ပအိုဝ်းဖြစ်တာ ဂုဏ်ယူပါတယ်..ဂုဏ်ယူပါတယ် နဲ့ ဘာတွေဂုဏ်ယူကြတာလဲ ??
အမှန်တကယ်ဂုဏ်ယူနိူင်ကြပြီလားး??
တခြားလူမျိုးတွေကို အတုယူစေချင်တယ်..အိုင်သေးသေးလေးမှာပဲ ပျော်မနေကြစေချင်ဘူးး..
အချင်းချင်းထဲမှာပဲ ဂုဏ်ယူ .ကိုယ့်အချင်းချင်းညထဲမှာပဲ တတ်သူက မတတ်သူကို နှိမ်ချဆက်ဆံ..
အချင်းချင်းမှာပဲ ရှိသူက မရှိသူတွေဆီမာန်တက်နေကြတာ အတော်ကြာနေပါပြီ....
ပအိုဝ်းမှာ
-နိူင်ငံကိုယ်စားပြု အားကစားသမားတောင်မရှိသေးဘူး
လုပ်လိုက်တဲ့ ဘာဖလား ညာဖလား ပြီးတော့ အပြိုင်တခြားလူမျိုးကြေးစားတွေခေါ်ကန်ကြတယ်..သူတို့ပဲ အနိူင်ရတယ်..
ဘာထူးလဲ ...နာမည်ယူမှာလားး ?? ကိုယ်လူမျိုး အရည်အချင်းကို မြင့်တင်ပေးမှာလားး ?? သေချာစဉ်းစားပါ..
-သာသနာ့အာဇာနည်လည်း အများအပြားရှိတယ်..တရားဝင် မဖော်ထုတ်နိူင်ကြဘူးးး မဖော်ထုတ်ပေးချင်ကြဘူးး
- အလှမယ်နန်းခင်ဇေယျာတောင် ကိုယ့်လူမျိုးခေါင်းဆောင်တွေ မြေတောင်မြောက်ပေးတာ မဟုတ်ဘူးး
-အမျိုးသားစာပေဆုရပအိုဝ်းစာရေးဆရာတောင် အဆင်မပြေလို့ရေးထားတဲ့စာတွေ မထုတ်နိူင်ဘူးလို့ ပြောတာကြားဖူးတယ်..
ကိုယ်လူမျိုးကြားထဲပဲ ဂုဏ်ယူနေကြမှာလားး ..
နိူင်ငံတကာမှာ နိူင်ငံကိုယ်စားသွားတာတောင် ပအိုဝ်း လို့တောင် ရဲရဲဝံ့ဝံ့မပြောနိူင်သေးဘူးး..ရှမ်းမျိုးနွယ်စုလိုလို ဘာလိုလိုနဲ့ ထင်ယောင်ထင်မှား ဖြစ်နေကြတုန်းပဲ ...
ကဏ္ဌပေါင်းစုံက လူငယ်တွေလည်း ကြိုးစားပေးကြပါ...ကြိုးစားရိုးသားတဲ့လူတွေအတွက် လောကကြီးကနေရာတစ်နေရာအမြဲရှိပါတယ်..
လူကြီးတွေလည်း အညွန့်တလူလူတက်မယ့် လူငယ်တွေ ကိုယ်လူမျိုးတွေကို အားပေးကြပါ..သေချာမြောက်တောင်မြောက်ပေးကြပါ..ကိုယ်ပျိုးထောင်ပြုစုလို့ ပွင့်လန်းလာတဲ့ အသီးအပွင့်ကိုကြည့်ပြီး အပြည့်အဝဂုဏ်ယူကြပါ.အပြည့်အဝအသုံးချပါ..သူများတွေအသုံးချခံသာသာမဖြစ်ပါစေနဲ့..
Khunreal Pa Oh
No comments:
Post a Comment