........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Aug 12, 2016
ပရဟိတ ဟူသည်မှာ
“အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့်
“ပရဟိတ”ဟူ၍ပါဠိဝေါဟာရကို
အ သုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာလူမျိုးတို့ယူဆပြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ခေါ်ဆိုလေ့ရှိကြပါ သည်၊၊
“အလင်းစက်ဝက်ဆိုက်”၏ စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊
အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြဆွေးနွေး ပါမည်၊၊ “ပရဟိတ”ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့်နှိုင်းယှဉ်၍ လေ့လာရပါ မည်၊၊
အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်းပါဠိ ပုဒ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တဟိတ”ကို မိမိ၏ ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊
(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂလိပ်လိုမှတ် လိုသူများ မှတ်သားနိုင်ပါသည်၊၊)
“ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်နိုင်ကြောင်းလေ့ လာရပါသည်၊၊
ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့်ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူး လိုအပ်ပါသည်၊၊”
သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြထား သည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကို လုပ်သင့်ကြောင်း ဆိုထားပါသည်၊၊
ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကို
မတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့် ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည် ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊
အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုးစားသင့် သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ“အတ္တဟိတ(ခေါ်)
ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊
ပရဟိတကိုခြေ လှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”
မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ
ပြဿနာများစွာ ဖြစ်ပေါ်ပြီး အဖွဲ့အစည်းရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိ
ပြဿနာကြီးများဖြစ်လေ့ ရှိကြသည်ကို တွေ့ရပါသည်၊၊
ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတ
ပါရမီရှင်များအထဲတွင်
ဗုဒ္ဓရှင်တော်သည် စံနမူနာပြုရန် အကောင်းဆုံးပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကိုအကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်းကျိုးစားပြီးမှ အဆုံး စွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊
အထက်ပါဆွေးနွေးတင်ပြချက်နှင့်
သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင်
လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့်ဆည်း သင့်ကြောင်း မှတ်သားရပါမည်၊၊
မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့်ကြောင်းနှင့်၊
သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူ
အားကျရလောက်သည့် ဖြောင့်မတ်မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်
ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊  
ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေးတင်ပြ ထားသည့်အတိုင်း တွေ့ရပါသည်၊၊
ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတ သုတ်တွင် အကျဉ်းမျှဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အကျယ်ဖွင့်ဆို ထားသည်ကို လေ့လာရပါသည်၊၊
“လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၍၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)
လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိတတစ်ခု တည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊
အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက် တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊
အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင်စိတ်ဝင်စားသည့် “အလင်းစက်” စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊
မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်း သည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့အချိုးကျဖွဲ့စည်း တည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာသဖြင့် ထမင်းစားသည် ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊
အခြားသောမိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home. ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”
ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ်ဆွဲပြီး လုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်းများအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊
ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများ တွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောကတာဝန်ကျေပွန်သူ၊ လူလိမ္မာဟူ၍ခေါ် ဆိုထိုက်ပါတော့သည်၊၊
ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည်မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက်ကျိုးစား သင့်လှပါသည်၊၊
ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ်သင့်သည် ဟုယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါး ဖြင့်
အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊
                                                                       အရှင်ကေ၀လ(အလင်းစက်)
                                                                          {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
                                                                      မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                        ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊
စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊
ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊
အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်
Aug 10, 2016
မှတ်သားဖွယ်ရာ ယူထားကြနော်...
အိမ်ထောင်သည်များနှင့် ညားခါစ လင်မယားများ
လူပျို /အပျိုများ မှတ်သားဖွယ်ရာ ယူထားကြနော်...
