........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Feb 23, 2017

အခ်စ္ဘယ္က စခဲ့သလဲ

**** အခ်စ္ဘယ္က စခဲ့သလဲ ****
💓💓💓💓💓💓💓💓💓💓💓
အခ်စ္အေၾကာင္းေျပာၿပီဆိုရင္ “အခ်စ္စတင္ျဖစ္ပံုေလး”
ပါေျပာျပမွ ျပည့္စံုသြားမွာပါ။ အခ်စ္စတင္ျဖစ္ပံုအေၾကာင္းေလးကို အက်ဥ္းခ်ဳပ္ေလာက္ ေျပာျပရေအာင္ပါ။

ကမၻာႀကီးပ်က္ေတာ့ ကမၻာသစ္တစ္ခု ျပန္တည္တဲ့
အခါမွာ ဘယ္သူေတြအရင္ေရာက္လာသလဲဆိုေတာ့ျဗဟၼာေတြ၊ ျဗဟၼာ့ျပည္ကေနစုေတၿပီး လူ႔ျပည္မွာ
ဥပပတ္ပဋိသေႏၶစိတ္နဲ႔ လူလာျဖစ္ၾကပါတယ္။

အဲလိုလူလာျဖစ္တဲ့အခ်ိန္မွာ ေယာကၤ်ား၊မိန္းမဆိုတဲ့
ဣတၳိဘ၀ရုပ္၊ ပုရိသဘာ၀ရုပ္ ထင္ထင္ရွားရွားမျဖစ္ေသးပါဘူး။ ၿပီးေတာ့ ကိုယ္ေရာင္ကိုယ္၀ါေတြနဲ႔
ဆုိေတာ့ ေနေတြလေတြလည္း မလုိအပ္ေသးပါဘူး။

အဲဒီမွာ တစ္ခုသတိထားရမွာက ျဗဟၼာေတြ လူ႔ျပည္ကို
ဆင္းလာတာ မဟုတ္ပါဘူး။ စုေတၿပီး လူ႔ျပည္မွာ လူလာျဖစ္ၾကတာပါ။ တခ်ိဳ ႔က ကမၻာဦးအစမွာ ျဗဟၼာ
ေတြ ျဗဟၼာ့ျပည္ကဆင္းလာတယ္လို႔ ေျပာေျပာေနၾကလို႔ပါ။
ျဗဟၼာ့ျပည္က စုေတစဆိုေတာ့ “ပီတိေလး”
ေတြနဲ႔ပဲ ေနေနၾကပါတယ္။ဘာမွမစားၾကေသးပါဘူး။

ကမၻာျပဳမိုးရြာထားၿပီး တျဖည္းျဖည္းနဲ႔ ေရေတြခန္း
ေျခာက္သြားတာဆိုေတာ့ ေျမအထက္မွာ အေပၚယံေျမဆီေတြ က်န္ေနခဲ့ပါတယ္။ အဲဒီ ေျမဆီေတြက
ႏို႔ရည္အထက္မွာ တက္ေနတဲ့ မလိုင္လို ခ်ိဳဆိမ့္တဲ့ အန႔ံအရသာ ရွိေနတယ္လို႔ဆိုပါတယ္။

အဲဒီအထဲကမွ တစ္ေယာက္က ေမႊးႀကိဳင္ေနတဲ့
ေျမဆီေလးေတြကို “ဘယ္လိုအရသာရွိမလဲ”ဆိုၿပီး လက္နဲ႔တို႔ၿပီးလ်က္ ၾကည့္လိုက္ပါတယ္။ “ဟာ...
ေတာ္ေတာ္ေကာင္းတာပဲ”ဆုိၿပီး ဆက္စားပါေတာ့တယ္။ က်န္တဲ့သူေတြကလည္း သူစားသလို လိုက္စား
ပါေတာ့တယ္။ ဒီေတာ့ ရသတဏွာ၀င္လာၿပီး ကိုယ္ေယာင္ကိုယ္၀ါေတြလည္း ေပ်ာက္သြားေရာ
ဆိုပါေတာ့။

အဲဒီမွာ တခ်ိဳ ႔အဆုိေတာ္ေတြက “ျဗဟၼာေတြ ေျမသင္း
စားလုိ႔ ထူးဆန္းတဲ့ အခ်စ္ျဖစ္ေပၚသည္...”စသည္ျဖင့္သီခ်င္းလုပ္ဆိုၾကပါတယ္။တကယ္ေတာ့ အဲဒီအခ်ိန္မွာ“အခ်စ္” မျဖစ္ၾကေသးပါဘူး။ သူတို႔ရဲ ႔သႏၱာန္မွာ “ရသ
တဏွာ” ပဲ ၀င္လာေသးတာပါ။ ေနာက္တစ္ခုက ျဗဟၼာေတြစားတာမဟုတ္ပါဘူး။
ျဗဟၼာျပည္က စုေတၿပီး
“လူ” ေတြျဖစ္ေနၿပီျဖစ္လို႔လူေတြစားတာပါ။

ဒီလိုနဲ႔ ေျမဆီေတြစားရင္း စားရင္း ကုန္သြားေတာ့
ကံအားေလ်ာ္စြာ “သေလးဆန္”ေတြ ေပၚလာပါတယ္။ဒီသေလးဆန္ေတြဟာ အိုးထဲထည့္ မီးေက်ာက္ေပၚ
တင္လိုက္တာနဲ႔ အလိုလိုမီးေတာက္ၿပီး ထမင္းက်က္တာနဲ႔ မီးလည္းၿငိမ္းသြားပါတယ္။

ေျမဆီေျမလႊာေတြ စားေနတုန္းကေတာ့ စားသမွ်
အဆီအသားေတြျဖစ္ၿပီး အဖတ္အကာ တခ်ိဳ ႔သာက်န္တယ္လို႔ဆိုပါတယ္။ အဲဒီအဖတ္အကာ တစ္ခ်ဳိ႕
ကိုလည္း ၀မ္းမီးကေလာင္လိုက္တဲ့အတြက္ ကုန္ခန္းကုန္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ က်င္ႀကီး က်င္ငယ္ဆိုတာ မျဖစ္ေသးပါဘူး။
သေလးဆန္ေတြ စားလာတဲ့အခါမွာေတာ့ “က်င္ႀကီး၊က်င္ငယ္” ဆိုတာျဖစ္လာၿပီး က်င္ႀကီးက်င္ငယ္ ထြက္ရာအေပါက္ေတြလည္းျဖစ္ေပၚလာတယ္လို႔ ဆိုပါတယ္။ဒီေတာ့မွ “ေယာကၤ်ား၊ မိန္းမပံု” သဏၭာန္ျဖစ္တဲ့ “ဣတၳိဘာ၀ရုပ္၊ ပုရိသဘာ၀ရုပ္” ေတြလည္း ထင္ထင္ရွားရွား
ျဖစ္လာပါေတာ့တယ္။

