လူမျိုး၏ဓလေ့ထုံးစံကိုချစ်မြတ်နိုးသည့်စိတ်၊ ဘာသာရေးကိုင်းရှိုင်းပြီးကုသိုလ်များယူလိုသောစိတ်များဖြင့် ၎င်းတို့နှင့်သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများ၊ ဘုရာစေတီပုထိုးများနှင့် “တောင်ကြီးမြို့၏ကျက်သရေဆောင် စူဠမုနိလောကချမ်းသာစေတီတော်” ကို အိုးစည်ဗုံမောင်းများတီးကာ ရိုးရာအတိုင်း လှည့်ပတ်၍ ဆွမ်းတော်ကပ်ကြသည့် မြင်ကွင်းများကိုလည်း မြင်တွေ့ရပါလိမ့်မည်။ ဤမြင်ကွင်းမျိုးကိုလည်း ထာဝရမြင်တွေ့ချင်သကဲ့သို့ မြင်တွေ့ရဖို့လည်းမျှော်လင့်ပါသည်။ ထို့အပြင် ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ အချို့ရပ်ကွက်တွင် တောရွာမှပအိုဝ်းလူမျိုးများ ဓလေ့ထုံးစံအတိုင်း ဆွမ်းတော်ကပ်သည့်ဓလေ့ကိုမြင်တွေ့နေရသော်လည်း အချို့သောရပ်ကွက်များတွင် ထိုရိုးရာဓလေ့ထုံးတမ်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ဟု မြင်တွေ့နေရပါသည်။
ထိုသို့ပျောက်ကွယ်သွားရခြင်းမှာ အချို့ရပ်ကွက်များတွင် ပအိုဝ်းလူမျိုးနည်းပါးခြင်း၊ ဦးဆောင်သူမရှိခြင်း၊ ဦးဆောင်သူရှိသော်လည်း နောက်လိုက်မရှိခြင်း၊ ပတ်ဝန်းကျင်မှအခြားသော ဓလေ့ထုံးစံများ ကူးစက်လာခြင်း၊ ကူးစက်ခံရခြင်း၊ ဝါးမြိုခံရခြင်း၊ မိမိတို့၏ဓလေ့ထုံးစံကို အမြတ်တနိုးတန်ဖိုးထားလိုစိတ်မရှိခြင်းနှင့် အခြားသောအခက်အခဲများကြောင့် ဖြစ်ပါလိမ့်မည်။ ယခုလိုချစ်စရာကောင်းသော မိမိတို့၏ ဓလေ့ထုံးစံများကို ထိန်းသိမ်းရမည်မှာ မိမိတို့ပအိုဝ်းလူမျိူးတိုင်း၏တာဝန်ပင်မဟုတ်လော။ မိမိတို့လက်ထဲမှ လက်ရှိအနေအထားကို မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းဖို့တာဝန်ရှိသကဲ့သို့ မိမိတို့ နှောင်လာမည့် မျိုးဆက်သစ်များကို ဆက်လက်ထိန်းသိမ်းတတ်စေရန် သင်ကြားပြသသင့်ပါသည်။ ထိုကဲ့သို့ လက်ဆင့်ကမ်းမထိန်းသိမ်းဘဲ ပေါ့ပေါ့ပျက်ပျက် ဆက်လက်ပြုမူနေထိုင်သွားပါက မိမိတို့လူမျိုး၏ရိုးရာအမွေများသည်လည်း နောက်ဆုံးတွင် ပျောက်ကွယ်လို့လာမည်ဆိုသည့်နိမိတ်ကား ပုရောဟိတ်ပုဏ္ဏားကို မေးရန်မလိုလောက်အောင်ပင်် မှန်ကန်လာပါလိမ့်မည်။
ထို့ကြောင့် ချစ်စရာကောင်းသောမိမိတို့၏ ဝါတွင်းသုံးလအခါသမယကို ဖြတ်သန်းခဲ့သည့် ဆွမ်းတော်ကပ်သည့်ဓလေ့ကို မိမိတို့လက်ထက်မှ နှောင်လာမည့်မျိုးဆက်သစ်များလက်ထဲသို့ လက်ဆင့်ကမ်း သင်ပြကြကာ “ဒို့ရိုးရာ” ကို သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက် ဟူသော ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သာမက နှောင်လာမည့်ဆွေမျိုးဆက်တိုင်း၏လက်ထဲထိ အဓွန့်ရှည်တည်တ့ံခိုင်မြဲအောင် ရိုးရာကိုမြတ်နိုးတန်ဖိုးထားသည့်စိတ်ဓါတ်ဖြင့် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းကြပါစေ။ နှောင်လာမည့် ပအိုဝ်းလူငယ်မျိုးဆက်သစ်များသည်လည်း မိမိတို့၏ရိုးရာဓလေ့ထုံးစံများကို ထာဝရထိန်းသိမ်းနိုင််ကြပါစေ။ စာရေးသူအနေဖြင့်လည်း “ကျွနု်ပ်တို့ရိုးရာ ဤကမ်ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ပါစေသောဝ်” ဟု တောင်းဆုခြွေရင်း ပအိုဝ်းလူမျိုးများ၏ ဝါတွင်းအချိန်ခါကာလအတွင်း ဖြတ်သန်းကြသည့် ချစ်စရာကောင်းသော ရိုးရာဓလေ့ထုံးစံများကို မြန်မာနိုင်ငံအတွင်းရှိပအိုဝ်းလူမျိုးများအတွက်သာမက ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ပအိုဝ်းသွေးချင်းညီနောင်များအတွက် မိမိတို့၏ရိုးရာဓလေ့ထုံးစံများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်အလို့ငှာ ထုတ်ဖော်တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။
သာႏယာႏလေလင်း နီပအိုဝ်ႏခမ်း
ခွန်ယွေးယဲင်
ခမ်းစန္တာႏဟေ့ꩻ