"ဦးသု မက်ိန္းေသးဘူးလား"
"မက်ိန္းေသးဘူး ကိုယ္ေတာ္ေရ၊
ဒီစာမ်က္ႏွာေလး ၿပီးေအာင္ လွည့္လိုက္အုံး
မယ္"
ဦးေကလာသသည္ ခင္မင္ရင္းနီးေသာေၾကာင့္
ဦးသုဇာတကို "ဦးသု"ဟုပင္ အတိုေကာက္
ေခၚသည္။
ည (၁၁)နာရီပင္ ထိုးေနၿပီျဖစ္ေသာ္လည္း
ဦးသုဇာတမွာ အ႒ကထာအနက္မ်ားကို
ဇြဲနဘဲႀကီးစြာျဖင့္ လွည့္ေနသည္။
ပါဠိဆိုလိုက္၊ အနက္ဆိုလိုက္ လုပ္သည္ကို
အနက္လွည့္သည္ဟု ေခၚျခင္းျဖစ္သည္။
ဦးသုဇာတမွာ ငယ္္္္ငယ္ရြယ္ရြယ္ႏွင့္ပင္
အႀကီးတန္းေအာင္ခဲ့၍ ပညာေရးအားေကာင္း
ေသာ္ခဲ့ေသာ္လည္း ေက်ာေထာက္ေနာက္ခံ
ဒကာဒကာမမ်ားမ႐ွိ ႐ွားပါးသည့္အတြက္
ဝတၳဳေၾကးေငြမ်ား မျပည့္စုံခဲ့ေပ။ ထို႔ေၾကာင့္
သူလိုခ်င္သည့္ စာအုပ္စာေပမ်ားကိုပင္
အျခားသူငယ္ခ်င္းရဟန္းမ်ားထံမွ ငွါးဖတ္
ကူးယူရေလသည္။
ငယ္စဥ္အခါက ဆရာေတာ္ အ႐ွင္ဉာဏ
မိန္႔ဆိုခဲ့ဖူးသည့္ ဩဝါဒစကားေလးတစ္ခြန္းကို
သြား၍ အမွတ္ရမိပါသည္။
"ရဟန္းဒကာက ေတာ္ရင္ ပၪၨင္းကမေတာ္၊
ပၪၨင္းက ေတာ္ရင္ ရဟန္းဒကာက မေတာ္၊
ပၪၨင္းလည္း ေတာ္၊ ရဟန္းဒကာလည္း ေတာ္
တာကေတာ့ ႐ွားတယ္၊ ေတြ႔ခဲ ဆုံခဲတယ္"
ဟူ၏။
မွန္ပါ၏။ ဦးသုဇာတမွာ ဉာဏ္ရည္ထက္ျမက္သူ
ျဖစ္ေသာ္လည္း သူ၏ ဒကာဒကာမမ်ားမွာ
ပိုက္ဆံေငြေၾကးခ်မ္းသာသည့္အေလ်ာက္
သဒၶါတရားအားနည္းသည့္အတြက္ လုံေလာက္
ေလာက္ငွေအာင္ မလႉတန္းၾက။ ထို့္ေၾကာင့္
ဦးသုဇာတ၏ စာသင္သားဘဝသည္ မျပည့္စုံ
ျခင္းေလာကဓံျဖင့္သာ နပမ္းလံုးခဲ့ရေလသည္။
မန္းေလးစာသင္သားျဖစ္ခ်င္ခဲ့သည့္ ဦးသုဇာတ
အဖို္႔ မျပည့္စုံေသာ္ျငားလည္း မန္းေလးစာသင္
သားျဖစ္ရသည္ကိုပင္ လြန္စြာ ေက်နပ္ေနေလ
သည္။
ငယ္လတ္ႀကီးၿပီးလွ်င္ မန္းေလး(သို႔)ရန္ကုန္
တစ္ၿမိဳ႕ၿမိဳ႕တြင္ ရေအာင္ေနမည္ဟု စိတ္ကူးခဲ့
သည္။ ယခုကား စိတ္ကူးသည့္အတိုင္း
ျဖစ္လာခဲ့ေပၿပီ။ စာသင္သားခ်င္းတူေသာ္လည္း
မန္းေလးစာသင္သားျဖစ္ရဖို႔မွာ ရခဲသည့္အခြင့္
အေရးျဖစ္သည္။
ဦးသုဇာတ အလတ္တန္းႏွစ္က မန္းေလးၿမိဳ႕မွ
ျပန္လာသည့္ ဒကာမတစ္ေယာက္ႏွင့္ စကား
ေျပာဖူးသည္။
ဒကာမက
"ဦးဇင္းတို႔နဲ႔ ေျပာရတာ မန္းေလးက ဦးဇင္းေတြ
နဲ႔ ေျပာရတာေလာက္ မမိုက္ပါဘူး"ဟု
ေျပာေလသည္။
ထိုစကားၾကားစဥ္ကပင္ ဦးသုဇာတမွာ
မန္းေလးစာသင္သားျဖစ္ခ်င္စိတ္မ်ား တဖြားဖြား
ျဖစ္ေပၚခဲ့ပါသည္။
ည(၁၂)နာရီထိုးၿပီမို႔ ဦးသုဇာတတစ္ေယာက္
အ႒ကထာစာအုပ္ကို ပိတ္ကာ ဘုရား႐ွိခိုးၿပီး
က်ိန္းစက္ေလေတာ့သည္။
မႏၲေလးၿမိဳ႕၏ နံနက္ခင္းသည္ ေနျခည္ႏုႏုတို႔
ျဖင့္ ေႏြးေထြးသန္႔႐ွင္းစြာ လွပေန၏။
အိမ္သူအိမ္သားမ်ားက ၎တို႔၏ အိမ္ေ႐ွ႕
ေရမ်ား ပက္ျဖန္းထားေသာေၾကာင့္ ဖုန္မႈန္မ်ား
