ကေလာသ
မြေလွှာက တစ်စတစ်စကြွေ
မုန်တိုင်းမိုးလေကမစဲ
ဖြစ်ပျက်မြဲ လောကဝဲ
ရှေးဟောင်းမြို့တော်ရယ် ပျက်စဲတော့မှာလား။
ကျောက်ချပ်တွေတစ်ဒိုင်းဒိုင်း ထုတ်
သစ်တောခုတ်ဖြုတ်ဖြုတ်ကြေ
ခုချမ်းသာနေဖို့အရေး
ကုမ္ပဏီဆိုတာတွေကို လုပ်ကွက်ပေး
မုတ္တမပင်လယ်ကွေ့ကခနခနအော်
ငါ့ထံခိုနားလှည့်ပါနော်။
ကျောက်ဂဝံတံတိုင်းခတ်
တပ်လှန့်နေကြ မနုဿီဟ
ခုခံနိုင် စွမ်းအင်မပြ
သုဝဏ္ဏဘုမ္မိနဲ့ မနူဟာ
ခုမှဆုံမိပီ အိုပြည့်ဇာရယ်။
ယခင်နှစ်က ကြောင်တစ်ရာ
ခုတော့ ကေလာသကိုတောင်ခြိမ်းခြောက်လာခဲ့
ကြောက်စရာ သဘာဝဘေး
မနှေးအမြန်ပြေးကာတွေ့
ကြိုတင်ပြင်ဆင်မှုလေးတွေနဲ့ပညာပြ
ငါတို့ အဝေးကနေ ရင်တမမ။
ဖြစ်ဖို့သာ အရင်းတည် ကြာ
ဖျက်ခနဲ ပျောက်ပျက်နေတာမို့
အနာဂတ်ကို သေချာတွေး
ပညာရှင်တို့နဲ့ ပူပေါင်းကြံဆ
အရာရာ တွန်းလှန်တိုက်ဖျက်နိုင်ကြပါစေ။
ဇာမဏီ
Aug 11, 2019
သုဝဏ္ဏဘုမ္မိသို့ သက်ဝင်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment