<<< Zawgyi Version >>>
သူငယ်သည် ငယ်ကလည်းငယ်၊ ဥာဏ်လည်း မရင့်ကျက်သေး သဖြင့် မထေရ်သည် ကလေးကို ခေါ်ယူထားကာ တက္ကသိုလ်မြို့ရှိ ကုန်သည် တစ်ဦး ထံတွင်-
တစ်နေ့တွင် ကုန်သည်သည် မိမိ၏ရောင်းချ၍ မရသော ကုန်တို့ကို အသက် (၁၂ )နှစ် သာရှိသေးသော ဇဋိလကို ဈေးသို့ပို့ကာ ရောင်းချခိုင်းပြီး မိမိကမူ ခရီးထွက်သွားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
✤ထိုအခါ ဇနီးက ....
<<<Unicode Version>>>
“ ဇဋိလသူဌေး၏ နှုတ်ကြမ်းဝဋ်ကြွေး”
ဗာရဏသီ၌ အလွန်အဆင်းလှသော သူဌေးသမီးတစ်ဦး ရှိသည်။ ထိုသမီး အရွယ်ရောက်သောအခါ သူဌေးက သမီးကို ခုနှစ်ထပ်ရှိသော ပြသာဒ် အပေါ်ဆုံးထက်၌ ကျွန်မတစ်ယောက် အစောင့် အရှောက်ပေးပြီးထားသည်။
တစ်နေ့တွင် ထိုသူဌေးသမီးသည် ကောင်းကင်မှ ပျံလာသော ဝိဇ္ဇာဓိုရ် တစ်ယောက်နှင့် တွေ့ဆုံချစ်ကြိုက်မိပြီး၊ ကိုယ်ဝန်ရှိလာသည်။ ထိုကိုယ်ဝန်ကို မည်သူမျှမသိအောင် လုံခြုံစွာထိန််းပြီး (၁၀)လပြည့်သောအခါ သားလေး မွေး ဖွား သည်။
ထိုသားကို အိုးသစ် တစ်လုံးတွင်ထည့်ပြီး ကျွန်မကို ရေမျှော ခိုင်းခဲ့သည်။
ထိုအိုးကို ဂင်္ဂါမြစ်၌ရေချိုးနေသော မိန်းမနှစ်ဦးက တွေ့၍ အရင်တွေ့သူ အမျိုးသမီးက “မျှောလာသောအိုး ငါ့အိုး” ဟုပြောသည်။
ဒုတိယအမျိုးသမီးကလည်း အိုးထဲကပစ္စည်း “ငါ့ပစ္စည်း” ဟု ပြောသည်။
အိုးအနီးရောက်၍ ဖွင့်ကြည့်သောအခါ သူငယ်ကို တွေ့ကြသည်။ ရေချိုးအမျိုး သမီးနှစ်ဦးသည် ထိုကလေး နှင့်ပတ်သက်၍ သူပိုင်-ငါပိုင် အငြင်း အခုန်ဖြစ်ကြ ရာ မင်းထံ သွားရောက် အဆုံးအဖြတ် ခံကြရသည်။ မင်းက-
❖ ပထမမိန်းမကို အိုးကိုပိုင်စေ၊
❖ဒုတိယမိန်းမ ကလေးကိုပိုင်စေ” ဟု အမိန့် ချမှတ်ပေးလိုက်သည်။
သူငယ်ကို ရသောမိန်းမသည် အရှင်မဟာကစ္စည်းမထေရ်၏ ဆွမ်းအမ ဖြစ်နေ သည်။ ဒီသူငယ်ကို မထေရ်မြတ်ထံမှာ ရှင်ပြုပေး မည် ဟု ရည်ရွယ်ပြီး ကလေးကို ကောင်းမွန်စွာ မွေးမြူထားသည်။
သူငယ်သည် ဖွားစဉ် အညစ်အကြေးများ ဆေးကြော သုတ်သင်မှု မပြုသည့် အတွက် ဆံပင်များ ရှုပ်ထွေးနေလေသည်။ ထိုသို့ ဆံပင်များ ရှုပ်ထွေးလျက်
ရှိသောကြောင့် သူငယ်ကို “ဇဋိလ(ရှုပ်ထွေးသောဆံပင်ရှိသူ)” ဟု နာမည်ပေး ထားသည်။
မွေးစားမိခင်သည် ကလေးငယ် ပြေးလွှား သွားနိုင်သော အရွယ် တွင် “ရှင်မဟာကစ္စည်း” ထံ၌ ရှင်ပြုပေးရန် အပ်နှံလေသည်။
သူငယ်သည် ငယ်ကလည်းငယ်၊ ဉာဏ်လည်း မရင့်ကျက်သေး သဖြင့် မထေရ်သည် ကလေးကို ခေါ်ယူထားကာ တက္ကသိုလ်မြို့ရှိ ကုန်သည် တစ်ဦး ထံတွင်-
“ဤသူငယ်မှာ ရှင်ရဟန်းပြုမည့်သူဖြစ်သည်။ ယခု ငယ်သေး ၍ သင့်ထံမှာ ခဏနေပါစေ”ဟု အပ်နှံထားသည်။
ကုန်သည်သည် သူငယ်ကို သားအဖြစ် မွေးစားထားသည်။
တစ်နေ့တွင် ကုန်သည်သည် မိမိ၏ရောင်းချ၍ မရသော ကုန်တို့ကို အသက် (၁၂ )နှစ် သာရှိသေးသော ဇဋိလကို စျေးသို့ပို့ကာ ရောင်းချခိုင်းပြီး မိမိကမူ ခရီးထွက်သွားသည်။
❖ဇဋိလသည် ထို(၁၂)နှစ်ကြာ ရောင်းမစွံသော ပစ္စည်းများ ကို တစ်နေ့တည်းနှင့် ပင် ကုန်အောင် ရောင်းချပေးခဲ့သည်။ ကုန်သည် သည် ပြန်ရောက်သောအခါ အလွန် အ့ံအားသင့်ပြီး “ဤကလေးသည် ဘုန်းကံရှိသူ ဖြစ်သည်”
ဟု ဆုံးဖြတ်ပြီး၊အရွယ်ရောက်သောအခါ မိမိ၏ သမီးနှင့် ပေးစား သည်။ အိမ်လည်းခွဲ၍ ဆောက်လုပ်ပေး သည်။
❖ဇဋိလသည် အိမ်သစ်သို့ လှေကားတစ်ထစ် တက်စဉ်မှာပင် အိမ်နောက်ဖေး ၌ “အတောင်(၆၀)မြင့်သော ရွှေတောင်ကြီး” ပေါက်လာသည်။ ထိုအချိန်မှ စ၍ “ဇဋိလသူဌေး” ဟု ထင်ရှားကျော်ကြားခဲ့သည်။
နောက် အရွယ်အိုမင်းသော် ဘုန်းကံရှိသော သားအငယ်ဆုံးကို ပစ္စည်းများ အပ်နှံပြီး ရဟန်းပြုရာ ရဟန်းပြုပြီး “သုံးရက်” အတွင်းတွင် ရဟန္တာ ဖြစ်လေ သည်။
✿ဤမျှဘုန်းကံကြီးသောပါရမီရှင်ကြီးသည် အဘယ့်ကြောင့် မွေးပြီးပြီး ချင်း ရေမျှောခံရပါသနည်း ဆိုသော်-✿
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇဋိလလောင်းသည် “ကဿပဘုရားရှင်” လက်ထက်တွင် ရွှေပန်းထိမ် သည် တစ်ဦး ဖြစ်သည်။
ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်၍ ဓာတ်တော်များကို ဓာတုစေတီ တည်ကြသည်။ ရဟန္တာမထေရ်မြတ် တစ်ပါးသည် စေတီတည်ရာသို့ သွားရောက်ကြည့်ရှုလျှင်
မြောက်ဘက်မုခ် အုတ်မစီရသေးသည်ကို မြင်၍-
“ဒါယကာတို့... အဘယ့်အတွက်ကြောင့် စေတီတော် မြောက်ဘက်မုခ် ကို အုတ်မစီကြပါသလဲ”ဟု မေးသည်။
“ရွှေသား မလောက်သောကြောင့်ပါ ဘုရား” ဟု လျှောက်ထားကြသည်။
“ငါမြို့ထဲသွား၍ ရွှေလှူဖို့ တိုက်တွန်းမည်။ သင်တို့ ရိုသေစွာပြုလုပ်ကြ” ဟု မှာကြားပြီး မြို့ထဲသို့ကြွကာ ဒါယကာများကို စေတီတော်မြောက်ဘက်
ရွှေသား မလောက်ကြောင်း မိန့်ကြားသည်။
ပန်းထိမ်သည်သည် ဇနီးအပေါ် ဒေါသထွက်နေခိုက် ဖြစ်သဖြင့် ရဟန္တာကို
“ရွှေအုတ် မလောက်လျှင် သင့်ဘုရား ရေထဲမျှောပစ်လိုက်” ဟု ရိုင်းစိုင်း စွာ ပြောလိုက်လေသည်။
✤ထိုအခါ ဇနီးက ....
“ရှင်အလွန်ရုန့်ရင်းကြမ်းတမ်းသည့် မကောင်းမှုကို ပြုအပ်ပေပြီ။ ကျွန်မကို စိတ်ဆိုးလျှင် ကျွန်မကိုသာ ဆဲချင်ဆဲ၊ ရိုက်ချင်ရိုက်ပေါ့။ အဘယ့်ကြောင့်
ဘုရားရှင်ကို ပြစ်မှားရန်ပြု ပြောရပါသလဲ” ဟု အပြစ်တင် ပြောဆိုသည်။
✤ရွှေပန်းထိမ်သည်သည် ထိုခဏမှာပင်
သတိ သံဝေဂ ကြီးစွာ ရသွားပြီး- “အရှင်ဘုရား... တပည့်တော် ကို သည်းခံတော်မူပါ” ဟု လျှောက်ထားသည်။
“ဒါယကာ... သင်က ငါ့ကို ပြစ်မှား ပြောဆိုသည် မဟုတ်။
ဘုရားရှင်ကိုသာ ပြစ်မှား ပြောဆိုသည်ဖြစ်၍ ဘုရားရှင်ကိုသာ ကန်တော့ ပါ”
“အရှင်ဘုရား... အဘယ်ကဲ့သို့ ကန်တော့ရပါမည်နည်း”
“ရွှေပန်းခိုင်စိုက် ရွှေပန်းအိုး သုံးလုံးလုပ်ပြီး၊ ဓာတ်တော်တိုက် အတွင်း ဌာပနာ သွင်း ၍ ဆံပင်စိုအောင် ရေလောင်းကာ အဝတ်စို ဝတ်လျက် ကန်တော့ရမည်”
“ကောင်းပါပြီ အရှင်ဘုရား”
ရွှေပန်းထိမ်သည်သည် ထိုသို့ဝန်ခံပြီး သားကြီး၊ သားလတ်တို့ ကို ရွှေပန်း ခိုင်ပြုလုပ် ရန် အကူအညီတောင်းသည်။ သားကြီး၊ သားလတ် တို့က-
“အဖေကို ကျွန်တော်တို့က ဘုရားပြစ်မှား စကား ပြောခိုင်းတာ မှမဟုတ်ဘဲ။ အဖေ့ဘာသာ အဖေ သဘောအတိုင်း ပြောခြင်းဖြစ်၍ အဖေဘာသာ