ကင္းစင္ကာ ေျမသင္းရနံ႔မ်ား သင္းပ်ံ ့လ်က္႐ွိ
၏။ ဦးသုဇာတသည္ သကၤန္းကို က်က်နန ႐ုံ
ကာ သပိတ္ပိုက္လ်ွက္ ဆြမ္းခံထြက္လာခဲ့ေလ
သည္။
ဦးသုဇာတမွာ အသက္(၂၀)အရြယ္ ရဟန္းျဖစ္
ခါစမို႔ ႏုၿဖိဳးဝင္းပေသာ အသားအရည္႐ွိ၏။
သြယ္လ်ေသာ လက္ေခ်ာင္းေလးမ်ားမွာ
ပြတ္လုံးျဖင့္ ေကာင္းစြာ ပြတ္ထားသည့္ႏွယ္။
စိမ္းေနေသာ ဦးေရေတာ္ႏွင့္ ေရးေတးေတး
ႏႈတ္ခမ္းေမြးတို႔ေၾကာင့္ ဦးသုဇာတမွာ လြန္စြာ
သပၸါယ္ၾကည္ညိဳဖြယ္ေကာင္းလွေပသည္။
လျပည့္ဝန္းသည္ တနဂၤေႏြေန႔ ေက်ာင္းအား
ရက္မို႔ အိမ္မႈကိစၥမ်ားကို ကူလုပ္ေပးေလ့႐ွိရာ
မနက္ေစာေစာ ဆြမ္းေလာင္းသည့္အလုပ္ကို
လည္း သူမပင္ တာဝန္ယူေလသည္။
တတိယႏွစ္တကၠသိုလ္ေက်ာင္းသူမို႔ လျပည့္
ဝန္းမွာ လွခ်င္တိုင္း လွေနေလသည္။
ခႏၶာကိုယ္ အခ်ိဳးအစား ေျပျပစ္လွၿပီး အသား
အရည္ျဖဴဝင္းသူျဖစ္သည့္အတြက္ ျမင္သူတိုင္း
ေငးရသည့္ အလွဧကရီနတ္သမီးတစ္ပါးပင္
ျဖစ္ေလသည္။
"မိန္းမ,မင္း,ဆင္၊ ရဟန္း႐ွင္၊ အိေျႏၵရွင္ကြဲ႔
ေလးဦးတဲ့" ဟူသည္ႏွင့္အညီ အိေျႏၵသပၸတၱိ
ႏွင့္ ျပည့္စုံလွသူျဖစ္ေလသည္။ အၾကည့္မရဲ၍
လ်ပ္ေပၚေလာ္လီမႏိုင္ေသာ သူမ၏ အၾကည့္
မ်ားသည္ ဆန္႔က်င့္ဘက္ပုရိသတို႔အား
ေထာင္မ်ား တန္းမ်ားမက်ေအာင္ ကူညီေန
သည့္ႏွယ္ က်က္သေရ႐ွိလွေပသည္။
စာအုပ္စာေပဖတ္ျခင္းမွာ သူမ၏ ေမြးရာပါ ဗီဇ
ျဖစ္ေလရာ သူ မဖတ္ဖူးေသးသည့္ စာအုပ္မ်ား
ျမင္ရပါက အငမ္းမရ ထမင္းေမ့ဟင္းေမ့
ဖတ္တတ္သူပင္ျဖစ္၏။ ေငြသုံးေထာင္ထက္
သုံးေထာင္တန္စာအုပ္တစ္အုပ္ကို ပိုမိုျမတ္ႏိုး
သူျဖစ္သည့္အားေလ်ာ္စြာ စာအုပ္စာေပမဖတ္
ျခင္းျဖင့္ အဆင့္အတန္းျမင့္ေသာ လူတစ္ေယာ
က္ျဖစ္မလာႏိုင္သည္ကိုလည္း သေဘာေပါက္
နားလည္ထားသူျဖစ္ေလသည္။
အဆင္းလွသူပင္ျဖစ္ေသာ္လည္း အသိပညာ
ခ်ိဳ႕ယြင္းပါက အဆင္းသာ႐ွိ၍ အနံ႔မ႐ွိေသာ
ေပါက္ပန္းကဲ့သို႔ ျဖစ္ေနေၾကာင္းကို ဆရာေတာ္
အ႐ွင္မဟာရ႒သာ႐၏ "အဆင္းလွဆန္း၊
လူ႔ေပါက္ပန္းသို္႔၊ သြမ္းမွန္းသိေထြ၊ ကဲ့ရဲ႕ေလ
အံ့" ဟူသည့္ စာပိုဒ္ကို ဖတ္ၿပီးသည့္ေန႔မွစ၍
စာေပ၏တန္ဖိုးကို နားလည္ခဲ့ေလရာ
လျပည့္ဝန္းမွာ အဆင္းေရာအခ်င္းပါ ျပည့္စုံ
သည့္ ေတာ္ဝင္သဇင္ပန္းသဖြယ္ ျဖစ္ေနေပ
ေတာ့သည္။
" ဦးဇင္း ဒီေန႔ေနာက္က်တယ္ေနာ္" ဟု
လျပည့္ဝန္းက ႏႈတ္ဆက္လိုက္သည္။
ဦးသုဇာတမွာ သပိတ္ကို ခ်၍ ခင္းထားသည့္
ထိုင္ခုံေပၚတြင္ ထိုင္ကာ ေဘး႐ွိ ငွဲ႔ထားေသာ
ေရတစ္ခြက္ကို " ဂြိ ဂြိ"ႏွင့္ ဆက္ကာဆက္ကာ
ေမာ့လိုက္ၿပီးမွ စကားျပန္ေျပာႏိုင္ေလသည္။
"ဟုတ္တယ္ မလျပည့္၊ ဒီေန႔ ဦးဇင္း ကားေစာင့္
ေနတာ မလာႏိုင္တာနဲ႔ ေျခလွ်င္ ႂကြလာတာ"