ျဗဟၼာ့ျပည္မေရာက္ခင္က မိန္းမျဖစ္ခဲ့တဲ့သူက ဣတၳိ
ဘာ၀ရုပ္ေပၚလာၿပီး ေယာကၤ်ားျဖစ္ခဲ့တဲ့သူက ပုရိသဘာ၀ရုပ္ေပၚလာတယ္လို႔ ဆိုပါတယ္။ “နားနဲ႔မနာ
ဖ၀ါးနဲ႔နာ” ဆိုတဲ့အတုိင္း နားနဲ႔မဖတ္၊ ဖ၀ါးနဲ႔ဖတ္လို႔ ေျပာရေတာ့မလား မသိပါဘူး။ တစ္ေယာက္နဲ႔
တစ္ေယာက္အဂၤါေတြမတူလို႔ ၊ တစ္ေယာက္အဂၤါတစ္ေယာက္ၾကည့္ၿပီး တပ္ႏွစ္သက္တဲ့ တဏွာရာဂ
ေတြျဖစ္ေလာၿပီး စိတ္ကိုမခ်ဳပ္တည္းႏိုင္ေတာ့ဘဲကာမကိစၥကို စတင္မွီ၀ဲၾကပါသတဲ့။

ဒီေတာ့ က်န္တဲ့သူေတြက မျပဳေကာင္းတာ ျပဳရပါ့မလား
ဆိုၿပီးခဲနဲ႔၀ိုင္းေပါက္ၾကပါသတဲ့။ ကာမကိစၥကို ျပဳတဲ့သူေတြဟာ ပုန္းေအာင္းရင္း အိမ္ရာမ်ား သီးျခား
တည္ေထာင္ၾကပါသတဲ့။ ဒီေခတ္ မဂၤလာေဆာင္ ခဲေပါက္တဲ့ဓေလ့ဟာ ကမၻာဦးကတည္းက စခဲ့တာလို႔ဆိုပါတယ္။

ဒါဟာ ကမၻာဦးအစအခ်စ္စတင္ျဖစ္ေပၚပံု အက်ဥ္းပါပဲ။
အက်ယ္သိခ်င္တယ္ဆိုရင္ေတာ့ “သုတ္ပါေထယ်ပါဠိေတာ္ျမန္မာျပန္ အဂၢညသုတ္” နဲ႔ ဆရာေတာ္ အရွင္
ဇနကာဘိ၀ံသရဲ ႔သၿဂိဳဟ္ဘာသာဋီကာ၊ အေျချပဳပဌာန္းတရားေတာ္ စာအုပ္တို႔မွာ ျမန္မာလို အက်ယ္ေရးျပထားပါတယ္။ဒီမွာေတာ့ လိုရင္းခပ္က်ဥ္းက်ဥ္းပဲ ေရးျပ လိုက္တာပါ။

အခ်စ္ဆိုတဲ့ တဏွာရာဂ၊ ကာမဂုဏ္ ကိစၥေတြကို ခံစား
တာကို စာမွာဘယ္လို ဥပမာေပးထားသလဲဆိုေတာ့ႏူနာေရာဂါသည္ဟာ ကို္ယ့္ရဲ ႔ႏူနာေရာဂါ ယားယံလာတဲ့အခါသက္သာလိုသက္သာျငား မီးကင္တာနဲ႔တူပါတယ္။
မီးကင္ေနတုန္းမွာ အယားတဒဂၤ သက္သာသြားတယ္လို႔ထင္ရေပမယ့္ ေနာက္-ပိုးေတြ ျပန္ထုိးေတာ့ျပန္ယားၿပီးျပန္ကင္ရတာပါပဲ။ ႏူနာေရာဂါကို အျမစ္ျပတ္ေအာင္ ေဆး
ေသာက္လိုက္မွပဲ မကင္ရေတာ့မွာပါ။

အာရံုငါးပါးကာမဂုဏ္တရားေတြကို ခံစားတာဟာ ႏူနာမီးကင္တာနဲ႔ တူတယ္ဆိုေတာ့ -

♦ ကိုးရီးယားကားေလး ၾကည့္ေနတာလည္းမီးကင္ေနတာပါပဲ။
♦ ေဘာလံုးပြဲေတြ ၾကည့္ေနေနတာလည္းမီးကင္ေနတာပါပဲ။
♦ ကာရာအိုေကဆိုင္ သြားတာလည္း မီးကင္ေနတာပါပဲ။
♦ အလွျပင္ဆိုင္မွာ ဆံပင္သြားေျဖာင့္တာလည္းမီးကင္ေနတာပါပဲ။
♦ ေခ်ာင္းသာသြားတာလည္း မီးကင္ေနတာပါပဲ။

ဆိုင္ရာမဂ္အဆင့္ဆင့္ကို မရေသးသေရြ ႔ေတာ့ မီးကကင္ကင္
ေနရဦးမွာပါ။ ဆိုင္ရာ မဂ္ေတြမရေသးရင္ေတာင္ ကိုယ္မီးကင္ ေနတာေလးကို မီးကင္ေနတယ္လို႔ သိေနရင္ပဲ မဆိုးလွပါဘူး။ ဒီေတာ့ ကိုးရီးယားကားေလးၾကည့္ေနရင္လည္း “ေဩာ္ ငါ
မီးကင္ေနတာ၊ ငါ မီးကင္ေနတာ” လို႔ သူမ်ားမၾကားေအာင္တုိးတုိးေလးဆင္ျခင္လိုက္ပါ။

ဆံပင္ေျဖာင့္ေနရင္လည္း “ေဩာ္ ငါမီးကင္ေနတာ၊ ငါမီးကင္
ေနတာ” လို႔တိုးတုိးေလးဆင္ျခင္လိုက္ပါ။ ဆင္ျခင္ေနတဲ့သူဟာ ကိုယ့္မွာျဖစ္ေနတဲ့ ႏူနာေရာဂါကိုကုဖုိ႔ သတိေပးေနတာနဲ႔တူပါတယ္။ ဒီေတာ့ အလြန္အကြ်ံေတြလည္း မျဖစ္ေတာ့ပါဘူး။

မီးကင္ေနတဲ့သူခ်င္းတူေပမယ့္ ကိုယ္ကမီးကင္ေနတာ
ေလးကို သိေနေတာ့ ဘာပဲေျပာေျပာ သူတို႔နဲ႔စာရင္ ကိုယ္ကသူတို႔ထက္ မသိမသာေလးေတာ့ သာေနတာပါပဲ။ဆင္ျခင္ရင္း ဆင္ျခင္းရင္းနဲ႔ၾကာလာရင္သံေ၀ဂဥာဏ္ေတြ မ်ားမ်ား
လာပါလိမ့္မယ္။ သံေ၀ဂဥာဏ္ေတြမ်ားလာတဲ့ တစ္ေန႔မွာကိုယ့္ရဲ ႔ႏူနာကိုလည္း အျမစ္ျပတ္ ကုခ်င္စိတ္ေပါက္ လာပါလိမ့္မယ္။အနာရွိရင္ ေဆးရွိတာပါပဲ။ႏူနာေရာဂါ ေပ်ာက္ဖုိ႔
အတြက္ ေဆးကေတာ့“သတိပဌာန္၀ိပႆနာေဆး”ပါပဲ။