#လာဘ်တိတ်စေသောအချက်များ#
••••••••••••••••••••••••••••
လူတိုင်း အိမ်တိုင်းတွင် မင်္ဂလာရှိအောင် လုပ်ချင်
ကြမှာပဲ။ တချို့အချက်တွေကြောင့် အိမ်လာဘ်
တိတ် စေပါတယ်။ ထို့ကြောင့် မိမိအိမ်မှာ လာဘ်
တိတ်စေသော အချက်များကို ဖော်ပြပေးလိုက်
ပါသည်~~~~
၁။ စားသောက်ပြီး အိုးခွက်ပုဂံများကို အချိန်ကြာ
    မြင့်စွာ မဆေးပဲထားခြင်း။
၂။ အိမ်ထောင်ဦးစီးလင်ယောက်ျားအားနိမ့်ကျသော
    နေရာတွင်ထားခြင်း။
၃။ မိမိဇနီးသည်အား ညာဖက်တွင်အိပ်စေခြင်း။
၎။ စားသောက်သော အိုးခွက်၊ ပုဂံများအားလွှင့်
    ပစ်ခြင်း။
၅။ ထမင်းဟင်းချက်ရင်း သီချင်းဆိုခြင်း။
၆။ နေဝင်ခါစအချိန်တွင် အိပ်စက်ခြင်း။
၇။ နေဝင်မိုးချုပ် လေချွန်ခြင်း။
၈။ နေမထွက်ခင်ကြွေးပေးကြွေးယူ ကြွေးတောင်း
    ခံရခြင်း။
၉။ နေဝင်နေထွက်ချိန်တွင် သန်းရှာခြင်း။
၁၀။ နေဝင်နေထွက်ချိန် ကလေးများအားရိုက်ခြင်း။
၁၁။ နေမွန်းတည့်ချိန်တွင် တိရိစ္ဆာန်များအား သတ်
      ဖြတ်ခြင်း။
၁၂။ နေဝင်နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း။
၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင်ဖားလျားဖြင့်
      အပြင်သို့သွားခြင်း။
၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများ
      အိမ်ဦးခန်းတွင်ထားခြင်း၊ စွန့်ပစ်ခြင်း။
၁၅။ မိမိဝတ်သောပုဆိုး၊ ထမီဖြင့်မျက်နှာသုပ်ခြင်း။
၁၆။ အိမ်အပေါက်အား နောက်ပြန်ဝင်ခြင်း။
၁၇။ မျက်နှာမသစ်ဘဲ အစာ စားခြင်း။
၁၈။ မိမိ၏ခန္ဓာကိုယ်မှ အမွှေးအမျှင်နှင့် မသန့်ရှင်း
      သောပစ္စည်းများ အိမ်အတွင်းစွန့်ပစ်ခြင်း။
၁၉။ သောက်ရေအိုးရေမရှိဘဲ ခန်းခြောက်နေခြင်း။
၂၀။ သောက်ရေအိုးမှ ရေကို ထမင်းဟင်းချက်ရာ
      တွင် သုံးခြင်း။
၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း။
၂၂။ သားသမီး၊ ဇနီးကို လင်သားက ငွေ သို့မဟုတ်
      အစားအစာပစ်ပေးခြင်း။
၂၃။ အဝတ်အစားများကို ပြောင်းပြန်ဝတ်ဆင်ခြင်း။
၂၄။ အိမ်အပေါက်အား ကျောခိုင်းထိုင်ခြင်း။
၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း။
၂၆။ ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက်
      ငှဲ့ခြင်း။
၂၇။ အိမ်၏မျက်နှာစာတွင် ကလေးငယ်ကို အပေါ့
      အလေး စွန့်ခိုင်းခြင်း။
၂၈။ မိမိအိမ်သို့လာရောက် အလှူခံသော တောင်းစား
      သူများကို ဆဲဆိုလွှတ်ခြင်း။
၂၉။ အိမ်သာတက်ရင်း အစာစားခြင်း။
၃၀။ အိုးခွက် ပုဂံများကိုတီး၍ သီချင်းဆိုခြင်း။
၃၁။ အိမ်ရှေ့တည့်တည့်တွင် ထမီစကတ်များကို
      လှန်းခြင်း၊ ချွတ်ထားခြင်း။
၃၂။ မိမိအိမ်တွင် မွေးမြူထားသောတိရိစ္ဆာန်များ
     အား အစာမကျွေးဘဲ လှောင်ထားခြင်း၊ ရိုက်
     နှက်ခြင်း။
၃၃။ ထမင်းစားရင် သီချင်းညည်းခြင်း ဆိုခြင်း။
Ref : ဥယျာဉ်မှူးဧ။် ပန်းပျိုးလက်
Aug 9, 2016
Andriodဖုန်း ပအိုဝ်ႏဖောင့်ထည့်မယ်
မဂၤလာပါ
===
တခြား Huawei / Oppo / Acer /  စတဲ့ Andriod ဖုန်းအားလုံး ပအိုဝ်းစာ ထည့်သွင်းနည်းကိုပြောပြပါ့မယ်။
