........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Oct 26, 2015
ကျေးဇူးပြု၍ အမျှဝေပါ
တစ်ခါတုန်းက ဘုရားအလောင်းဟာသူဌေးမျိုးမှာ ဖြစ်ပါတယ်။
ဘုရားအလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။
မိဘတွေကွယ်လွန်တော့ ညီအစ်ကို နှစ်ယောက် စီးပွားရေးကို
အတူတူ လုပ်ကြပါတယ်။
တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်း
ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့
ငွေတစ်ထောင်အမြတ်ရခဲ့ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့
လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။
ဘုရားအလောင်းက ထမင်း စားကြွင်းတွေကို ငါးလိပ်တွေကို
ကျွေးပြီး "ဤငါးလိပ်တွေကို အစာကျွေးရသော
ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ် အား
အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့
မြစ်စောင့်နတ်ကို အမျှပေးဝေ လိုက်ပါတယ်။
မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့
ကုသိုလ်ကြောင့်ချက်ချင်း စည်းစိမ်တွေ
တစ်ဆင့်တိုးသွားပါတယ်။
သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ်
ဆိုတာလည်း သိလိုက်ရ ပါတယ်။
ဘုရားအလောင်း ကတော့ အမျှဝေပြီး
သဲသောင်ပြင်မှာ ပုဆိုးခင်းအိပ်နေလိုက်ပါတယ်။
ညီကတော့ မအိပ်နိုင်ပါဘူး။
ကောက်ကျစ်တဲ့ အကြံကိုကြံပြီး အသပြာထုပ်နဲ့ပုံစံတူ ကျောက်ခဲထုပ်တစ်ထုပ်ကို ထုပ်ထားလိုက်ပါတယ်။
ညီအစ်ကို နှစ်ယောက် ခရီးဆက်ကြရင်း
မြစ်လယ်ရောက်တော့ ညီကလှေအစောင်းမှာ
အသပြာထုပ် ရေထဲကျတဲ့ ပုံစံနဲ့ ကျောက်ခဲထုပ်ကို
ရေထဲချလိုက်ပါတယ်။
တကယ်တမ်း ချမိလိုက်တာက ကျောက်ခဲထုပ် မဟုတ်ဘဲ
အသပြာထုပ် ဖြစ်နေပါတယ်။ ဒါကိုညီကမသိပါဘူး။
ပြီးတော့ အလန့်တကြား ဟန်နဲ့
“ အသပြာထုပ် ရေထဲကျသွားပြီ ”
လို့ အစ်ကိုကို လှမ်းပြောလိုက်ပါတယ်။
အစ်ကိုက “ ဘယ်တတ်နိုင်မလဲ ညီလေးရာ ”
ဆိုပြီးညီကို ဖြေသိမ့်ပေး ပါတယ်။
အဲဒီအချိန်မှာ ငါးကြီးတစ်ကောင်က အသပြာထုပ်ကို
မျိုလိုက်ပါတယ်။ ညီလုပ်သူကအိမ်ရောက်တဲ့အခါ
အားရ၀မ်းသာနဲ့ အထုပ်ကိုဖြည်လိုက်တာ
အသပြာမတွေ့ဘဲ ကျောက်ခဲတွေ
တွေ့လိုက်ရတော့ နှလုံးချောက်ခြားပြီး
ခုတင်ပေါ်မှာခွေအိပ်နေပါတော့တယ်။
တံငါသည်တွေက ကွန်ပစ်တော့ အသပြာထုပ်ကို
မျိုထားတဲ့ ငါးကြီးကို မိပါတယ်။
မြစ်စောင့်နတ်က
“အစ်ကိုလုပ်သူ အမျှဝေလို့ ငါ့မှာ စည်းစိမ်တွေ
တိုးရတယ်။ငါ ပြန်စောင့်ရှောက်မှပဲ” ဆိုပြီး
ငါးရောင်းတဲ့ တံငါသည်တွေကိုဘုရားအလောင်း
အိမ်ရှေ့ ရောက်အောင် နတ်တန်ခိုးနဲ့ ပို့ပေးပါတယ်။
ဘုရားအလောင်းက ငါးကိုဝယ်ပြီး မယားကိုပေးပါတယ်။
ငါးဗိုက်ကို ခွဲလိုက်တဲ့အခါ အသပြာထုပ်ကို
တွေ့လိုက်ရပါတော့တယ်။
မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှားပြပြီး
“ သင်အမျှဝေလို့ ငါက ပြန်စောင့်ရှောက်တာပါ။
သင်ပဲယူပါ။ ညီကို မပေးပါနဲ့ ”လို့
လာပြောပါတယ်။ဒါပေမယ့် ဘုရားအလောင်းကတော့
တစ်ထောင်ထဲက ငါးရာကိုခွဲပြီး ညီငယ်ဆီကို သွားပေးခိုင်း
လိုက်ပါတယ်။
- (ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ မစ္ဆုဒ္ဒါနဇာတ်)
အားလုံးကြားဖူးတဲ့ ၀တ္ထုလေးပါပဲ။
ဘုရားအလောင်းကစားကြွင်းတွေကို
ဒီအတိုင်းစွန့်မပစ်ဘဲငါးလိပ်တွေကိုကျွေးပြီး
မြစ်စောင့်နတ်ကို အမျှဝေလိုက်တာ လေးက
တကယ့်ကို အတုခိုးစရာလေးပါပဲ။
ဘုရားအလောင်း ငါးလိပ်တွေ ကျွေးတဲ့
ဒါနကုသိုလ်ရော၊မြစ်စောင့်နတ်ကို အမျှဝေတဲ့
ပတ္တိဒါန ကုသိုလ်ရော ကုသိုလ်နှစ်ခုကို
အေးအေး ဆေးဆေးနဲ့ ယူသွားတာပါ။
သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း
လက်ရှိစည်းစိမ်ထက် တစ်ဆင့်တိုးသွားတာလေးကလည်း မှတ်သားစရာလေးပါပဲ။ကိုယ်က မမြင်ရလို့သာပါ။
ဘုရားအလောင်းရဲ့ အမျှဝေပုံလေးကို အတုယူပြီး
နတ်တွေကိုအမျှဝေတဲ့ အကျင့်လေးကို ထုံထားရမှာပါ။
ကိုယ့်ရဲ့အမျှပေးဝေ မှုကြောင့်
နတ်တွေမှာစည်းစိမ်တွေတိုးတိုးနေမှာပါ။
စည်းစိမ်တွေ တိုးတိုးနေတဲ့ နတ်တွေကလည်း
သူတို့စည်းစိမ်တိုးတာတွေကို သေချာမှတ်ထားမှာပါ။
အခွင့်သင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့ အနေနဲ့ ကူညီသွားမှာပါ။
တစ်ခါတလေဘ၀မှာမထင်မှတ်တဲ့
ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။
ကိုယ့်ကိုယ်ကိုလည်း “ငါကံကောင်းလိုက်တာ”လို့
တွေးမိချင်တွေးမိကြမှာ ပါ။ အမျှရထားတဲ့နတ်တွေက
ကိုယ့်ကိုကူညီလိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။
မထင်မှတ်တဲ့ ဘေးရန်တွေကို တားဆီး ပေးလိုက်တာတွေ၊
အောင်မြင်ကျော် ကြားအောင် ကူညီလိုက်တာတွေ၊
ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီလိုက်တာတွေ
စသည်ဖြင့် အများကြီးရှိမှာပါ။
ကိုယ်ကမသိနိုင်လို့ပါ။
ရှေးရှေးသူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေ၊
လက်ရှိမျက်မှောက်သူတော်ကောင်းတွေရဲ့
အလေ့အကျင့်တွေကိုလေ့လာပြီး အတုခိုး ကျင့်ရမှာပါပဲ။
တချို့အရာတွေက ခက်ပေမယ့်
တချို့အရာတွေကတော့မခက်ပါဘူး။
သူလိုငါလိုလုပ်နိုင်တဲ့ ကျင့်စဉ်လေးတွေပါ။
စားပြီးပိုတဲ့ စားကြွင်းကို ဒီအတိုင်း စွန့်မပစ်ဘဲ
ငါးလိပ်တွေကိုကျွေးလိုက် တာလေးရယ်၊
ကျွေးရုံတင်မကဘဲ မြစ်စောင့်နတ်ကို
အမျှပေးဝေလိုက်တာ လေးရယ်က
အတုခိုးချင်သူတွေ အတွက်တကယ့် အတုခိုးစရာလေးပါ။
ကြောင်းကျိုးမြင်အောင်အနိစ္စဒုက္ခ ၊
အနတ္တမြင်အောင်ကျင့်ရတာတွေသာ
ခက်ချင် ခက်မှာပါ။
အမျှပေးဝေ လိုက်တာလေးကတော့
လူတိုင်းကိုယ်စီ လုပ်နိုင်တဲ့ ကျင့်စဉ်လေးပါ။
လေ့ကျင့်ရင်းထုံ၊ ထုံရင်းလေ့ကျင့် သွားရမှာပါပဲ။
ထုံလို့စွဲသွားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ
အထူးကြောင့်ကြ စိုက်စရာမလိုတော့ပါဘူး။
ကုသိုလ် တစ်ခုပြုပြီး တာနဲ့ နတ်တွေကို
အမျှပေးဝေပြီးသား ဖြစ်နေပါလိမ့်မယ်။
ဘုရားအလောင်းရဲ့ ကုသိုလ်လေးက
တကူးတက ပြုယူရတဲ့
ကုသိုလ် လေးမဟုတ်ပါဘူး။
ခရီးသွားရင်း ကြုံလာတဲ့အရာလေးကို
ကြုံလာတဲ့အတိုင်း အေးအေးဆေးဆေး ယူသွားတာပါ။
ကျောင်းတွေ သိမ်တွေဆောက်ပြီး အမျှပေးဝေတာတောင်
မဟုတ်ပါဘူး။ ပြောရရင် လူတန်းစားအားလုံး
အလွယ်တကူပြုနိုင်တဲ့ ကုသိုလ်လေးပါ။
ကုသိုလ်လေးက တစ်ခုတောင် မဟုတ်ပါဘူး။
နှစ်ခုတောင်ပါ။
ခရီးကတော့ လူတိုင်းသွားနေကြတာပါပဲ။
ကြုံလာရင်ကြုံလာတဲ့အတိုင်း ယူတတ်ဖို့ပါ။
လှေပေါ်မှရယ် မဟုတ်ပါဘူး။
လေယာဉ်ပေါ်မှာလည်း ကိုယ့်လာပေးတဲ့
စားစရာကို ဘုရားကပ်ပြီးအမျှပေးဝေ လို့လည်းရတာပါပဲ။
တောလမ်းပဲသွားသွား၊ ကုန်းလမ်းပဲသွားသွား၊
ရေလမ်းပဲသွားသွားကြုံလာတဲ့ခရီးမှာ
ကြုံလာတဲ့ ကုသိုလ်လေး တွေကို ကြုံသလို
ယူတတ်ဖို့ပါ။
ကုသိုလ်ပြုပြီးလို့ အမျှဝေတဲ့အခါ မတ်တပ်ရပ်
လက်အုပ်ကလေးချီပြီး
“ဤငါးလိပ်တွေ ကျွေးရသော ကုသိုလ်ကောင်းမှုကို
ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ သစ်ပင် စောင့်နတ်တို့အား အမျှပေးဝေပါ၏။
အမျှ အမျှ အမျှ ယူတော်မူပါ ” လို့ သေချာပေးဝေရမှာပါ။
လက်အုပ်ချီတာက နတ်တွေကိုချီတာ မဟုတ်ပါဘူး။
ကိုယ်ပြုတဲ့ကုသိုလ်လေးကို ချီတာပါ။
အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့
ဒေသကိုကြည့်ပြီး အဆင်ပြေသလိုဝေရမှာပါပဲ။
တောထဲရောက်နေရင် တောစောင့်နတ်၊
တောင်ပေါ်ရောက် နေရင် တောင်စောင့်နတ်၊
သစ်ပင် အောက်ရောက်နေရင် သစ်ပင်စောင့်နတ်ပေါ့။
ဒါက မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို အမျှဝေတာပါ။
ဒီလိုပါပဲ မြင်ရတဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း
အမျှဝေရမှာပါ။အမျှဝေလိုက်ရင် ကိုယ်လည်း
ကုသိုလ်ထပ်ရ၊ကိုယ့်မိတ်ဆွေလည်း
ကုသိုလ်ရတော့တာပါ။
မြင်ရတဲ့သူတွေကို အမျှဝေတဲ့နေရာမှာတော့
လူတိုင်းကတော့ ၀မ်းမြောက် ၀မ်းသာနဲ့
ခေါ်ချင်မှခေါ်မှာပါ။
မ၀မ်းမြောက် မ၀မ်းသာနဲ့ ခေါ်တဲ့ လူတွေလည်း
ရှိချင်ရှိမှာပါ။
သာဓုခေါ်ရတဲ့အကျိုးကို သိထားတဲ့သူတွေကသာ
ဝမ်းမြောက် ၀မ်းသာနဲ့ခေါ်မှာပါ။
ဘာပဲပြောပြော ကိုယ်က ကိုယ်ပြုတဲ့ ကုသိုလ်ကို အမျှပေး ဝေရင်
ကိုယ်ကုသိုလ် ထပ်ရတာတော့ အမှန်ပါပဲ။
ဒါပေမယ့် ကြွားတဲ့အနေနဲ့ အမျှမဝေ မိဖို့တော့
အထူးသတိထားရပါမယ်။ ကိုယ်ကုသိုလ်
ထပ်ရချင်တဲ့စိတ်၊သူကုသိုလ်ရစေချင်တဲ့စိတ်နဲ့ ဝေရမှာပါ။
ကိုယ့်စိတ် ကိုယ်ပြန်ကြည့်ရင် သိပါတယ်။
အကြွားကတော့ လူတိုင်းနဲ့ နီးစပ်နေသလိုပါပဲ။
သတိထားနိုင်မှ တော်ကာကျတာပါ။
တခါတလေ စကားပြောရင်း ပြောရင်းနဲ့
ကိုယ့်စကားကိုယ်ဘရိတ် မအုပ်နိုင်ဘဲ
အကြွားဖြစ်သွားတာ တွေလည်း ရှိတတ်ပါတယ်။
ဒါဆို အမျှဝေတာမဟုတ်ဘဲ အကြွားဝေတာ ဖြစ်သွားပါလိမ့်မယ်။
တချို့ကျတော့လည်း ကြွားတာကို
ဝါသနာတစ်ခုလို ဖြစ်နေတာပါ။
စကားပြောလိုက်တာနဲ့ အကြွားလေးကပါလိုက်ရမှပါ။
ကြာလာတော့ နားထောင်ပေးရတဲ့သူက
နားမထောင်ချင်တော့ပါဘူး။
စကားစလိုက်တာနဲ့ သူကြွားတော့မယ်ဆိုတာ
ကြိုသိနေတော့တာပါ။
အကြွားစွဲနေတဲ့ သဘောလေးပါ။
အကြွားစွဲ သွားရင်လည်း မကောင်းပြန်ပါဘူး။
စကားပြောတိုင်း ပြောတိုင်း အကြွားက ပါနေတော့မှာပါ။
ဒါတင် မကပါဘူး။အထုံဓာတ်ကြောင့်
နောက်ဘဝအထိလည်း ပါသွားနိုင်ပါတယ်။
လူတွေက အမျှဝေတာကိုပဲ ယူချင်ကြတာပါ။
အကြွားဝေတာကိုတော့ မယူချင်ကြပါဘူး။
ပုထုဇဉ်တွေဆိုတော့ အကြွားနဲ့တော့ မကင်းကြပါဘူး။
စာရေးသူလည်း တခါတလေ အမျှမဝေဘဲ
အကြွားဝေမိတတ်ပါတယ်။
တစ်ပတ် ဆယ်ရက်ကြာတဲ့ အခါ ကိုယ်ဝေထားတဲ့
အကြွားကို ပြန်စဉ်းစားလိုက်ရင် ဘာမှမဟုတ်တော့ပါဘူး။
ရက်ကြာလေ ဘာမှမဟုတ်လေပါပဲ။
နောက်ဆုံးတော့ ကိုယ့်အကြောင်း
သူများသိတာပဲအဖတ်တင်ပါတယ်။
တကယ်လို့ အကြွားဝေတတ်တဲ့ အထုံစွဲနေရင်လည်း
နောက်ဘ၀ အထိပါမသွားအောင်
စကားပြောတိုင်း ပြောတိုင်း သတိကပ်ပြီး
ပြန်လေ့ကျင့် ယူရပါမယ်။
ဒါကြောင့် ဆရာတော်ကြီးတွေက-
စကားပြောတဲ့အခါ
“ အကြွားလည်း မပါစေနဲ့၊ အမှားလည်း မပါစေနဲ့ ”
လို့ မိန့်တာပါ။
စကားများများ ပြောရင် အကြွားတွေလည်း
ပါတတ်သလို အမှားတွေလည်း ပါတတ်ပါတယ်။
စကားတွေ တအားပြောနေရင် အမှားတွေ
ပါတတ်တာ မဆန်းတော့ပါဘူး။
တစ်ခါတလေ ကျတော့လည်း အစမှာတော့
ဝမ်းသာစိတ်နဲ့ အမျှဝေတာပါပဲ။
ဒါပေမယ့် ပြောရင်းပြောရင်းနဲ့ သတိလွတ်ပြီး
အမျှဝေတာကနေ အကြွားဝေတာ ဖြစ်သွားရတာပါ။
ဘာမှ မစိုးရိမ်ပါနဲ့။ ပြန်လေ့ကျင့်ယူရင် ရတာပါပဲ။
အမျှဝေတာလည်း ကုသိုလ်ပါပဲ။
သာဓုခေါ်တာလည်းကုသိုလ်ပါပဲ။
ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။
မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးက
မဟာဗုဒ္ဓ၀င်မှာ သီလဆောက်တည်ပြီးမှ
ဒါနပြုရင် ပိုပြီးအကျိုး ရနိုင်တယ်လို့ မိန့်မှာထားပါတယ်။
ဆရာတော် ဘုရားကြီးရဲ့ စကားလေးကို နှလုံးသွင်းပြီး
သီလယူပြီးမှ ဒါနပြုရင် ပိုကောင်းပါတယ် သံဃာတော်
အရှင်သူမြတ် တွေရှိရင် သီလပေး မှာဖြစ်လို့ ကိစ္စမရှိပေမယ့်
ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြုရတဲ့ဒါနတွေမှာတော့
ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။
သီလယူလိုက်ရင်ပဲ စိတ်ဓာတ်က အလိုလိုမြင့်သွားသလို
ခံစားရပါတယ်။
ကုသိုလ်ကောင်းမှု တွေပြုပြီး နတ်တွေကို အမျှပေးဝေရင်
နတ်တွေက လူတွေကို ပြန်စောင့်ရှောက်တယ် ဆိုတာ
“ မဟာပရိနိဗ္ဗာနသုတ် ” မှာလည်း မြတ်စွာဘုရားက
ဂါထာလေးတွေနဲ့ သေချာ ဟောပြထားတာပါ။
နတ်တွေကို အမျှဝေရင် ကိုယ့်အတွက် ကောင်းကျိုး
ဖြစ်စေတာတော့ အမှန်ပါပဲ။ ကိုယ်က သူတို့ကို မမြင်ရ
မကြားရပေမယ့် နတ်တွေကတော့ ကိုယ်ပြုနေတာတွေ
ကိုယ်ပြောနေ တာတွေကို မြင်နေကြားနေတာပါ။
သေးသေးဖွဲဖွဲ ကုသိုလ် လေးတွေကအစ နတ်တွေကို
အမျှပေးဝေရမှာပါပဲ။ ဘုရားအလောင်း ပေးဝေလိုက်တဲ့
ဒါနလေးက တကယ့်သေးသေးလေးပါ။
သေးပေမယ့် သာဓုခေါ်ရတဲ့ နတ်မှာတော့ ကောင်းကျိုး
ကြီးကြီးကြီး ရသွားတော့တာပါ။
ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးထားတဲ့
နတ်တွေက ကိုယ့်ကို ပစ်မထားပါဘူး။
အခွင့်သင့်တဲ့ တစ်နေ့မှာ ပြန်ကူညီမှာပါ။
ဒီတော့ ဘယ်ကုသိုလ်ပဲ ပြုပြု နတ်တွေကို အမျှပေးဝေ
တာတော့ အကောင်းဆုံးပါပဲ။
ဘုရားပန်းကပ်တာပဲဖြစ်ဖြစ်၊
ရေချမ်းကပ် တာပဲဖြစ်ဖြစ် ၊
ဆီမီး ပူဇော်တာပဲ ဖြစ်ဖြစ်အမျှဝေလို့ ရပါတယ်။
နောက်ဆုံး ကိုယ့်မိတ်ဆွေကို
ကော်ဖီတိုက်တာ လေးကိုလည်း အမျှဝေလို့ရတာပါပဲ။
ကုသိုလ်ပြု လို့လည်း ကောင်းကျိုးတွေဖြစ်၊
နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့
ကောင်းကျိုးတွေ ဆင့်နေတော့တာပါ။
“ ကုသိုလ်မပြတ် ဖြစ်ပါစေ ” ဆိုတဲ့ မဟာစည်ဆရာတော်
ဘုရားကြီးရဲ့ သြ၀ါဒအတိုင်း ကုသိုလ်တွေ
မပြတ်ဖြစ်နေရင် အကုသိုလ် ဖြစ်ခွင့်လည်း
နည်းနေတော့ တာပါ။
ကုသိုလ်ပြတ်ချိန်ကို အကုသိုလ်က ချောင်ထဲက
ချောင်းနေတာပါ။ကုသိုလ်ပြတ်မှ သူက၀င်လို့ရမှာပါ။
ဒါကြောင့် ကုသိုလ်မပြတ်ဖြစ်နေရင် အကုသိုလ်ကို
တားထားရာလည်း ရောက်ပါတယ်။
ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ
ပြုတဲ့ကုသိုလ်တိုင်းကို နတ်တွေကို
အမျှပေးဝေလိုက်ဖို့ပါပဲလေ။
(မူရင်းဓမ္မဒါနအလှူရှင် - Honey Lay)
[https://www.facebook.com/photo.php…]မှ -
- [ဆရာတော် အရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)]
ကျမ်းကိုး - ပဏိဏ္ဏက၀ိသဇ္ဇနာကျမ်း (ပထမတွဲ)
လုံးတော်ဆရာတော်
dhammaransi မှ
တဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)
( ဤ Page ရှိ Post များမှ ဓမ္မတရားတော်များကို အများသူငါ ဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါသည်ခင်ဗျာ)
 — 
Oct 24, 2015
အဝ်​႞လို႞
ငဝ်​းယိုက​ဒေါ့ꩻ လိုႏဆင်​ႏချင်​ႏ
မူႏနံꩻခိုဗင်​ႏ လိုႏခွမ်​ꩻလာꩻ
လိုꩻတမာဝါꩻ  လိုႏထာꩻရက်​
လွူးနမ်​းအတွက်​ လိုႏရွဉ်​ခံꩻ
လိုꩻကျောင်​ꩻရဟန်ꩻ လိုႏသီႏလ
လိုꩻမူႏဖဝ လိုႏယေန်​ႏကေႏ
ကလိုႏသေႏသေႏ ဉာဏ်​ႏပညာႏ
လွိုအဲဉ်​တဝ်​းဗာႏ  လိုႏသတိ ။
#Zawgyi
ငဝ္​းယိုက​ေဒါ့႟  လို႞ဆင္​႞ခ်င္​႞
မူ႞နံ႟ခိုဗင္​႞  လို႞ခြမ္​႟လာ႟
လို႟တမာဝါ႟  လို႞ထာ႟ရက္​
လွူးနမ်းအတွက်​ လို႞ရွဉ်​ခံ႟
လို႟ကျောင်​႟ရဟန်​႟  လို႞သီ႞လ
လို႟မူ႞ဖဝ လို႞ယေန်​႞​ေက႞
ကလို႞​ေသ႞​ေသ႞  ဉာဏ္​႞ပညာ႞
လွိုအဲဉ်​တဝ်​းဗာ႞  လို႞သတိ ။
Oct 23, 2015
ယံထင္​႞ထိုနဝ္​႟
ပအိုဝ္​႞​ေပ႞ဖံု႞ေဟြး ခွန်​တွမ်​႞နင်​႟
အခိန်​႞တွို႞လဲဉ်း ယံ​သေဝင်​႟
လော်​လယ်​အုံလွင်​႟ ယံအဝ်​႞မွိုန်း
ဗွောင်​နား အဲ့႟မဲ့  အုံစွိုန်းစွိုန်း
ဆရာ႞မဉ်​႞ခွန်း ယံ​သေနာ႞
ကွပ်​ပွိုးဝင်​႟ထီ႞ နီနာ႟တာ႞
ခေတ်​ယိုတဗာ႞ အဝ်​႞လို႞သြံဳ႟
ပညာ႞ပါမ႟  သြ႟ခဝ္​းတြိဳင္​႟
မူ႞မူ႞ခိုခို ပအိုဝ္​႞ပို
ထွားနဲုင်းမွိုန်းဒွုမ်​  ကလဲဉ်းကို
နီလိတ်​လဲုင်​႟ယို ယံကဒါ႞
စွုမ်​႞​နေင်​႞​နေင်​႞ကို ယံသွဉ်​ဗာ႞
အနာ႞ဂါတ္​တာ႞ အြိဳးဆ႟ငါ
ယံကထင်​႞ခန်း  နဲုင်းမွူးလာ
စွုမ်းနီဟာ ထွားကဲုင်းကဲုင်း
မာ႟ခန်း​သွော့ဝင်​႟  သ႟ရဲုင်းရဲုင်း။
Oct 22, 2015
မဉ်​႞မဉ်​လ႟ထာ႟ရက်​စဲစ်​နဝ်​႟
တျဖာ႟တြမ္​႞တျဖာ႟   ​သေနာ႞ခွင်​႟လွစ်​မုယို
အွဉ်​႞​နွောင်​႟​သေ႞​သေ႞  အချိန်​႞တွိုင်​႟မ႟၊
နမ်းအဝ်​႞ညာ႟ဝင္​႟လဲ့  သ႟ရာ႞ခ်င္​႟ယို
အွဉ်​႞ထပ်​​နွောင်​႟ဝင်​႟ တထွိုင်​ချင်​႞မ႟၊
သစ္စာ႞ရက်​ငါဝ်း  ခံ႞တဝ်းအကဲုင်
ဝင်​႟နီ​ဖေ႞အပ်​  တဉ်​႞​ခွောင်​မ႟၊
ဝင်​႟နီအခါ႞  ယြဳမ္​းအံ႞မုယို
မဲုင်​႟ခါတယဝ်း  ယွမ်​႟ထို တဝ်​းမ႟၊
ထာ႟ထီ႞ထာ႟ထင္​႞ ခြဲ႟ခ်ာ႟နွောင်​႟ဉာဏ်​႞
သံ႞သယကင္​႟ကင္​႟ အြဥ္​႞နွောင်​႟ဝင်​႟မ႟၊
ကံ႞တလီ႟က်ံ႟  သဲုင်​ထွာ႞ဝါယဝ်း
ခွင်​႟လွစ်​႟သယ်​႟ခံ႞  အြဥ္​႞နွောင်​႟မ႟၊
အကဲုင္​ဖဲ့႟မ်ိဳ႟  ပယ္​႞ထို႟နွောင်​႟ဗာ႞
ပယ္​႞ခြာ႞နွောင်​႟မ႟  အီ႞လ႟ပဲင္​႞ခြင္​႟
ထာ႟ရက်​အစဲစ်​သွူ ။
@KND
Oct 21, 2015
ပအိုဝ်းလူမျိုးတို့ရဲ့ သီတင်းဝါကျွတ်ကာလ "စမ်းပွတ်"ရိုးရာဓလေ့ထုံးစံ
သီတင်းဝါကျွတ်အခါကာလ ရှမ်းပြည်နယ်ရှိပအိုဝ်းတိုင်းရင်းသားများရဲ့ ဘုရားစင်အောက်နှင့် အိမ်ဝင်းတိုင်းလိုလိုမှာ သစ်၊ဝါးတို့ဖြင့် ပုံစံအမျိုးမျိုးနဲ့လုပ်ထားတဲ့ ကျောင်းဆောင်လေးတွေ တွေ့ရမှာဖြစ်ပါတယ်၊ မသိတဲ့လူတွေကတော့မြစ်ဝကျွန်းပေါ်ဒေသကရေငန်ပိုင်ဦးရှင်ကြီးနတ်ကိုပူဇော်ပသတယ်၊ဒါမှမဟုတ်လို့ရှိရင်လည်း ရိုးရာနတ်တွေကိုပူဇော်ပသတယ်လို့ထင်ကြမှာပဲလို့ ထင်စရာ ရှိပါတယ်။ အမှန်တကယ်တော့ စင်ခံပြီးဆောက်ထားတဲ့ ဒီကျောင်းဆောင်လေးတွေဟာ နတ်တွေကိုပူဇော်ပသဖို့ ဆောက်ထားတဲ့အရာမဟုတ်ပါဘူး၊နတ်တွေနဲ့ လုံးဝပတ်သက်မှုမရှိတဲ့ချစ်စရာ မြတ်နိုးစရာကောင်းတဲ့ ပအိုဝ်းရိုးရာဓလေ့ထုံးစံလေးသာဖြစ်ပါတယ်၊ အမှန်ကထေရဝါဒဗုဒ္ဓဘာသာဝင်အများစုဖြစ်ကြတဲ့ပအိုဝ်းလူမျိုးများဟာ ဒီလိုဝါကျွတ်အခါကာလမှာ တာဝတိံသာနတ်ပြည်ကနေ လူပြည်ကို ပြန်လည်ကြွမြန်းလာမယ့် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရည်မှန်းဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းဆောင်လေးသာဖြစ်ပါတယ်၊ကျောင်းဆောင်လေးတွေကိုအများအားဖြင့် ဝါးတွေနဲ့ပြုလုပ်ကြပါတယ်၊ကျောင်းဆောင်မှာ ဘုရားရှင်ကိုပူဇော်ဖို့ မိမိတို့ခြံထဲမှထွက်တဲ့သစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်ကအစ စပါးပင်အပါဝင် ဦးဦးဖျားဖျား တင်လှူထားကြပါတယ်၊ တံခွန် ၊ ကုက္ကား ၊ ကြက်လျှာတွေနဲ့ပြုလုပ်ပူဇော်လှူဒါန်းပါကြတယ်၊ တချို့ကြတော့ ကျောင်း ဆောင် လေးကို ရောင်စုံစက္ကူ တွေ ၊ ရှမ်းစက္ကူ တွေ နဲ့ အလှဆင်ပြီးပူဇော်လှူဒါန်းကြပါတယ်၊ဒီကျောင်းဆောင်လေးတွေကိုသီတင်းကျွတ်လပြည့် အဖိတ်နေ့မှာအပြီးဆောက်လုပ်ရပါတယ်၊နောက်တစ်ရက် သီတင်းကျွတ်လပြည့်နေ့ မနက်အစောကြီးမှာ အိမ်ထောင်ဦးစီးအမျိုးသားကြီးက ဦးစီးဦးဆောင်ပြီး အိမ်ရှိမိသားစုဝင်အားလုံးမြတ်စွာဘုရားကိုဆွမ်းတော်ဆက်ကပ်လှူဒါန်းပါတယ်၊ဆွမ်းတော်ဆက်ကပ်တဲ့အခါမှာ မပါမဖြစ်ကတော့ ကောက်သစ်ကောက်ညှင်းပေါင်းဖြစ်ပါတယ်၊နောက်ပြီး စားလို့ ရသမျှ အသီးအရွက် မြေအောင်းဥများ စသည်ဖြင့် အစုံအလင် လှူဒါန်းပါတယ်၊ ဒီကျောင်းဆောင်လေးတွေကိုအကြာဆုံး(၅)ရက်သာထားရှိပါတယ်၊တချို့ကြတော့၃ရက်သာထားပါတယ်၊ကြာကြာမထားရခြင်းအကြောင်းရင်းကတော့ ကြာကြာထားရင်မကောင်းတဲ့နတ်တွေ၊အောက်တန်းစားနတ်တွေလာနေမှာစိုးလို့ဆိုပြီးတော့ ဖျက်ပစ်ကြပါတယ်၊ နောက်တစ်နှစ်အတွက်ကို နောက်မှပြန်လုပ်တာပါ၊မဖျက်ပစ်ခင်အတောအတွင်းမှာ နေ့တိုင်းလိုလို အဲ့ဒီကျောင်းဆောင်လေးမှာဆွမ်းတော်ပန်းတော် ရေချမ်း ဆီမီးဖယောင်းတိုင်တို့နဲ့ပူဇော်လှူဒါန်းပါတယ်၊ တချို့ကျတော့ ကလေးသူငယ်များကို ခူဆွတ်ခွင့်ပေးပါတယ်။ ကလေးများက ပျော်ပျော်ရွှင်င်နဲ့ ခူးဆွတ်ပြီး စားကြပါတယ်။ စမ်းပွတ်ဆွမ်းကျန်ကို စားကြရင် ကျန်းမာသန်စွမ်းပြီး အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မို့လို့ နတ်တွေကိုပူဇော်ပသတာ မဟုတ်၊ ထေရဝါဒဗုဒ္ဓဘာသာဝင်ပအိုဝ်းလူမျိုးတို့ကဝါကျွတ်အခါကာလမှာ မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီးလှူ ဒါန်းခြင်းသာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ ။
သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့
{Zawgyi}
{Unicode}
-သီတင်းကျွတ်လပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ ကာလပတ်လုံး တာ၀တိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာ၀တိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ဝါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာနတ်ရွာစံကာ တာ၀တိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။အဘိဓမ္မာ ဒေသနာတော်ဟာသိမ်မွေ့နက်နဲကာရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ဝါတွင်းကာလ တာ၀တိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင်လူ့ပြည်ဆင်းတဲ့အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာ၀တိံသာ နတ်ပြည်မှာ ဝါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ဝါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်၀တဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်း၀င်ခဲ့ကြပါတယ်။တရားပွဲလည်းပြီး ဝါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာအဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှုအစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်းဖြစ်ပါတယ်။စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်းနဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့အစုသုံးစုခွဲခြားထားရာမှာ သုတ္တန္တပိဋကိုသတ္တဝါတွေရဲ့အသိဉာဏ်နဲ့သင့်တော်မယ့် ေဝါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ေဝါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာ၀ကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတၳတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတၳဒေသနာ လို့ ဖွင့်ပြပါတယ်။ဒီမှာဖွင့်ပြတဲ့အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတၳတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာ၀များကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ည့ံ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ပရမတၳတရားများရဲ့အလုပ်လုပ်ပုံကိုသိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူပေးနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုအကျိုးတရားနဲ့သဘောတရားများကိုအဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတၳ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာ၀တိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။
#စာရေးသူ = မနာပဒါယီ အရှင်၀ိစိတ္တ(ဒိုက်ဦး)
http://www.venvicitta.com/ မှပြန်​လည်​မျ​ဝေခြင်​းဖြစ်​ပါသည်​