မန္းေလး႐ွိ ဆြမ္းခံအိမ္မ်ားသည္ လိုင္းကားစီး
ၿပီးသြားလွ်င္ နီးေသာ္လည္း ေျခလွ်င္ေလွ်ာက္ရ
သည့္ရက္ဆိုလွ်င္ ေလးဆယ့္ငါးမိနစ္ မိနစ္ငါး
ဆယ္ခန္႔ ေလွ်ာက္ရသည္။ ထိုမွ် ေဝးကြာပါ၏။
စာေပဝါသနာပါသူမ်ား ျဖစ္သည့္အားေလ်ာ္စြာ
ေဒါက္တာသန္းထြန္း(ေရႊဘို)ဘာသာျပန္သည့္
"မဟတၱမဂႏၶီ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိ"ကို
သူ႔အျမင္ ကိုယ့္အျမင္ ဖလွယ္ၾက၏။ တကၠသို
လ္ဘုန္းႏိုင္၏ "ညဥ့္နက္နက္မွာ လထြက္ျခင္း"၊
လယ္တြင္းသားေစာခ်စ္၏ "သားသမီးကို
ေပးခ်င္ေသာ အေမြ"၊ ဦးႏု၏ "ငရဲဆို ခ်ိဳနဲ႔လားဗ်ဳိ့"၊
အျပင္ ေမာင္ထင္ ျမန္မာျပန္သည့္ "ကမ႓ာ့ဝတၳဳ
တိုမ်ား" ထဲမွ "အိုးမလုံ အုံပြင့္"ဟူေသာ အေမရိ
ကန္ဝတၳဳတိုမ်ားကိုလည္း အေျခအတင္ ျငင္း
ခဲ့ၾကေသးသည္။
တစ္ဦးႏွင့္တစ္ဦးသည္ အျပန္အလွန္ ေလးစားမႈ
႐ွိၾက၏။
လျပည့္ဝန္းတို႔ အိမ္သည္ ဆြမ္းခံေနာက္ဆုံးအိမ္
မို႔ ယခုကဲ့သို႔ ၾကာၾကာေနျခင္းလည္းျဖစ္သည္။
ဦးသုဇာတသည္ ျပန္မည္ျပဳ၍ သပိတ္ကို
ပိတ္ေလရာ လျပည့္ဝန္းမွာ
" ေနပါအုံး ဦးဇင္း စကားေကာင္းေနတာနဲ႔
ဆြမ္းေလာင္းဖို႔ ေမ့သြားတယ္" ဟုဆိုကာ
ဆြမ္းဇလုံကို ကပ်ာကယာ စြဲယူၿပီး ေလာင္း
ထည့္၏။
ထိုစဥ္ လျပည့္ဝန္း၏ ဆြမ္းေလာင္းသည့္ဇြန္း
သည္ ဦးသုဇာတ၏ သပိတ္ထဲသို႔ ျပဳတ္က်
သြားေလရာ ဦးသုဇာတက ျပန္အႏိႈက္တြင္
လျပည့္ဝန္းကပါ အႏိႈက္ႏွင့္ ဆုံမိေလသည့္အတြက္
ဦးသုဇာတ၏ လက္ဖမိုးေပၚသို႔ လျပည့္ဝန္း၏
လက္သည္ အုပ္မိလွ်က္သား ျဖစ္သြား၏။
ႏူးညံ့ေသာ အထိအေတြ႔သည္ ဦးသုဇာတအဖို႔
မရင္းႏွီးဖူးသည္ျဖစ္ရာ ရင္တြင္း၌ ႏွလုံးခုန္ႏႈန္း
တို႔သည္ မုန္တိုင္းထန္သည့္ ပင္လယ္ျပင္
သဖြယ္ ဝုန္းဒိုင္းၾကဲသြားေတာ့သည္။
ထိုစဥ္ ႏွစ္ဦးသား ေမာ့ၾကည့္မိၾကျပန္ရာ
မ်က္ဝန္းႏွစ္စုံတို႔သည္ ထိပ္တိုက္ေတြ႔ဆုံမိၾက
ေလသည္။
လျပည့္ဝန္းအဖို္႔ ေယာက်္ားတစ္ေယာက္ႏွင့္
မ်က္လုံးခ်င္းစုံဖူးခဲ့ေပါင္း မ်ားခဲ့ေသာ္လည္း
ယခုအခါမွာမူ လွ်ပ္စစ္ႏွင့္ ထိတို႔ခံရသည့္ႏွယ္
မလႈပ္ႏိုင္မကယ္ႏိုင္ျဖစ္ေနေလသည္။
မိုးမ်ား ေရးအိုးကို ေမွာက္သြန္ခ်သည့္အလား
တစ္ဝုန္းဝုန္းရြာသြန္းေန၏။ သြပ္မိုးတန္းမ်ားမွ
မိုးစက္မိုးေပါက္မ်ားသည္ ေလးခြႏွင့္ ပစ္သည့္
သဖြယ္။
ညဆယ္နာရီပင္ ထိုးေလၿပီ။ ဦးသုဇာတမွာ
အရင္ေန႔ေတြကလို အ႒ကထာမလွည့္ႏိုင္။
မနက္က အျဖစ္သာ စိတ္ထဲ၌ ပဋိဘာဂနိမိတ္
ထင္ေနသည္။ အ႒ကထာမ်ား ဖြင့္ၾကည့္ျပန္
ေသာ္လည္း စာမ်ားမျမင္ လျပည့္ဝန္းသာ
ျမင္ေနသည္။ နာရီၾကည့္ေတာ့လည္း
လျပည့္ဝန္း၊ နံရံၾကည့္ေတာ့လည္း လျပည့္ဝန္း၊
ဘယ္ၾကည့္ၾကည့္ လျပည့္ဝန္း။
ထိုစဥ္ ငယ္ငယ္က ရခဲ့ဖူးေသာ ဗုဒၶ၏ တရား
ေတာ္မ်ားသည္ ဦးသုဇာတ၏ ရင္ထဲတြင္
ေပၚေပါက္လာ၏။
"ေလာေဘာ အတၳံ န ဇာနာတိ"
"ခ်စ္ခင္စြဲလန္းတပ္မက္ေသာ စိတ္ျဖစ္ေနသူ
သည္ အေၾကာင္းအက်ိဳး အေကာင္းအဆိုးကို
ခြဲခြဲျခားျခား မသိေတာ့ေပ" ဟူ၏။
မွန္ပါ၏။ ဦးသုဇာတမွာ လျပည့္ဝန္းအေပၚ
အရင္က ႐ိုးသားခဲ့သည္ဟု ထင္ခဲ့မႈမ်ားသည္
ယခုအခါတြင္ တက္တက္စင္ေအာင္ လြဲေနေပ
ေတာ့သည္။ ခ်စ္ျခင္းတရားဟူသည္ ဆန္းၾကယ္
ေလစြ။
ဦးသုဇာတမွာ စာမ်ားလည္း မလွည့္ႏိုင္
ဘုရားလည္း ဝတ္မတက္ႏိုင္ျဖစ္ေနေပရာ
စားလည္းသည္စိတ္၊ သြားလည္းသည္စိတ္
ျဖစ္ေနသည့္အတြက္ ဆြမ္းခံပင္ မႂကြႏိုင္
ေတာ့ေခ်။ ႂကြလည္း မႂကြရဲ။
လျပည့္ဝန္းမွာလည္း ထို႔အတူပင္ ျဖစ္ေလရာ
ဘဝခ်င္း မတူသည္က တစ္ေၾကာင္း၊
ပတ္ဝန္းက်င္တို႔၏ "ေက်ာင္းႀကီးဖ်က္မ"ဟု
အေခၚမခံဝံ့သည္က တစ္ေၾကာင္း အမ်ိဳးမ်ိဳးေသာ
အေၾကာင္းတို႔ေၾကာင့္ ခ်စ္စိတ္ကို ၿမိဳသိပ္ကာ
ရင္၌သာ သိုသိပ္ခဲ့ရပါသည္။
"ခ်စ္တိုင္းမညား"ေသာ သေဘာကို
ဦးသုဇာတ ေကာင္းေကာင္းနားလည္လိုက္ပါၿပီ။
ဦးသုဇာတသည္ စာလည္းမလုပ္၊ ဆြမ္းခံလည္း
မႂကြ၊ ဆြမ္းလည္းမစားဘဲ အိ္ပ္ရာထဲ၌သာ
တစ္ေခြေခြႏွင့္ ေနေလေတာ့သည္။
သူငယ္ခ်င္းမ်ားက ေမးေသာ္လည္း မည္သို႔မွ်
မေျဖ။
ဦးသုဇာတ၌ အစာအိမ္ေရာဂါ႐ွိေနသည္ကို
သူကိုယ္တိုင္ပင္ မသိ။ ငါးရက္ေျမာက္ေသာေန႔
တြင္ သတိလစ္သြားသည့္အတြက္ သူငယ္ခ်င္း
မ်ားက ဆရာ့ထံေလွ်ာက္၍ ေဆးခန္းသြားျပၾကရာ
ဦးသုဇာတ၏ တစ္ဘဝတာခရီးသည္
ေဆး႐ုံေရာက္၍ တစ္နာရီၾကာလွ်င္ပင္ နိဂုံး
ခ်ဳပ္သြားေလေတာ့သည္။
ဦးသုဇာတမွာ မည္သူ႔ကိုမွ် တိုင္ပင္ေလ့႐ွိသူ
မဟုတ္ေလရာ လိုက္ပို႔ၾကသည့္ သူငယ္ခ်င္းမ်ား
သည္ပင္ အဘယ့္ေၾကာင့္ ခုလို ျဖစ္သြားသည္
ကို မသိၾက။
ရဟန္းတစ္ပါး၏ အခ်စ္ခရီးသည္ ၾကမ္းတမ္း
ေလစြ။ ရဟန္းတစ္ပါး၏ ႏွလုံးသားမ်ားသည္
ၿမိဳသိပ္ႏိုင္စြမ္းေလစြ။
ယခုတိုင္ပင္ မန္းေလးၿမိဳ႕ေျမာက္အရပ္႐ွိ
ၾကာနီကန္(ေအးရိပ္ၿငိမ္)သုႆာန္၌ ဦးသုဇာတ၏
အုတ္ဂူေဖြးေဖြးေလးကို ေတြ႕ျမင္ႏိုင္ပါသည္။
အုတ္ဂူေလး၌ ရင္နင့္ဖြယ္ စာေလးတစ္ေၾကာင္း
ကို ေရးသားထား၏။ ၎မွာ ေအာက္ပါအတိုင္း
ျဖစ္ပါ၏။
" အ႐ွင္သုဇာတ
အသက္ ၂၀ ႏွစ္၊
ဘဝဆက္တိုင္းဆက္တိုင္း ဘဝမတူသူတို႔ႏွင့္
ခ်စ္ခင္ၾကင္နာရျခင္းမွ ကင္းေဝးရပါလို၏"
*********************************
#Credit to ေမာင္ေခမိန္(မေကြး)
Apr 2,18. 7:20 PM
ဘဝမတူသူတို့၏ နောက်ဆုံးလမ်းခွဲ
**********************************
"ဦးသု မကျိန်းသေးဘူးလား"
"မကျိန်းသေးဘူး ကိုယ်တော်ရေ၊
ဒီစာမျက်နှာလေး ပြီးအောင် လှည့်လိုက်အုံး
မယ်"
ဦးကေလာသသည် ခင်မင်ရင်းနီးသောကြောင့်
ဦးသုဇာတကို "ဦးသု"ဟုပင် အတိုကောက်
ခေါ်သည်။
ည (၁၁)နာရီပင် ထိုးနေပြီဖြစ်သော်လည်း
ဦးသုဇာတမှာ အဋ္ဌကထာအနက်များကို
ဇွဲနဘဲကြီးစွာဖြင့် လှည့်နေသည်။
ပါဠိဆိုလိုက်၊ အနက်ဆိုလိုက် လုပ်သည်ကို
အနက်လှည့်သည်ဟု ခေါ်ခြင်းဖြစ်သည်။
ဦးသုဇာတမှာ ငယ််််ငယ်ရွယ်ရွယ်နှင့်ပင်
အကြီးတန်းအောင်ခဲ့၍ ပညာရေးအားကောင်း
သော်ခဲ့သော်လည်း ကျောထောက်နောက်ခံ
ဒကာဒကာမများမရှိ ရှားပါးသည့်အတွက်
ဝတၳုကြေးငွေများ မပြည့်စုံခဲ့ပေ။ ထို့ကြောင့်
သူလိုချင်သည့် စာအုပ်စာပေများကိုပင်
အခြားသူငယ်ချင်းရဟန်းများထံမှ ငှါးဖတ်
ကူးယူရလေသည်။
ငယ်စဉ်အခါက ဆရာတော် အရှင်ဉာဏ
မိန့်ဆိုခဲ့ဖူးသည့် ဩဝါဒစကားလေးတစ်ခွန်းကို
သွား၍ အမှတ်ရမိပါသည်။
"ရဟန်းဒကာက တော်ရင် ပဉ္ဇင်းကမတော်၊
ပဉ္ဇင်းက တော်ရင် ရဟန်းဒကာက မတော်၊
ပဉ္ဇင်းလည်း တော်၊ ရဟန်းဒကာလည်း တော်
တာကတော့ ရှားတယ်၊ တွေ့ခဲ ဆုံခဲတယ်"
ဟူ၏။
မှန်ပါ၏။ ဦးသုဇာတမှာ ဉာဏ်ရည်ထက်မြက်သူ
ဖြစ်သော်လည်း သူ၏ ဒကာဒကာမများမှာ
ပိုက်ဆံငွေကြေးချမ်းသာသည့်အလျောက်
သဒ္ဓါတရားအားနည်းသည့်အတွက် လုံလောက်
လောက်ငှအောင် မလှူတန်းကြ။ ထို့်ကြောင့်
ဦးသုဇာတ၏ စာသင်သားဘဝသည် မပြည့်စုံ
ခြင်းလောကဓံဖြင့်သာ နပမ်းလုံးခဲ့ရလေသည်။
မန်းလေးစာသင်သားဖြစ်ချင်ခဲ့သည့် ဦးသုဇာတ
အဖို့် မပြည့်စုံသော်ငြားလည်း မန်းလေးစာသင်
သားဖြစ်ရသည်ကိုပင် လွန်စွာ ကျေနပ်နေလေ
သည်။
ငယ်လတ်ကြီးပြီးလျှင် မန်းလေး(သို့)ရန်ကုန်
တစ်မြို့မြို့တွင် ရအောင်နေမည်ဟု စိတ်ကူးခဲ့
သည်။ ယခုကား စိတ်ကူးသည့်အတိုင်း
ဖြစ်လာခဲ့ပေပြီ။ စာသင်သားချင်းတူသော်လည်း
မန်းလေးစာသင်သားဖြစ်ရဖို့မှာ ရခဲသည့်အခွင့်
အရေးဖြစ်သည်။
ဦးသုဇာတ အလတ်တန်းနှစ်က မန်းလေးမြို့မှ
ပြန်လာသည့် ဒကာမတစ်ယောက်နှင့် စကား
ပြောဖူးသည်။
ဒကာမက
"ဦးဇင်းတို့နဲ့ ပြောရတာ မန်းလေးက ဦးဇင်းတွေ
နဲ့ ပြောရတာလောက် မမိုက်ပါဘူး"ဟု
ပြောလေသည်။
ထိုစကားကြားစဉ်ကပင် ဦးသုဇာတမှာ
မန်းလေးစာသင်သားဖြစ်ချင်စိတ်များ တဖွားဖွား
ဖြစ်ပေါ်ခဲ့ပါသည်။
ည(၁၂)နာရီထိုးပြီမို့ ဦးသုဇာတတစ်ယောက်
အဋ္ဌကထာစာအုပ်ကို ပိတ်ကာ ဘုရားရှိခိုးပြီး
ကျိန်းစက်လေတော့သည်။
မန္တလေးမြို့၏ နံနက်ခင်းသည် နေခြည်နုနုတို့
ဖြင့် နွေးထွေးသန့်ရှင်းစွာ လှပနေ၏။
အိမ်သူအိမ်သားများက ၎င်းတို့၏ အိမ်ရှေ့
ရေများ ပက်ဖြန်းထားသောကြောင့် ဖုန်မှုန်များ
ကင်းစင်ကာ မြေသင်းရနံ့များ သင်းပျံ ့လျက်ရှိ
၏။ ဦးသုဇာတသည် သင်္ကန်းကို ကျကျနန ရုံ
ကာ သပိတ်ပိုက်လျှက် ဆွမ်းခံထွက်လာခဲ့လေ
သည်။
ဦးသုဇာတမှာ အသက်(၂၀)အရွယ် ရဟန်းဖြစ်
ခါစမို့ နုဖြိုးဝင်းပသော အသားအရည်ရှိ၏။
သွယ်လျသော လက်ချောင်းလေးများမှာ
ပွတ်လုံးဖြင့် ကောင်းစွာ ပွတ်ထားသည့်နှယ်။
စိမ်းနေသော ဦးရေတော်နှင့် ရေးတေးတေး
နှုတ်ခမ်းမွေးတို့ကြောင့် ဦးသုဇာတမှာ လွန်စွာ
သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှပေသည်။
လပြည့်ဝန်းသည် တနင်္ဂနွေနေ့ ကျောင်းအား
ရက်မို့ အိမ်မှုကိစ္စများကို ကူလုပ်ပေးလေ့ရှိရာ
မနက်စောစော ဆွမ်းလောင်းသည့်အလုပ်ကို
လည်း သူမပင် တာဝန်ယူလေသည်။
တတိယနှစ်တက္ကသိုလ်ကျောင်းသူမို့ လပြည့်
ဝန်းမှာ လှချင်တိုင်း လှနေလေသည်။
ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပြီး အသား
အရည်ဖြူဝင်းသူဖြစ်သည့်အတွက် မြင်သူတိုင်း
ငေးရသည့် အလှဧကရီနတ်သမီးတစ်ပါးပင်
ဖြစ်လေသည်။
"မိန်းမ,မင်း,ဆင်၊ ရဟန်းရှင်၊ အိနြေ္ဒရှင်ကွဲ့
လေးဦးတဲ့" ဟူသည်နှင့်အညီ အိနြေ္ဒသပ္ပတ္တိ
နှင့် ပြည့်စုံလှသူဖြစ်လေသည်။ အကြည့်မရဲ၍
လျပ်ပေါ်လော်လီမနိုင်သော သူမ၏ အကြည့်
များသည် ဆန့်ကျင့်ဘက်ပုရိသတို့အား
ထောင်များ တန်းများမကျအောင် ကူညီနေ
သည့်နှယ် ကျက်သရေရှိလှပေသည်။
စာအုပ်စာပေဖတ်ခြင်းမှာ သူမ၏ မွေးရာပါ ဗီဇ
ဖြစ်လေရာ သူ မဖတ်ဖူးသေးသည့် စာအုပ်များ
မြင်ရပါက အငမ်းမရ ထမင်းမေ့ဟင်းမေ့
ဖတ်တတ်သူပင်ဖြစ်၏။ ငွေသုံးထောင်ထက်
သုံးထောင်တန်စာအုပ်တစ်အုပ်ကို ပိုမိုမြတ်နိုး
သူဖြစ်သည့်အားလျော်စွာ စာအုပ်စာပေမဖတ်
ခြင်းဖြင့် အဆင့်အတန်းမြင့်သော လူတစ်ယော
က်ဖြစ်မလာနိုင်သည်ကိုလည်း သဘောပေါက်
နားလည်ထားသူဖြစ်လေသည်။
အဆင်းလှသူပင်ဖြစ်သော်လည်း အသိပညာ
ချို့ယွင်းပါက အဆင်းသာရှိ၍ အနံ့မရှိသော
ပေါက်ပန်းကဲ့သို့ ဖြစ်နေကြောင်းကို ဆရာတော်
အရှင်မဟာရဋ္ဌသာရ၏ "အဆင်းလှဆန်း၊
လူ့ပေါက်ပန်းသို့်၊ သွမ်းမှန်းသိထွေ၊ ကဲ့ရဲ့လေ
အံ့" ဟူသည့် စာပိုဒ်ကို ဖတ်ပြီးသည့်နေ့မှစ၍
စာပေ၏တန်ဖိုးကို နားလည်ခဲ့လေရာ
လပြည့်ဝန်းမှာ အဆင်းရောအချင်းပါ ပြည့်စုံ
သည့် တော်ဝင်သဇင်ပန်းသဖွယ် ဖြစ်နေပေ
တော့သည်။
" ဦးဇင်း ဒီနေ့နောက်ကျတယ်နော်" ဟု
လပြည့်ဝန်းက နှုတ်ဆက်လိုက်သည်။
ဦးသုဇာတမှာ သပိတ်ကို ချ၍ ခင်းထားသည့်
ထိုင်ခုံပေါ်တွင် ထိုင်ကာ ဘေးရှိ ငှဲ့ထားသော
ရေတစ်ခွက်ကို " ဂွိ ဂွိ"နှင့် ဆက်ကာဆက်ကာ
မော့လိုက်ပြီးမှ စကားပြန်ပြောနိုင်လေသည်။
"ဟုတ်တယ် မလပြည့်၊ ဒီနေ့ ဦးဇင်း ကားစောင့်
နေတာ မလာနိုင်တာနဲ့ ခြေလျှင် ကြွလာတာ"