အဖေကိုယ်တိုင် ပြုလုပ်ပါ” ဟု ဆိုပြီး ငြင်းပယ်ခဲ့ကြသည်။
✤“သားငယ်” ကို အကူအညီတောင်းသောအခါ ဖခင်ကိစ္စ အဝဝတာဝန်သည် သား၏တာဝန် ဖြစ်သည် ဟုပြောဆိုပြီး ကူညီလုပ်ပေးသည်။
✤(နောင်တစ်ချိန် ဇဋိလက ရဟန်းဝတ်ခါနီး သားကြီး၊ သားလတ်တို့ ကို ရွှေတောင် ကို ပေါက်ခိုင်းသောအခါ ပေါက်မရကြ၊ သားငယ် ပေါက်မှရ၍ သားငယ်ကို ဥစ္စာပစ္စည်း လွှဲသည်မှာ ဤကုသိုလ်အကျိုး ဖြစ်သည်။)
ရွှေပန်းထိမ်သည်သည် ရွှေပန်းခိုင်များပြုလုပ်ပြီး၊ ဘုရားကို ပူဇော်ခဲ့သည်။
ဤမျှ တောင်းပန် ကန်တော့ခဲ့သော်လည်း ပြောဆို စော်ကားမိသော ပုဂ္ဂိုလ်ကား အတုမရှိဘုရားရှင် ဖြစ်နေသောကြောင့် ငရဲကျသော အကုသိုလ်
မခံစား ရသော်လည်း “(၇)ဘဝတိတိ”ရေမျှောခံခဲ့ရပါသည်။
“ဒေါသဖက်လျက် နှုတ်ထွက်စကားကြမ်းတစ်ခွန်း”သည်
မည်မျှလောက် ဆင်းရဲအကျိုးပေးသည်ကို သိကြပါလေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】
Oct 23, 2018
နုတ်ကြမ်းဝဋ်ကြွေး
Oct 21, 2018
အကဲဉ်အနဲစ်ꩻ (၃)မ်ိုꩻ
၁။ ယံအဝ္ၒတန္ၒဖိုꩻ ရြဥ္ခံꩻမ်ိုꩻ၊
လိုၒက်ိုꩻ အလူၒစာၒ။
၂။ ရုပ္နာမ္ၒခႏၶာၒ ယံမ်တ္တာၒ၊
ကံဗာၒ၊သဥ္သီၒလ။
၃။ အသက္ေဒြါင္ၒဆြာꩻ ယံထူꩻခ်ာꩻ၊
ဟဝ္ပြါꩻ ဘာၒဝနာၒ။
ကရိုꩻဒာၒ အကဲဥ္အနဲစ္ꩻသြံမ်ိုꩻယို မဥ္ၒ
ပြိုင္ၒဆြိုင္ၒပဲင္ၒလꩻနဝ္ꩻမꩻ သဲင္ꩻထြာလိုꩻ
ဘဝ တန္ၒဖိုꩻအဝ္ၒေနာဝ္ꩻသြူ။ မဥ္ၒသီ
ေလြꩻငာ တနီꩻခါသူꩻလဲ့ အက်ိုꩻေကꩻဇူꩻ
အဝ္ၒငာၒေနာဝ္ꩻသြူ။
မဥ္ၒတပြိုင္ၒဆြိုင္ၒ လꩻေသꩻခာꩻတဝ္း အ
ကဲဥ္အနဲစ္ꩻသြံမ်ိုꩻယိုနဝ္ꩻ သဲင္ꩻထြာꩻစြဥ္ၒလိုꩻလဲ့ တန္ၒဖိုꩻတအဲဥ္
တဝ္း၊မဥ္ၒသီေလြꩻငာ တနီꩻခါသူꩻလဲ့
အက်ိုꩻေကꩻဇူꩻ တအဲဥ္တဝ္းနဝ္ꩻသြူ ။
ကြပ္နဝ္ꩻမꩻ အကဲဥ္အနဲစ္ꩻသြံမ်ိုꩻယို
ယံလꩻပြိုင္ၒဆြိုင္ၒလင္ꩻ က်ိုꩻစာꩻဝင္ꩻေနာ။
Oct 20, 2018
မစ္ဆရာဇစရိယ(ငါးရံမင်းပရိတ်)
မစ္ဆရာဇသုတ်
(ငါးရံ့မင်းပရိတ်)တော်ဖြစ်စဉ်အကျဉ်း
======================
ပါဠိတော် အကျိုးသွား