သိပြီးသူများ ကျော်သွားပေးပါ။ ပအိုဝ်းစာထည့်သွင်း နည်းကတော့ မြန်မာစာတွေ သွင်းသလိုပါပဲ Root ဖောက်ပေးဖို့လိုပါတယ်။ Samsung ဆိုရင်တော့ Root မလိုပါဘူး။ Font Style ကနေ ဝင်ပြောင်းရုံပါပဲ။Root ဖောက်ပြီးသွင်းချင်ရင်လည်းရပါတယ် Setting>Display>Font Style ကနေဝင်ပြောင်းချင်ရင်လည်း ရပါတယ်။ Sansung အပါအဝင် တခြား Andriod ဖုန်းတွေ Root ဖောက်ပြီး ပအိုဝ်းစာ ထည့်သွင်းနည်းကို ပြောပြပါမယ်။ မိမိရဲ့ဖုန်းက Root ရှိပြီးသားဆိုရင်တော့ Root ထပ်ဖောက်စရာ မလိုတော့ပါဘူး။ ပအိုဝ်းဖောင့် နဲ့ ပအိုဝ်းကီးဘုတ် သွင်းရုံပါပဲ။ ဒါပေမယ့် Samsung ကလွဲပြီး တခြား Andriod ဖုန်းတွေ Root မဖောက်ပဲနဲ့တော့ ပအိုဝ်းစာထည့်သွင်းလို့ရမှာ မဟုတ်ပါဘူး။
အရင်ဆုံး ကျွန်တော်တို့ Andriod ဖုန်းတွေကို Root ဖောက်ကြမယ်။ကွန်ပျူတာမလို ဖုန်းထဲမှာတင် Root လုပ်နိုင်တဲ့ Root Tool ကိုတင်ပေးထားပါတယ်။
ဖုန်းတော်တော်များများကို Root နိုင်တဲ့ kingroot versin အသစ်ပါ။
Andriod ဖုန်းတွေ Root မပေါက်ရင် ပအိုဝ်းဖောင့်သွင်းလို့ရမှာ မဟုတ်ပါဘူး။
Root ဖောက်ရန်အတွက် kingroot နဲ့ root checker basic ဆော့ဝဲပါဒေါင်းရန်
https://www.mediafire.com/folder/w6kkdo217qo3qnc,85c1758h57j84gv
Root ဖောက်ပြီးသွားရင် ပအိုဝ်းဖောင့်သွင်းပါမယ် ပအိုဝ်းဖောင့်ဒေါင်းလိုက်ပါအောက်မှာ
ပအိုဝ်းဖောင့်ဒေါင်းရန်
https://www.mediafire.com/folder/45zwutyrk80agky,3uoarc0unai7std
ဒါက ပအိုဝ်းကီးဘုတ်ပါ
https://www.mediafire.com/download/6d2d3xvib3w92zm
ကဲအားလုံးအဆင်ပြေကြပါစေ။
အဆင်မပြေမှုရှိပါက ပြောကြပါ ပြန်တင်ပေးပါမယ်
ခွန် R ခွန်
Jul 9, 2016
ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ
လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်း အပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့  ဘ၀ရဲ့လက် တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော့... လူဆိုတာမိမိသဘောကျနေတဲ့အချိန်၊မိမိသိပ်ချစ်နေတဲ့အချိန် ၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီးအရာရာခွင့်လွှတ်လုပ်ပေးတတ်ကြတာ သဘာဝဖြစ်တယ်။
ကိုယ်နဲ့ အဆင်မပြေသောတစ်နေ့ မှာ ကိုယ့်အပေါ်မှာကြမ်းတမ်းသော အပြုအမူ ၊ ရိုင်းစိုင်းသော အပြောအဆို ၊ ရက်စက်သောလုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြ တာ လောကမှာမြင်နေကြ ရမှာပါ။
သို့ကြောင့်... လူတစ်ယောက်ကိုဘ၀အတွက်တစ်သက်လုံး ရွေးချယ်သောအခါ... ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
●တကယ်ကိုယ်ချင်းစာတရားရှိရဲ့လား၊
●တကယ်စိတ်ကောင်းစေတနာကောင်း
●ပင်ကိုရိုးသားဖြူစင်သောစိတ်ရှိရဲ့လား၊
●စကားပြောတာဆိုတာကအစ
●ရိုးသားယဉ်ကျေးသိမ်မွေ့မှုတကယ်ရှိရဲ့လား ၊
●သဘောထားကြီးမှု ၊ နားလည်ခွင့်လွတ်တတ်မှုရှိရဲ့လား၊
●ကိုယ့်အပေါ်အရမ်းကောင်းတယ်၊သူများပေါ်မှာ ကိုယ်လောက်မကောင်းပေမယ့်
ပုံမှန်စိတ်ကောင်းစိတ်မြတ်ရှိရဲ့လား၊ဒါတွေရှိရဲ့လား ဆိုတာစဉ်းစားရပါလိမ့်မယ်။
ဒီလို သူနဲ့ ဘ၀တစ်သက်လုံးလက်တွဲမှ၊ရေရှည်မှာစိတ်ချမ်းသာမှုရမှာဖြစ်တယ်။မိမိတစ်ယောက် တည်း အပေါ်ကောင်းတာလောက်နဲ့ ဘ၀မှာလက်တွဲမိရင်တော့ ဘ၀မှာပြင်လို့ မရသော“နောင်တတရားတွေ” က မိမိကိုစောင့်ကြိုနေလိမ့်မယ်။
ဒါကြောင့် ဘ၀တစ်သက်တာအတွက် လက်တွဲဖော်ကိုကိုယ့်အပေါ်ချစ်မိနေတုန်း ကောင်းခြင်းလောက်နဲ့
မရွေးချယ်ကြပါနဲ့ လို့ တိုက်တွန်းလိုက်ပါတယ်။
မေတ္တာဖြင့်。。。
-【အရှင်ဇနက - မန္တလေးစာသင်သား】
-【Young Buddhist's Association】
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93
lwan saung
မျှဝေသူ : ဝေးရက်နင်႞
Jul 4, 2016
ဝါဆိုရခြင်းအကြောင်း
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်  ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်-
ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ပညတ်တော်မမူရသေးသောကြောင့်
ရဟန်းတော်တို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီအဖြစ်
ဟိုဟို ဒီဒီ လှည့်လည်သွားလာကြသော အလေ့ ရှိကြကုန်၏။
ထိုသို့ အချိန်ပြည့်သွားလာနေကြသောအခါ
လူအများက --
" သာကီဝင်မင်းသား ဘုရားသားတော်များဖြစ်ကြသော ရဟန်းတော်တို့သည် 
အဘယ်ကြောင့် ဆောင်း နွေ မိုး ဥတုသုံးပါးလုံး
(အသက်ရှိသည်ဟု ထင်မြင်ယူဆသောကြောင့် )အသက်ရှိသော မြက်ပင်တို့ကို နင်းချေကုန်လျက် သူတပါးအသက်ဟု ဆိုအပ်သော တစ်ခုသော ဇီဝိတိနြေ္ဒကို ညှဉ်းဆဲကာ
သေးငယ်သည့် များစွာသော သတ္တဝါတို့အား  ပျက်စီးခြင်းသို့ ရောက်စေပြီး
ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည်သွားလာနေကြကုန်ဘိသနည်း"
"မိစၧာအယူရှိသော သာသနာပ တိတိၳတို့သော်မှလည်း မိုးလတို့ပတ်လုံး
ခရီးဟိုဒီမသွားဘဲ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီးမှာသာ နေထိုင်ကြကုန်သေး၏၊ "
"ငှက်ကလေးတို့သော်မှလည်း သစ်ပင်အဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံး
ကြောင့်ကြမဲ့ စွဲမြဲစွာ နေကြကုန်သေး၏။ "
" ဤသာကီဝင်မင်းသား ဘုရားသားတာ် ဖြစ်သော ရဟန်းတော်တို့သည်ကား
ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက်
အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ
သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေပြီး
ဟိုဟိုဒီဒီဒေသစာရီ လှည့်လည်သွားလာနေကြကုန်၏'' ဟု
ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုကဲ့သို့ လူတို့၏ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော  စကားသံများကို ကြားကြရသောအခါ
ရဟန်းတို့သည်  မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းနှင့်စပ်သော တရားစကားကို ဟောတော်မူ၍
ရဟန်းတို့အား ''  ‘‘အနုဇာနာမိ, ဘိက္ခဝေ, ဝဿံ ဥပဂန္တုံ’’ ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ဟူသော မဟာဝါပါဠိတော်လာ ဝါဆိုရခြင်းအကြောင်းဖြစ်ပါသည်။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၂
"ဝါဆိုပုံ"
‘ဣမသ္မိံ ဝိဟာရေ ဣမံ, တေမာသံ ဝဿံ ဥပေမိ " ဟု
ရွတ်ဆိုရပါသည်။
" ဝါဆိုဝါကပ်ခြင်း နှစ်မျိုး"
ဝါဆိုဝါကပ်ခြင်းဟူသည်မှာ ပုရိမဝါကပ်ခြင်း၊ ပစိၧမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၍။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါဆို ဝါကပ်ခြင်းကို ပုရိမဝါကပ်ခြင်း ခေါ်တွင်၍၊
