........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Aug 13, 2014

{ မေတ္တာ }

မေတ္တာဆိုတာ ရေလိုပါပဲ.....
လောဘမီး ကိုငြိမ်းစေတယ်၊
ဒေါသမီးကို ငြိမ်းစေတယ်၊...
မောဟမီးကို ငြိမ်းစေတယ်။

မေတ္တာဆိုတာ ပန်းလေးလိုပါပဲ.....
သင်းသင်းလေးနဲ့ မွှေးတယ်၊
ပန်ဆင်သူကို လှစေတယ်၊
ရောင်စုံချယ်အလှနဲ့
လူတကာရင်ကို အေးစေတယ်။

မေတ္တာဆိုတာ လမင်းလေးလိုပါပဲ.....
အမှောင်ထဲက လူတွေကို
အလင်းရောင်ပေးတယ်၊
နေလိုမပူတဲ့ သူ့အလင်းက
လူတကာ့ရင်ကို ငြိမ်းအေးစေတယ်။

မေတ္တာဆိုတာ သမုဒ္ဒရာလိုပါပဲ.....
နက်ရှိုင်းတယ်၊
ကျယ်ပြန့်တယ်၊
မြစ်ရေ၊ချောင်းရေ၊မြောင်းရေ
မခွဲခြားပဲ အကုန်လက်ခံတယ်၊
မေတ္တာအခိုးအငွေ့တွေကို
ကောင်းကင်ဆီသို့ ပို့လွှတ်ပြီး
မေတ္တာမိုးတွေ ရွာသွန်းဖြိုးစေတယ်။

မေတ္တာဆိုတာ အတွင်းရန်သူတွေကို
ဖြိုခွင်းဖို့ အကောင်းဆုံးလက်နက်တစ်ခု။

မေတ္တာဆိုတာ အပြင်ရန်သူကို
အောင်နိုင်စေတဲ့ အစွမ်းထက်လက်ဖွဲ့။

မေတ္တာဆိုတာ မေတ္တာငတ်နေသူတွေအတွက်
အကောင်းဆုံးအားဆေးတစ်ခွက်။

မေတ္တာဆိုတာ ဒေါသတိုက်စစ်ကို
ခုခံမယ့် အကောင်းဆုံးခံစစ်မှူး။

မေတ္တာဆိုတာ နိဗ္ဗာန်လမ်းခင်းပေးမယ့်
ဓာတ်တစ်မျိုး။

တကယ်တော့ မေတ္တာဆိုတာ
သူတော်ကောင်းတွေ
အခမဲ့ နေ့စဉ်ရနေတဲ့ ကုသိုလ်တစ်မျိုးပေါ့။


ဦးတိုးအောင်
{ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
အမှတ်တရ ဓမ္မလက်ဆောင်မွန် }

ပအိုဝ်းပေးတို့အတွက်

                                                 ပအိုဝ်း.apk(2)     Download



                                       ပအိုဝ်းပေး.apk(1)     Download



ငေါဝ်းတဲက်    Download

ကွန်ပျူတာအတွက်ပအိုဝ်းဖောင့်  Download

Aug 11, 2014

ပအိုဝ်းအစ သထုံက

ပအိုဝ်းတိုင်းရင်းသားဆိုတာ သုဝဏ္ဏဘုမ္မိ သထုံပြည်ကို အစဦးတည်ခဲ့တဲ့ ပင်မတိုင်းရင်းသား ဖြစ်တယ်လို့ အတိအကျ မပြောနိုင်ပေမယ့် ပအိုဝ်းဆိုတာ သထုံကနေ အစပြုလာတာပါ။ ပအိုဝ်းဟာ တောင်သူလူမျိုးကနေ သထုံကစပြီး ၁၉၄၈ ခုနှစ်အတွင်း... တရားဝင် ပြောင်းလဲ ခေါ်ဆိုခဲ့ကြတာပါ။ တောင်သူဆိုတာ ရှေးကျတဲ့ မှုရင်းအမည်ပါ။ ရှေးကျတဲ့ သမိုင်းဓါတ်ပုံတွေထဲမှာလည်း တောင်သူလို့ပဲ မှတ်တမ်းတင်ထားတာကို သထုံနှင့် ပြင်ပနယ်တွေက တွေ့ရတက်ပါတယ်။

သထုံအစ ပအိုဝ်းက ပြောပြော၊ မွန်က ပြောပြော၊ ဗမာကဘဲပြောပြော အတိတ်က သမိုင်းရှည်ဖြစ်တဲ့အတွက် မငြင်းခုန်လိုပါ။

ယခု သထုံဆိုတာ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မြို့တစ်မြို့ပါ။ သုဝဏ္ဏဘုမ္မိမြို့ဟောင်းများတည် ရှိခဲ့ရာမြို့လို့ အများက ထင်နေတဲ့မြို့ဖြစ်ပေမယ့် ယခုချိန်ထိ ရှင်းလင်းတဲ့ သမိုင်းဆိုင်ရာ အထောက်အထားများ တိတိကျကျ မတွေ့နိုင်သေးပါဘူး။ ဘယ်တိုင်းရင်းသားက တိတိကျကျ တည်ခဲ့သလဲဆိုတာ လည်း ငြင်းခုံနေတုန်းပါဘဲ။