ငါးရံ့မင်းပရိတ်တော်ဖြစ်စဉ် ၀တ္ထု
ဘုရားအလောင်းတော်နုစဉ် ငါးရံ့မင်း ဖြစ်စဉ်က တစ်ခုသော နွေရာသီတွင် မိုး အလွန်ခေါင်လှသဖြင့် ရေကန်တွင်းရှိ ရေများခန်းခြောက်သည်ထက် ခန်းခြောက်ပြီး ငါး၊ လိပ်၊ သတ္တ၀ါများမှာ ရေထဲတွင် မကူးခပ်နိုင်၊ မလူပ်ရှားနိုင်ဘဲ ရေပေါ်သို့ ပေါ်လာလေသည်။
ထိုပေါ်လာသော လိပ်၊ ငါး၊ ဖား စသော ရေနေသတ္တ၀ါတို့ကို ကျီး၊ စွန်များနှင့် လင်းတများက လာရောက် ထိုးသုတ် ဆယ်ယူ စားသောက်ခြင်းကို ခံကြရလေတော့သည်။
ထိုအဖြစ်ကိုမြင်ရသော အလောင်းတော် ငါးရံ့မင်းမှာ မိမိ၏ အမျိုးအဆွေ ရေနေသတ္တ၀ါများကို ကြာမျိုးငါးပါးနှင့် ပြည့်စုံစွာ သာယာအေးမြ ရေပေါလှသော ကန်ကြီးတို့ကို ရှာဖွေ ရွှေ့ပြောင်းပေးချင်လှသော စိတ်ဆန္ဒပြင်းပြ သော်လည်း လူသတ္တ၀ါများကဲ့သို့ စွမ်းနိုင်သောဘ၀ မဟုတ်သဖြင့် များစွာပင် စိတ်ဒုက္ခရောက်၍ နေရရှာလေတော့သည်။
ကြာလေ ရေခန်းလေ အဖြစ်ဆိုးလေ ဆိုရမည့် ဒုက္ခကို မရူရက် မမြင်ရက်သည့် အဆုံးတွင် -
“သိတတ်သည့်အရွယ်မှစ၍ ယနေ့ထိ သူတစ်ပါး၏ အသက်ကို သေစေလိုသော စိတ်ဖြင့် စားမျိုခဲ့ခြင်း မရှိပါ။ ဤမှန်ကန်သော သစ္စာစကားဖြင့် မိုးများရွာသွန်းပါလော့” ဟု သစ္စာပြုလိုက်တော့သည်။
ထိုသို့ သစ္စာပြုလိုက်သည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသည့် နေမင်းကြီး အရှိန်ကွယ်ပျောက်ကာ ကောင်းကင် တစ်ပြင်လုံး အုံ့မိုင်း ညိုမည်း လျှပ်စီးရောင်ဝင်းကာ ပြင်းစွာ ထစ်ချုန်း သည်းစွာသော မိုးကြီး ရွာချလိုက်လေတော့သတည်း။
ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆရာဇသုတ်ပါဠိ
***************************
(၁) ပူရေန္တံ ဗောဓိ သမ္ဘာရေ၊
နိဗ္ဗတ္တံ မစ္ဆ ယောနိယံ။
အာစရိ စိတဉ္စ ဉာတတ္ထံ၊
မဟာမေဃံ ပ၀ဿိယ။
(၂) သဿာပေသိ ဂိမှာနေပိ၊
မစ ၦရာဇာ မဟာဒေယာ။
သုတ္တဿ တေဇသာ ယဿာ၊
သုတ္တနံ္တ၀ ဘဏာမ ဟေ။
(၃) ပုနာပရံ ယဒါ ဟောမိ၊
မစ ၦရာဇာ မဟာသေရ။
ဥဏှေ သူရိယ သန္တာပေ၊
သရေ ဥဒက ခီယထ။
(၄) တတော ကာကာ စ ဂိဇ္ဈာ စ၊
ကင်္ကာ ကုလလ သေနကာ။
ဘက္ခယန္တိ ဒိဝါရတ္တိံ၊
မစ္ဆေ ဥပနိသီဒိယ။
(၅) ဧ၀ံ စိန္တေ သဟံ တတ္ထ၊
သဟ ဉာတီဟိ ပီဠိတော။
ကေန နုခေါ ဥပါယေန၊
ဉာတီ ဒုက္ခာ ပမောစယေ။
(၆) စိန္ထယိတွာန ဓမ္မတ္ထံ၊
သစ္စံ အဒ္ဒသ ပဿယံ။
သစ္စေဋ္ဌတွာ ပမောစေသိံ၊
ဉာတီနံ တံ အတိက္ခယံ။
(၇) အနုဿရိတွာ သတံဓမ္မံ၊
ပရမတ္ထံ ၀ိစိန္တယံ။
အကာသိံ သစ္စကိရိယံ၊
ယံ လောကေ ဓုဝသဿတံ။
(၈) ယတော သရာမိ အတ္တာနံ၊
ယတော မတ္တာသ္မိ ၀ိညုတံ။
နာဘိ ဇာနာမိ သဉ္စိစ္စ၊
ဧကံ ပါဏံပိ ဟိံသိတံ။
ဧတေန သစ္စ၀ဇ္ဇေန၊
ပဇ္ဇုန္နော အဘိ သဿတု။
(၉) အဘိတ္ထနယ ပဇ္ဇုန္န၊
နိဓိံ ကာကဿ နာသယ။
ကာကံ သောကာယ ရန္ဓေဟိ၊
မစ္ဆေ သောကာ ပမောစယ။
(၁၀) သဟကတေ သစ္စ၀ရေ၊
ပဇ္ဇုန္နော အဘိ ဂဇ္ဇိယ။
ထလံ နန္နဉ္စ ပူရေန္တော၊
ခဏေန အဘိ ၀ဿထ။
(၁၁) ဧ၀ရူပံ သစ္စ၀ရံ၊
ကတွာ ၀ီရိယ မုတ္တမံ။
ဝဿာပေသိံ မဟာမေဃံ၊
သစ္စတေဇ ဗလဿိတော။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။
ငါးရံ့မင်းသုတ်တော် ရွတ်ဆိုရခြင်း၏အကျိုး
ငါးရံ့မင်းသုတ်တော်ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းအားဖြင့် ရွာစေချင်သောမိုးကို သွန်းဖြိုး ရွာစေနိုင်ပါသည်။ အလွန်ပူလောင်ပြင်းပြသော ရာသီတွင် ရွတ်ဖတ်ပါက မိုးကာလမဟုတ်၍ မိုးမရွာသည့်တိုင် အုံ့အုံ့မိုင်းမိုင်းနှင့် အပူရှိန်လျော့ပါးပြီး လေပြည်လေအေး တိုက်ခတ်ခြင်းအားဖြင့် အပူရှိကြောင့် ဖြစ်စေသော ရောဂါဘေးများ ကင်းဝေးစေနိုင်ပါသည်။
ဇာတကပါဠိတော်
အပါဒါန်ပါဠိတော် ဒုတိယအုပ်
မစ္ဆဇာတက+မစ္ဆရာဇစရိယသုတ်
@thotuzana
တရားပြည့်ဝသောမိသားစု
* တရားပြည့်ဝသောမိသားစု *
📌📌📌📌📌📌📌📌📌📌
အသောကံ = စိုးရိမ်ပူဆွေး ငိုကြွေးမှုမရှိခြင်း။
ရှေးအခါက ရွာတစ်ရွာတွင် ဒါန သီလနှင့် ပြည့်စုံရုံမက သတ္တဝါတို့၏ အသက်ရှင်ခြင်းသည် မမြဲ။ သေခြင်းကသာ မြဲ၏ ဟု သေခြင်းတရားကို အမြဲနှစ်လုံးသွင်းသော လယ်သမားမိသားစု တစ်စု ရှိ၏။