အကြောင်းအားလျှော်စွာ
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါမဆိုလိုက်ရသော သံဃာများအတွက်
'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ဝါဆိုဝါကပ်ပြုခြင်းကို ပစိၧမဝါကပ်ခြင်းဟု ခေါ်တွင်ပါသည်၊
ပုရိမိကာ, ပစၧိမိကာ။
အပရဇ္ဇုဂတာယ အာသာဠှိယာ ပုရိမိကာ ဥပဂန္တဗ္ဗာ,
မာသဂတာယ အာသာဠှိယာ ပစၧိမိကာ ဥပဂန္တဗ္ဗာ –
ဣမာ ခေါ, ဘိက္ခဝေ, ဒွေ ဝဿူပနာယိကာတိ။
ထို့ကဲ့သို့ ဝါဆိုဝါကပ်ခြင်းနှစ်မျိုးရှိပါသည်။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၂
" တုံ သုံးတုံ"
ဝါဆိုကြသည့် သံဃာများအနေဖြင့် ဝါတွင်းမှာ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီး၌သာ
သီတင်းသုံးနေထိုင်ကြရမည်ဖြစ်ပြိီး
ဝါတွင်း၌ မဖြစ်မနေ ခရီးသွားခွင့်ရသည့် အကြောင်းသုံးခုမှာ
ဒါနဉ္စ ဒါတုံ။
ဓမ္မဉ္စ သောတုံ။
ဘိက္ခု စ ပဿိတုံ -- ဟူသော အကြောင်းသုံးမျိုးဖြစ်ပါသည်
ထို အကြောင်း သုံးမျိုးဖြစ်သော  " တုံ သုံးတုံ" ကို
အနုပညတ် ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားက ခွင့်ပြုတော်မူခဲ့ပါသည်။
၁။ ဒါတုံ- တစုံတယောက်က အလှူဒါနပြုလုပ်လို၍ ပင့်လျှောက်သောအခါ။
၂။ သောတုံ- တစုံတယောက်က တရားဓမ္မကိုကြားနာလို၍ ပင့်လျှောက်သောအခါ။
၃။ ပဿိတုံ- တစုံတယောက်က ဖူးမြင်လို၍ ပင့်လျှောက်သောအခါ။
ဝါပန်၍ ခရီးသွားနိုင်သည် ။
၇ -ရက်မတိုင်မီ ပြန်ရောက်ရမည် ။ ၇ ရက်အတွင်း ဝါဆိုရာ ကျောင်း နေရာ သို့ ပြန်ရောက်အောင်လာမည်ဟု ဆုံးဖြတ်၍ စိတ်တွင်းမှသာ ကြံဆ၍ သွားလျှင်လည်း ရပါသေးသည်။
‘အာဂစၧန္တု  အယျာ, ဣစၧာမိ ဒါနဉ္စ ဒါတုံ, ဓမ္မဉ္စ သောတုံ, ဘိက္ခူ စ ပဿိတု’’န္တိ, ဂန္တဗ္ဗံ, ဘိက္ခဝေ, သတ္တာဟကရဏီယေန, ပဟိတေ, န တွေဝ အပ္ပဟိတေ။ သတ္တာဟံ သန္နိဝတေ္တာ ကာတဗေ္ဗာတိ။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၄
ဝါဆိုခြင်းအကြောင်း သီးသန့်ခွဲတင်ပေးပါဟု တောင်းဆိုထားလို့
မဟာဝါပါဠိတော်လာ ဝါဆိုခြင်းအကြောင်း အကျဉ်းဖော်ပြပါသည် ။
Credit to>>U Thu Mu Kha
══════════════════
ဝါဆိုရခြင်းအကြောင်း
လူအများက --
"မိစ္ဆာအယူရှိသော သာသနာပ တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံး
"ဝါဆိုပုံ"
ရွတ်ဆိုရပါသည်။
ဝါဆိုဝါကပ်ခြင်းဟူသည်မှာ ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၍။
'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ဝါဆိုဝါကပ်ပြုခြင်းကို ပစ္ဆိမဝါကပ်ခြင်းဟု ခေါ်တွင်ပါသည်၊
ပုရိမိကာ, ပစ္ဆိမိကာ။
မာသဂတာယ အာသာဠှိယာ ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ –
" တုံ သုံးတုံ"
သီတင်းသုံးနေထိုင်ကြရမည်ဖြစ်ပြီး
ဒါနဉ္စ ဒါတုံ။
ဓမ္မဉ္စ သောတုံ။
‘အာဂစ္ဆန္တု  အယျာ, ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ, ဓမ္မဉ္စ သောတုံ, ဘိက္ခူ စ ပဿိတု’’န္တိ, ဂန္တဗ္ဗံ, ဘိက္ခဝေ, သတ္တာဟကရဏီယေန, ပဟိတေ, န တွေဝ အပ္ပဟိတေ။ သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗောတိ။
Credit to>>U Thu Mu Kha
═══════════════════