အဘိဏှသုတ်ပါဠိတော်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဥ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
ကတမာနိ ပဉ္စ-
(၁) ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗံ္ဗ။
(၂) ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗံ္ဗ။
(၃) မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗံ္ဗ။
(၄) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှီတိ အဘိဏှံ ပစ္စဝေက္ခိတဗံ္ဗ။
(၅) ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊ တဿ ဒါယောဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗံ္ဗ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
အဘိဏှသုတ် နိဿယ
ဘိက္ခဝေ၊ ရဟန်းတို့။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမာနိ ဌာနာနိ၊ ဤအကြောင်းတရားတို့ကို။ ဣတ္ထိယာ ၀ါ၊ မိန်းမ သည်လည်းကောင်း။ ပုရိသေန ၀ါ၊ ယောကျာ်းသည်လည်းကောင်း။ ဂဟဋ္ဌေန ၀ါ၊ လူသည်လည်းကောင်း။ ပဗ္ဗဇိတေန ၀ါ၊ ရဟန်းသည်လည်းကောင်း။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။
ပဉ္စ၊ ငါးပါးတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။
(၁) အဟံ၊ ငါသည်။ ဇရာဓမ္မော၊ အိုခြင်းသဘော ရှိသည်။ အမှိ၊ ဖြစ်၏။ ဇရံ၊ အိုခြင်းသဘော တရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗံ္ဗ၊ ဆင်ခြင်အပ်၏။
(၂) အဟံ၊ ငါသည်။ ဗျာဓိဓမ္မော၊ နာခြင်းသဘော ရှိသည်။ အမှိ၊ ဖြစ်၏။ ဗျာဓိံ၊ နာခြင်းသဘော တရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
(၃) အဟံ၊ ငါသည်။ မရဏဓမ္မော၊သေခြင်းသဘော ရှိသည်။ အမှိ၊ ဖြစ်၏။ မရဏံ၊ သေခြင်း သဘောတရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗံ္ဗ၊ ဆင်ခြင်အပ်၏။
(၄) မေ၊ ငါ့အား။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ပိယေဟိ၊ ချစ်နှစ်လိုအပ်ကုန်သော။ မနာပေဟိ၊ နှလုံးကို ပွားစေတတ်သော အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့်။ နာနာဘာဝေါ၊ အရပ်တစ်ပါးသို့
ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည်လည်းကောင်း။ ၀ိနာဘာဝေါ၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည်လည်းကောင်း။ အမှိ၊ ဖြစ်တတ်ချေ၏။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
(၅) အဟံ၊ ငါသည်။ ကမ္မဿကော၊ ကံသာလျှင် မိမိဥစ္စာ ရှိသည်။ ကမ္မဒါယာဒေါ၊ ကံသာလျှင် အမွေခံ ရှိသည်။ ကမ္မယောနိ၊ ကံသာလျှင် အကြောင်းရင်း ရှိသည်။ ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေအမျိုး ရှိသည်။ ကမ္မပဋိဿရဏော၊ ကံသာလျှင် ကိုးကွယ် လဲလျောင်းရာ ရှိသည်။ အမှိ၊ ဖြစ်၏။ ကလျာဏံ ၀ါ၊ ကောင်း
သည်လည်းဖြစ်သော။ ပါပကံ ၀ါ၊ မကောင်း သည် လည်းဖြစ်သော။ ယံ ကမ္မံ၊ အကြင်ကံကို။ ကရိဿာမိ၊
ပြုအံ့။ တဿ ကမ္မဿ၊ ထိုကောင်းမှု မကောင်းမှုကံ၏။ ဒါယာဒေါ၊ ကောင်းမွေဆိုးမွေခံသည်။
ဘ၀ိဿာမိ၊ ဖြစ်ရအံ့။ ဣတိ၊ ဤသို့၊ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗံ္ဗ၊ ဆင်ခြင်အပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣမာနိ ပဉ္စဌာနာနိ၊ ဤ ငါးပါးသော အကြောင်းတရားတို့ကို။ ဣတ္ထိယာ ၀ါ၊ မိန်းမသည် လည်းကောင်း။ ပုရိသေန ၀ါ၊ ယောကျာ်းသည်လည်းကောင်း။ ဂဟဋ္ဌေန ၀ါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေန ၀ါ၊ ရဟန်းသည်လည်းကောင်း။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။
အဘိဏှသုတ်နိဿယ ပြီး၏။
ဆောင်ပုဒ်လင်္ကာ
- အို-နာ-သေ-ကွဲ၊ ကံပဲဥစ္စာ ၊ ဤငါးဖြာ ၊ မကွာနေ့ည ၊ ဉာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။
(ကျောက်ကုန်းတောရ မေဒိနီဆရာတော်)
- ငါ့မှာ အိုရ ၊ဘေးဒုက္ခ၊ လုံးဝ မလွတ်နိုင်။
- ငါ့မှာ နာရ ၊ဘေးဒုက္ခ၊ လုံးဝ မလွတ်နိုင်။
- ငါ့မှာ သေရ ၊ဘေးဒုက္ခ၊ လုံးဝ မလွတ်နိုင်။
- ငါချစ်သမျှ၊ ခွဲခွာရ၊ လုံးဝ မလွတ်နိုင်။
- ကံပြုသမျှ၊ လိုက်နာရ၊ လုံးဝ သူကြိုးကိုင်။
ကံ
- (က) ကံလျှင်ဥစ္စာ၊ သတ္တ၀ါ၊ သူ,ငါ ရှိကြသည်။ (ကမ္မဿကာ)
- (ခ) ကံလျှင်အမွေ၊ ခံစံပေ၊ ခွဲဝေယူကြသည်။ (ကမ္မဒါယာဒါ)
- (ဂ) ကံလျှင်အကြောင်း၊ ဆိုးအကောင်း၊ အပေါင်းမှန်လှသည်။ (ကမ္မယောနိ)
- (ဃ) ကံလျှင်ဆွေမျိုး၊ ကောင်းအဆိုး၊ ကြောင်းကျိုးမှန်လှသည်။ (ကမ္မဗန္ဓု)
- (င) ကောင်းဆိုးကံသာ၊ ကိုးကွယ်ရာ၊သေချာမှန်လှသည်။ (ကမ္မပဋိဿရဏ) (အံ၊ ၂၊ ၆၃)
အဘိဏှသုတ် အနှစ်ချုပ်
နုပျိုနေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ အိုရမှန်စွာ
အိုရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"
ကျန်းမာနေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ နာရမှန်စွာ
နာရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"
သက်ရှင်နေတဲ့ ငါ့ရဲ့ခန္ဓာ
တစ်နေ့နေ့ကြ သေရမှန်စွာ
သေရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"
ချစ်ရင်းနေတဲ့ ငါ့ရဲ့ဆွေဉာ
တစ်နေ့နေ့ကြ ခွဲရမှန်စွာ
ခွဲရမည့်ဘေး မျှော်တွေးခါခါ
မြတ်ဓမ္မ နေ့ညဆင်ခြင်ပါ"
မိမိပြုငြား နှစ်ပါးကံသာ
အရိပ်လိုပဲ အမြဲမကွာ
ဖြစ်ရာဘဝ နောက်ကလိုက်ပါ
ဤသဘော တွေးတောဆင်ခြင်ပါ"
အဘိဏှသုတ် ဖော်ထုတ်ခါသာ
ဗုဒ္ဓဘုရား ဟောကြားခဲ့တာ
ကျား,မ'မခြား ပွါးများစေရာ
ဤငါးပါး မှတ်သားအပ်လှစွာ....။

No comments:
Post a Comment