ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ရွာတစ်ရွာတွင် ဝေဒဗ္ဗမန္တာန်ကို တတ်ကျွမ်းသော ပုဏ္ဏားတစ်ဦးရှိခဲ့သည်။ ဤမန္တာန်မှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသည်ဟု ဆိုကြ၏။ အကြောင်းမှာ ဂြိုလ်နက္ခတ် တိုက်ဆိုင်မှုရှိခိုက် မန္တာန်ရွတ်ဖတ်ပြီး ကောင်းကင်ကို စူးစူးစိုက်စိုက် မော်ကြည့်လျှင် ကောင်းကင်ပေါ်မှ ရွှေ၊ ငွေ၊ ပုလဲ၊ သန္တာ၊ ကြောင်မျက်ရွဲ၊ ပတ္တမြား၊ စိန် ခုနှစ်မျိုးသော ရတနာမိုး ချက်ချင်း ရွာချသောကြောင့်ဖြစ်သည်။
ထိုအချိန်က ဘုရားလောင်းသည် ပုဏ္ဏားကြီး၏ တပည့်တစ်ဦးဖြစ်၏။ တစ်နေ့သ၌ ဆရာပုဏ္ဏားသည် စီးပွားရေးကိစ္စတစ်ခုဖြင့် ရွာမှထွက်ပြီး စေတတိုင်းသို့ ဘုရားလောင်းနှင့်အတူ သွားရောက်သည်။
လမ်းခုလပ်ရှိ တောအုပ်တစ်ခုတွင် ဖြတ်သန်းသွားလာ၍ မရအောင် လမ်းပိတ်စို့လေ့ရှိသော ခိုးသားငါးရာ နေထိုင်လျှက်ရှိသည်။ သူတို့သည် ဘုရားလောင်းနှင့် ဝေဒဗ္ဗပုဏ္ဏားကြီးကို ဖမ်းဆီးလိုက်ကြ၏။
သူတို့သည် တရားခံနှစ်ယောက်ဖမ်းမိလျှင် ဖမ်းဆီးထားသူကို ပြန်လာရွေးရန် တစ်ယောက်ကို ငွေယူခိုင်းလေ့ရှိ၏။ အကယ်၍ ဖခင်နှင့်သားကို ဖမ်းမိလျှင် သားလွတ်မြောက်ရေးအတွက် ငွေသွားယူရန် ဖခင်ကို စေခိုင်း၏။ မိခင်နှင့်သမီးကို ဖမ်းမိလျှင် ငွေယူသွားရန် မိခင်ကို စေခိုင်း၏။ ညီအစ်ကိုနှစ်ယောက် ဖမ်းမိလျှင် အကြီးဖြစ်သူကို ငွေယူသွားခိုင်း၏။ ဆရာနှင့် တပည့်ကို ဖမ်းမိလျှင် တပည့်ကို ငွေသွားယူရန် လွှတ်ပေးလိုက်၏။ ထို့ကြောင့် ဤကိစ္စတွင် ဝေဒဗ္ဗပုဏ္ဏားကြီးကို ခေါ်ထားပြီး ဘုရားလောင်းကို ငွေယူသွားရန် စေလွှတ်ကြသည်။
ဘုရားလောင်းသည် ဆရာကို ဦးညွှတ်ဂါရဝပြုရင်း "တစ်ရက် နှစ်ရက်အတွင်း ကျွန်ုပ်သေချာပေါက် ပြန်လာပါမယ်။ မစိုးရိမ်ပါနဲ့။ ကျွန်ုပ်ပြောတဲ့အတိုင်းတော့ မလုပ်မိပါစေနဲ့။ ဒီနေ့ ရတနာမိုးရွာသွန်းမှု ဖြစ်ပေါ်စေမယ့် ဂြိုလ်နက္ခတ် တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားမယ်။ အနည်းငယ်ထိခိုက်မှာကို စိုးရိမ်ပြီး မန္တာန်ရွတ်ကာ ရတနာမိုး ခေါ်တာမလုပ်ဖို့ အလေးဂရုပြုပါ။ အကြောင်းမှာ လုပ်လိုက်လျှင် ဆရာနှင့် ဤခိုးသားဓားပြအဖွဲ့ ကံဆိုးမိုးမှောင်ကျမှာမို့ဖြစ်ပါတယ်" ဟု မှာကြားသည်။ ဘုရားလောင်းသည် ဤသို့ ဆရာကို သတိပေးစကားဆိုပြီး ပြန်ပေးငွေရှာရန် ခရီးထွက်သွား၏။
နေဝင်ချိန်တွင် သူခိုးဓားပြများသည် ပုဏ္ဏားကြီးကို ကြိုးနှင့်ချည်နှောင်ပြီး လှဲထားလိုက်သည်။ ထိုအခိုက်တွင် လပြည့်ဝန်းသည် အရှေ့ မိုးကုပ်စက်ဝိုင်းမှ ပေါ်ထွက်လာ၏။ ပုဏ္ဏားကြီးသည် ကောင်းကင်ကို လေ့လာကြည့်ရာ ထူးထူးခြားခြား နက္ခတ်တာရာယှဉ်စပ်မှု ဖြစ်ပေါ်နေကြောင်း သိရှိသွား၏။ "ဘာဖြစ်လို့ ဒီဒုက္ခခံနေမှာလဲ။ မန္တာန်ရွတ်ဖတ်ကာ ရတနာမိုးခေါ်ပြီး ဒီသူခိုးဓားပြတွေကို ပြန်ပေးဆွဲငွေပေးလိုက်ရင် လွတ်မြောက်ပြီ" ဟု စဉ်းစားလိုက်သည်။ ထို့ကြောင့် သူခိုးဓားပြများကို လှမ်းခေါ်လိုက်သည်။
"မိတ်ဆွေတို့ ဘာဖြစ်လို့ ကျွန်ုပ်ကို အကျဉ်းသားအဖြစ် ခေါ်ထားတာလဲ"
"ပြန်ရွေးငွေရအောင်လို့ပါ ဆရာ" ဟု ဖြေကြ၏။
"ကောင်းပြီ သင်တို့အားလုံး အလိုရှိတာ အဲဒါဆိုရင် အလျင်အမြန် ကျွန်ုပ်ကို ကြိုးဖြေပေးပြီး ဦးခေါင်းကို ရေဆေးပေးပါ။ အဝတ်အစားအသစ် ဝတ်ဆင်ပေးပါ။ အမွှေးနံ့သာ ဖြန်းပေးပါ။ ပန်းများနှင့် တန်ဆာဆင်ပေးပါ။ အဲဒီနောက် ကျွန်ုပ်တစ်ဦးတည်း ထားပေးပါ" ဟု ပုဏ္ဏားကြီးက ပြောဆို၏။
သူခိုးဓားပြများသည် သူပြောသည့်အတိုင်း လုပ်ဆောင်ပေးကြ၏။
ပုဏ္ဏားကြီးသည် နက္ခတ်တာရာ ယှဉ်စပ်မှုဖြစ်ပေါ်နေစဉ် ကောင်းကင်သို့ မော်ကြည့်လျှက် မန္တာန်ကိုရွတ်ဖတ်လိုက်သည်။ ကောင်းကင်မှ ချက်ချင်း ရတနာမိုးများ ရွာချလေသည်။ သူခိုးဓားပြများသည် အားလုံးကို ကောက်ယူပြီး ပစ္စည်းများကို ဝတ်ရုံဖြင့်ထုတ်ကြ၏။ ထို့နောက် အကျိုးတူညီအစ်ကိုများနှင့်အတူ ပြေးထွက်သွားကြသည်။ ပုဏ္ဏားကြီးသည် နောက်ဆုံးမှ လိုက်သွားခဲ့၏။ ကံအားလျော်စွာ ထိုသူတို့ကို ဒုတိယ သူခိုးဓားပြငါးရာအဖွဲ့မှ ဖမ်းမိသွားသည်။
"ဘာကြောင့် ငါတို့ကို ဖမ်းတာလဲ" ဟု ပထမအဖွဲ့ ဒုတိယအဖွဲ့ကို မေး၏။
"ပစ္စည်းတွေလုယူဖို့" ဟု ဖြေဆို၏။