သတိပဌာန္၀ိပႆနာတရား ရႈမွတ္ေနတဲ့အခ်ိန္ဟာ တဒဂၤ
အားျဖင့္ အကုသုိလ္ကိေလသာေတြ ၿငိမ္းေနတာပါ။တဒဂၤ အကုသိုလ္ကိေလသာၿငိမ္းေနတဲ့ အခ်ိန္ေလးဟာသိပ္ၿပီးခ်မ္းသာေနတာပါ။ အဲဒီခ်မ္းသာမႈဟာ ေလာကီ
ခ်မ္းသာေတြနဲ႔ႏႈိင္းယွဥ္လို႔ကို မရပါဘူး။

ဒါေတာင္ အျမစ္ျပတ္ အကုသိုလ္ကိေလသာ ၿငိမ္းေသးတာ
မဟုတ္ပါဘူး။ အျမစ္ျပတ္ၿငိမ္းသြားတယ္ဆိုရင္ေတာ့ အထူးေျပာစရာမလိုေတာ့ပါဘူး။ ကိုယ္က ဒီသေဘာေလးကို အာရံုျပဳၿပီး သတိပဌာန္ ၀ိပႆနာေဆးေလးကို မၾကာခဏ
ေသာက္ေသာက္ေပးဖုိ႔ပါ။လူ႔ေလာကမွာက မီးကင္စရာ ခပ္မ်ားမ်ားရယ္။ပုထုဇဥ္သဘာ၀အရ ကိုယ္ကမကင္းႏိုင္ေသးလို႔ မီးကင္ေနရရင္လည္း ကိုယ္မီးကင္ေနတယ္ဆိုတာ
ေလးကို သိေနဖို႔ပါပဲ။

ကာမဂုဏ္အာရံုေတြေနာက္ကို လိုက္ေနသေရြ႕ေတာ့
ဘယ္ေတာ့မွဆံုးမွာမဟုတ္ပါဘူး။ တုိးလို႔တုိးလို႔သာခံစားေနခ်င္မွာပါ။ ဒီကာမဂုဏ္အာရံုေတြေၾကာင့္ပဲ
“စိတ္ဆိုးရ၊စိတ္ေကာက္ရ၊ နာၾကည္းခဲ့ရ၊ လြမ္းရ၊ေဆြးရ၊ မိတ္ပ်က္ရ၊ေနာက္ဆံုး ေထာင္က်ရ၊ ငရဲက်
သြားရတဲ့ အထိပါပဲ။ ကိုယ့္၀န္းက်င္မွာဒါေတြက ေန႔စဥ္ေတြ႔ေနရတာပါ။

တကယ္လို႔ ကိုယ္က ကိုယ္ရဲ ႔ ႏူနာေရာဂါကို အျမစ္ျပတ္ေအာင္
မကုခ်င္ေသးဘူးဆိုရင္ေတာင္ တဒဂၤအားျဖင့္ ေရာဂါသက္သာဖုိ႔သတိပဌာန္၀ိပႆနာေဆးေလးကို တစ္ေန႔ကို ဆယ့္ငါးမိနစ္၊ မိနစ္ႏွစ္ဆယ္ေလာက္ေတာ့ ေသာက္ေသာက္ေနသင့္ပါတယ္။

ေသာက္ရင္းေသာက္ရင္း ေဆးရဲ ႔အာနိသင္ကို သိသိလာၿပီး
တိုးတိုးေသာက္ခ်င္လာမွာပါ။ ဘာပဲေျပာေျပာ စာဖတ္သူရယ္၊ႏူနာေရာဂါ တဒဂၤသက္သာဖုိ႔ သတိပဌာန္ ၀ိပႆနာေဆးေလးကို တစ္ေန႔ကိုဆယ့္ငါးမိနစ္၊ မိနစ္ႏွစ္ဆယ္ေလာက္ေတာ့
ေသာက္ျဖစ္ေအာင္ႀကိဳးစားလိုက္ပါေနာ္။

[အ႐ွင္ရာဇိႏၵ ( ရေဝႏြယ္ -အင္းမ)၏ “ အခ်စ္ႏွင့္ ဝိပႆနာ ”
ႏွာ ၂၂ မွ ၂၈ ထိ ေကာက္ႏႈတ္ပူေဇာ္ပါသည္ ။ ]

Feb 9, 2017

ျဖစ္ရိုးအစ ပအိုဝ္းတို႔ဘဝ

(Zawgyi & Unicode) copy post
ျဖစ္ရိုးအစ ပအိုဝ္းတို႔ဘဝ
==================
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသည္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံျဖင့္ ဖြဲ႕စည္းတည္ေထာင္ထားေသာ  ႏိုင္ငံျဖစ္သည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္း ေနထိုင္ၾကေသာ တိုင္းရင္းသားမ်ား၏ မူလေဒသရင္းမွာ တရုတ္အေနာက္ပိုင္း မြန္ဂိုကုန္းျမင့္ေဒသျဖစ္သည္။ ထိုမြန္ဂိုကုန္းျမင့္ေဒသတြင္ အေနၾကာလာေသာအခါ လူဦးေရတျဖည္းျဖည္းတိုးလာၿပီး ေရၾကည္ရာျမက္ႏုရာေဒသမ်ားကို ရွာေဖြ၍ ေျပာင္းေရြ႕ၾက၏။ ထိုသို႔ ေျပာင္းေရြ႕ေနထိုင္ၾကရာ သံလြင္ျမစ္ေခ်ာင္း၊ မဲေခါင္ျမစ္ေခ်ာင္း၊ ျဗဟၼပုတၱရျမစ္ေၾကာင္းမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ေရာက္ရွိလာခဲ့ၾကသည္။ ေတာင္သူ(ေခၚ)ပအိုဝ္းတိုင္းရင္းသားတို႔သည္ တရုတ္ကုန္း ျမင့္ဘက္မွ သံလြင္ျမစ္ေၾကာင္းအတိုင္း ေတာင္ဘက္အရပ္ေဒသမ်ားသို႔ တျဖည္းျဖည္းေျပာင္းေရြ႕လာၾက သည္။
၆ရာစုေလာက္တြင္ ရွမ္းကုန္းျပင္ျမင့္ေတာင္ပိုင္းျဖစ္ေသာ ယခုေခတ္ကရင္နီေတာင္တန္းေဒသမ်ား တစ္ဝိုက္တြင္ အေျခခ်ေနထိုင္ျခင္းျပဳၾကေလသည္။ ထိုမွတစ္ဖန္ ျမန္မာႏိုင္ငံအတြင္းသို႔ အစုစုကြဲလြဲ၍ ပ်ံ႕ႏွံ႔ ဝင္ေရာက္ခဲ့ၾကပုံရေလသည္။ မူလက ကရင္လူမ်ိဳးမ်ားသည္ ကရင္နီေတာင္တန္းေဒသ၊ သံလြင္ခရိုင္ႏွင့္ ပဲခူးရုိးမေတာင္မ်ားတစ္ဝိုက္တြင္ ေနထိုင္ၾကဟန္ရွိ၏။ ပအိုဝ္း(ေခၚ)ေတာင္သူလူမ်ိဳးမ်ားသည္ ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ သထုံခရိုင္အတြင္း၌ ေနထိုင္ခဲ့ၾကေလသည္။
ပအိုဝ္းတိုင္းရင္းသားတို႔သည္ ပုဂံေခတ္ကပင္ အျခားတိုင္းရင္းသားမ်ားႏွင့္ ေရာေႏွာေနထိုင္ခဲ့သည္ ဟု သိႏိုင္ေပသည္။ ပုဂံေက်ာက္စာမ်ားတြင္လည္း “ေတာင္သူ”လူမ်ိဳးတို႔သည္ ပုဂံေခတ္ကပင္ သီးျခားရွိခဲ့ သည္ဟု ဆိုႏိုင္ေပသည္။
သုဝဏၰဘူမိေဒသတြင္ ပအိုဝ္းတိုင္းရင္းသားတို႔သည္ မြန္တိုင္းရင္းသားတို႔ႏွင့္ နီးကပ္စြာဆက္ဆံ ေနထိုင္ ခဲ့ၾကသည္ဟု ဆိုေလသည္။ ဦးစံဝင္း (သမုိင္းသုေတသန) ေရးသားေသာ “သုဝဏၰဘူမိသုေတသန” စာအုပ္တြင္ မႏုဟာမင္းသည္ ဥဒိႏၷရာဇာ၏ သားေတာ္ျဖစ္သည္။
ပအိုဝ္း(ေတာင္သူ)တို႔၏ မူလဇာတိသည္ ျမန္မာႏိုင္ငံေတာင္ပိုင္း သထုံခရိုင္ျဖစ္၏။ ပအိုဝ္းတို႔၏ ဒ႑ာရီအရဆိုေသာ္ ပအိုဝ္းလူမ်ိဳးမ်ားသည္ နဂါးႏွင့္ဝိဇၨာမ်ိဳးမွ ဆင္းသက္ခဲ့သည္ဟုဆို၏။ ျမတ္စြာဘုရား မပြင့္မီက ယခုသထုံျမသပိတ္ေတာင္ေျခတြင္ ရဟႏၱာတို႔သတင္းသုံးလ်က္ရွိၾကသည္။ ထိုေဒသအနီးတြင္ ေရအိုင္ရွိရာနဂါးတို႔စံေပ်ာ္ၾကသည္။ နဂါးမင္းသမီးသည္ လူေယာင္ေဆာင္၍ ရဟႏၱာတို႔အားဖူးေျမႇာ္ၿပီး နဂါးျပည္ကို ျပန္မည့္ဆဲဆဲ ဝိဇၨာပ်ိဳတစ္ဦးႏွင့္ ေတြ႕မိ၍ ဝိဇၨာပ်ိဳႏွင့္ ခ်စ္ႀကိဳက္သြယ္ရာ ဥႀကီးႏွစ္လုံးကိုရခဲ့ သည္။ ထိုဥႀကီးႏွစ္လုံးကို ရေသ့တစ္ပါးထံအပ္ႏွံၿပီး နဂါးမင္းသမီးသည္ နဂါးျပည္သို႔ ျပန္ေလသည္။ ရေသ့ႀကီးၾကည့္ရႈေစာင့္ေရွာက္ထားေသာ ဥႀကီးႏွစ္လုံးမွ လူသားေယာက်္ားေလးတစ္ေယာက္ႏွင့္ မိန္းက ေလးတစ္ေယာက္ဖြားျမင္လာၾကသည္။ ရေသ့ႀကီးေကြ်းေမြးျပဳစုခဲ့ရာ ႀကီးျပင္းလာေသာအခါ သုဝဏၰဘူမိ တြင္ အုပ္စိုးေသာ မင္းဆက္ျဖစ္လာေလသည္။ ယင္းမင္းဆက္တို႔မွ ပအိုဝ္းလူမ်ိဳးျဖစ္ေပၚလာခဲ့သည္။ ပအိုဝ္းတို႔သည္ သထုံခရိုင္ကို “သထုံႀကီး” ရွမ္းျပည္ေတာင္ပိုင္းရွိ “ဆီဆိုင္”ကို “သထုံေလး” ဟုေခၚဆိုၾက သည္။ ယင္းေနရာႏွစ္ခုတို႔တြင္ ပအိုဝ္းလူမ်ိဳးမ်ားစြာ ေနထိုင္လ်က္ရွိေနၾကသည္။
အထက္အေၾကာင္းအရာမ်ားကို ပအိုဝ္းတိုင္းရင္းသားႏွင့္ မြန္တိုင္းရင္းသားတို႔သည္ ေအာက္ျမန္မာ ျပည္တြင္ ခ်စ္ခင္ရင္းႏွီးစြာ ေရာယွက္ေနထိုင္ခဲ့ၾကေၾကာင္း ထင္ရွားေပသည္။ ယေန႔တိုင္ေအာင္ပင္ ပအိုဝ္း တိုင္းရင္းသားတို႔သည္ မြန္လူမ်ိဳးတို႔ႏွင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ေဒသမ်ားတြင္ အခ်င္းခ်င္းရင္းႏွီးခ်စ္ ၾကည္စြာ ဆက္ဆံေနထိုင္လ်က္ရွိၾကေပသည္။
သထုံတြင္ ပအိုဝ္းတိုင္းရင္းသားတို႔အေျခခ်ေနထိုင္ေသာ အခ်ိန္မွာ ဘီစီ ၉ရာစု ပတ္ဝန္းက်င္တြင္ ျဖစ္ဖြယ္ရာရွိသည္။ သထုံတြင္ အတည္တက်ေနထိုင္ၿပီး သထုံျပည္ကို တည္ေထာင္ခဲ့ဟန္တူေလသည္။ သုဝဏၰဘူမိတြင္ သာသနာထြန္းကားစဥ္ ထင္ရွားသေသာ ပအိုဝ္းမင္းဆက္မွာ မဟာသကၠရာဇ္ ၁၄ခုႏွစ္တြင္ နန္းတက္ေသာ သူရိယစႏၵာမင္းျဖစ္ေလသည္။ သူရိယစႏၵာမင္းသည္ သုဝဏၰသထုံျပည္တြင္ ေရႊစာရံေစတီ ေတာ္ကို တည္ထားကိုးကြယ္ခဲ့၏။
သုဝဏၰဘူမိတိုင္းအပါအဝင္ သထုံျပည္တြင္ ေရွးမင္းဆက္ေပါင္း ၁၅၈ အနက္ ၁၄၇ မင္းဆက္ကား ပအိုဝ္းမင္းဆက္ျဖစ္ၿပီး က်န္မင္းဆက္မ်ားမွာ ပအိုဝ္းမြန္မင္းမ်ားျဖစ္သည္။ စာေပပုရပိုက္မ်ားအရ ပအိုဝ္းမ်ား ေနထိုင္ခဲ့ေသာ သထုံျပည္ကို အုပ္စိုးေသာ မႏုဟာမင္းလက္ထက္၌ ဗုဒၶသာသနာအေရာင္ အေတာ္ပင္ ထြန္းေျပာင္ေနခ်ိန္ျဖစ္သည္။ ထိုမႏုဟာမင္းမွာ ပအိုဝ္းမင္းဆက္ျဖစ္သည္ဟုဆိုသည္။ ယင္းအခ်ိန္တြင္ သထုံျပည္တြင္ ဗုဒၶ၏ ပရိယတၱိ၊ ပိဋိကတ္သုံးပုံရွိေၾကာင္း ရွင္အရဟံမွတစ္ဆင့္ ပုဂံျပည့္ရွင္ အေနာ္ရထာမင္း ၾကားသိေတာ္မူသျဖင့္ ပုဂံျပည္တြင္လည္း ႆသနာအစစ္အမွန္ေရာင္ဝါထြန္းလင္းေစလိုေသာေၾကာင့္ လူလႊတ္၍ ပိဋိကတ္သုံးပုံကို ပင့္ေဆာင္ေစရာ မႏုဟာမင္းက ျငင္းဆန္သျဖင့္ သထုံျပည္သို႔ စစ္ခ်ီတိုက္ခိုက္ ေတာ္မူသည္။
သာသနာသကၠရာဇ္ ၁၆၀၁ ခု၊ ေကာဇာသကၠရာဇ္၏ ၄၁၉ ခုတြင္ အေနာ္ရထာမင္းသည္ သထုံျပည္ကို ဝင္ေရာက္တိုက္ခိုက္ေအာင္ႏိုင္ေတာ္မူၿပီး မႏုဟာမင္းကို ေပါကၠံရာမ ပုဂံျပည္သို႔ ေခၚေဆာင္သြား၏။ ပိဋိကတ္သုံးပုံႏွင့္ က်မ္းဂန္တတ္ဆရာေတာ္မ်ား၊ ပစၥည္းဥစၥာမ်ားမက်န္ ပုဂံျပည္သို႔ ယူေဆာင္ခဲ့ေလ၏။ ထိုအခ်ိန္မွစ၍ သထုံျပည္ႀကီးတြင္ အုပ္ခ်ဳပ္သူကင္းမဲ့လ်က္ သထုံုျပည္တြင္ေနထိုင္ေသာ ပအိုဝ္းတိုင္းရင္း သားတို႔သည္ မိမိတို႔ အႏွစ္ႏွစ္အလလေနထိုင္ခဲ့ေသာ ထီးနန္းလည္းက်ဆုံးၿပီး သာသနာလည္းကြယ္ေပ်ာက္ ကာ အားကိုးရာမဲ့ျဖစ္သြားသည္ဟုဆိုလ်က္ သထုံျပည္မွ အုပ္စုကိုးစုခြဲ၍ စြန္႔ခြာထြက္လာၾကသည္။
ပအိုဝ္းတိုင္းရင္သားတို႔သည္ ရွမ္းျပည္နယ္အတြင္းသို႔ ပုဂံေခတ္လယ္ေလာက္တြင္ ဝင္ေရာက္ေန ထိုင္ခဲ့ဟန္တူေလသည္။ ယခုအခါ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ လူဦးေရအမ်ားဆုံး ေနထိုင္လ်က္ရွိ ပါသည္။ ရွမ္းတိုင္းရင္းသားမ်ားႏွင့္ ရင္းႏွီးခ်စ္ၾကည္စြာ ေနထိုင္ဆက္ဆံလ်က္ရွိေန၏။
သထုံေလး (ေခၚ) ဆီဆိုင္ၿမိဳ႕ကို ပအိုဝ္းတိုင္းရင္းသားတည္ေထာင္ခဲ့သည့္အေၾကာင္းႏွင့္ ပတ္သက္၍ ဆီဆိုင္ေစာ္ဘြား စပ္ခြန္ၾကည္၏ မွတ္တမ္းမွ သထုံပ်က္ဆီးေသာအခါ ပအိုဝ္းတိုင္းရင္းသားတို႔သည္ မႏုဟာမင္း၏ ေျမးမ်ားျဖစ္ၾကသည့္ ခြန္ေမာင္ႏိုင္ႏွင့္ခြန္ေမာင္သာ ညီအစ္ကိုတို႔၏ ဦးေဆာင္မႈျဖင့္ ရွမ္းျပည္နယ္သို႔တက္လာ၏။ ယခုအခါ ပအုိဝ္းတိုင္းရင္းသားမ်ား ရွမ္းျပည္နယ္သို႔ ေရာက္ရွိခဲ့သည္မွာ ႏွစ္ေပါင္း ၉၀၀-ေက်ာ္ေပၿပီ။ အစ္ကိုျဖစ္သူ ခြန္ေမာင္သာသည္ သကၠရာဇ္ ၄၈၂တြင္ “လြယ္ပြတ္”ရြာကို တည္၏။ ခြန္ေမာင္သာသည္ သထုံျပည္မွယူလာသည့္ ေရတစ္မႈတ္ႏွင့္ ျပာတစ္ဆုပ္ကို “လြယ္ပြတ္”ရြာတြင္ ဌာပနာၿပီး သထုံေလး (ေခၚ) ဆီဆုိင္ၿမိဳ႕ကို တည္ေထာင္ခဲ့ၾကသည္ဟု ယူဆရပါသည္။ သထုံေလး (ေခၚ) ဆီဆိုင္ၿမိဳ႕တြင္ ပအိုဝ္းတိုင္းရင္းသားတို႔၏ အႀကီးအကဲမ်ား ၁၂ ဆက္ အုပ္ခ်ဳပ္ခဲ့ၾကသည္။
အေနာ္ရထာမင္းသည္ သထုံျပည္ကို သိမ္းပိုက္ေအာင္ျမင္ၿပီး သထုံျပည့္ရွင္မႏူဟာမင္းႏွင့္အတူ မင္းမ်ိဳးမင္းႏြယ္မ်ား၊ မႈးမတ္မ်ားႏွင့္ သထုံျပည္သူျပည္သားမ်ားကို ေပါကၠံျပည္သုိ႔ ဖမ္းဆီးေခၚေဆာင္ခဲ့သည္။ သထုံသည္ ေပါကၠံျပည္ႏွင့္ ေတာင္ေျမာက္လားရာရွိသျဖင့္ ေတာင္အရပ္မွ သထုံျပည္သူျပည္သား မ်ားကို ေတာင္သူ၊ ေတာင္သားမ်ားဟု ေခၚေဝၚလာခဲ့ျခင္းေၾကာင့္ ပအိုဝ္းလူမ်ိဳးတို႔သည္ “ေတာင္သူ” အမည္နာမအျဖစ္ ေခၚေဝၚျခင္းခံခဲ့ရေလသည္။ ထိုအခ်ိန္မွ အစျပဳၿပီး “ေတာင္သူ” လူမ်ိဳးျဖစ္လာရေတာ့ သည္။ မည္သုိ႔ေစကာမူ ပအိုဝ္းတိုင္းရင္းသားတို႔သည္ မ်ိဳးႏြယ္စုမ်ားအလိုက္ ေရွးေဟာင္းစိုက္ပ်ိဳးေရးကို အေျခခံကာ သင့္တင့္ေလွ်ာက္ပတ္ေသာ အဖြဲ႕အစည္းကေလးမ်ားကို ထူေထာင္ၿပီး ေအးေအးခ်မ္းခ်မ္း ေနထိုင္ခဲ့ၾကေလသည္။ ေတာင္သူ (ေခၚ) ပအိုဝ္းတိုင္းရင္းသားတုိ႔သည္ အမ်ားစုအားျဖင့္ ေတာေတာင္မ်ား တြင္ ေတာင္ယာစိုက္ပ်ိဳးေရးလုပ္ငန္းျဖင့္ ေပ်ာ္ေမြ႕စြာ အသက္ေမြးဝမ္းေၾကာင္းျပဳၾကေသာေၾကာင့္ ပအိုဝ္းတိုင္းရင္းသားကို “ေတာင္သူ”ဟုတစ္ဖန္ ထပ္မံေခၚခဲ့ျခင္းလည္း ရွိခဲ့သည္။
ပအိုဝ္းတိုင္းရင္းသားတို႔သည္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းကပင္ ျမန္မာျပည္တြင္ တိုင္းရင္းသားလူမ်ိဳး  တစ္မ်ိဳးအျဖစ္ ေနထိုင္ခဲ့သည္။ ယေန႔တြင္ ကိုယ္ပိုင္ယဥ္ေက်းမႈႏွင့္ ဘာသာစကားမ်ား သီးျခားရွိေန ေပသည္။ ယခုအခါ “ေတာင္သူ” ဟူေသာ အမည္နာမ တျဖည္းျဖည္းပေပ်ာက္ၿပီး “ပအိုဝ္း” ဟူ၍ အသိမ်ား ၾကေလသည္။
လြတ္လပ္ေရးရၿပီးသည့္ေနာက္ပိုင္းတြင္ ပအိုဝ္းတိုင္းရင္းသားတို႔ကို အျခားတိုင္းရင္းသားမ်ားက တျဖည္းျဖည္းအသိမ်ားလာ၏။ “ပအိုဝ္း”ဟူ၍ သိလာၾကေသာ္လည္း “ပအူ၊ ပအို၊ ပအို႔၊ ပအိုဝ့္၊ ပအိုဝ္း”စသည္ျဖင့္ အမ်ိဳးမ်ိဳးေရးသားေခၚေဝၚေနၾကေပသည္။ သို႔ရာတြင္ “ပအို” ႏွင့္ “ပအိုး”အသံႏွစ္မ်ိဳး၏ ၾကားအသံသည္ တိက်မွန္ကန္ ဌာန္ကရိုဏ္းက်ေပသည္။ တိက်မွန္ကန္ေသခ်ာေသာ ပအိုဝ္းအေရးအသား မွာ မေရမရာမေသမခ်ာ ျဖစ္ေနေပေသး၏။ ထို႔ေၾကာင့္ ၁၉၅၂ ခုႏွစ္တြင္ တကၠသိုလ္ေပါင္းစုံ ပအိုဝ္း ယဥ္ေက်းမႈျမႇင့္တင္ေရးအဖြဲ႕က “ပအိုဝ္း” ဟူေသာ ေဝါဟာရကိုသာ ေရးသားေခၚေဝၚၾကရန္ အသိမွတ္ျပဳ၍ သေဘာတူဆုံးျဖတ္ၾကေလသည္။ ပအိုဝ္းတိုင္းရင္းသားတို႔ကလည္း “ပအိုဝ္း” ဟု ေခၚေဝၚေရးသားျခင္းကို သာ ႏွစ္သက္ၾကေလသည္။

ကိုးကားခ်က္ -     ျပည္ေထာင္စုထဲကပအိုဝ္း
- (၆၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ တိုင္းရင္းသားလူမ်ိဳးမ်ား ယဥ္ေက်းမႈမဂၢဇင္း  (ခြန္မဟာႏြယ္- ဗုဒၶတကၠသိုလ္၊မႏၱေလး)

မိြဳးပိုမူ  -     စႏၱာခမ္း (ပင္ေလာင္း)
http://www.pa-onational.com/2017/02/blog-post_71.html

ဖြစ်ရိုးအစ ပအိုဝ်းတို့ဘဝ
==================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော  နိုင်ငံဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများ၏ မူလဒေသရင်းမှာ တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်သည်။ ထိုမွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာသောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကို ရှာဖွေ၍ ပြောင်းရွေ့ကြ၏။ ထိုသို့ ပြောင်းရွေ့နေထိုင်ကြရာ သံလွင်မြစ်ချောင်း၊ မဲခေါင်မြစ်ချောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ တောင်သူ(ခေါ်)ပအိုဝ်းတိုင်းရင်းသားတို့သည် တရုတ်ကုန်း မြင့်ဘက်မှ သံလွင်မြစ်ကြောင်းအတိုင်း တောင်ဘက်အရပ်ဒေသများသို့ တဖြည်းဖြည်းပြောင်းရွေ့လာကြ သည်။
၆ရာစုလောက်တွင် ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းဖြစ်သော ယခုခေတ်ကရင်နီတောင်တန်းဒေသများ တစ်ဝိုက်တွင် အခြေချနေထိုင်ခြင်းပြုကြလေသည်။ ထိုမှတစ်ဖန် မြန်မာနိုင်ငံအတွင်းသို့ အစုစုကွဲလွဲ၍ ပျံ့နှံ့ ဝင်ရောက်ခဲ့ကြပုံရလေသည်။ မူလက ကရင်လူမျိုးများသည် ကရင်နီတောင်တန်းဒေသ၊ သံလွင်ခရိုင်နှင့် ပဲခူးရိုးမတောင်များတစ်ဝိုက်တွင် နေထိုင်ကြဟန်ရှိ၏။ ပအိုဝ်း(ခေါ်)တောင်သူလူမျိုးများသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် သထုံခရိုင်အတွင်း၌ နေထိုင်ခဲ့ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပုဂံခေတ်ကပင် အခြားတိုင်းရင်းသားများနှင့် ရောနှောနေထိုင်ခဲ့သည် ဟု သိနိုင်ပေသည်။ ပုဂံကျောက်စာများတွင်လည်း “တောင်သူ”လူမျိုးတို့သည် ပုဂံခေတ်ကပင် သီးခြားရှိခဲ့ သည်ဟု ဆိုနိုင်ပေသည်။
သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့် နီးကပ်စွာဆက်ဆံ နေထိုင် ခဲ့ကြသည်ဟု ဆိုလေသည်။ ဦးစံဝင်း (သမိုင်းသုတေသန) ရေးသားသော “သုဝဏ္ဏဘူမိသုတေသန” စာအုပ်တွင် မနုဟာမင်းသည် ဥဒိန္နရာဇာ၏ သားတော်ဖြစ်သည်။
ပအိုဝ်း(တောင်သူ)တို့၏ မူလဇာတိသည် မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်ဖြစ်၏။ ပအိုဝ်းတို့၏ ဒဏ္႑ာရီအရဆိုသော် ပအိုဝ်းလူမျိုးများသည် နဂါးနှင့်ဝိဇ္ဇာမျိုးမှ ဆင်းသက်ခဲ့သည်ဟုဆို၏။ မြတ်စွာဘုရား မပွင့်မီက ယခုသထုံမြသပိတ်တောင်ခြေတွင် ရဟန္တာတို့သတင်းသုံးလျက်ရှိကြသည်။ ထိုဒေသအနီးတွင် ရေအိုင်ရှိရာနဂါးတို့စံပျော်ကြသည်။ နဂါးမင်းသမီးသည် လူယောင်ဆောင်၍ ရဟန္တာတို့အားဖူးမြှော်ပြီး နဂါးပြည်ကို ပြန်မည့်ဆဲဆဲ ဝိဇ္ဇာပျိုတစ်ဦးနှင့် တွေ့မိ၍ ဝိဇ္ဇာပျိုနှင့် ချစ်ကြိုက်သွယ်ရာ ဥကြီးနှစ်လုံးကိုရခဲ့ သည်။ ထိုဥကြီးနှစ်လုံးကို ရသေ့တစ်ပါးထံအပ်နှံပြီး နဂါးမင်းသမီးသည် နဂါးပြည်သို့ ပြန်လေသည်။ ရသေ့ကြီးကြည့်ရှုစောင့်ရှောက်ထားသော ဥကြီးနှစ်လုံးမှ လူသားယောကျ်ားလေးတစ်ယောက်နှင့် မိန်းက လေးတစ်ယောက်ဖွားမြင်လာကြသည်။ ရသေ့ကြီးကျွေးမွေးပြုစုခဲ့ရာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမိ တွင် အုပ်စိုးသော မင်းဆက်ဖြစ်လာလေသည်။ ယင်းမင်းဆက်တို့မှ ပအိုဝ်းလူမျိုးဖြစ်ပေါ်လာခဲ့သည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို “သထုံကြီး” ရှမ်းပြည်တောင်ပိုင်းရှိ “ဆီဆိုင်”ကို “သထုံလေး” ဟုခေါ်ဆိုကြ သည်။ ယင်းနေရာနှစ်ခုတို့တွင် ပအိုဝ်းလူမျိုးများစွာ နေထိုင်လျက်ရှိနေကြသည်။
အထက်အကြောင်းအရာများကို ပအိုဝ်းတိုင်းရင်းသားနှင့် မွန်တိုင်းရင်းသားတို့သည် အောက်မြန်မာ ပြည်တွင် ချစ်ခင်ရင်းနှီးစွာ ရောယှက်နေထိုင်ခဲ့ကြကြောင်း ထင်ရှားပေသည်။ ယနေ့တိုင်အောင်ပင် ပအိုဝ်း တိုင်းရင်းသားတို့သည် မွန်လူမျိုးတို့နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသများတွင် အချင်းချင်းရင်းနှီးချစ် ကြည်စွာ ဆက်ဆံနေထိုင်လျက်ရှိကြပေသည်။
သထုံတွင် ပအိုဝ်းတိုင်းရင်းသားတို့အခြေချနေထိုင်သော အချိန်မှာ ဘီစီ ၉ရာစု ပတ်ဝန်းကျင်တွင် ဖြစ်ဖွယ်ရာရှိသည်။ သထုံတွင် အတည်တကျနေထိုင်ပြီး သထုံပြည်ကို တည်ထောင်ခဲ့ဟန်တူလေသည်။ သုဝဏ္ဏဘူမိတွင် သာသနာထွန်းကားစဉ် ထင်ရှားသသော ပအိုဝ်းမင်းဆက်မှာ မဟာသက္ကရာဇ် ၁၄ခုနှစ်တွင် နန်းတက်သော သူရိယစန္ဒာမင်းဖြစ်လေသည်။ သူရိယစန္ဒာမင်းသည် သုဝဏ္ဏသထုံပြည်တွင် ရွှေစာရံစေတီ တော်ကို တည်ထားကိုးကွယ်ခဲ့၏။
သုဝဏ္ဏဘူမိတိုင်းအပါအဝင် သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၈ အနက် ၁၄၇ မင်းဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်ပြီး ကျန်မင်းဆက်များမှာ ပအိုဝ်းမွန်မင်းများဖြစ်သည်။ စာပေပုရပိုက်များအရ ပအိုဝ်းများ နေထိုင်ခဲ့သော သထုံပြည်ကို အုပ်စိုးသော မနုဟာမင်းလက်ထက်၌ ဗုဒ္ဓသာသနာအရောင် အတော်ပင် ထွန်းပြောင်နေချိန်ဖြစ်သည်။ ထိုမနုဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟုဆိုသည်။ ယင်းအချိန်တွင် သထုံပြည်တွင် ဗုဒ္ဓ၏ ပရိယတ္တိ၊ ပိဋိကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတစ်ဆင့် ပုဂံပြည့်ရှင် အနော်ရထာမင်း ကြားသိတော်မူသဖြင့် ပုဂံပြည်တွင်လည်း ဿသနာအစစ်အမှန်ရောင်ဝါထွန်းလင်းစေလိုသောကြောင့် လူလွှတ်၍ ပိဋိကတ်သုံးပုံကို ပင့်ဆောင်စေရာ မနုဟာမင်းက ငြင်းဆန်သဖြင့် သထုံပြည်သို့ စစ်ချီတိုက်ခိုက် တော်မူသည်။
သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ်၏ ၄၁၉ ခုတွင် အနော်ရထာမင်းသည် သထုံပြည်ကို ဝင်ရောက်တိုက်ခိုက်အောင်နိုင်တော်မူပြီး မနုဟာမင်းကို ပေါက္ကံရာမ ပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋိကတ်သုံးပုံနှင့် ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာများမကျန် ပုဂံပြည်သို့ ယူဆောင်ခဲ့လေ၏။ ထိုအချိန်မှစ၍ သထုံပြည်ကြီးတွင် အုပ်ချုပ်သူကင်းမဲ့လျက် သထုံပြည်တွင်နေထိုင်သော ပအိုဝ်းတိုင်းရင်း သားတို့သည် မိမိတို့ အနှစ်နှစ်အလလနေထိုင်ခဲ့သော ထီးနန်းလည်းကျဆုံးပြီး သာသနာလည်းကွယ်ပျောက် ကာ အားကိုးရာမဲ့ဖြစ်သွားသည်ဟုဆိုလျက် သထုံပြည်မှ အုပ်စုကိုးစုခွဲ၍ စွန့်ခွာထွက်လာကြသည်။
ပအိုဝ်းတိုင်းရင်သားတို့သည် ရှမ်းပြည်နယ်အတွင်းသို့ ပုဂံခေတ်လယ်လောက်တွင် ဝင်ရောက်နေ ထိုင်ခဲ့ဟန်တူလေသည်။ ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေအများဆုံး နေထိုင်လျက်ရှိ ပါသည်။ ရှမ်းတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာ နေထိုင်ဆက်ဆံလျက်ရှိနေ၏။
သထုံလေး (ခေါ်) ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်ခဲ့သည့်အကြောင်းနှင့် ပတ်သက်၍ ဆီဆိုင်စော်ဘွား စပ်ခွန်ကြည်၏ မှတ်တမ်းမှ သထုံပျက်ဆီးသောအခါ ပအိုဝ်းတိုင်းရင်းသားတို့သည် မနုဟာမင်း၏ မြေးများဖြစ်ကြသည့် ခွန်မောင်နိုင်နှင့်ခွန်မောင်သာ ညီအစ်ကိုတို့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်သို့တက်လာ၏။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားများ ရှမ်းပြည်နယ်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၉၀၀-ကျော်ပေပြီ။ အစ်ကိုဖြစ်သူ ခွန်မောင်သာသည် သက္ကရာဇ် ၄၈၂တွင် “လွယ်ပွတ်”ရွာကို တည်၏။ ခွန်မောင်သာသည် သထုံပြည်မှယူလာသည့် ရေတစ်မှုတ်နှင့် ပြာတစ်ဆုပ်ကို “လွယ်ပွတ်”ရွာတွင် ဌာပနာပြီး သထုံလေး (ခေါ်) ဆီဆိုင်မြို့ကို တည်ထောင်ခဲ့ကြသည်ဟု ယူဆရပါသည်။ သထုံလေး (ခေါ်) ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြီးအကဲများ ၁၂ ဆက် အုပ်ချုပ်ခဲ့ကြသည်။
အနော်ရထာမင်းသည် သထုံပြည်ကို သိမ်းပိုက်အောင်မြင်ပြီး သထုံပြည့်ရှင်မနူဟာမင်းနှင့်အတူ မင်းမျိုးမင်းနွယ်များ၊ မှုးမတ်များနှင့် သထုံပြည်သူပြည်သားများကို ပေါက္ကံပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ သထုံသည် ပေါက္ကံပြည်နှင့် တောင်မြောက်လားရာရှိသဖြင့် တောင်အရပ်မှ သထုံပြည်သူပြည်သား များကို တောင်သူ၊ တောင်သားများဟု ခေါ်ဝေါ်လာခဲ့ခြင်းကြောင့် ပအိုဝ်းလူမျိုးတို့သည် “တောင်သူ” အမည်နာမအဖြစ် ခေါ်ဝေါ်ခြင်းခံခဲ့ရလေသည်။ ထိုအချိန်မှ အစပြုပြီး “တောင်သူ” လူမျိုးဖြစ်လာရတော့ သည်။ မည်သို့စေကာမူ ပအိုဝ်းတိုင်းရင်းသားတို့သည် မျိုးနွယ်စုများအလိုက် ရှေးဟောင်းစိုက်ပျိုးရေးကို အခြေခံကာ သင့်တင့်လျှောက်ပတ်သော အဖွဲ့အစည်းကလေးများကို ထူထောင်ပြီး အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြလေသည်။ တောင်သူ (ခေါ်) ပအိုဝ်းတိုင်းရင်းသားတို့သည် အများစုအားဖြင့် တောတောင်များ တွင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် ပျော်မွေ့စွာ အသက်မွေးဝမ်းကြောင်းပြုကြသောကြောင့် ပအိုဝ်းတိုင်းရင်းသားကို “တောင်သူ”ဟုတစ်ဖန် ထပ်မံခေါ်ခဲ့ခြင်းလည်း ရှိခဲ့သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုး  တစ်မျိုးအဖြစ် နေထိုင်ခဲ့သည်။ ယနေ့တွင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားများ သီးခြားရှိနေ ပေသည်။ ယခုအခါ “တောင်သူ” ဟူသော အမည်နာမ တဖြည်းဖြည်းပပျောက်ပြီး “ပအိုဝ်း” ဟူ၍ အသိများ ကြလေသည်။
လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့ကို အခြားတိုင်းရင်းသားများက တဖြည်းဖြည်းအသိများလာ၏။ “ပအိုဝ်း”ဟူ၍ သိလာကြသော်လည်း “ပအူ၊ ပအို၊ ပအို့၊ ပအိုဝ့်၊ ပအိုဝ်း”စသည်ဖြင့် အမျိုးမျိုးရေးသားခေါ်ဝေါ်နေကြပေသည်။ သို့ရာတွင် “ပအို” နှင့် “ပအိုး”အသံနှစ်မျိုး၏ ကြားအသံသည် တိကျမှန်ကန် ဌာန်ကရိုဏ်းကျပေသည်။ တိကျမှန်ကန်သေချာသော ပအိုဝ်းအရေးအသား မှာ မရေမရာမသေမချာ ဖြစ်နေပေသေး၏။ ထို့ကြောင့် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ပေါင်းစုံ ပအိုဝ်း ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့က “ပအိုဝ်း” ဟူသော ဝေါဟာရကိုသာ ရေးသားခေါ်ဝေါ်ကြရန် အသိမှတ်ပြု၍ သဘောတူဆုံးဖြတ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ကလည်း “ပအိုဝ်း” ဟု ခေါ်ဝေါ်ရေးသားခြင်းကို သာ နှစ်သက်ကြလေသည်။

ကိုးကားချက် -     ပြည်ထောင်စုထဲကပအိုဝ်း
- (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှုမဂ္ဂဇင်း  (ခွန်မဟာနွယ်- ဗုဒ္ဓတက္ကသိုလ်၊မန္တလေး)

မွိုးပိုမူ  -     စန္တာခမ်း (ပင်လောင်း)
http://www.pa-onational.com/2017/02/blog-post_71.html