အားလုံးက ကိုယ့်ရှု့ထောင့်၊ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်သမိုင်းအချက် အလက်တွေနဲ့ ရေးသား အမွှန်းတင်နေကြတာပါ။ သုဝဏ္ဏဘုမ္မိဆိုတာ လောလောလတ်လတ် တူးဖော်နေတဲ့ ဘီးလင်းမြို့နယ်ထဲက ၀င်းက၊ ဇုတ်သုတ်ရွာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အချို့ဆိုရင် စစ်တောင်း မြစ်နဲ့ သံလွင်မြစ်ကြားက သထုံအပါအ၀င် မြို့နယ်လေးမြို့နယ်ဟာ သုဝဏ္ဏဘုမ္မိလို့ ဆိုကြပါတယ်။

သုဝဏ္ဏဘုမ္မိဆိုတာ ပအိုဝ်းတွေ ၊ တောင်သူတွေ တည်ခဲ့တယ်လို့ အခိုင်အမာ မပြောနိုင်ပေမယ့် ပအိုဝ်းတွေ ရှေးကျကျ နေထိုင်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းအရ၊ ရှေးဘိုးဘွားတွေ လက်မှုပညာ၊ အသက်မွေးဝမ်းကျောင်း၊ ယဉ်ကျေးမှုဆိုင်ရာ လက်ခံယုံကြည်မှုအရ ပအိုဝ်းတွေအတွက် ရှိနေတုန်းပါဘဲ။ ယနေ့အချိန်ထိလည်း မွန်ပြည်နယ်မှာ ပအိုဝ်းတွေ သထုံမြို့နယ်မှာ အများဆုံး နေထိုင်နေသေးတဲ့ မြို့တစ်မြို့ပါ။

နှစ်ကာလအခြေအနေ၊ အချိန်အခါအရ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊ စာပေ နှင့် ဘာသာစကားတွေ၊ ရိုးရာဝတ်စားဆင်ယင်မှုတွေ၊ ဘိုးဘွားလက်မှု့လုပ်ငန်း နှင့် အသက်မွေးဝမ်းကြောင်းတွေနှင့် အမျိုးသားဖြစ်တည်ခဲ့ရာ ပင်မအရပ် ထိန်းသိမ်းတက်လိုမှုတွေ တဖြည်းဖြည်း ပျောက်ကွယ် မှေးမိန်တာ ရှိလာနေပေမယ့်လည်း ပအိုဝ်းလူမျိုးဖြစ်တည်ရာအရ၊ သမိုင်းကြောင်းအရ ထူးခြား အရေးပါးလှတုန်းပါပဲ။ တောင်သူလူမျိုးကနေ နောက်ဆုံး ပအိုဝ်းလူမျိုးအဖြစ် တရားဝင် ခေါ်ယူသုံးစွဲရေး ဖြစ်လာဖို့ဆိုတာလည်း သထုံကနေဘဲ စခဲ့တာပါ။

သုဝဏ္ဏဘုမ္မိဆိုတာလည်း ပအိုဝ်းတွေ တည်ထားခဲ့သလား၊ တကယ်ရော ရှိခဲ့သလားဆိုတာ မပြောနိုင်ပေမယ့် လူမျိုးဖြစ်တည်မှု၊ သမိုင်းယဉ်ကျေးမှုအရ သက်ဝင်လက်ခံ ယုံကြည်နေတုန်းပါဘဲ။ သည့်အတွက်လည်း ပအိုဝ်းတွေ အမြတ်တနိုးထားတဲ့ အမျိုးသားနေ့ကို သထုံမြို့ရှိ ရွှေစာရံ ဘုရားကို တည်းထားကိုယ်ကွယ်ခဲ့တဲ့ သူရိယစန္ဒာမင်းရဲ့ မွေးနေ့ကို ဂုဏ်ပြုပြီး ပအိုဝ်းအမျိုးသားနေ့ဆိုတာ ယနေ့အချိန်ထိ တရားဝင်ဖြစ်လာခဲ့တာပါ။ ထို့ကြောင့် သထုံဟာ ပအိုဝ်းတွေရဲ့ အမျိုးသားဖြစ်တည်ရာမြို့လို့လည်း ပြောနိုင်ပါတယ်။

သို့ပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့အတိုင်း ရှေးကျတဲ့ လူမျိုးရေးသမိုင်းကြောင်းနဲ့ ပတ်သတ်လာရင် ရှာဖွေ၊ တူးဖော်ပြီး၊ နောက်ဆုံး တရားဝင် မှတ်တမ်းတင်၊ အသိအမှတ်ပြု တော့မယ်ဆိုရင် ၄င်းသထုံလို နေရာ၊ ဒေသမျိုးမှာ အဓိက နေထိုင်ကြတဲ့ ပအိုဝ်းတိုင်းရင်းသားများရဲ့ သမိုင်းဆိုင်ရာ လက်ခံယုံကြည်ထားချက်၊ လူမျိုးဖြစ်တည် ရှိနေမှု၊ ၄င်းလူမျိုးရဲ့ အမျိုးသားသမိုင်းတွေကို လေ့လာ၊ နားလည်ထားဖို့တော့ လိုအပ်လိမ့်မယ်လို့
ထင်ပါတယ်။

ဒီအတွက်လည်း အခြားတိုင်းရင်းသားများတောင်းဆိုနေတဲ့ သမိုင်းအတွက် သမိုင်းစစ်၊ သမိုင်းမှန်တခု ဖြစ်ပေါ်လာဖို့ ရှိနိုင်ပါတယ်။ ရှာဖွေ၊ သုတေသန ပြုရာမှာလည်း များစွာအထောက်အကူပြုလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ခွန်နီပအိုဝ်း
                                                ရွေစာရံစေတီတော်



ခွန်နီပအိုဝ်း

ပအိုဝ်းတွေ တော်လှန်ရေးလုပ်တယ်ဆိုတာ


တိုင်းရင်းသားတွေတော်လှန်ရေး လုပ်တယ်ဆိုတာ အမျိုးသား လွတ်မြောက်ရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူဖြစ်ရေးအတွက်ပါ။

ပအိုဝ်းတိုင်းရင်းသားတွေလည်း ၁၉၄၈-အစောပိုင်းကာလမှာ အမျိုးသား လွတ်...မြောက်ရေးအတွက် လက်နက်ကိုင်၊ တော်လှန်လှုပ်ရှားမှုတွေ အရှိန်အဟုန် ရှိခဲ့ပါတယ်။ အခုလည်းပဲ ကျန်ရှိနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ကလည်း အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတုန်းပါဘဲ။

လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သတ်ပြီး အချို့တွေက မေးလာကြပါတယ်။ တခြားတိုင်းရင်းသားတွေကို မေးသလို ပအိုဝ်းတိုင်းရင်းသားတွေလည်း လက်နက်မကိုင်ဘဲနဲ့ ငြိမ်းချမ်းရေး လုပ်လို့မရဘူးလားတဲ့။ လက်နက်တွေ ကိုင်နေသေးရင် မြန်မာပြည်ဘယ်လို ငြိမ်းချမ်းမှာလဲတဲ့။ စစ်တပ်ဆိုတာ မြန်မာပြည်မှာ တစ်တပ်ပဲ ရှိသင့်ပါတယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ဒီအမြင်ကို လက်ခံကြိုဆိုပါတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင် နေသေးတယ်ဆိုတာ မြန်မာပြည်မှာ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်တွေ၊ နိုင်ငံရေး ပြသာနာများကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ စနစ်တကျ အဖြေရှာမှု မရှိနိုင်သေးတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်ရှိနေရခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ လက်နက်ကိုင်တယ်ဆိုတာ ကိုယ့်လူမျိုးနှင့် ကိုယ့်နယ်မြေကို ကာကွယ်ပြီး အမျိုးသားလွတ်မြောက်ရေးအတွက် ခံစစ်သဘောနဲ့ ခုခံနေခြင်းသာ ဖြစ်ပါတယ်။

တကယ်တမ်းလည်း တိုင်းရင်းသားတစ်စု လက်နက်ရှိမှ၊ တော်လှန်ရေး အင်အားရှိမှ ဗမာအစိုးရက နိုင်ငံရေးစကားပြောချင်တယ်။ လူမျိုးစုတစ်စုကဲ့သို့ တန်းတူ ဆက်ဆံချင် တယ်။ နိုင်ငံရေး အခွင့်အရေး ပေးချင်တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ဖိနှိမ့်ချင်တိုင်းဖိနှိမ့်၊ ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရတော့ဘူး။

လက်နက်ကိုင်တော်လှန်တာ မရှိရင်တော့ ဗမာအစိုးရက တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေး၊ တန်းတူရေးတွေကို ဘယ်တော့မှ စဉ်းစားမှာ မဟုတ်။

စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည့် နိုင်ငံရေးအခွင့်အရေး မရှိသေးသ၍ ပအိုဝ်းတွေလည်း ပအိုဝ်းတိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံရေးအရ တန်းတူရေး အတွက် ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေး ဆက်ရှိနေရလိမ့်မည်။

 https://www.facebook.com/pages/Khun-Nipaoh/1417777945123327  မှကူးယူဖော်ပြပါသည်။

ပအိုဝ်းစာပေတွေ ပေါင်းကူးနိုင်မှ

တိုင်းရင်းသားလူမျိုးတိုင်း လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ်ပိုင်ဘာသာ စကားဆိုတာ ရှိပါတယ်။ မတူကွဲပြားတဲ့ နေရာဒေသမှာ နေထိုင်ကြသည့် အလျောက် စကားပြောလေယူလေသိမ်း ကွဲပြားခြင်း၊ လူမ...ျိုးတမျိုးတည်းဖြစ်ပေမယ့်လည်း မျိုးနွယ်စု-မျိုးနွယ်ခွဲ မတူညီသည့်အတွက် စကားခြင်း မတူညီခြင်း၊ လွယ်ကူစွာ နားလည်သဘော ပေါက်မှုမရှိခြင်း ဖြစ်တက်ပါတယ်။

ကမ္ဘာပေါ်ရှိ အချို့သော တိုင်းရင်းသားလူမျိုးကြီး၊ လူမျိုးငယ်တွေဆိုရင် ကွဲပြားလွန်းတဲ့ ၄င်းလူမျိုးတို့ရဲ့ စကားအမျိုးမျိုးကြောင့် အချင်းချင်း အပြန်အလှန် ပြောဆိုဆက်ဆံဖို့ မလွယ်ကူနိုင်သည့်အတွက် မျိုးနွယ်စုတွေထဲက လူအများစုသုံး စကားကို ကြားခံ အဓိက ဘာသာစကားအဖြစ် တရားဝင် သတ်မှတ်တက်ပါတယ်။

ဒါက တိုင်းရင်းသားလူမျိုးစုတခုတည်းမှာကို မတူညီ၊ ကွဲပြားတဲ့ မျိုးနွယ်စုများနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားစုဖြစ်သည့်အတွက် လွယ်ကူအဆင်ပြေတဲ့ ကြားခံသုံးစကားကို အသုံးပြုနေတဲ့ အခြေအနေပါ။ မျိုးနွယ်စုတွေလည်း များတယ်။ စကားကွဲပေါင်းများစွာကို ပြောဆိုတဲ့ အတွက်ကြောင့်ပါ။ မြန်မာပြည်ရှိ အချို့သော တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ကချင်၊ ရှမ်းတွေဆိုရင် မျိုးနွယ်စုများနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးတွေပါ။ မျိုးနွယ်စုတွေအလိုက် အနည်းငယ် (သို့) အများကြီးကွဲပြားတဲ့ စကားအမျိုးမျိုး အသုံးပြုကြပါတယ်။ အမျိုးသား စာပေလည်း နှစ်ခု (သို့) သုံးခု ရှိတက်ပါတယ်။ ဒါကလည်း လူမျိုးစုများနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးများဖြစ်တဲ့အတွက် စာပေ နှစ်ခု၊ သုံးခုရှိတယ်ဆိုတာ သဘာဝကျပါတယ်။ အချို့ တိုင်းရင်းသာတွေမှာ ကွဲပြားနေတဲ့ စာပေအတွက် စာပေခိုင်ခိုင်မာမာ ဖြစ်ရေးဆိုပြီး အချင်းချင်းကြားမှာ အတက်နိုင်ဆုံး ညှိနှိုင်းလုပ်ဆောင်နေကြပါတယ်။

ပအိုဝ်းစာပေ တခုတည်းထားရှိရေး (သို့) နှစ်ခု ဆက်ရှိရေးနှင့် ပတ်သတ်ပြီး စဉ်းစားမယ်ဆိုရင် ပထမဆုံး ပအိုဝ်းတိုင်းရင်းသားတွေမှာလည်း “လူမျိုးစု၊ မျိုးနွယ်ခွဲ များစွာနဲ့ စုဖွဲ့ထားတဲ့ လူမျိုးဖြစ်သလား” ၊ “ပအိုဝ်းလူမျိုး ဘယ်နှစ်မျိုး ရှိသလဲ။” “တောင်ပေါ်၊ မြေပြန့် ပအိုဝ်းလေသံကို အချင်းချင်းကြား နားမလည်နိုင်ကြလို့လား” ဆိုတာအခြေခံပြီး ကြည့်ဖို့ လိုပါမယ်။ ဒါမှလည်း ပအိုဝ်းမှာ စာပေ နှစ်ခုရှိသင့်သလား၊ ထားသင့်သလားဆိုတာ အဖြေရှာကြည့်နိုင်ပါတယ်။

ပအိုဝ်းစာပေများလေ ပိုကောင်းလေ ဆိုတဲ့ အမြင်တွေ အချို့တွေမှာ ရှိနိုင်ပေမယ့်လည်း ရေရှည်အတွက်တော့ ပအိုဝ်းစာပေ နှစ်ခုရှိနေခြင်းဟာ အမျိုးသားညီညွှတ်ရေးအတွက် မကောင်းလှဘူးလို့ မြင်ပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ် အချင်းချင်းလည်း ဝေးကွာသွားနိုင်ပါတယ်။ ပအိုဝ်းစာပေဟာ စာရွက်ပေါ်မှာသာရှိနေပြီး သင်ချင်တက်ချင်စိတ် မရှိတဲ့လူတွေ၊ စိတ်မ၀င်စားတဲ့သူတွေ တပုံတပင်ကြီးပါ။ ကိုယ့်အမျိုးသားစာပေကို ထိန်းသိမ်း၊မြှင့်တင်ဖို့ အဓိကအကျဆုံးက လူငယ်တွေ ကိုယ့်အမျိုးသာစာပေ သင်ချင်စိတ်ရှိလာအောင်၊ ပအိုဝ်းစကား မမေ့ပျောက်အောင် လုပ်ဆောင်ဖို့က အရေးကြီးဆုံးလို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်စာပေတိုးတက်ဖို့၊ ခိုင်ခိုင်မာမာရှိဖို့ တစ်ခုတည်းသော ပအိုဝ်းစာပေ ရှိဖို့ဘဲလိုပါတယ်။ စာပေ နှစ်ခုရှိပြီး လူငယ်တွေ၊ လူကြီးတွေ သင်ချင်စိတ်မရှိရင် ဒီစာပေဟာ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။

ပအိုဝ်းတိုင်းရင်းသားများမှာ မျိုးနွယ်စုကွဲလို့၊ နားမလည်နိုင်တဲ့ စကားပြောဆိုကြလို့ ပအိုဝ်းစာပေ နှစ်ခုရှိသင့်တယ်လို့ ခံယူချက်တွေ အချို့ပအိုဝ်းတွေမှာ ရှိနေရင် ရှိနေလိမ့်မယ်။ နောက်ပြီး ဒေသစွဲကို အရင်းခံပြီး ခမ်းကောင်စာ ခမ်းကောင်ဒေသ သင်၊ ခမ်းဒွမ်စာ ခမ်းဒွမ်ဒေသ သင်ကြဆိုပြီး ဖြစ်လာနိုင်တယ်။ ပအိုဝ်းစာမှု တခုတည်းထားရေးအတွက် ယနေ့လို ကောင်းသော အချိန်မှာ မလုပ်ဆောင်နိုင်ရင် ပအိုဝ်းတွေ ဘယ်လိုမှ မညီညွှတ်နိုင်ပဲ စာပေအတွက် အမြင်တွေ ကွဲနိုင်ပါတယ်။ နောက်ဆုံး ပအိုဝ်းလူမျိုး နှစ်မျိုး ဖြစ်လာနိုင်တယ်။

ဒါကြောင့် ပအိုဝ်းတွေ အနေဝေးကြပေမယ့် ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ၊ အမျိုးသားရေးအရဆိုရင် အချင်းချင်း နီးကပ်လာအောင် အရေးကြီးဆုံး လုပ်ပေးနိုင်တာက တခုတည်းသော ပအိုဝ်းအမျိုးသားစာပေ ရှိနေဖို့ပါဘဲ။ သင်ကြားတက်မြောက်ကြဖို့ပဲ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စာပေဟာ အပြန်အလှန် ပေါင်းကူးဆက်နွှယ်စေလို့ပါဘဲ။

ဥပမာအားဖြင့်.. လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံဆိုရင် လူမျိုးစု၊ ကြီးငယ်ပေါင်း တရားဝင် အသိအမှတ်ပြု (၅၆) မျိုးရှိတယ်လို့ဆိုပါတယ်။ ဘာသာစကားပေါင်း ၂၉၂ မျိုးကျော်ပါ။ သို့ပေမယ့် လူမျိုးစုချင်း တူညီပေမယ့်လည်း ဒေသအလိုက် စကားပြောဆိုမှု ကွဲပြားတာကြောင့် တရုတ်အစိုးရက ဟန်လူမျိုး အများစုသုံး မန်းဒရင်း-တရုတ် စကားကို တရားဝင် ဘာသာစကားအဖြစ် သတ်မှတ်ပြီး တရုတ်ပြည်သူတွေကို မန်းဒရင်း- တရုတ်ဘာသာစကား သင်ကြားဖို့ တိုက်တွန်းပါတယ်။

ဒါက ကွဲပြားလွန်းပြီး လူမျိုးစုပေါင်းများစွာ ရှိတဲ့ တရုတ်နိုင်ငံမှာတောင် အချင်းချင်း ကူလူဆက်ဆံဖို့ လွယ်ကူအောင်ဆိုပြီး တခုတည်းသော လူများစုသုံး စကားကို အားပေး ကျင့်သုံးတာပါ။ လက်ရှိမှာလည်း မန်းဒရင်း (Mandarin Dialect) တရုတ်စကားဟာ ကမ္ဘာ့ကုလသမဂ္ဂ (UN) ထဲမှာဆိုရင် တရားဝင် နိုင်ငံတကာ ဘာသာကြီး (၆) ခုထဲက တခုပါ။ ထိုင်ဝမ်၊ ဟောင်ကောင် နှင့် အခြားသော တရုတ်နိုင်ငံသား မဟုတ်တဲ့ ကမ္ဘာအရပ်ရပ်က တရုတ်လူမျိုးတွေလည်း တရားဝင် မန်းဒရင်း တရုတ်ဘာသာကို ကွန်ယက်သဖွယ် အသုံးပြုကြပါတယ်။ အနောက် နှင့် အရှေ့ကမ္ဘာမှာ နေထိုင်ကြတဲ့ တရုတ်တွေလည်း အဓိက တရားဝင် မန်းဒရင်း တရုတ်စာပေကို အခြားသော တရုတ်စာ၊ စကားထက် ပိုမိုသင်ယူပြီး တရုတ်ပြည်မကြီးနဲ့ အပြန်အလှန် ကူးလူဆက်ဆံမှု လုပ်ပါတယ်။ ဒါကို မန်းဒရင်း- တရုတ်စာပေက လုပ်ဆောင်ပေးတာပါ။

ဒါကြောင့် မန်းဒရင်း- တရုတ်စာပေလိုဘဲ နှစ်ခုဖြစ်နေတဲ့ ပအိုဝ်းစာပေလည်း တခုတည်းသော၊ ခိုင်မာသော ပအိုဝ်းအမျိုးသားစာပေတခုဖြစ်မှ ခမ်းကောင်၊ ခမ်းဒွမ် ပအိုဝ်းအချင်းချင်း ကူလူဆက်ဆံနိုင်ပါတယ်။ ပအိုဝ်းအမျိုးသား ခေါင်းစဉ်အောက်မှာ အချင်းချင်းလည်း ဘက်ပေါင်းစုံ စည်းလုံးညီညွှတ် လာနိုင်ပါမယ်။

ခွန်နီပအိုဝ်း

Aug 8, 2014

လ နဲ့တူတဲ့ မေတ္တာကုသိုလ်

မေတ္တာဟာ လ နဲ့တူပါတယ်။ လမင်းကြီးကို မြင်လိုက်ရရင်ပဲ
ရင်ထဲကို အေးမြသွားတာပါပဲ။
လပြည့်ညမျိုးဆိုရင်
အိပ်ပစ်ရမှာတောင်
နှမြောဖို့ ကောင်းပါတယ်။

ဒါပေမဲ့ လက
အမြဲတမ်းသာနေတာမဟုတ်တော့
လ နဲ့နွယ်ပြီး
အမြဲတမ်းမေတ္တာကုသိုလ်
ဖြစ်နေဖို့ဆိုတာတော့
မလွယ်ပါဘူး။

ဘာပဲပြောပြော
လမင်းကြီးကို မြင်ရတဲ့အခါ
ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတဲ့
မိတ်ဆွေတွေ၊
ကိုယ့်ဘဝအတွက် အရေးကြီးတဲ့
ပုဂ္ဂိုလ်တွေကို အာရုံညွတ်ပြီး
မေတ္တာပို့လိုက်ရင်
မေတ္တာကုသိုလ် ဖြစ်သွားတာပါပဲ။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်- အင်းမ)

“ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေး အဖြေ (၁၀)-ခု”

ကုမာရပဥှာ
(၁)။ တစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါဟူသမျှတို့သည် အကြောင်း
“အာဟာရ”လျှင် တည်ရာရှိကုန်၏။...
(၂)။ နှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= “နာမ်နှင့် ရုပ်”တည်း။
(၃)။ သုံးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= “ဝေဒနာသုံးပါး”တို့တည်း။
(၄)။ လေးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အရိယာတို့၏ အမှန်တရား “သစ္စာလေးပါး”တို့တည်း။
(၅)။ ငါးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။
(၆)။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အတွင်း “အဇ္ဈတ္တိက အာယတနခြောက်ပါး”တို့တည်း။
(၇)။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= “ဗောဇ္ဈင်ခုနစ်ပါး” တို့တည်း။
(၈)။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။
(၉)။ ကိုးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါတို့၏ တည်နေရာ “သတ္တာဝါသ ကိုးပါး”တို့တည်း။
(၁ဝ)။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို “ရဟန္တာ”ဟုဆိုအပ်၏။
မဂ္ဂင်ရှစ်ပါး ၊သမ္မာဉာဏ ၊သမ္မာဝိမုတ္တိ။

-【ကုမာရပဥှာ၊ ခုဒ္ဒကပါဌပါဠိတော်】
Dhamma Dãna Source ►

Aug 1, 2014

ခွန်/နင်,သီးတား ငေါဝ်းကပ်သွမ်,တော;တွမ်;ဝွေ;အမျှ

ပအိုဝ်းထုံစံးအလ ဝါတွင်လာတဲ့နဝ် ပွယ်ပေးပွယ်တန်တဲ့နဝ်
ခိုဗင်းမူးနံသီးဖုံးယို တင်းလှူးကပ်ဗားဘုရာသွမ်တော်းတဲင်
ငဝ်းကပ်သွမ်တော်းယို အဝ်းလိုးဟဝ်ဒါးခါငါး စွုမ်းဖြာဖြာသွူ။...


ငဝ်းကပ်သွမ်တေား (အဒွောင်းစား)
သြကာသ သြကာသ သြကာသ၊အစိန္တေယျ၊
သမ္ဗုဒ္ဓ ဘဂဝါ ၊ စဝ်းဘုရာဗွန်ထို၊ သွဉ်းသီးယို
လောင်ကပ်လှူး၊သွမ်ဖျူးပိဏ္ဍပါတ်၊ဒါးနမျတ်သြဇား၊
သ သဒ္ဓါးကပ်လှူးတန်၊အရဟံဗွေးနမ်း၊ ရပ်ခံး
ဘုန်ဖေး၊ယံနေးထူးသွုံဆောင်း၊သွံဗောင်းစေးတနား၊
သဒ္ဓါးဇော်သ၊အသင်္ခါရိက ၊ဉာဏသမ္ပယုတ်၊
အားထုတ် လှူးကပ်ငါ၊ စဝ်းဘုရာနီဗွေး၊ယံဖေးရပ်နေး၊
သွမ်ပစ္စေ ဒကားနီသွဉ်းသီးယို၊ ဝေင်ထိုခေးမား၊
ချမ်သားနိဗ္ဗာန်း၊မန်းမန်းယံဖေး သွဉ်းသီးကလဗား၊
အကျိုကွိုနဲဗွေးစဝ်းသြ ။

နာမက္ခန္ဒား ပေါင်. သွစ်သောင်းလစ်ရေင်


""ကွပ်ထာယွုမ်းမား ကိုကွယ်းဆရားမားတဲင် ဝင်မူးတဲ့သွုမ်၊ရွဉ်တဲ့သွုမ်၊အချိန်းတဲ့လို့ခြေင်""

အွိုးမွော့လဲင်းစခါ ခါးလားနီဗွေးဘုရာကပွင်ခိန်းဗားရားဏားသီးခမ်းကို ခိုဗင်းတဖြာနောဝ် ခွိုက်သ
ထီးစွယ်မွေး မူးနံဒုံတဒုံတဲင် ဟဲ့တွမ်းအသွ
လွေလယ်းဒေါ့ရီထွူတွော့ ထွာလွေခန်းဒျား
ဝင်မူးဝင်ခိုသွူ ။

ဝွေသီးဝင်နီ ထွာဝင်မူးဝင်ခိုအနီပေါင်ကထွိုင်းအာ...
လာပေါင်ကထွိုင်းညနောဝ် "ဝင်ခို အွဉ်းည ထွာတယူး
ဝင်မူးအွဉ်းည ထွာတနန်း" ငါဝ်းနဝ်အတွိုင်
တဖြာတွမ်းတဖြာ ထာနန်းထာယူး တလို့တဝ်း
လို့ဝင်အလောင်းတဲင် ပါခိုနဝ်ဟဲ့တွမ်းအမွိုးဖါ
လွေရီဖြောင်ခန်း လိုမူးမွိုးဖါတွော့ လိုမူးမွိုးဖါလဲ့
သဘော်လ သဘော်တူးခန်းဒျားအပိုမူးနဝ်သွူ။

မူးခိုနီဖြာလဲ့နဝ် မွိုးဖါနီဖြာလဲ့နဝ် သဘော်တူးလို့
ဝင်ခါ အွဉ်းထွော့လွေဖေးခန်းဒျား ပွယ်စေနိန်း
ပွယ်မင်္ဂလားနီနဝ်သွူ။ ပွယ်မင်္ဂလားကိစ္စနဝ်
အခိုဖဲ့ဖေးခါထွူရွဉ်တဲင် အွဉ်းဒျားအမူးဖဲ့ စီးရင်း
ဝွေးဖန်းလွေ မင်္ဂလားဒျားအမူးလမ်းနဝ်သွူ။
ပွယ်မင်္ဂလားမွူးနီ ထွိုင်းအီးတွိုး နဲုင်းမွူးရဝ်နဝ်
အခိုဖဲ့နောဝ် ထာယူးတလို့တဝ်းတဲင် ကအီး
မာလွေဒါး ပွယ်မင်္ဂလားမွူးရဝ်နီနဝ် မွူးနီဟဝ်
တဟဝ်တဝ်း မဉ်သေစဲင်းငါးတဲင်တွော့ လွေရီခန်း
ဝွေသီးကအဝ်းကိုကွယ်းကယွုမ်းအံးဒါး ဆရား
အာဇီဝက တက္ကတွဉ်တဖြာထျနဝ်သွူ။

ဝွေထွိုင်းရီနဝ် ဝွေသီးဆရားအာဇီဝကလဲ့ မာန်းမားန
အဝ်းတဲင် "ပါစားယိုနဝ် ထီးဖွီ သွင်ဖွီခွေ အွဉ်းထွော့သွူမွူးနီမ ကွဲးရီခွေ အပွယ်မင်္ဂလား
ဖေးကကဲုင်နောဝ် ခွေဒေါ့စွဉ်းနောဝ်မ" ယူးသကို
ထွူ နဲုင်းနဝ်တွော့ ဒေါ့ထန်းခန်း " သီကအီးမာဒါး
ပွယ်မင်္ဂလားမွူးရဝ်နီယိုနဝ် မွူးနီလဲ့တဟဝ်တဝ်း နက္ခတ်လဲ့
တဟဝ်တဝ်း ၊ မွူးရဝ်နီယို မဉ်းမာပွယ်မင်္ဂလားနဝ်
ခွိုက်ဒါးလိုခို လိုခိုအွဉ်သီဒါး။ နဝ်တွော့ မွူးရဝ်
နီယိုနဝ် တွမ်းမာမွိုန်း တရူနီမ မာဟဲုင်း" နဲုင်းနဝ်သွူ။

ထွိုင်းဟွိုန်ဆရားငါဝ်းနဲုင်းယိုနဝ် ဝွေသီးလဲ့
သတချမ်သားတဝ်း။ ပိုတွမ်းမွိုးဖါသဘော်တူးလို့ဝင်
တွော့ နဲုင်းမွူးရဝ်နီနဝ် ဝွေသီးတလွေတဝ်းဒွုမ်
ပွယ်မင်္ဂလားသွူ။ တလွေတဝ်းလဲ့ သမ်းတပြန်းချာတဝ်း
ငါဝ်းသတက်နဲုင်းမဲုင်မဲုင်တွော့ အမူးဖဲ့နဝ် အဝ်းစီးရင်းဒျား
တွိုင်တွိုင်သွူ။ မင်္ဂလားလိတ်ဖစ်နေင်းလွမ်ဖုံးလဲ့
ဝွေးဖစ်လို့လဲဉ်းဒျားရင်သွူ။တဲင်နဲုင်းမွူးရဝ်နီနောဝ်
အသွဖုံးအလောင်းအလင်နဝ် ဖျော်ရောင်ဝင်ပငါပရာလဲ့
အခိုဖဲ့နဝ်သမ်းတဖျော်တဝ်းတွော့ ရော့ရာသင်ရာ
ဝွေးဖန်းစီးရင်းလွေခန်းဒျား မင်္ဂလားတော်းဖေးခန်းဒျား
တွမ်းခိုဗင်းဒုံကို တဖြာနောဝ်သွူ။

မင်္ဂလားထွူနဲုင်းမွူးရဝ်နီနဝ် အခိုထွိုင်းဖျော်လွဉ်နဝ်
အမူးဖဲ့မွိုးဖါ ဒေါ့ဆွုမ်းခန်းငါဝ်း နဲုင်းယို --
သီနဝ် ထီးနီသွင်ဖွီငါး အွဉ်းထွော့သွူ မင်္ဂလားမွူးနီတဲ့
အခိန်းထွထွ သီတဖျော်လွဉ်တဝ်း နီနဝ်စင်းအွဉ်း
တဝ်းမဲ့ငါတဲင် တွမိးခိုဗင်းဒုံကိုတဖြာ နီမင်္ဂလား
ဖေးတော်းလဲဉ်း သီနဝ် လိုကတိသစ္စား တအဲဉ်တဝ်းတဲင်
သီရွဉ်မင်္ဂလားစရေိပ်ယိုလဲ့ နီတဖေးချာနွောင်တဝ်း
သီမဉ်းတကေးနပ်တဝ်းလဲ့ မဉ်ဒင်းအွိုးမဲုင်ဒင်း
အဝ်းလဒျား ။
ထွိုင်းဟွိုန်ငါဝ်းနဲုင်းယိုနဝ် ကဖျော်လွဉ်ဒါး
အခိုဖဲ့ စွုမ်းစွိုယို ယူးသူးသေဒွုမ် စင်းဒေါ့ချာတဝ်း
နဲုင်းမဲုင်မဲုင်တဲင် အွဉ်းတကဲုင်စွဉ်းအလွိုး
တဖြာတွမ်းတဖြာ ထွားသဲင်းသွူဝင်လွိုးတဲင်
ယိပ်တေ့လွဝင်မဲ့တွော့ ထွိုင်းသဲက်ခန်းဒျားနဝ်သွူ။

ကွပ်စွဉ်းယွုမ်းမားပေးတင်း ကိုကွယ်းမားဆရား
ရိုးသေးတဝ်း ထူးရေတဝ်းအခိန်း ၊ ကတိသစ္စား
အဲဉ်တဝ်းတဲင် အခိုဖဲ့နဝ်လိုမူးတဲ့သွုမ် ရွဉ်တဲ့သွုမ်
မွူးနီအချိန်းတဲ့သွုမ်တွော့ အ ဝ်းခြေင်ခြွစ်သဲင်ခန်းဒျား
နောဝ်သွူ။

စဉ်စာစဲင်းစဲင်းယူးစဲင်းစဲင်းဒျားဝင်ပငါပရာခွန်နင်သီးသြ...။

(ဇာတ် ၅၅၀ ၊ နက္ခတ္တဇာတ် အတိတ် ဝတ္ထု)
နမ်းသနီပါယံချမ်သားဒျားဝင်ပငါပရာအကျောင်....