"လုယက်ပစ္စည်းတွေကို လိုချင်ရင် ဟိုပုဏ္ဏားကြီးကို ဖမ်းပါ။ ကောင်းကင်ကို ငေးကြည့်ပြီး ရတနာတွေကို မိုးရွာသလို အလွယ်တကူ ကျလာစေတာသူပဲ။ ငါတို့ရထားတာ အားလုံးကို သူပေးတာပဲ"။
ထိုအခါ ဒုတိယ သူခိုးဓားပြအုပ်စုသည် ပထမအုပ်စုကို လွှတ်ပေးပြီး ပုဏ္ဏားကြီးကို ဖမ်းဆီးကာ "ငါတို့ကိုလည်း ရတနာတွေပေးပါ" ဟု တောင်းဆိုကြသည်။
"အဲဒါဟာ လိုအပ်သော နက္ခတ်တာရာယှဉ်စပ်မှု နောက်တစ်ကြိမ်ဖြစ်ပေါ်တဲ့ နောက်နှစ်မှ ရမှာပါ။ အကယ်၍ သင်တို့ အဲဒီအချိန်ထိ စောင့်နိုင်မယ်ဆိုရင် သင်တို့အတွက် ရတနာမိုးရွာအောင် တောင်းခံပေးပါမယ်" ဟု ပုဏ္ဏားကြီးက ရှင်းပြ၏။
ဒေါသထွက်နေသော သူခိုးဓားပြများက "ကလိမ်ကကျစ် ပုဏ္ဏား၊ အခြားတစ်ဖွဲ့ကိုတော့ ချမ်းသာအောင် လုပ်ပေးတယ်၊ အခုကျတော့ လက်ရှောင်ပြီး တို့ကို တစ်နှစ်လုံးစောင့်ခိုင်းတယ်" ဟု အော်ဟစ်ပြောဆိုကြ၏။ သူတို့သည် ပုဏ္ဏားကြီးကို ဓားထက်ထက်နှင့် နှစ်ပိုင်းလှီးပြီး ခန္ဓာကိုယ်ကို လမ်းအလယ်၌ ပစ်ထားလေသည်။ ထို့နောက် ပထမသူခိုးဓားပြအဖွဲ့နောက်သို့ အလျှင်အမြန်လိုက်ပြီး ယင်တို့အားလုံးကိုလည်း အနီးကပ်တိုက်ခိုက်ကာ သတ်ဖြတ်ပစ်ကြ၏။ တစ်ဖန် သူတို့အဖွဲ့တွင်လည်း နှစ်စုကွဲသွားပြီး လူပေါင်း နှစ်ရာ့ငါးဆယ် သေဆုံးသည်အထိ တစ်စုနှင့် တစ်စု အပြန်အလှန်တိုက်ခိုက်ကြ၏။ ဒီလိုနှင့် လူနှစ်ယောက်သာ
အသက်ရှင်ကျန်သည်အထိ အချင်းချင်းသတ်ဖြတ်ကြသည်။ ဤသို့ဖြင့် လူပေါင်းတစ်ထောင် သေကျေပျက်စီးခြင်းသို့ ရောက်ကြကုန်၏။
အသက်ရှင်ကျန်ရစ်သူ နှစ်ဦးသည် ရွာတစ်ရွာအနီးရှိ တောထဲတွင် ဝှက်ထားခဲ့သော ရတနာများကို သယ်ယူရန် စီစဉ်သောအခါ တစ်ဦးက ရတနာများကို စောင့်ကြပ်ရန် ဓားကိုင်၍ ထိုင်နေခဲ့၏။ အခြားတစ်ဦးက ဆန်ရှာပြီး ညစာအတွက် ချက်ပြုတ်ရန် ရွာထဲဝင်ခဲ့၏။ "ဥစ္စာဓနကို ငမ်းငမ်းတက်ခြင်းဟာ ပျက်စီးခြင်း၏ အကြောင်းဖြစ်တယ်"။ "ငါ့မိတ်ဆွေ ပြန်လာတဲ့အခါ သူက တစ်ဝက်ခွဲယူမယ်။ သူပြန်ရောက်တာနှင့် သတ်ပစ်မယ်" ဟု ရတနာများအနီးတွင် ရပ်စောင့်နေသူက စဉ်းစား၏။ ထိုသို့စဉ်းစားပြီး ဓားကို ဓားအိမ်မှဆွဲထုတ်ကာ သူ၏ ရဲဘော်ရဲဘက် ပြန်အလာကို ထိုင်စောင့်နေသည်။ ထိုအချိန်တွင် အခြားတစ်ဦးကလည်း တိုက်ခိုက်လုယက်ရာက ရခဲ့တဲ့ပစ္စည်းတွေကို ထက်ဝက်ပိုင်းပေးရမှာဟု ထို့နည်းတူ စဉ်းစားပြီး "ထမင်းထဲကို အဆိပ်ခတ်ပြီး သူ့ကိုကျွေးသတ်မယ်။ ပြီးတာနဲ့ ရတနာအားလုံးကို တစ်ယောက်တည်းယူမယ်" ဟု စိတ်ကူးလေသည်။
စိတ်ကူးအတိုင်းပင် ထမင်းကျက်သောအခါ သူ၏ ဝေစုကို အရင်စားပြီးနောက် ကျန်ထမင်းထဲသို့ အဆိပ်ခတ်ကာ တောထဲသို့ သယ်ယူသွား၏။ သို့သော် ထမင်းတည်ခင်းပြီးသည်နှင့် အခြားသူခိုးဓာပြက သူကို ဓားဖြင့်ခုတ်ပိုင်းကာ ခန္ဓာကိုယ်ကို ချောင်ကျကျနေရာတွင် ဝှက်ထားလိုက်သည်။ ထို့နောက် အဆိပ်ခတ်ထားသော ထမင်းကို စားပြီး သူလည်း ထိုနေရာမှာပင် သေဆုံးသွားသည်။ ဤသို့ဖြင့် ရတနာများကို အကြောင်းပြု၍ ပုဏ္ဏားကြီးသာမက သူခိုးဓားပြအားလုံးပါ သေကျေပျက်စီးကုန်ကြသည်။
သို့စေကာမူ တစ်ရက် နှစ်ရက်ကြာပြီးနောက် ဘုရားလောင်းသည် ပြန်ပေးဆွဲထားသူကိုရွေးရန် ငွေများနှင့် ပြန်လာခဲ့သည်။ သူထွက်လာခဲ့သော နေရာတွင် ဆရာကို မတွေ့ရဘဲ ပတ်ပတ်လည်တွင် ရတနာများ ပြန့်ကျဲနေသည်ကိုသာ တွေ့ရသောအခါ သူက အကြံပြုခဲ့ပေမယ့် ဆရာဖြစ်သူက ကောင်းကင်မှ ရတနာမိုးရွာအောင် လုပ်ဆောင်ခဲ့တာဖြစ်မည်၊ ထိုအကျိုးဆက်ကြောင့် အားလုံး သေကျေပျက်စီးကုန်တာဖြစ်မည်ဟု စိတ်ထဲတွင် သို့လောသို့လောနှင့် လမ်းအတိုင်း ဆက်လိုက်သွားသည်။
လမ်းတွင် ဆရာဖြစ်သူ၏ နှစ်ပိုင်းပြတ်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပစ်ထားရာနေရာသို့ ရောက်သွား၏။ "အလို ဖြစ်မှဖြစ်လေ။ "ငါ့ သတိပေးစကားကို အရေးမစိုက်လို့ သူသေရတာပဲ" ဟု အော်ဟစ်ငိုကြွေး၏။ ထို့နောက် ထင်းချောင်းများစုစည်းကာ မီးရှို့စင်ပြုလုပ်ပြီး ဆရာဖြစ်သူ၏ ကိုယ်ခန္ဓာကို မီးသင်္ဂြိုလ်လိုက်သည်။
လမ်းအတိုင်းဆက်သွားရာ ခိုးသားငါးရာ၏ ကိုယ်ခန္ဓာများရှိရာနေရာသို့ ရောက်သွား၏။ ဆက်သွားရာ ခိုးသား နှစ်ရာ့ငါးဆယ်စသဖြင့် တစ်စတစ်စနှင့် နောက်ဆုံးတွင် လူသေအလောင်း နှစ်လောင်းတည်း ရှိသောနေရာသို့ ရောက်သွားသည်။ ထိုသို့ဖြင့် တောထဲသို့ ရတနာများသယ်ယူသွားသော လမ်းကို တွေ့သည်အထိ ဆက်သွား၏။ ထိုနေရာတွင် ရတနာထုပ်အပုံလိုက်နှင့် ဘေးတွင် ထမင်းခွက်မှောက်လျှက်နှင့် လဲကျသေဆုံးနေသော ခိုးသားတစ်ယောက်၏ ကိုယ်ခန္ဓာကို မြင်တွေ့သွား၏။ ဖြစ်စဉ်တစ်ခုလုံးကို ဖျတ်ခနဲ သဘောပေါက်သွားပြီး ပျောက်ဆုံးနေသူကို ရှာဖွေရာ ပစ်ထားသော နေရာတွင် ထိုသူ၏ ခန္ဓာကိုယ်ကို တွေ့ရှိသွားသည်။