မန်းလေးရှိ ဆွမ်းခံအိမ်များသည် လိုင်းကားစီး
ပြီးသွားလျှင် နီးသော်လည်း ခြေလျှင်လျှောက်ရ
သည့်ရက်ဆိုလျှင် လေးဆယ့်ငါးမိနစ် မိနစ်ငါး
ဆယ်ခန့် လျှောက်ရသည်။ ထိုမျှ ဝေးကွာပါ၏။
စာပေဝါသနာပါသူများ ဖြစ်သည့်အားလျော်စွာ
ဒေါက်တာသန်းထွန်း(ရွှေဘို)ဘာသာပြန်သည့်
"မဟတ္တမဂန္ဓီ၏ ကိုယ်တိုင်ရေးအတၳုပ္ပတ္တိ"ကို
သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြ၏။ တက္ကသို
လ်ဘုန်းနိုင်၏ "ညဉ့်နက်နက်မှာ လထွက်ခြင်း"၊
လယ်တွင်းသားစောချစ်၏ "သားသမီးကို
ပေးချင်သော အမွေ"၊ ဦးနု၏ "ငရဲဆို ချိုနဲ့လားဗျို့"၊
အပြင် မောင်ထင် မြန်မာပြန်သည့် "ကမ်ဘာ့ဝတၳု
တိုများ" ထဲမှ "အိုးမလုံ အုံပွင့်"ဟူသော အမေရိ
ကန်ဝတၳုတိုများကိုလည်း အခြေအတင် ငြင်း
ခဲ့ကြသေးသည်။
တစ်ဦးနှင့်တစ်ဦးသည် အပြန်အလှန် လေးစားမှု
ရှိကြ၏။
လပြည့်ဝန်းတို့ အိမ်သည် ဆွမ်းခံနောက်ဆုံးအိမ်
မို့ ယခုကဲ့သို့ ကြာကြာနေခြင်းလည်းဖြစ်သည်။
ဦးသုဇာတသည် ပြန်မည်ပြု၍ သပိတ်ကို
ပိတ်လေရာ လပြည့်ဝန်းမှာ
" နေပါအုံး ဦးဇင်း စကားကောင်းနေတာနဲ့
ဆွမ်းလောင်းဖို့ မေ့သွားတယ်" ဟုဆိုကာ
ဆွမ်းဇလုံကို ကပျာကယာ စွဲယူပြီး လောင်း
ထည့်၏။
ထိုစဉ် လပြည့်ဝန်း၏ ဆွမ်းလောင်းသည့်ဇွန်း
သည် ဦးသုဇာတ၏ သပိတ်ထဲသို့ ပြုတ်ကျ
သွားလေရာ ဦးသုဇာတက ပြန်အနှိုက်တွင်
လပြည့်ဝန်းကပါ အနှိုက်နှင့် ဆုံမိလေသည့်အတွက်
ဦးသုဇာတ၏ လက်ဖမိုးပေါ်သို့ လပြည့်ဝန်း၏
လက်သည် အုပ်မိလျှက်သား ဖြစ်သွား၏။
နူးညံ့သော အထိအတွေ့သည် ဦးသုဇာတအဖို့
မရင်းနှီးဖူးသည်ဖြစ်ရာ ရင်တွင်း၌ နှလုံးခုန်နှုန်း
တို့သည် မုန်တိုင်းထန်သည့် ပင်လယ်ပြင်
သဖွယ် ဝုန်းဒိုင်းကြဲသွားတော့သည်။
ထိုစဉ် နှစ်ဦးသား မော့ကြည့်မိကြပြန်ရာ
မျက်ဝန်းနှစ်စုံတို့သည် ထိပ်တိုက်တွေ့ဆုံမိကြ
လေသည်။
လပြည့်ဝန်းအဖို့် ယောကျ်ားတစ်ယောက်နှင့်
မျက်လုံးချင်းစုံဖူးခဲ့ပေါင်း များခဲ့သော်လည်း
ယခုအခါမှာမူ လျှပ်စစ်နှင့် ထိတို့ခံရသည့်နှယ်
မလှုပ်နိုင်မကယ်နိုင်ဖြစ်နေလေသည်။
မိုးများ ရေးအိုးကို မှောက်သွန်ချသည့်အလား
တစ်ဝုန်းဝုန်းရွာသွန်းနေ၏။ သွပ်မိုးတန်းများမှ
မိုးစက်မိုးပေါက်များသည် လေးခွနှင့် ပစ်သည့်
သဖွယ်။
ညဆယ်နာရီပင် ထိုးလေပြီ။ ဦးသုဇာတမှာ
အရင်နေ့တွေကလို အဋ္ဌကထာမလှည့်နိုင်။
မနက်က အဖြစ်သာ စိတ်ထဲ၌ ပဋိဘာဂနိမိတ်
ထင်နေသည်။ အဋ္ဌကထာများ ဖွင့်ကြည့်ပြန်
သော်လည်း စာများမမြင် လပြည့်ဝန်းသာ
မြင်နေသည်။ နာရီကြည့်တော့လည်း
လပြည့်ဝန်း၊ နံရံကြည့်တော့လည်း လပြည့်ဝန်း၊