တစ်နေ့ သားအဖနှစ်ယောက် လယ်ထွန်သွားရာ မြွေကိုက်၍ သား သေ၏။ သား၏အလောင်းကို သစ်ပင်အောက်၌ ကောင်းစွာထားပြီး ပူဆွေးငိုကြွေးခြင်း မပြုဘဲ
" သေမျိုးတို့မည်သည် သေရမည်သာတည်း " ဟု တရားနှလုံးသွင်းကာ ဆက်လက် လယ်ထွန်နေ၏။
သူ၏အိမ်သားလေးယောက် ရောက်လာဂြာသောအခါ
အလောင်းကို ကောင်းစွာ သင်္ဂြိုဟ်ဂြာ၏။ တရားပြည့်ဝဂြာသည်ဖြစ်၍ တစ်ယောက်မျှ မျက်ရည် မကျပါပေ။
ထိုမိသားစု၏ သီလတန်ခိုးအဂြောာင့် သဂြာားမင်းသည် ခရီသွားအဘိုးအိုယောင် ဟန်ဆောင်၍ ဆင်းလာကာ
" အမောင်တို့ အလွန်ချစ်သော သားအရင်း သေသည်
ဖြစ်ပါလျှက် အဘယ်ဂြောာင်း မငိုဂြာသနည်း " ဟု
မေး၏။
ထိုအခါ ရှေးဦးစွာ ဖခင်က
" အို အရှင် မြွေသည် အရေဟောင်းကို စွန့်၍သွားသကဲ့သို့ ငါတို့၏ သားသည် မိမိကိုယ်ကိုစွန့်၍ သွားခဲ့ပြီ။ ဤကျန်သောကိုယ်သည် ကျွန်ုပ်၏ သားမဟုတ်။ ကျွန်ုပ်၏သားကား မိမိလားရာ ဘုံဂတိသို့ သွားလေပြီ။ သို့အတွက် ကျွန်ုပ်သည် အဘယ်ကြောင့် ပူဆွေးရပါမည်နည်း " ဟုဆို၏ ။
ထို့နောက် မိခင်ကလည်း
" အို အရှင် ကျွန်ုပ်တို့၏သားသည် ကျွန်ုပ်တို့က မခေါ်ဘဲ ကျွန်ုပ်တို့အိမ်၌ သားအဖြစ် လာရောက်၏။ ယခုလည်း ကျွန်ုပ်တို့က ခွင့်မပြုဘဲ ဘဝတစ်ပါးသို့ ပြောင်းသွား၏။ ဤသို့ အလို့အလျောက်လာ၍ အလို့အလျောက် ပြန်သွားသော သားအတွက် ငို၍ အဘယ်မှာ အကျိုးရှိအံနည်း။ မိဘဆွေမျိုးတို့ ပူဆွေးသောကနှင့် ငိုကြွေးသည်ကိုလည်း သိနိုင်ပါ၏လော။ ထိုသို့ မသိနိုင်သူ တစ်ယောက်အတွက် ပူဆွေးသောကနှင့် ငိုကြွေးခြင်းသည် အဘယ်မှာ အကျိုးရှိအဲ့နည်း " ဟု ဆို၏။
ထို့နောက် နှမဖြစ်သူကလည်း
" အရှင် အကျွန်ုပ်ငိုသော် ဂြာုံလှီ၍ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ စိတ်မချမ်းသာရုံသာ ရှိပါအဲ့။ အဘယ်မှာ အကျိုးတစ်စုံတရာ ရှိအံ့နည်း " ဟု ဆို၏။
ထို့နောက် မယားကလည်း
" အရှင် သေပြီးသောသူအတွက် ငိုကြွေးခြင်းသည် ကောင်းကင်မှ လမင်းကိုပေးပါဟု ငို၍
တောင်းသော သူငယ်နှင့်တူ၏ ။ ကျွန်ုပ်တို့ငိုဂြွေားခြင်းကို သိတော့မည်မဟုတ်။ သေပြီးသူကို တောင်းတငိုဂြွေား
သူသည် ကွဲလေပြီးသော အိုးကို ပြန်စေ့စပ်ရန် တောင့်တသည်နှင့် တူ၏။ ကျွန်ုပ်၏ခင်ပွန်းသည် သူနှင့်ထိုက်ရာ ဘုံဘဝသို့ သွားရလေပြီ။ သို့အတွက် အဘယ်မှာ ပူဆွေးရန် လိုပါအဲ့နည်း " ဟု
ဆိုလေသည်။
ထိုကဲ့သို့ အသီးသီး ပြောဆိုဂြာရာ သဂြာားမင်းသည် ထိုသူတို့အား အလွန်ဂြာည်ညိုလှသဖြင့်
" သင်တို့သည် မှန်သောအယူရှိကြ၍ သေခြင်းတရာကိုလည်း ကောင်းစွာဆင်ခြင်နိုင်ကြသော သူတော်ကောင်းများပေတည်း။ ကျွန်ုပ်သည် စင်စစ် သိကြားမင်း ပေတကား။ သင်တို့ကို စမ်းသပ်လို၍ လာခဲ့ရာ၏ " ဟုဆိုကာ သိကြားအသွင်ကို ပြ၍ ရတနာမိုးရွာပေးကာ " ဤ ရတနာတို့ဖြင့် ဘဝကို မတောင့်မတ မကြောင့်မကျ နေရစ်ကြကာ ဒါန သီလ ဘာဝနာတို့ကို ကြိုးစားပြုဂြာလော့ " ဟု ဆိုကာ နတ်ပြည်သို့ ပြန်လေ၏။
ငါးရာ့ငါးဆယ် ၊ဥရဂဇာတ်
ဤဇာတ်တော်အရ
စိုးရိမ်သောကမရှိခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သည် ဆိုသည်ကို ရည်ညွန်းဖော်ပြလို၏။
ကိုယ်ချစ်တဲ့မိသားစု အသိုင်းအဝိုင်းတွေနဲ့ ခွဲခွါရခြင်း။ စီးပွားဥစ္စာ၊ ရာထူးဂုဏ်သိမ်ပျက်စီးရခြင်း။ ကဲ့ရဲ့ခံရခြင်း။ ဆင်းဆင်းရဲရဲဖြင့် ဘဝကို ရပ်တည်ရခြင်း။ သေခြင်း စသော လောကဓံတွေနဲ့ တွေ့ဂြာုံရတဲ့အခါ စိုးရိမ်သောကတွေနဲ့ ဝမ်းနည်းပက်လက် ဖြစ်တတ်ဂြာပါတယ်။ အဲဒီလိုဖြစ်တာဟာ တရားမသိလို့ ဖြစ်ရတာပါ။ တချို့ တရားသိသော်လည်း တရားမရှိကြ၍လည်း လားတူ ခံစားကြရ၏။
ဓမ္မမိတ်ဆွေတို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ
ဒီလိုမျိုး သေခြင်းတရားနဲ့ တွေ့ဂြာုံလာတဲ့အခါ
သေခြင်းဆိုတာ သဘဝပဲမို့ စိုးရိမ်သောက မရှိဘဲ
နေထိုင်နိုင်အောင် သတိတရား လက်ကိုင်ထားနိုင်ဂြာပါစေ။
ဘယ်အရာမေ့မေ့ တရားမမေ့ပါနှင့်။
မေတ္တာ ဂရုနာများစွာဖြင့်
Moon Lay
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
#Credit to Original Uploader.