"ငါ့ဆရာ အလွဲလွဲ အချော်ချော်နဲ့ ခိုးသားတွေစကားကို ယုံစားပြီး ကောင်ကင်ကနေ ရတနာမိုးရွာအောင် လုပ်ဆောင်တာနှင့် တစ်ပြိုင်တည်း သူရော အခြားသူတွေပါ နှစ်ဦးလုံး သေကျေပျက်စီးမှု ဖြစ်ခဲ့ရတယ်။ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကိုယ်ကျိုးရှာခဲ့ကြသူတွေလည်း လုံးလုံးလျားလျာ ပျက်စီးခဲ့ရတယ်" ဟု မှတ်ချက်ပြုလိုက်၏။ ထို့နောက် ဘုရားလောင်းသည် ရတနားများကို အိမ်သို့ ကြိုးစားသယ်ယူပြီး လှူဒါန်းပေးကမ်းခြင်းစသော ကောင်းမှုကုသိုလ်များဆောင်ရွက်ကာ ဘဝသက်တမ်းကို ကုန်လွန်စေ၏။ သူကွယ်လွန်သောအခါ နတ်ပြည်သို့ ဘဝကူးပြောင်းသွားခဲ့သည်။
#ဝေဒဗ္ဗဇာတ်တော်အတိတ်ဝတ္ထု
မှတ်ချက်>>>
ဤမဟာဝေဒဗ္ဗမန္တာန်သည် ငားရာငားဆယ်
နိပာတ် ဝေဒဗ္ဗဇာတ်တော်တွင်
တိုက်ရိုက်မလာပာ ဇာတ်လမ်းများသာ လာရှိပါသည်။ ယခုဖော်ပြသည့် မဟာဝေဒဗ္ဗမန္တာန်ပါဠိများသည်
လောကီ လောကုတ္တရာပညာဗဟုသုတ စွယ်စုံရတော်မူသောမူကြသော
ရှေးဆရာတော်ကြီးများ စီစဉ်တော်မူခဲ့
ကြသည်ဟု ယူဆရပေသည်။
သို့ရာတွင် ဤမဟာဝေဒဗ္ဗမန္တာန်သည် ဘုရား
ဟော ပိဋကတ်၌တိုက်ရိုက်မလာသော်လည်း
ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးများကို
ထုတ်ဖော်ရွတ်ဆို၍ သစ္စာပြုပုံ ဆုတောင်း
ပုံများကို ဖွဲ့ဆိုထားသော ဂာထာမန္တာန်များဖြစ်
၍ လေးစားထိုက် အားကိုးထိုက်သော မန္တာန်
တော်ဖြစ်သည်။
ဤမန္တာန်ကို ရွတ်ဖတ်ခြင်းဖြင့် ဇာတ်တော်
လာအတိုင်း ရွှေမိုး ငွေမိုး ရတနာမိုး ရွာသွန်း
ဖြိုးသကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာများ တိုးတက်ကြီးပွားစေနိုင်သည်။ရှေးဆရာကြီး
များက တနေ့(၂၇)ကြိမ် ရွတ်ဆိုရမည်ဟု
ဆိုထားရာ နိဗ္ဗဒဝတ်ထား၍ အမြဲရွတ်ဆိုပါက
မုချထူးခြားသော အကျိုးကိုရရှိနိုင်ပေသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
စီးပွားလာဘ်လာဘ ကြီးပွားအောင်မြင်ကြပြီး
မြတ်ဗုဒ္ဓ၏သာသနာကို လှူဒာန်းထောက်ပံ့
နိုင်ကြပါစေ။
@ND
Nov 24, 2018
ဝေဒဗ္ဗဇာတ်အတိတ်ဝတ္ထု
Nov 3, 2018
မီးပုံးပျံနှင့်ယမ်းပိုင်းဆိုင်ရာနည်းပညာများ
မီးပုံးပျံနှင့်ယမ်းပိုင်းဆိုင်ရာနည်းပညာများ
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ကျွန်တော်တို့မြို့မှာ ကျွန်တော့်ထက်ယမ်းပညာ
ကျွမ်းကျင်တဲ့ပညာရှင်တွေထောင်သောင်းမကရှိပါ
တယ်။ယခုကျွန်တော်ရေးနေတဲ့အကြောင်းအရာတွေကထိုထိုပညာရှင်များကိုမရည်ရွယ်ပါဘူး။
ယမ်းစပ်နည်းနဲ့မီးပုံးပျံလုပ်နည်းအတွေ့အကြုံနည်း
သေးတဲ့လူငယ်တွေနဲ့ဝါသနာရှင်တွေအတွက်ရည်
ရွယ်ပြီးရေးတာဖြစ်ပါတယ်။ကျွန်တော်ရေးသား တင်ပြမယ့်အကြောင်းအရာတွေဟာထိုထိုပညာ
ရှင်များရဲ့အယူအဆတွေနဲ့တော့တစ်ထပ်တည်း
တော့တူညီချင်မှတူပါလိမ့်မယ်။ဦးစွာပထမမီးပုံးပျံ
လုပ်နည်းလေးလေ့လာကြည့်ပါစို့။
မီးပုံပျံတစ်လုံးလုပ်တော့မယ်ဆိုရင်အရင်ဆုံး
ဘယ်အမျိုးအစားကိုလုပ်မလဲဆိုတာကစပါတယ်။
ဒီနေရာမှာအရုပ် ၊စိန်နားပန်လုပ်နည်းတွေကိုကျွန်တော်မဖော်နိုင်ပါဘူး။အဲ့ဒါတွေကကျွန်တော်နဲ့အလှမ်း
နည်းနည်းဝေးတယ်ပေါ့ဗျာ။ကျွန်တော်တစ်စိုက်မတ်မတ်လုပ်ခဲ့ဖူးတာက ညမီးကြီးဖြစ်တော့ဒါကိုပဲတင်ပြရပါလိမ့်မယ်။
ပြိုင်ပွဲမှာညမီးကြီးမီးပုံးပျံရဲ့ပုံသဏ္ဌာန်သုံးမျိုးကိုအတွေ့များပါတယ်။နာနတ်သီးပုံစံ၊ကျောက်ဖရုံသီး
ပုံစံ ၊သငေ်္ဘာသီးပုံစံဆိုပြီးသုံးမိျုးတွေ့ရမှာပါ။အဲ့ဒီမှာ
ကျွန်တော်လုပ်တဲ့ပုံက ကျောက်ဖရုံသီးပါ။
အမျှင်များတဲ့ဘယ်ဒေသထုတ် ရှမ်းစက္ကူမဆိုပြိုင်ပွဲ
အတွက်အသုံးပြုနိုင်ပါတယ်။မိုင်းကိုင်စက္ကူကတော့
ရေပန်းအစားဆုံး လို့ထင်ပါတယ်။ပင်လောင်းစက္ကူ
က အမျှင်ပိုကောင်းတယ်လို့ဆိုချင်ပါတယ်။သို့သော်
စက္ကူအရောင်က နည်းနည်းမိန်ပါတယ်။အရောင်ညစ်တယ်ပေါ့ဗျာ။မိုင်းကိုင်စက္ကူမကောင်းဘူးလို့ကျွန်တော်မပြောဘူးနော်။စက္ကူတော့တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တူမှာမဟုတ်ပါဘူး။ဒါတွေထားလိုက်ပါတော့.....
ရှမ်းစက္ကူကို သာမန်အားဖြင့်၂၂ လက်မ ပတ်လည် ဖြတ်ကြတာများပါတယ်။ကျွန်တော်က ၂၁.၂၅လက်မ (၂၁လက်မ တစ်မတ်)ဖြတ်မယ်ဗျ။စက္ကူဖြတ်တဲ့အခါ
ပုံနှိပ်တိုက်မှာ စက္ကူဖြတ်စက်နဲ့ဖြတ်ရင် စောင်းတာတို့
လက်မ လွဲချော်တာတွေကြုံရတတ်ပါတယ်။ဒါကြောင့်
ဖိုင်ဘာပြား အဖြူတို့ အနီတို့ သိတယ်မဟုတ်လားဗျာ။
ရှစ်ပေ×လေးပေ ပြားကြီးတွေလေ။အချပ်လိုက်ဝယ်စရာမလိုပါဘူူး ကိုယ်လိုချင်သလောက် ဆိုင်တွေက ဖြတ်ရောင်းပေးပါတယ်။နှစ်ပေ ပတ်လည်လောက်
ဝယ်ပေါ့လေ။ပြီးတော့ကိုယ်လိုချင်တဲ့ ၂၁.၂၅လက်မ
ရအောင်ဖြတ်ပါ။လေးထောင့်ကျအောင်ဖြတ်ဖို့လိုမယ်ဗျ။
ဖိုင်ဘာပြားဖြတ်နည်း
•°°•°°•°°•°°•°°•°°•°°•
( လေးထောင့်ကျအောင်ဖြတ်ဖို့က ကျင်တွယ် နဲ့တိုင်းပြီး သံဖြတ်လွှ အကျိုးထိပ်လေးနဲ့ မျဉ်းတံအသုံးပြုပြီး
ခြစ်ခြစ်ပြီး ဖြတ်နိုင်ပါတယ်။ဖိုင်ဘာဖြတ်လွှနဲ့ဖြတ်ရင်
တော့အတိမ်းအစောင်းများ တတ်ပါတယ်။ကြိုက်တဲ့ နည်းအသုံးပြုပါလေ။ကျင်တွယ်ကိုက် စတုရန်းကျလေကောင်းလေပါ။
ပြီးတော့အဲ့ဖိုင်ဘားပြားကိုဖြတ်လိုက်
ပြီးပိုနေတဲ့ဘေးသားတွေကို တစ်လက်မ ဆိုက်အချောင်းလေးတွေ ဖြတ်ပါ။ပြီးတော့အဲ့ဒီတစ်လက်မချောင်းကို အရှည်လေးလက်မ လောက်စီပြန်ဖြတ်ပါ။
ငါးခု ခြောက်ခုလောက် ရပြီဆိုရင် အဲ့ဒါလေးတွေကို
တစ်ခုခြင်းစီ စူပါဂရူးကော်နဲ့ထပ်ပြီးကပ်လိုက်ပါ။
အတုံးလေးရလာတာပေါ့ဗျာ။ဒါကို ခုဏ က ဖိုင်ဘာပြားအလယ်မှာကပ်လိုက်တော့ လက်ကိုင်လေး
ဖြစ်သွားတာပေါ့ဗျာ။)
ပုံစံဖိုင်ဘာပြားလေးရလာပြီဆိုရင် စက္ကူ၅ရွက်လောက်ထပ်ပြီး ဘေးသားတွေကို စတေကာဓါး
ဖြတ််ပါ။တစ်ရွက်ချင်း ဖြတ်နိုင်ရင်ပိုကောင်းပါတယ်။
အချိန်မပေးနိုင်ရင် လေး ငါးရွက် ထပ်ဖြတ်ပါ။၅ ရွက်ထက်ကျော်ရင်အတိမ်းအစောင်းဖြစ်နိုင်ပါတယ်။
စက္ကူဖြတ်ပြီးရင် ကပ်စာအတွက် တစ်လက်မစီ လေးဖက်စလုံးမျဉ်းသားပါ။အလူမီနီယမ် တစ်လက်မ
ချောင်းကိုအသုံးပြုနိုင်ပါတယ်။
ကိုယ်ထည်အရှည်တွက်နည်း
•°°•°°•°°•°°•°°•°°•°°•°°•°°•°°•
ခေါင်းအချင်းကိုလိုက်ပြီး ကိုယ်ထည်အရှည်ဘယ်လောက်လုပ်ရမယ်ဆိုတာတွက်ပါမယ်။အလွယ်နည်း
ကတော့ ခေါင်အချင်းကို ၃.၁၄ နဲ့မြှောက်ပါ။ဒီနည်းက
လွယ်သလောက် တော်တော်တိကျတယ်လို့ပြောချင်
တယ်ဗျ။
ပုံစံ။ ။ ခေါင်အချင်း×3.14
ဥပမာခေါင်အချင်း ၂၄ပေအတွက်ဆိုရင်....
24 ပေ ×3.14=75.36ပေ(75ပေ 4လက်မ)
ဒီမှာတစ်ခုအထူူးသတိထားရမှာက.......
ခေါင်းအချင်း၂၄ပေ ဖြတ်လိုက်ပြီးတော့ ခေါင်းနဲ့
ကိုယ်ထည်နဲ့ဆက်တဲ့အခါ ခေါင်းအနားတစ်ပတ်လုံး
ကို နှစ်လက်မ ပြက်ခေါက် ပြီးကပ်ရတာမို့ ခေါင်အချင်း
ပြန်တိုင်းတော့ ၂၃ပေ ၈လက်မ ပဲကျန်ပါမယ်။
အဝိုင်းဆိုတော့ နှစ်လက်မခေါက်ရင် လေးလက်မလျော့သွားမယ်ဗျ။ဒါကြောင့်ကိုယ်ထည်အရှည်တွက်တဲ့အခါ ၂၃ပေ ၈လက်မ နဲ့သာတွက်ရပါလိမ့်မယ်။
ခေါင်အချင်း၂၄ပေ အတွက် ကိုယ်ထည်အရှည်တွက်တဲ့အခါ၂၃ပေ ၈လက်မနဲ့တွက်တော့ ဒါကို
လက်မဖွဲ့တဲ့အခါ
၂၈၄လက်မ×၃.၁၄=၈၉၁.၇၆လက်မ
=၇၄ပေ ၄လက်မနီးပါးရပါမယ်။
နံထောင်အမြင့်က အမျိုးမျိုးလုပ်ကြပါတယ်။
၂၂ပေနဲ့၂၄ပေ ကြားကြိုက်နှစ်သက်သလိုထားပါလေ။
မီးပုံးပျံလုပ်ရင် ကိုယ်ထည်အရှည်ကိုအရင်ကပ်ပြီး
ပေတိုင်းပြီး ခေါင်အချင်းကိုဖြတ်ယူရင်လည်း တစ်မျိုး
အဆင်ပြေပါတယ်။
၂၁.၂၅ လက်မ စက္ကူဖြတ်ခဲ့တော့ နံထောင်၁၄ဆက်ကပ်ရင် ကပ်စာ ၁လက်မ နုတ်တော့
၂၀.၂၅လက်မ ×၁၄=၂၈၃.၅လက်မ
=၂၃ပေ ၇.၅လက်မ(နံထောင်)
(မှတ်ချက်။ ။ကိုယ်ထည်၁၄ရွက်မှာ အဆက်၁၃ခုပဲပါတာကြောင့်နံထောင် ၂၃ပေ ၈.၅လက်မပါ။)
ကိုယ်ထည်
၂၀.၂၅လက်မ×၄၄=၈၉၁လက်မ
=၇၄ပေ၃လက်မ
လိုအပ်တဲ့ကိုယ်ထည်အရှည်က ၇၄ပေ၄လက်မနီးပါး
ဖြစ်ပြီး ကိုယ်ထည်ကပ်လို့ရလာတဲ့အရှည်က ၇၄ပေ၃လက်မ ဖြစ်တဲ့အတွက်အလွန်နီးစပ်ပါတယ်။ဒီလောက်ဆိုရင်အဆင်ပြေပါပြီ။
ကိုယ်ထည်မှာရှမ်းစက္ကူ အလယ်တည့်တည့်မှာ
၄၄တန်းဆက်ထားတဲ့အတွက်ဒေါင်လိုက်ပတ်တီး ၄၄ချောင်းကပ်ပါမယ်။ပြီးတော့ရဲ့လိုအပ်တဲ့
ပန်းချီများကို ပုံဖော်ပြီး ကိုယ်ထည် အရင်ဆက်လိုက်ပါ။ကိုယ်ထည်ဆက်ပြီးမှ ခေါင်းလုံးပါမယ်။ခေါင်မှာ
ပတ်တီး ၂၂ချောင်းထည့်ရပါမယ်။ဒါမှပတ်တီး၄၄ခု
ဖြစ်ပါမယ်။ခေါင်ပတ်တီး(အချုပ်) လိုက်တဲ့အခါ အဖျား
ပိုင်းတွေမှာနှစ်လက်မစီ ချန်ထားရပါမယ်။ခေါင်နှစ်လက်မ ခေါက်စာချန်ထားပါ လို့ဆိုလိုပါတယ်။သို့သော် ပတ်တီးစက ခေါင်ထက်လေးလက်မလောက်ပို
နေပါစေ။
နံထောင်အချုပ်ကတော့ နံထောင်အရှိအတိုင်း
အပိုအလိုမရှိ အချုပ်လိုက်ပါ။ပတ်တီးစအပိုထားဖို့ မလိုအပ်ပါ။ပြီးတော့ခေါင်ကို ကြမ်းပြင်ပေါ်မှာ ဖြန့်ခင်း
ပါ။ပတ်တီး ကပ်ထားတဲ့အပိုင်းက အောက်ဖက်ထားပါ။ အနား နှစ်လက်မအပေါ်ဖက် ခေါက် ပါ။ပြီးတော့ ကိုယ်ကို ခေါင်အလယ်မှာပုံပါ။ခေါင်က အပိုထား ထားတဲ့ပတ်တီးစတွေ ကို ကိုယ်ထည်
ပတ်တီးပေါ် ကပ်ချလိုက်ပါ။၄၄ ခုလုံးအရင်ကပ်ပါ။
ပြီးမှခေါင်ခေါက်ထားတဲ့ အပိုင်းလေးတွေ ကော်သုတ်
ပြီး ခေါင်နဲ့ကိုယ်ထည်ဆက်ပါလေ။
ဒီနည်းအတိုင်း ဆိုရင် ဒွါရ ဆက်တာကိုလည်း နားလည်နိုင်ပါပြီ။ဒါဆိုရင်တော့ ပြိုင်ပွဲဝင်မီးပုံးပျံ
တစ်လုံးကို ရရှိလာနိုင်ပြီဖြစ်ပါတယ်။
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။နောက်
ပို့စ်တွေမှာ ယမ်းပိုင်းဆိုင်ရာများကိုလေ့လာမိသလောက်ဆက်လက်တင်ပြပါမယ်ခင်ဗျာ။
မီးစာရေနံစပ်နည်းနှင့်မီးစာပြုလုပ်နည်း
°•°°•°°•°°•°°•°°•°°•°•°°•°•°°•°•°°•°•
ရေနံစိမ်း -2ပိဿာ
ရေနံချေး - 1ပိဿာ
ဖယောင်း -25ကျပ်သား
ထင်ရှူးဆီအခဲ -25ကျပ်သား
ဒီအချိုးကိုသံသယမရှိ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်ဆယ်စု တစ်ခုလောက် အသုံးပြုပြီးခဲ့တဲ့အတွက် မလွဲနိုင်တဲ့နည်း လည်း ဖြစ်ပါတယ်။ဒီနည်းက ရေနံစက်ကျတာကြောင့်
မီးစာပတ်ပြီး ရင် ပိတ်ဖြူအထူမျိုး အပြန့်လိုက် ပတ်ဖို့လိုပါတယ်။ပိတ်ဖြူ အခြောက်ပတ်ရမှာပါ။ဒါဆိုရင်ရေနံစက် ကျတဲ့ပြဿနာ ငြိမ်းပါပြီ။
ပြိုင်ပွဲအတွက်မီးစာပတ်တဲ့သူတွေကတော့ မီးစာ
ပထမတစ်ထပ်ကိုဖယောင်း ချည်းချည်းတစ်ထပ် ပတ်
ပါ။တစ်ပတ်ဆိုတာ စောင်ကြမ်း လေးလက်မ ပြက်ကို
ကျစ်ပြီးပတ်ပါလို့ဆိုလိုပါတယ်။စောင်နှစ်လက်မပြက်
ဖြတ်ပြီးပတ်တဲ့သူတွေက နှစ်ထပ်ပေါ့ဗျာ။ပြီးမှ စပ်ပြီးသား ရေနံမှာ စောင်ကြမ်းစိမ်ပြီး အပေါ်အထပ်တွေ
ပတ်ပေါ့ဗျာ။နောက်ဆုံးပိတ်ဖြူ အခြောက်တစ်ထပ်
အပြန့်လိုက် (သို့) မကျစ်ဘဲ ပတ်ပါ။မီးစာ တစ်ချောင်း
လုံးကို ကြေးနန်းကြိုး နဲ့ မစိပ်မကျဲ ပတ်လိုက်ပြီးပြီဆို
ရင်တော့ ပြိုင်ပွဲမီးပုံပျံအတွက် မီးစာတစ်ချောင်း ကို
နည်းလမ်း မထွေမပြားဘဲ ရိုးရှင်းတဲ့ မီးစာတစ်ချောင်း
ရလာပြီပဲ ဖြစ်ပါတယ်။
မီးစာပတ်တဲ့အခါ စောင်တစ်ခုနဲ့ဆက်ဖို့အခက်ရှိပါသလား?
စောင်ရဲ့အဆုံးနားမှာ ချုပ်ကြောင်းလေးတစ်ခုရှိပါတယ်။အဲ့ဒီချပ်ကြောင်းရဲ့အတွင်း ကပ်ကပ်လေး
နားမှာ အလယ်လောက်မှန်းပြီး လက်ချောင်းလေးနဲ့
ထိုးဖောက်လိုက်ပါ။ပြီးတော့စောင်နောက်တစ်စကိုယူ
အပေါက်ထဲ လျှိုလိုက်ပါ။ပြီးတော့စောင်စ အသစ်ကို
လည်းခုဏအတိုင်းဖောက်ပြီး စောင်အသစ်ရဲ့ နောက်
အစွန်းတစ်ခုကို အပေါက်ထဲလျှိုပြီး ဆွဲလိုက်ရင် စောင်
ဆက်ပြီးသားဖြစ်ပါပြီ။အဲ့ဒီနောက်ကျစ်ပြီး တော့ ပတ်သွား။ကုန်ခါနီးဆိုရင် ခုဏကလိုပြန်ဆက်။တစ်စ တစ်စ နဲ့ ပြီးသွားပါလိမ့်မယ်။စောင်ကို ကျစ်တဲ့အခါ အတွင်းဖက်ကိုကျစ်ရင် မီးစာပတ်တဲ့အခါနာရီလက်တံ သွားတဲ့ အတိုင်းပတ်ပါ။အပြင်ကျစ်ရင် နာရီလက်တံပြောင်းပြန် ပတ်ပါ။ဒါမှကျစ်ကျစ်လစ်လစ်ဖြစ်ပါမယ်။ပတ်လိုက်တိုင်းကျစ်ထားတဲ့ စောင်ပွပွလာတယ်ဆိုရင်ပြောင်းပြန်ပတ်မိနေလို့ပါ။
သုတ်စနက်
°••°••°••°••°
သုတ်စနက်ကိုသုတ်တဲ့အခါ စပ်ပြီးသားယမ်းကို
ဆန်ဆေးရည် (သို့)ရေ (သို့)ကော်နဲ့ဖျော်ပြီးစုတ်တံနဲ့
သုတ်ကြရပါတယ်။ကော်နဲ့သုတ်တာအကောင်းဆုံး ပါပဲ။ကော်က ဆန်ကော် ဂရိတ်ဝေါလ်တံဆိပ်ပါ။ဆန်ကော်နဲ့ဖျော်ပြီးသုတ်ထားတဲ့ သုတ်စနက်ပြားက ယမ်း
မကြွေဘဲ ကော်ပတ်ပြားလိုဖြစ်နေပါလိမ့်မယ်။ဒါ ကြောင့်သုတ်စနက်သုတ်ပြီဆိုရင်ဆန်ကော်ကအကောင်းဆုံးပါပဲ။ကျန်တဲ့ကော်တွေကခြောက်ဖို့ခက်ပြီး
နှင်းရိုက်ရင် ပျော့ဖတ်ဖတ်ကြီးဖြစ်နေတတ်ပါတယ်။ ဆန်ကော်နဲ့သုတ်ထားတဲ့စနက်က အနည်းငယ်လောက်သာ ပျော့ပြီးစိုရွဲရွဲဖြစ်မနေပါဘူး။သုတ်စနက်
အစိုဓါတ်ပြန်တာက ယမ်းစိမ်းကြောင့် လည်းဖြစ်ပါတယ်။ဒါကြောင့်ပေါ်တက် ယမ်းကိုကျွန်တော်ကြိုက်ပါတယ်။သုတ်စနက်ခပ်မြန်မြန်လေးလိုချင်ရင်
ပေါ်တက်၊ကန့် ၊မီးသွေးသုံးမျိုးကိုဆတူ(၁:၁:၁)စပ်ပါ။
အဲ့ဒီစနက်က ရှူးဗုံး(ဗုံးကဒ်)အတွက်သင့်တော်ပါတယ်။ခို ၊လောက် စတဲ့ အချယမ်းတွေအတွက်လည်းကောင်းပါတယ်။ပင်တိုင်ရှူးရဲ့စနက်က သိပ်မြန်လွန်း ရင်မကောင်းပါဘူး။ဒါကြောင့် ပင်တိုင်ရှူး (ဂွေတင်ရှူး)
ရဲ့စနက်ကိုတော့ ပေါ်တက်နဲ့ကန့် (၁း၁)စပ်ပြီးကော်နဲ့
ဖျော်သုတ်ပါ။သုတ်စနက်အတွက်ယမ်းဖျော်ရင် ရေထည့်ဖျော်ဖို့လိုအပ်ပါတယ်။
ပင်မစနက်
°••°••°••°••°
ပင်မစနက်ကိုတစ်ချို့က ယမ်းထည့်လိပ်ပြိးကျစ်ကြပါတယ်။ပေါ်တက် ကန့် မီးသွေး သုံးမျိုးသုံးပြီးဆန်ကော်နဲ့ဖျော်သုတ်ပြီးယမ်းမခြောက်ခင်ကျစ်လိုက်မယ်
ဆိုရင်လုပ်ရကိုင်ရလွယ်ကူပါတယ်။
လိုချင်တဲ့မိနစ်ရဖို့ ယမ်းအချိုးအပေါ်ချည်း မမူတည်သလိုရှမ်းစက္ကူအထူအပါး အကျစ်အပွ ပေါ်မူတည်ပြီးလည်းပြောင်းလဲ တတ်ပါတယ်။ နှစ်ပင်ကျစ် တစ်ပင်ကျစ်ပေါ်လည်း မူတည်ပါတယ်။
ပင်မစနက်လုပ်ဖို့အချိုးက....
ပေါ်တက်-၃ကျပ်သား
ကန့် -၁ကျပ်သား
ရှမ်းစက္ကူတစ်လက်မဆိုဒ်ဖြတ်ပါ။ကော်နဲ့ရောပြီးသုတ်ပါ။နှစ်ပင်လိမ်ကျစ်ပါ။အကယ်၍စနက်နှေးနေသေးရင် စပ်ပြီးသား ယမ်းမှာမီးသွေးနည်းနည်းလိုက်ပါ။ မီးသွေးလိုက်ရင်ယမ်းပြင်းလာမယ်။ မြန်လာပါမယ်။နှေးနေသေးရင်မီးသွေးထပ်လိုက်ပါ။ ရေမထည့်ဘဲဖျော်ပြီးလက်နဲ့ သုတ်ပါ။ရေထည့်ရင် စက္ကူ ပြဲ လွယ်လို့
ကျစ်တဲ့အခါအဆင်မပြေဖြစ်တတ်ပါတယ်။ယမ်းကိုစိုရုံလေး ရေတောက်ပြီးဖျော်ရင်လည်းရပါတယ်။
ပြီးတော့ပင်မစနက် နှင်းဒဏ်ခံနိုင်ရန် ပါဆယ်ထုပ်
ရင်သုံးတဲ့ ပလတ်စတစ်အသားလိုမျိုး ပါဆယ်ပန်းစက္ကူကို အပေါ်ကနေပတ်ပါ။စက္ကူအသားလည်းလာပါတယ်။ပလတ်စတစ်အသားလိုမျိုးကို သုံးရမှာပါ။ ဒါပတ်လိုက်ရင် စနက်နဂိုကထက် မိနစ် နှေးသွားပါမယ်။ဒါဆိုရင်တော့အလွန် ငြိမ်သက်စွာ လောင်ကျွမ်းစေမယ့်ပင်စနက် ကိုရရှိမှာဖြစ်ပါတယ်။ပါဆယ်ပန်းစက္ကူအစားပုံနှိပ်တိုက်မှာ ရွှေရောင်စာလုံးတွေဖောက်ရင် သုံးတဲ့ ပလတ်စတစ်လိုအလိပ်မျိုးကို သုံးနိုင်ပါတယ်။စာလုံးရေးပြီးသား အလိပ်အဟောင်းကိုသုံးနိုင်ပါတယ်။
ခံယမ်း
ိ ိ ိ ိ ိ ိ ိ ိ ိ ိ ိ
ခံယမ်းကို ယမ်းစိမ်း မီးသွေး ကန့် သုံးမျိုးရောစပ်ပြီး
သုံးကြပါတယ်။နောက်တစ်မျိုးက ပေါ်တက်နဲ့မီးသွေး
ပေါ့ဗျာ။ယမ်းစိမ်းခံယမ်း ကိုအများစုသုံးသော်လည်း
ပေါ်တက်နဲ့မီးသွေး (တစ်ချို့ ဇင့်ကသီ လို့ခေါ်ကြ)က
ပိုပြီးအဆင်ပြေတာကိုတွေ့နိုင်ပါတယ်။ဂွေတင်ရှူး နဲ့
ဗုံးကဒ်ခံယမ်း အတွက်ကောင်းပါတယ်။ဇင့်ကသိက
မီးဖွား အလွန်နည့်ပါတယ်။မီးပုံးပျံကနေထွက်လာတဲ့
ငွေမင်မီးရှူးတစ်လုံးက ဇင့်ကသီခံယမ်း သုံးထားတယ်ဆိုရင်ခံယမ်းမီးဖွားမမြင်ရဘဲ ငွေမင်မီးဖွား သာတွေ့ရမှာပါ။
ပြီးတော့ဗုံးကဒ်မှာ ဆိုရင် ဇင့်ကသီခံယမ်းက ရှူးရဲ့သွားနှုန်း Speed မြန်တဲ့အတွက် ကြည့်ရတာ
"ဟာကနဲ....ဟာကနဲ" ဖြစ်သွားရပါတယ်။ယမ်းစိမ်း
ခံယမ်းက သွားတာSPEED နှေးပါတယ်။သို့သော်
အဲ့ဒီလိုနှေးတာကလည်း စက္ခုပသာဒ အတွက်
အသုံးဝင်ပြန်ပါတယ်။ယမ်းစိမ်းခံယမ်းကို သုံးတဲ့ဗုံးကဒ်
နဲ့ ဇင့်ကသီ သုံးတဲ့ ဗုံးကဒ် ရောပြီး ယမ်းခွေ မှာဆင်
လိုက်ရင် ဗုံးကဒ် ထွက်တဲ့အခါ အနှေးအမြန်ဆိုတော့ အလွန်ကြည့်ကောင်းပါတယ်။
#ဇင့်ကသီ
ပေါ်တက် ၃ကျပ်သား
မီးသွေး ၁ကျပ်သား
# ယမ်းစိမ်းခံယမ်း
အိန္ဒိယယမ်းစိမ်းသုံးရင်
ယမ်းစိမ်း ၁၀ကျပ်သား
မီးသွေး ၃ကျပ်သား
ကန့် ၁ကျပ်သား
ဂျပန်ယမ်းစိမ်းသုံးရင်
ယမ်းစိမ်း ၇ကျပ်သား
မီးသွေး ၂ကျပ်သား
ကန့် ၁ကျပ်သား
(ဂျပန်နဲ့အိနိ္ဒယအချိုးနှစ်ခုကသိပ်မကွာပါဘူး။)
ဂျပန်ယမ်းသုံးတဲ့အခါတစ်ချို့မီးသွေးသုံးကျပ်သားထည့်ပါတယ်။နှစ်ကျပ်သား ပိုကြိုက်ပါတယ်။
ယမ်းစိမ်းကိုထောင်းနေရတဲ့ဒုက္ခသက်သာဖို့ယမ်းစိမ်း
ကို ကိျုတဲ့နည်းနဲ့စပ်ပါ။ဒယ်အိုး ဒန်အိုး တစ်ခုခုထဲမှာ
ယမ်းစိမ်း ၁၀ သား ထည့်ပါ။ယမ်းခဲမြှပ်ရုံမျှရေထည့်ပါ။
မီးပေါ်တင် အခဲအားလုံးအရည်ပျော်တဲ့အထိကျိုပါ။
မီးသွေး ၃ ကျပ်သား ချိန်ပြီးပြီဆိုရင် အဲ့ဒါကို ရေစိုစွတ်နေအောင်လုပ်ထားဖို့လိုအပ်ပါတယ်။ဒါမှကျိုပြီးသား
ယမ်းနဲ့ ရောမွှေတဲ့အခါ လွယ်ကူပါလိမ့်မယ်။ရေခန်းလုနီးပါးကျိုပါ။အိုးကိုအောက်ချပါ။ပြီးမှ ချိန်ပြီးသားကန့်နဲ့ထည့်မွှေပါ။သွပ်ပြားပေါ်တင်ပြီး နေပူလှန်းရင်အခြောက်မြန်ပါတယ်။
အနီ၊ အစိမ်း၊ အဝါ
●●●●●●●●●●●
အနီရောင်စပ်ရင်
ပေါ်တက်
စတော်နီယမ်
လေယာဉ်သံ
အခြေခံပစ္စည်းတွေပါရပါမယ်။အချိုးကတော့အတိ
အကျပြောဖို့မလွယ်ဘူး။ဘာကြောင့်လဲ?
2004 ခုနှစ်က ကျွန်တော်တို့စပ်တာ ၁း၁း၁ အချိုးနဲ့အဆင်ပြေပါတယ်။2005 ခုနှစ်မှာ အဲ့အချိုးနဲ့
စပ်တာမရတော့ဘူး။ပစ္စည်း မတူတော့ အချိုးလည်း
ပြောင်းသွားပါတယ်။ဒါကြောင့်ပစ္စည်းပေါ်မူတည်တယ်
လို့ဆိုရပါမယ်။အနီမှာမီးသွေးနည်းနည်းလိုက်ပေးရင်
ကာလာ ပိုစိုလာသလို ယမ်းလည်းပိုပြင်းလာပါမယ်။
ကန့်ပါရင်ယမ်းဆက်ပိုရှည်ပါတယ်။
ဒါကြောင့်အနီပါဝင်ပစ္စည်းတွေက
ပေါ်တက်
စတော်နီယမ်
လေယာဉ်သံ
မီးသွေး
ကန့်
အောက်ကအနီအချိုးကတော့အဆင်ပြေတတ်တဲ့အချိုးလေးပါ။
ပေါ်တက် - ၃ ကျပ်သား
စတော်နီယမ် - ၂ ကျပ်သား
လေယာဉ်သံ -၁ ကျပ်သား
မီးသွေး -၁/၂ ကျပ်သား
ကန့် -၁/၂ ကျပ်သား
မီးကျည်တောင့်နဲ့စပ်တဲ့အနီက အရောင်ဖျော့ပြီး
မီးလုံးလည်းသေးပါတယ်။
အစိမ်းကလည်းပစ္စည်းပေါ်မူတည်တဲ့အတွက်ထူးမခြားနားပါပဲ။ပါဝင်ပစ္စည်းတွေက
ပေါ်တက်
ဘေရီယမ်
လေယာဉ်သံ
မီးသွေး
ကန့်
အဝါကယမ်းစိမ်းနဲ့စပ်တဲ့အဝါပါ။သူကတော့အချိုးမပြောင်းပါဘူး။
ယမ်စိမ်း ၄ ကျပ်သား
လေယာဉ်သံ ၂ ကျပ်သား
ဆိုဒါ ၁ ကျပ်သား
ကန့် ၁/၄ ကျပ်သား
အဝါကို ပေါ်တက်နဲ့စပ်တဲ့အခါ ဆိုဒါအစား ဟိုက်ပို(ကြံချွတ်ဆေး) ကိုသုံးပါတယ်။အရောင်အရမ်း
စိုရွမ်းပြီးလှပါတယ်။ယမ်းပြင်းအားလည်းကောင်းပါတယ်။ရေရှည်တော့မခံပါ။အဝါရေရှည်ခံဖို့
ဆိုဒီယမ်အော်ဇိုလိတ် နဲ့စပ်ကြတယ်လို့ပြောပါတယ်။
ကျွန်တော်တော့မစမ်းဖူးသေးပါဘူး။
အဝါအငြိမ် (ကာလာထုပ်အဝါအတွက်)
လေယာဉ်သံ တစ်ခွက်
ဆပ်ပြာမှုန့် တစ်ခွက်
အဲ့အချိုးနဲ့စပ်ရင် အလွန်အရောင်စိုတဲ့ အဝါငြိမ်ကို
ရပါလိမ့်မယ်။ကာလာထုပ် ထုပ်ရင်အကူယမ်းထည့်ဖို့
လိုအပ်ပါတယ်။ဒီနေ့စပ် ဒီနေ့သုံးမှရပါတယ်။တစ်ရက်ကျော်တာနဲ့ယမ်းပျက်ပါတယ်။
အပြာကာလာထုပ်
●●●●●●●●●●●●
ပေါ်တက် ၆ကျပ်သား
ကန့် ၃ကျပ်သား
ဒုတၳာ ၁ကျပ်သား
အောက်မှာချရှို့ရင် အရောင်ကြည်တယ်လို့ထင်ရပါတယ်။မီးပုံးပျံက ကျရင်အရောင်တောက်ပါတယ်။
ခို/ရှူး အပြာ
●○●○●○●
သူက ဆိုင်ကဝယ်တဲ့ဒုတၳာနဲ့မရပါဘူး။ခို/ရှူး အတွက်
ဒုတၳာအစား ......
ကြေးနန်းကြိုး သို့မဟုတ် ကြေးနီမှုန့် ကို ကန့်နဲ့ဆတူရောပြီး ဒန်အိုးမှာထည့် ကျိုပါ။အချိန်အခိုက်အတန့် ကျိုလို့မှ ကြေးနီအစတွေကျန်နေသေးရင် ကန့်နည်းနည်း ထည့်ပါ။ကြေးနီစတွေ မကုန်မချင်း ကန့်နည်းနည်း စီ လိုက်လိုက်သွားပေးပါ။ဒါကိုဒုတၳာ အစား
သုံးရပါမယ်။
ပေါ်တက် - ၁ကျပ်ခွဲသား
ကန့် - ၁ကျပ်သား
ကျိုပြီးသားကြေးနီ+ကန့်မှုန့် - ၅မူးသား
အဲ့အချိုးနဲ့ ညီလေးတစ်ယောက်စပ်တာ တော်တော်
လေးကောင်းပါတယ်။
မှတ်ချက်။ ။အန္တရာယ်ရှိပါတယ်၊ကွဲတတ်ပါတယ်။
ရှူး/ခို မရိုက်ဘဲ သိပ်ယူပါလို့အကြံပြုပါတယ်။
💣💣💣💣
💣ဗုံးကဒ်💣
💣💣💣💣
ဗုံးကဒ် ဖြာပြီးထွက်တာကြိုက်တဲ့သူတွေရှိသလို
ခပ်မျောမျောလေး ထွက်တာကြိုက်တဲ့သူလည်း ရှိကောင်းရှိပါလိမ့်မယ်။ကျွန်တော်ကတော့ ဖြာထွက်
နေတာကြိုက်ပါတယ်။
ဗုံးကဒ်မှာကျွန်တော့်အယူအဆပြောရရင် ပထမဆုံး
ခံယမ်းပြင်းရမယ်။ပြီးတော့ ရှူးတုတ် အရှည်၅လက်မခွဲ
၊တုတ်ထူဖို့မလို ပါးပါးလွှာလွှာ လေးဆိုရပါပြီ။ကာလာ
ယမ်းလည်းပြင်းတာကောင်းပါတယ်။ပြောင်းဆိုဒ်က
7mm ပေါ့။ပြောင်းကကြာဖူးမထိုးခင်တစ်လက်မ အရှည် ရှိရင်ရပါပြီ။ခံယမ်းက ယမ်းစိမ်း ဒါမှမဟုတ်
ဇင့်ကသီ နှစ်မျိုးစလုံးသုံးနိုင်ပါတယ်။ယမ်းစိမ်းခံယမ်း
သုံးရင် ထိုးစနက် ကိုသုံးပါတယ်။ ဇင့်ကသီခံယမ်း သုံးရင် ဇက်သိပ်ပြီးတာနဲ့ တန်းဆင်ပါတယ်။ဒါက ပုံသေဒီလိုလုပ်ရမယ် လို့မဆိုလိုပါဘူး ကျွန်တော်စမ်းသပ်ပြီးလုပ်ခဲ့ဖူးသမျှထဲက အဆင်အပြေဆုံး ဒါမှမဟုတ် ကျွန်တော်အကြိုက်ဆုံး နည်းလမ်းကို ပြောပြခြင်းမျှသာဖြစ်ပါတယ်။
ကြာဖူးထိုးပြီးရင်လည်း မီးခံပြားအပါးမျိုးကို ဝါရှာ
သဘောမျိုး ခံထားပါတယ်။မီးရှူးနှစ်လုံးကိုဖင်ချင်းတေ့ပြီးအလယ်မှာတော့စနက်တံပေါ့။ပြီးတော့ စက္ကူတိတ်နဲ့တွဲပါ။ပုံမှာကြည့်ပါ။တုတ်ကတော့
စူပါဂရူး(super glue)ကော်နဲ့ကပ်ပါ။
တစ်ခုပြောချင်တာက ဇင့်ကသီခံယမ်းကသွားတဲ့ speedမြန်တယ်။ယမ်းစိမ်းခံယမ်းက သွားတဲ့speed
နှေးပါတယ်။မီးပုံးပျံမှာ နှစ်မျိုးစလုံး သုံးသင့်ပါတယ်။
🚀🚀🚀🚀
🚀ငွေမင်🚀
🚀🚀🚀🚀
ငွေမင် - ၄၅ကျပ်သား
ပေါ်တက် - ၁၀ကျပ်သား
မဂ်ဂနီးဖိုးအောက်ဆိုဒ် -၇ကျပ်သား
ကန့် -၁/၄ကျပ်သား
အဲ့အချိုးကမီးဖွားအရမ်းကောင်းပါတယ်။ဂွေတင်မီးရှူးအတွက်ကောင်းပါတယ်။ယမ်းအခြောက်ရိုက်ရင်ရိုက်ရတာ အတော်လေးခက်ပါတယ်။ပေါ်တက်နည်းတဲ့အတွက် အရမ်းလွင့်ပါတယ်။ကျွန်တော်ကတော့
ယမ်းအခြောက်အတိုင်းပဲရိုက်ပါတယ်။ပေါ်တက်အမျိုးအစားပေါ်မူတည်ပြီး ပေါ်တက်အချိုးအစား ပြောင်းလဲ သွားပါတယ်။၁၀ ကျပ်သား ကနေ ၂၀ ကျပ်သားအထိပြောင်းလဲပါတယ်။ကျန်တာတော့ဒီအတိုင်းပါပဲ။
မဂ်ဂနီးဖိုးအောက်ဆိုဒ်ကို တစ်ချို့မဂ်ဂနီးဒိုင်အောက်ဆိုဒ် လို့ခေါ်ပါတယ်။သူရဲ့ Chemical
Symbol တော့အတိအကျမသိပါဘူး။ MnO2
ထင်ပါတယ်။ MnO2 ဆိုရင်တော့ မဂ်ဂနီးဖိုးအောက်ဆိုဒ်ပါ။ကျွန်တော်လည်း chemistry ဆရာမဟုတ်တော့မသိပါဘူး။ထားပါတော့ သူ့ရဲ့လုပ်ဆောင်ချက်က ကျွန်တော်စမ်းကြည့်သလောက် ယမ်းကွဲဖို့အင်အား လျော့နည်းစေတယ်။ပြီးတော့ ကန်ရှေ့ရပ်ကွက်
က "ဦးလေးငွေ" ရဲ့အယူအဆ ကတော့ မလောင်ဘဲ
အလဟသ ဖြစ်သွားတဲ့ ငွေမင်တွေကို ယင်းမဂ်ဂနီးဖိုးအောက်ဆိုဒ်က လောင်ကျွမ်းစေတဲ့ အတွက် မီးဖွား
တွေ ဥတွေ ပိုများလာစေတယ် လို့ဆိုပါတယ်။
ဥပမာ- ပေါ်တက်နဲ့ကန့်နှစ်မျိုးစပ်ပြီးတဲ့အခါ စက္ကူ
သေးသေးလေးထဲမှာ စပ်ပြီးသားယမ်း မီးခြစ်ခေါင်း ပမာဏလောက် နည်းနည်းလေးထည့်ပြီးတူနဲ့ ထုကြည့် တဲ့အခါကွဲပါတယ်။ပမာဏများများမစမ်းသင့်ပါ။အန္တရာယ်များပါတယ်။အဲ့ဒီပေါ်တက်နဲ့ကန့်စပ်
ပြီးသားထဲမှာ မီးသွေး တစ်ချိုးလောက်ရောလိုက်
တဲ့အခါ ယမ်းတော့ပြင်းလာပါတယ်။ဒါပေမယ့် ခုဏလို
ပဲ ယမ်းအနည်းယူပြီး တူနဲ့ထုကြည့်တဲ့အခါ နဂိုလောက်ယမ်းက မကွဲလွယ်တော့တာတွေ့ရပါမယ်။
မဂ်ဂနီး ကလည်း ငွေမင် ၊ပေါ်တက် ၊ကန့် သုံးမျိုးပေါင်း
ရင်ကွဲလွယ်သလောက် မဂ်ဂနီးပါရင် သိပ်မကွဲလွယ်တော့တာတွေ့ရပါမယ်။ဒါက ကျွန်တော်စမ်းမိသလောက်သာ ပြောပြခြင်း ဖြစ်ပါတယ်။ငွေမင် စပ်ပြီးသား ဆိုရင် ကြွေပြားပေါ်တင် ကြိတ်ရင် လောင်တတ်ပါတယ်။တစ်ချို့က ပေါ်တက်ကိုအမှုန့်မကြိတ်ဘဲ အခဲအတိုင်း စပ်ပါတယ်။စပ်ပြီးမှကြိတ်ယူပါတယ်။
တစ်ချို့က ပေါ်တက်အမှုန့်နဲ့တော့စပ်ပါရဲ့ ယမ်းနံ့ှ အောင် ၊ယမ်းသမ အောင်ဆိုပြီး စပ်ပြီးမှ ကြိတ်တတ်
ကြပါတယ်။အင်မတန် အန္တရာယ်ရှိပြီး မှားယွင်းတဲ့
နည်းဖြစ်ပါတယ်။အားလုံး အမှုန့် လုပ် ဆန်ကာ (ဇကာ)ချပြီးမှစပ်၊ ပြီးတော့မှ ပလတ်စတစ် အပြားနဲ့
မွှေတာကတော့ အကောင်းဆုံးပါပဲ။ဘယ်သူမဆို
မိမိကိုယ်မိမိတာဝန်ယူရမှာ ဖြစ်တဲ့အတွက် ရမ်းသမ်း
ပြီးမလုပ်သင့်ပါဘူး။အတွေ့အကြုံနည်းသေးတဲ့ သူများကလည်း အတွေ့အကြုံရှိပြီးသား နီးစပ်ရာ
ပုဂ္ဂိုလ် တွေဆီမှာမေးမြန်းပြီး လုပ်ပါ။တစ်ယောက်လောက်မေးရုံနဲ့လည်း ယုံကြည်စိတ်ချပြီး မလုပ်ပါနဲ့။
များများမေးပါ။ဂရုစိုက်ပြီးလုပ်ပါ။ကျွန်တော်ကတော့
ယမ်းကွဲ ယမ်းလောင်တွေ ဖြစ်မှာအင်မတန်စိုးရိမ်ပါတယ်။ဒါကြောင့် အထပ်ထပ်သတိပေးပါတယ်။
Credit Post #pyrotechnices
Nyein Chan Thu Rain
ယမ်းအလှ ဆင်နည်း
ယမ်း၂၀ကျပ်၊ ကန့်၂ကျပ်၂မတ်၊ မီးသွေး၅ကျပ်၊ သံ၂၀ကျပ် ကျားမြည် မြောက်မြည် မီးပန်းကြီးဖြစ်၏။
ယမ်း၂၀ကျပ်၊ ကန့်၁၀ကျပ်၊ မီးသွေး၄ကျပ်၊ သံ၂၀ကျပ် မီးပန်းကြီးမိုးပေါက်ဖြစ်၏။
ယမ်း၈ကျပ်၊ ကန့်၁ကျပ်၊ မီးသွေး၈ကျပ်၊ ခဲမ၃မတ်၊ သံ၅၊ မဲနယ်၁မူးသည် မီးပန်းကြီးအစိမ်းဖြစ်၏။
ယမ်း၈ကျပ်၊ ကန့်၇မတ်၊ မီးသွေး၆မတ်၊ သံ၃ကျပ်၅မူးသည် မီးပန်းကြီးအနီဖြစ်၏။
ယမ်း၄ကျပ်၊ ကန့်၆ကျပ်၂မတ်၊ မီးသွေး၇မတ်သည် မီးလင်းမြွေပွင့်များဖြစ်၏။
ယမ်း၄ကျပ်၊ ကန့်၁၅ကျပ်၊ မီးသွေး၄၀ကျပ်သည် မီးလင်းမြွေဖြစ်၏။
ယမ်း၅ကျပ်၊ ကန့်၅မတ်၊ တံစဉ်းစားသံမှုန့်၂မတ်၊ ထမင်းခြောက်မီးသွေး၁ကျပ်သည် ဥပါဖော်နည်းဖြစ်၏။
မီးပိတုန်းဖောက်ရန် လေးချိုးတစ်ချိုးထိပ်ရောက်၊ နံဘေးစူသည်လေးချိုးတစ်ချိုးပင်၊ ယမ်းနေလေးချိုးတွင်ဖောက်။
မီးဖြူဖော်ရန် ယမ်း၂ကျပ်၊ ကန့်၂ကျပ်၊ ဆေးဒန်းကိုအနည်းငယ်ပြက်သိပ်ခွေ၍ထည့်၊ များလျှင်များ၏၊ သို့ မီးသွေးကို ဆေးဒန်းကဲ့သို့ ထည့်လိုလျှင်လည်းထည့်၊ မထည့်သော်လည်းကောင်း၏။
မီးပုတုန်းဝဲဖောက်နည်းမှာ မီးဖြူဆေးကိုပင် ၂ရက်မာစေ၊ ဖောက်နည်းကား ၆ချိုးချိုး၊ တစ်ချိုးစီချည်၊ ခေါင်းတစ်ခု၊ ခြေနှစ်ခု၊ အတောင်နှစ်ခု၊ ခြေမှာလှမ်းဟန်၊ အတောင်ကဲ့သို့ဖောက်ရမည်။
Copy webတခုမှ