ဘယ်ကြည့်ကြည့် လပြည့်ဝန်း။
ထိုစဉ် ငယ်ငယ်က ရခဲ့ဖူးသော ဗုဒ္ဓ၏ တရား
တော်များသည် ဦးသုဇာတ၏ ရင်ထဲတွင်
ပေါ်ပေါက်လာ၏။
"လောဘော အတၳံ န ဇာနာတိ"
"ချစ်ခင်စွဲလန်းတပ်မက်သော စိတ်ဖြစ်နေသူ
သည် အကြောင်းအကျိုး အကောင်းအဆိုးကို
ခွဲခွဲခြားခြား မသိတော့ပေ" ဟူ၏။
မှန်ပါ၏။ ဦးသုဇာတမှာ လပြည့်ဝန်းအပေါ်
အရင်က ရိုးသားခဲ့သည်ဟု ထင်ခဲ့မှုများသည်
ယခုအခါတွင် တက်တက်စင်အောင် လွဲနေပေ
တော့သည်။ ချစ်ခြင်းတရားဟူသည် ဆန်းကြယ်
လေစွ။
ဦးသုဇာတမှာ စာများလည်း မလှည့်နိုင်
ဘုရားလည်း ဝတ်မတက်နိုင်ဖြစ်နေပေရာ
စားလည်းသည်စိတ်၊ သွားလည်းသည်စိတ်
ဖြစ်နေသည့်အတွက် ဆွမ်းခံပင် မကြွနိုင်
တော့ချေ။ ကြွလည်း မကြွရဲ။
လပြည့်ဝန်းမှာလည်း ထို့အတူပင် ဖြစ်လေရာ
ဘဝချင်း မတူသည်က တစ်ကြောင်း၊
ပတ်ဝန်းကျင်တို့၏ "ကျောင်းကြီးဖျက်မ"ဟု
အခေါ်မခံဝံ့သည်က တစ်ကြောင်း အမျိုးမျိုးသော
အကြောင်းတို့ကြောင့် ချစ်စိတ်ကို မြိုသိပ်ကာ
ရင်၌သာ သိုသိပ်ခဲ့ရပါသည်။
"ချစ်တိုင်းမညား"သော သဘောကို
ဦးသုဇာတ ကောင်းကောင်းနားလည်လိုက်ပါပြီ။
ဦးသုဇာတသည် စာလည်းမလုပ်၊ ဆွမ်းခံလည်း
မကြွ၊ ဆွမ်းလည်းမစားဘဲ အိ်ပ်ရာထဲ၌သာ
တစ်ခွေခွေနှင့် နေလေတော့သည်။
သူငယ်ချင်းများက မေးသော်လည်း မည်သို့မျှ
မဖြေ။
ဦးသုဇာတ၌ အစာအိမ်ရောဂါရှိနေသည်ကို
သူကိုယ်တိုင်ပင် မသိ။ ငါးရက်မြောက်သောနေ့
တွင် သတိလစ်သွားသည့်အတွက် သူငယ်ချင်း
များက ဆရာ့ထံလျှောက်၍ ဆေးခန်းသွားပြကြရာ
ဦးသုဇာတ၏ တစ်ဘဝတာခရီးသည်
ဆေးရုံရောက်၍ တစ်နာရီကြာလျှင်ပင် နိဂုံး
ချုပ်သွားလေတော့သည်။
ဦးသုဇာတမှာ မည်သူ့ကိုမျှ တိုင်ပင်လေ့ရှိသူ
မဟုတ်လေရာ လိုက်ပို့ကြသည့် သူငယ်ချင်းများ
သည်ပင် အဘယ့်ကြောင့် ခုလို ဖြစ်သွားသည်
ကို မသိကြ။
ရဟန်းတစ်ပါး၏ အချစ်ခရီးသည် ကြမ်းတမ်း
လေစွ။ ရဟန်းတစ်ပါး၏ နှလုံးသားများသည်
မြိုသိပ်နိုင်စွမ်းလေစွ။
ယခုတိုင်ပင် မန်းလေးမြို့မြောက်အရပ်ရှိ
ကြာနီကန်(အေးရိပ်ငြိမ်)သုဿာန်၌ ဦးသုဇာတ၏
အုတ်ဂူဖွေးဖွေးလေးကို တွေ့မြင်နိုင်ပါသည်။
အုတ်ဂူလေး၌ ရင်နင့်ဖွယ် စာလေးတစ်ကြောင်း
ကို ရေးသားထား၏။ ၎င်းမှာ အောက်ပါအတိုင်း
ဖြစ်ပါ၏။
" အရှင်သုဇာတ
အသက် ၂၀ နှစ်၊
ဘဝဆက်တိုင်းဆက်တိုင်း ဘဝမတူသူတို့နှင့်
ချစ်ခင်ကြင်နာရခြင်းမှ ကင်းဝေးရပါလို၏"
*********************************
#Credit to မောင်ခေမိန်(မကွေး)
Apr 2,18. 7:20 PM
Aug 7, 2018
ဘဝမတူသူတို႔၏ ေနာက္ဆုံးလမ္းခြဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment