လူတိုင်း လူတိုင်း လူမင်း နတ်မင်း ဗြဟ္မာမင်း အကြိမ်ကြိမ်ဖြစ်ခဲ့တာ။
လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ်တွေလည်း
အကြိမ်ကြိမ် ခံစာဖူးကြတာပါပဲ။
အဲဒီစည်းစိမ်တွေ အခုဘဝ ပါလာသေးလား။ မပါဘူး။ပြစ်ထားခဲ့ရတာ။...
ဒီဘဝ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်တွေလည်း ယောဂီတို့ သေတော့
ယူသွားလို့ရမလား။ မရဘူး။ပြစ်ထားခဲ့ရမှာဘဲ။
ကိုယ်ဝတ်ထားတဲ့ လုံချည် အင်္ကျီတောင် ချွတ်ထားခဲ့ရတာ။
ကိုင်း…… ယောဂီတို့ ယူသွားနိုင်တာက ……ယောဂီတို့ကိုယ်တိုင် လုပ်ထားတဲ့
ဒါန သီလ သမထ ဝိပဿနာ ဆိုတဲ့ ကုသိုလ်ကံ အကြောင်းတရား
တွေဘဲ ယူသွားနိုင်တာ။
ဒါကြောင့် ယောဂီတို့ ကိုယ့်နောက်ပါမည့် ကိုယ်ယူသွားနိုင်တဲ့
တစ်ရှု တစ်ရှိုက် ကုသိုလ်တွေကစပြီး ကြိုးကြိုးစားစား အားထုတ်သွားကြပါ။
( မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး )
အရှင်သောပါက ( သာသနဓဇဓမ္မာစရိယ )စုစည်းစီစဉ်သော
ဆရာတော်ဘုရားကြီး၏ သြဝါဒကထာများမှ ကူးယူပူဇော်ပါသည်။
Jan 5, 2014
မြှောက်ပင့်ခြင်းနှင့် ချီးမွမ်းခြင်း
သူတစ်ပါး၏ ကောင်းဂုဏ်ကို မချီးမွမ်းခြင်းနိုင်ခြင်းမှာ
" ဝဏ္ဏမစ္ဆရိယ " ကြောင့် ဆိုသည်ကိုလည်း သိသူအလွန်နည်း၏။
မိမိသန္တာန်၌ ဖြစ်နေသော" ဝဏ္ဏမစ္ဆရိယ" ကို ငါတို့က သူတစ်ပါးကို
မြှောက်ပင့်မပြောတတ်ဘူးဟူသော စက...ားဖြင့် ဖုံးကွယ်တတ်ကြ
၏။မြှောက်ပင့်ခြင်းနှင့် ချီးမွမ်းခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်း
လှ၏။
မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်၏။
ချီးမွမ်းခြင်းသည် မုဒိတာကြောင့် ဖြစ်၏။
မြှောက်ပင့်ခြင်းသည် အတ္တဟိတအတွက် ဖြစ်၏။
ချီးမွမ်းခြင်းသည် ပရဟိတအတွက်ဖြစ်၏။
မြှောက်ပင့်ခြင်းသည် မဟုတ်တာကို အဟုတ်လုပ်ပြောသဖြင့်
မုသားစကားဖြစ်၏။ချီးမွမ်းခြင်းသည် တကယ့်ကိုတော်၍ တော်
တယ်ဟု ပြောခြင်းဖြစ်၍ သစ္စာစကားဖြစ်၏။
မြှောက်ပင့်ခြင်းသည် သူယုတ်မာတို့၏ အလေ့အထဖြစ်၏။
ချီးမွမ်းခြင်းသည် သူတော်ကောင်းတို့၏ အလေ့အထဖြစ်၏။
ထို့ကြောင့် မြှောက်ပင့်ခြင်းနှင့်ချီးမွမ်းခြင်းကိုရောနှော၍ မသုံးသင့်ပေ။
သူတစ်ပါး၏ ကောင်းဂုဏ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ
ချီးမွမ်းနိုင်သူမှာ သုံးဦးသာ ရှိ၏။ယင်းတို့ကား ……
* ဣသာမစ္ဆရိယကို မဂ်ဖြင့် အမြစ်သတ်ပယ်သတ်ပြီးသော
သောတာပန်အရိယာပုဂ္ဂိုလ်
* ပင်ကိုယ်ကပင် ဣသာမစ္ဆရိယပါးရှားပြီး နှလုံးဖြူအူစင်းသော
ပုဂ္ဂိုလ်
* ဣသာမစ္ဆရိယ၏ ဆိုးကျိုးများကို နာကြားဖတ်ရှုထားသဖြင့်
အသိဥာဏ်ဖြင့် ယင်းစိတ်များ ပေါ်မလာအောင်
ထိန်းသိမ်းထားနိုင်သူတို့ပင်ဖြစ်၏။
( မေတ္တာရှင် ရွှေပြည်သာဆရာတော်)
မေတ္တာရှင် ( ရွှေပြည်သာ ) ရေးသားသော ဘဝနှင့်ရင်းရသော
အတွေးအမြင်များ အတွဲ (၂)မှ ကောက်နုတ်ထားပါသည်။
Posted by Words of Buddha

အဝိဇ္ဇာတွေ ခြုံခိုခွင့်ရတယ်။
မဂ္ဂင်ရှစ်ပါးကို အတိုချုံ့လိုက်တော့ သီလ သမာဓိ ပညာ ဆိုတာရတယ်။ ဒီ သိက္ခာသုံးရပ် အကျင့်မြတ်သည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ် သောကြောင့် ယော လို့ အမည်ရတယ်။ အဲဒီတရားကို မဖြည့်ကျင့်ဘူးဆိုရင် အဝိဇ္ဇာက နေရာယူပြီး ခြယ်လှယ်ချင်သလို ခြယ်လှယ်နေမှာပေါ့။ သံသရာမှာ တကယ်ခြယ်လှယ်တာက အဝိဇ္ဇာပါ။ ဒါပေမယ့် နာမည်ကြီးတာက သမုဒယသစ္စာလို့ နာမည်ကြီး တယ်။ သမုဒယသစ္စာက အဝိဇ္ဇာချုံခိုခွင့်ရလို့ သူက သောင်း ကျန်းနေတယ်။ လမ်းခရီးတစ်ခုသွားတဲ့အခါ လမ်းဘေးမှာ ချုံပုတ်တွေ အကာ အကွယ်တွေ အင်မတန်များ တဲ့အခါ ဓါးမြတွေက ချောင်းနေတတ်တယ်။ လမ်းသွားတဲ့ပုဂ္ဂိုလ်က ပိုက်ဆံတွေယူသွား ရတနာတွေ ဝတ်ဆင်သွားဆိုတော့ ချုံခိုနေတဲ့ ဓါးပြက ချောင်းပြီးတော့ ခရီးသွားတွေ ရောက်လာတဲ့အခါ တစ်ကိုယ်လုံးမှာပါတဲ့ အဖိုးတန်ရတနာတွေကို လုယူတိုက်ခိုက်တတ်တဲ့ သဘော မျိုးပေါ့။ အဲဒီအတိုင်းပဲ အလွန့်အလွန် ရှည်လျားလှတဲ့ သံသရာခရီး ရှည်ကြီးကို သွားကြရတဲ့အခါ ကာလမှာလည်း သံသရာခရီးရှည်ကြီးက အလွန်ရှည်ရတဲ့ အထဲမှာ အဆင်းအတက်ကလည်း အလွန်ပေါ ကြမ်းကလည်း ကြမ်း အဝိဇ္ဇာဆိုတဲ့ ချုံတွေ အကာအကွယ်ယူပြီး ချုံခိုနေကြတဲ့ သမုဒယသစ္စာဆိုတဲ့ ဓါးမြတွေ သမုဒယသစ္စာ အမှူးပြုတဲ့ ကိလေသာဆိုတဲ့ ဓါးပြတွေကချောင်းပြီး " ပေးကွ မင်းသီလ တွေ အကုန်ပေး မင်းသမာဓိတွေ အကုန်ပေးခဲ့ မင်းပညာတွေ အကုန်ပေးခဲ့လို့ ဒီက ဖြည့်ကျင့်မယ် လုပ်ကာရှိသေး သူက ဖြည့်ကျင့်ခွင့်မပေး ဘူး အတင်းလုယူတိုက်ခိုက်တတ်တယ်။ ဒါကြောင့် သံသရာခရီးမှာ သမုဒယသစ္စာဓါးမြတွေက အဝိဇ္ဇာ ချုံကို ခိုပြီးတော့ သီလ သမာဓိ ပညာ အဖိုးတန် ပစ္စည်းတွေကို လုယူတိုက်ခိုက်တတ်တာကြောင့် ပါးစပ်က နိဗ္ဗာန်ရရပါလို၏ လို့ ဘယ်လိုပဲ ဆုတောင်းတောင်း သူ ( သမုဒယသစ္စာ) က တိုက်ခိုက်လုယူသွားတာနဲ့ ပါ ပါ သွားတယ်။ အဲဒါကို မြင်အောင်ကြည့်မှ သိက္ခာသုံးရပ် အဖိုးတန်တွေကို ခပ်သွက်သွက် မြန်မြန်ဖြည့်ကျင့်နိုင်မှာ လို့ ယောဆရာတော်ဘုရားကြီးမှ ဆုံးမ လမ်းညွှန်ထားပါတယ်။ ကိလေသာတွေဟာ ဒီလိုမျိုး ရွံ့ရှာစက်ဆုပ်စရာ ကောင်း လှပါတယ်။ ကိုယ့်ကို စိတ်ဓါတ်ညံ့ဖျင်းအောင် သူကပဲ လုပ်ပါတယ်။ ရန်လိုတတ်သူဖြစ်အောင်လည်း သူပဲလုပ်တယ် လောဘကြီးသူ မာန်မာနကြီးသူ ဖြစ်အောင်လည်းလုပ်တယ်။ ကြမ်းတမ်းသော စကား အပြုအမူများ ဖြစ်အောင်လည်း သူပဲ လုပ်တတ်တယ်။ စိတ်သဘောထား သေးသိမ်စေတာ မနာလိုဝန်တိုမှုကို ဖြစ်စေတာ ကိုယ့်အကျိုးကိုရော သူတစ်ပါး အကျိုးကိုရော ပျက်စီးစေတာ သူပါပဲ။ ဒါမှသာ သူတော် ကောင်းတရားနဲ့လည်းဝေး နတ်လူ မုန်းလို့ သံသရာခရီးကို ဆက်လျောက်ခိုင်း ပြီး ခန္ဓာအိမ်ကို ပျော်ပျော်ကြီး ဆက်ဖွဲ့လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိသန္တာန်မှာ လောဘ ဒေါသ မောဟ ပေါ်ပြီဆိုတာနဲ့ မိမိကိုယ် ကောင်းကောင်းကြီး ဒုက္ခပေးတော့ မယ်ဆိုတာ သေချာလှပါတော့တယ်။ ဒီလို ကိလေသာတွေ မိမိသန္တာန်မှာ ထင်ရှားလာတာကို ဥာဏ်ဖြင့် သိအပ်ခြင်းသည် ကာယကံ ဝစီကံများ အထမြောက်ဖို့ရာ ဘရိတ်သဖွယ် ထိန်းချုပ်ဖို့ရာ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ်နိုင်ခြင်းဖြင့် ကောင်းသောစကား ကောင်းသော အမူအရာ အပြုအမူများ ရှိသည့်အတွက် လူလည်းချစ်ခင် နတ်လည်း ချစ်ခင်၍ ကိလေသာများကို ထိန်းချုပ်လျော့ပါးသွားစေသလို ဘေးရန်အပေါင်းမှ ကင်းဝေးစေပါတယ်။ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိစေပါတယ်။ သူတော်ကောင်းအပေါင်း အေးချမ်းစေဖို့ရာ မျှဝေလှူဒါန်းအပ်ပါတယ်။
https://www.facebook.com/pages/Words-of-Buddha/478034822228446?ref=stream

Jan 3, 2014
" အသားထဲကလောက်ထွက်တဲ့လူ"
မိမိတန်ဖိုးထားမြတ်နိုးပါတယ်လို့ ကြွေးကြော်ထားတဲ့အရာတစ်ခု ဖျက်ဆီးမှုအမျိုး
မျိုးနဲ့ တွေ့ကြုံလာတဲ့အခါ ကြုံလာတဲ့အန္တရယ်အမျိုးမျို...းမှကာကွယ်ပေးဖို့ ခေါင်းခံဖြေရှင်
းချင်စိတ်မရှိသူဟာ တကယ်တော့ တာဝန်မဲ့သူပါ ။ နောက်ပြီး ဒါဒို့အေ၇းဆိုတာကို မသိ
ကျိုးကျွန်ပြုပြီး အမ။ျန်တရားကို မျက်စိမှိတ်ငြင်းဆန်နေခြင်ဟာလဲ သစ္စာမဲ့သူရဲ့ပြယုဂ်ပဲ့
ဖြစ်ပါတယ်။ ငါ ငါ့အတွက် ငါအဆင်ပြေရင်ပြီးရောဆိုတဲ့ တစ်ကိုယ်ရေစာအတ္တလေး
ကောင်စားဖို့အတွက် ကိုယ်အသိုင်ဝိုင်းကို ကိုယ်တိုင် မြောင်းထဲထည့်နေသူတွေကို
တော့ အသားထဲကလောက်ထွက်သူတွေလို့ပဲပြောရပါတော့မယ်။။။။။။။
ဒါဟာဘယ်သူ ဘယ်သူ့ကိုဆိုပြီး ခေါင်းစဉ်တပ်ပြောဆိုနေတာမဟုတ်ပေမဲ့
လဲ ကိုယ်လူမျိုးကိုယ်ဘာသာကိုချစ်လှပါချေရဲ့ဆိုတဲ့ မျက်နှာလွှဲခဲပစ်လေသံနဲ့ မိမိအ
ပေါ်ကျရောက်လာတဲ့ ပုခုံးပြောင်းထိန်သိမ်းကာကွယ်ရမယ့်တာဝန်ကို ရှေင်လွှဲချင်သူ
တွေမှာ သင်ကိုယ်တိုင် ချေချော်လက်ချော် ပါလာခဲံ့မယ်ဆိုရင်တော့ သင်ဟာလည်း
သစ္စမရှိသူ တာဝန်မဲ့သူ အသားထဲကလောက်ထွက်သူထဲမှာ ပါသွားမှာပါပဲ.............
သတိကြပ်ကြပ်ရှိပါစေ ................................
ကိုးကား.....သာကီသွေးဂျာနယ်
ကိုးကား.....သာကီသွေးဂျာနယ်
Jan 2, 2014
Jan 1, 2014
အာဋာနာဋိယသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း
တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ ရာဇဂြိုလ်မြို့နားကဂိဇ္ဈကုဋ်တော်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေခဲ့ပါတယ်။ အဲဒီအခိုက်မှာ သာသနာ တော်စောင့်နတ်မင်းကြီး ၄ ပါးတို့ဟာ ကုဝေရ နတ်မင်းကြီး နေတဲ့ အာဋာနာဋ နတ်မြို့တော်မှာ စည်းဝေးကြပြီး ဝိပဿီ အစရှိတဲ့ ရှေးဘုရားရှင် ၇ ဆူတို့ရဲ့ ဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြပြီးတော့ ဒီ အာဋာနာဋိယ ပရိတ်တော်ကို စီကုံးဖွဲ့ဆိုခဲ့ကြပါတယ်။
အဲဒီလို ဖွဲ့ဆိုကြပြီးတော့ မြတ်စွာဘုရားထံမှောက် ညသန်းခေါင်အချိန်မှာ ရောက်လာကြပြီးတော့ ကုဝေရ နတ်မင်းကြီးလို့ ခေါ်ရတဲ့ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားရှင်ကို ဒီလို လျှောက်တင်ခဲ့ဖူးပါတယ်။
” မြတ်စွာဘုရား …
ဟောဒီ ကမ္ဘာလောကမှာ သာသနာတော်ကို ကြည် ညိုတဲ့ နတ်ဘီလူးတွေရှိသလို မကြည်ညိုတဲ့ နတ်ဘီလူး တွေလည်း ရှိကြပါတယ်ဘုရား၊ အဲဒီအထဲမှာတောင်မှ သာသနာတော်ကို မကြည်ညိုတဲ့ နတ်ဘီလူးတွေကတောင် ပိုပြီး များကြပါသေးတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သတ်၊ ခိုး၊ ကာမ၊ လိမ်၊ သေရည် ဆိုတဲ့ ဒုစရိုက်တရားတွေကနေရှောင်ဖို့ ဟောကြားတော် မူပြီး သူတို့က မရှောင်ချင်ကြလို့ဖြစ်ပါတယ်ဘုရား”
” မြတ်စွာဘုရား …
မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်အများ စုဟာ တောစွန်တောင်ဖျား အရပ်တွေမှာ အနေများ ကြတာမို့ အဲဒီ သံဃာတော်အရှင်မြတ်တွေကို နတ်ဘီလူး တွေက မညှဉ်းဆဲနိုင်အောင်၊ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်အောင် မြတ်စွာဘုရားရဲ့ ဓမ္မစက် တပည့်တော်ရဲ့ အာဏာစက်ကို မလိုက်နာကြတဲ့ နတ်ဘီလူးတွေကို ဒဏ်ခတ်မယ်လို့ နတ်မင်းကြီးတွေ သဘောတူ အမိန့်ဖြစ်တဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်တော်ကို ရဟန်းတော်များအား သင်ကြားပေးတော်မူပါဘုရား”
လို့ ဝေဿဝဏ် နတ်မင်းကြီးရဲ့ လျှောက်ထားချက် ကို မြတ်စွာဘုရားက ဆိတ်ဆိတ်နေခွင့်ပြုလက်ခံတော်မူ ခဲ့ပါတယ်။
ညှဉ်းဆဲ နှိပ်စက် ဒုက္ခပေးကြမယ့် ဘီလူး၊ သရဲ၊ သင်းကွဲ၊ ပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာတွေရဲ့ ဘေးရန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အလွန် အစွမ်းထက်လှတဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညိုပူဇော်ကြပါစို့ သူတော်ကောင်းတို့။
¸
အာဋာနာဋိယသုတ်တော်အမွှန်း
==========
(၁) အပ္ပသန္နေဟိ နာထဿ ၊ သာသနေ သာဓု သမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
(၂) ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(၁-၂) အို သူတော်ကောင်းတို့ မြတ်စွာဘုရား၏ အကောင်းအမြတ်ဟု သမုတ်အပ်သော ဘုရားရှင် သာသနာတော်၌ မကြည်ညိုကုန်သော ကြမ်းတမ်းကုန် သော အခါခပ်သိမ်း မကောင်းမှုကို ပြုလေ့ရှိကုန်သော ဘီလူးတို့သည် လေးပါးကုန်သော ပရိတ်သတ်တို့ကို မညှဉ်းဆဲခြင်းငှာလည်းကောင်း၊ ကာကွယ်စောင့်ရှောက် ခြင်းငှာလည်းကောင်း၊ ဝီရိယကြီးမား မြတ်စွာဘုရားသည် အကြင်အာဋာနာဋိယသုတ်ပရိတ်တော်ကို ဟောတော် မူအပ်ပြီ၊ ထိုအာဋာနာဋိယသုတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
(၃) ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
(၃) စက္ခုငါးတန် ဉာဏ်အမြင်မျိုးရှိတော်မူသော ဘုန်း ကျက်သရေ ရှိတော်မူသော ဝိပဿီမည်တွင် ရှင်တော် မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ အလုံးစုံသော သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက်တော် မူတတ်သော သိခီမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၄) ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
(၄) မဂ်အရဟတ် ရေစင်မြတ်ဖြင့် ဆေးအပ်ပြီးသည့် ကိလေသာရှိတော်မူထသော ချီးမွမ်းထိုက်ဘိ အကျင့်မြတ် ရှိတော်မူထသော ဝေဿဘူမည်တွင် ရှင်တော်မြတ် ဘုရားအားလည်း အကျွန်ုပ်၏ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ မာရ်စစ်သည်တသင်းကို နှိမ်နှင်းဖျက်ဆီးတော်မူတတ်သော ကကုသန္ဓမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၅) ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
(၅) မြစ်တားပယ်ရှားအပ်သည့် မကောင်းမှုရှိ၍ ဝိသုဒ္ဓိ ဗြာဟ္မဏဖြစ်တော်မူထသော ကျင့်သုံးခဲ့ပြီးသည့် အရိယာမဂ် အကျင့်မြတ်ရှိတော်မူထသော ကောဏာ ဂမနမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ် ၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ ကိလေသာခပ်သိမ်းတို့မှ အရှင်းကျွတ်၍ ကင်းလွတ်တော်မူပြီးဖြစ်တော်မူသော ကဿပမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၆) အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
(၆) အကြင်သာကီဝင်မင်းသား ဂေါတမရှင်တော်မြတ် ဘုရားသည် ဒုက္ခခပ်သိမ်းကို ငြိမ်းစေဘိတောင်း ပယ်နုတ် ကြောင်းဖြစ်သော ဤတရားမြတ်ဒေသနာတော်ကို ဟောတော်မူပြီ၊ ကိုယ်အင်္ဂါမှ ဖြာဖြာရွှန်းလက်ထွက်သော ရောင်ခြည်ရှိတော်မူသော ကျက်သရေရှင်ဖြစ်တော်မူသော ထိုသာကီဝင်မင်းသား ဂေါတမရှင်တော်မြတ်စွာဘုရား အား အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၇) ယေစာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
(၇) လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ကိလေသာဟု အပူငြိမ်းတော်မူကြကုန်ဖြစ်၍ အမှန်အတိုင်း ထူးသော ဉာဏ်အရသိတော်မူကြကုန်ပြီ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ချောပစ်ကုန်းတိုက်ခြင်း မရှိကြကုန်၊ ထို့ပြင် သီလစသည် ဂုဏ်ရည်တွေ စုံမြတ်တော်မူကြကုန်၏၊ အရှင်း ကင်းသည့် ကြောက်ရွံ့ခြင်းရှိတော်မူကြကုန်၏။
(၈) ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။
(၈) ထိုရဟန္တာပုဂ္ဂိုလ်တို့သည် နတ်လူတို့၏ အစီး အပွားကို ပြုတော်မူတတ်သော ဝိဇ္ဇာဉာဏ်၊အကျင့် စရဏနှင့် ပြည့်ဝကုံလုံတော်မူသော ဂုဏ်ပေါင်းညွန့်လူ မြတ်တော်မူသော အရှင်းကင်းသည့် ကြောက်ရွံ့ခြင်း ရှိတော်မူသော ဂေါတမရှင်တော်မြတ်ကို ရှိခိုးကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့အားလည်း အကျွန်ုပ်၏ ရှိခိုးခြင်း သည်ဖြစ်ပါစေ။
(၉) ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတ ကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိတာ။
(၉) ထိုဝိပဿီအစရှိသော ဘုရားမြတ်ခုနစ်ဆူတို့သည် လည်းကောင်း၊ ဘုရားခုနစ်ဆူတို့မှ တစ်ပါးကုန်သော ကုဋေရာပေါင်းများစွာကုန်သော ဘုရားမြတ်တို့သည် လည်းကောင်း၊ အလုံးစုံကုန်သော ရှင်တော်မြတ်ဘုရား တို့သည် ယှဉ်ပြိုင်နိုင်သူ ရည်တူမရ ရှေးဘုရားတို့နှင့်သာ တူတော်မူကြကုန်၏၊ အလုံးစုံကုန်သော ရှင်တော်မြတ် ဘုရားတို့သည် ကြီးသောတန်ခိုးရှိတော်မူကြကုန်၏။
(၁ဝ) သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟုပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
(၁ဝ) အလုံးစုံသော ဘုရားမြတ်တို့သည် ဉာဏ်တော် ဆယ်ပါး ဘုရားတို့စွမ်းအားနှင့် ပြည့်စုံတော်မူကြကုန်၏၊ ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူကြကုန်၏၊ အလုံးစုံကုန်သော ထိုဘုရားမြတ်တို့သည် မြတ်သော မြင့်မြတ်ထူးခြား ဘုရားတို့ အရိုက်အရာစစ် သဗ္ဗညုအဖြစ်ကို ဝန်ခံတော်မူကြကုန်၏။
(၁၁) သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
(၁၁) ထိုဘုရားရှင်တို့သည် ပရိသတ်ရှစ်ပါးတို့၌ ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူကြကုန်သည်ဖြစ်၍ ခြင်္သေ့မင်း၏ အသံအလား တရားအသံတော်ကို ကျူးရင့် တော်မူကြကုန်၏၊ လောက၌ ဗြဟ္မာနတ်လူ ဘယ်သူတစ် ယောက်မျှ မကန့်ကွက်အား မမြစ်တားနိုင်သော မြတ်သော ဓမ္မစက်ကို ဖြစ်စေတော်မူကြပေကုန်၏။
(၁၂) ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။
(၁၂) လောက၏ အကြီးအမှူး ဦးစီးပဲ့ပြင် ရှင်တော်မြတ် ဘုရားတို့သည် တစ်ဆယ့်ရှစ်ပါးကုန်သော ဘုရားမြတ်တို့၏ သာ ရရာပိုင်ရာ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူကြပါပေ ကုန်၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို ဆောင်တော်မူ ကြပါပေကုန်၏။
(၁၃) ဗျာမပ္ပဘာယ သုပ္ပတာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
(၁၃) အလုံးစုံကုန်သော မုနိထွတ်ဖျား ထိုဘုရားမြတ်တို့ သည် ဗျာမပ္ပဘာ လျှံဝါတင့်ရွှန်း ရောင်ခြည်ဝန်းဖြင့် တင့်တယ်ထွန်းညှိ ရောင်ခြည်တော်ရှိကြကုန်၏။ တရား အလုံးစုံ အကုန်သိမြင် သဗ္ဗညုဖြစ်တော်မူကြကုန်သော အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် ကုန်ပြီးသော အာသဝေါရှိကြကုန်သော ငါးမာရ်အောင်မြင် ဇိနချည်းပင် ဖြစ်တော်မူကြပေကုန်၏။
(၁၄) မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။
မဟာကာရုဏိကာ ဓိရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
(၁၄) ထိုရှင်တော်မြတ်ဘုရားတို့သည် ကိုယ်ရောင် ဉာဏ်ရောင် ပြောင်တဝင်းဝင်း ထူးမြတ်သောအရောင် အလင်း ရှိတော်မူကြကုန်၏၊ အစွမ်းအမျိုးမျိုးကြီးမြတ်သော တန်ခိုးရှိတော်မူကြကုန်၏၊ ချီးမွမ်းအပ်ဘိ ကြီးမြတ်သော ပညာရှိတော်မူကြကုန်၏၊ ကာယ၊ ဉာဏ ဗလနှစ်ပါး ကြီးမားသောစွမ်းအား ရှိတော်မူကြကုန်၏၊ သတ္တဝါများ လွန်သနားသည့် မဟာကရုဏာ ရှိကြကုန်၏၊ မြဲခိုင်လှ သည့် သမာဓိရှိကြကုန်၏။ သတ္တဝါအလုံးစုံတို့၏ ချမ်းသာ ကို ရွက်ဆောင်တော်မူတတ်ကုန်၏။
(၁၅) ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိ နော။
(၁၅) ထိုရှင်တော်မြတ်တို့သည် သတ္တဝါတို့၏ ကျွန်းကြီး ပမာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ကိုးကွယ်ရာ အားထားရာလည်း ဖြစ်တော်မူကြကုန်၏။ ထောက်တည်ရာလည်း ဖြစ်တော်မူကြကုန်၏၊ ဝဋ်ဒုက္ခမှလည်း ကယ်တင် စောင့်ရှောက်တော်မူကြကုန်၏၊ ဘေးမရောက်အောင် တိမ်းရှောင်ပုန်းအောင်းရာလည်း ဖြစ်တော်မူကြကုန်၏၊ နတ်လူအများ အားထားချဉ်းကပ်ရာလည်း ဖြစ်တော်မူ ကြကုန်၏၊ မိတ်ကောင်းဆွေကောင်းလည်း ဖြစ်တော်မူ ကြကုန်၏၊ ထူးမြတ်သော ထောက်တည်ရာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ဆင်းရဲဒုက္ခကို ဖျက်ဆီးတော် မူကြကုန်၏။ အကျိုးစီးပွားကိုသာ ရှာမှီးတော်မူလေ့ ရှိကြကုန်၏။
(၁၆) သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။
(၁၆) အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် နတ်နှင့်တကွသော သတ္တဝါအပေါင်း၏ ထူးမြတ်သော မှီခိုဆည်းကပ်ရာ ဖြစ်တော်မူကြပါပေကုန်၏၊ ဂုဏ်တော် ကဲလွန် ယောက်ျားမွန်ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူကြ ကုန်သော ထိုရှင်တော်မြတ်ဘုရားတို့ကိုလည်းကောင်း၊ ထိုရှင်တော်မြတ်တို့၏ ခြေတော်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့် ရှိခိုးကန် တော့ပါ၏။
(၁၇) ဝစသာ မနသာ စေဝ ၊ ဝန္ဒာမေ တေ တထာဂ တေ။
သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
(၁၇) အကျွန်ုပ်သည် ထိုရှင်တော်မြတ်ဘုရားတို့ကို အိပ် သောအခါ၌လည်းကောင်း၊ ထိုင်သောအခါ၌လည်းကောင်း၊ ရပ်သောအခါ၌လည်းကောင်း၊ သွားသောအခါ၌လည်း ကောင်း၊ အခါခပ်သိမ်းနှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ရှိခိုးပါ၏။
(၁၈) သဒါ သုခေန ရက္ခန္တု ဗုဒ္ဓါ သန္တိ ကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗ ဘယေဟိ စ။
(၁၈) ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတော်မူတတ် ကုန်သော ရှင်တော်မြတ်ဘုရားတို့သည် သင့်ကို အခါ ခပ်သိမ်း ချမ်းသာရေးဖြင့် စောင့်ရှောက်တော်မူကြစေ ကုန်သတည်း၊ ထိုမြတ်စွာဘုရားတို့သည် စောင့်ရှောက် အပ်သည်ဖြစ်သော သင်သည် ဘေးခပ်သိမ်းတို့မှ ကင်း လွတ်ရသည်လည်းဖြစ်ပါစေ။
(၁၉) သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတောစ တုဝံ ဘဝ။
(၁၉) သင်သည် ရောဂါမှန်သမျှမှ အထူးလွတ်ကင်း ရသည်လည်းကောင်း၊ ပူပန်ခပင်း ရှောင်ကွင်းအပ်သည် လည်းကောင်း၊ ရန်မျိုးမှန်သမျှကို ကျော်လွှားလွန်မြောက်ရ သည်လည်းကောင်းဖြစ်၍ ငြိမ်းအေးသည်လည်းဖြစ်ပါစေ။
(၂ဝ) တေသံ သစ္စေန သီလေန၊ ခန္တီ မေတ္တာ ဗလေန စ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂ဝ) ထိုရှင်တော်မြတ်ဘုရားတို့၏ သစ္စာတော်ဖြင့် လည်းကောင်း၊ သီလတော်ဖြင့်လည်းကောင်း၊ ခန္တီမေတ္တာ တရားတို့၏ စွမ်းပကားဖြင့်လည်းကောင်း၊ ထိုဘုရားမြတ် တို့သည်လည်း ရောဂါကင်းရှင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ ငါတို့ကိုအစဉ် စောင့် ရှောက်တော်မူကြပါစေကုန်သတည်း။
(၂၁) ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၁) အရှေ့ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော ဂန္ဓဗ္ဗနတ်တို့သည်ရှိကုန်၏၊ ထိုဂန္ဓဗ္ဗနတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်း ကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၂) ဒက္ခိဏသ္မိံ ဒိသာဘာဂေ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၂) တောင်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ကုမ္ဘဏ်နတ်တို့သည် ရှိကုန်၏၊ ထိုကုမ္ဘဏ်နတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်း ကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့် ရှောက်ကြပါစေကုန်သတည်း။
(၂၃) ပစ္ဆိမသိံ္မ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၃) အနောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော နဂါးတို့သည်ရှိကုန်၏၊ ထိုနဂါးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၄) ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၄) မြောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ဘီလူးတို့သည်ရှိကုန်၏၊ ထိုဘီလူးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၅) ပုရတ္တိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
(၂၅) အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းသည်ရှိ၏၊ တောင်အရပ်၌ ဝိရုဠ္ဇကနတ်မင်းသည်ရှိ၏၊ အနောက် အရပ်၌ ဝိရူပက္ခနတ်မင်းသည်ရှိ၏၊ မြောက်အရပ်၌ ကုဝေရနတ်မင်းသည်ရှိ၏။
(၂၆) စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၆) လေးယောက်ကုန်သော ထိုနတ်မင်းကြီးတို့ သည် လောကကို စောင့်ရှောက်တတ်ကုန်၏၊ များသော အခြံအရံရှိကြကုန်၏၊ ထိုလောကပါလ နတ်မင်းကြီး လေးယောက်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၇) အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၇) ကောင်းကင်၌ တည်ကုန်သော ကြီးသော တန်ခိုးရှိကုန်သော နတ်တို့သည်လည်းကောင်း၊ မြေ၌ တည်ကုန်သော ကြီးသောတန်ခိုးရှိကုန်သော နတ်တို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်းရှိကုန်၏၊ ထိုနတ်နဂါးတို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၈) ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေ ပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
(၂၈) ဤမြတ်စွာဘုရားသာသနာတော်၌ နေကြကုန် သော လွန်ကဲသော တန်ခိုးရှိကြကုန်သော အကြင်နတ်တို့ သည်လည်းရှိကုန်၏၊ ထိုနတ်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအား ဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြကုန်ပါစေကုန် သတည်း။
(၂၉) သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာတေ ဘဝနန္တရာယာ၊ သုခီ ဒီဃာ ယုကော ဘဝ။
(၂၉) အလုံးစုံသော ဘေးရန်တို့သည် ကွင်းဖယ် ရှောင်ရှားကြပါစေကုန်သတည်း၊ စိုးရိမ်ပူပန်ခြင်းသည် လည်းကောင်း၊ အနာရောဂါမျိုးသည်လည်းကောင်း မကျမရောက် ကင်းပျောက်ပါစေသတည်း၊ သင့်အား ဘေးရန်အန္တရာယ်တို့သည် မဖြစ်ပါစေကုန်သတည်း၊ သင်သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်ဖြစ်၍ ရှည်သော အသက်ရှိသည် ဖြစ်ပါစေသား။
(၃ဝ) အဘိဝါဒနသီလိဿ၊ နိစ္စံ ဝဍ္ဍာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဍန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
(၃ဝ) ရှိခိုးခြင်း အလေ့ရှိထသော အမြဲမပြတ် အသက်ဂုဏ်သိက္ခာ သာသူကြီးသူတို့ကို ရိုသေမှု ပြုလေ့ ရှိသူအား အသက်တမ်းသည်လည်းကောင်း၊ ရုပ်ရည် အဆင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်း ကောင်း၊ ခွန်အားသည်လည်းကောင်း လေးပါးကုန်သော တရားတို့သည် တိုးပွားကြလေကုန်၏။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ
အာဋာနာဋိယသုတ်တော် ပြီး၏။

လူပီသခဲ့ကြသူများ.
နေတယ်၊ ၀ိပဿနာနဲ့အတူ အသုဘဘာဝနာကိုလည်း အချိန်ပိုင်းနဲ့ ပွားများတယ်။
တစ်ရက်တော့ အရွယ်ကောင်း ရုပ်ချောအမျိုးသမီး တစ်ယောက်ဟာ လင်နဲ့စိတ်ဆိုးပြီး မိဘအိမ်ကို
ဆင်းလာတယ်။မိဘတွေရှိရာရွာရောက်အောင် ဒီတောအုပ်ကြီးကို ဖြတ်ရသေးတယ်။

လူသူကင်းပြတ်တဲ့ တောအုပ်အလယ်ကိုရောက်တဲ့အခါ အမျိုးသမီးနဲ့ရဟန်းနဲ့ ပက်ပင်းတွေ့ကြတယ်။
အရွယ်ကောင်းပြီး ယောက်ျားပီသတဲ့ရဟန်းကို တွေ့တဲ့အခါ အမျိုးသမီးဟာ ဖောက်ပြန်လိုတဲ့
စိတ်တွေ ပေါ်လာတယ်၊ ဒါ့ကြောင့် ရဟန်းကို မြူဆွယ်တဲ့ အနေနဲ့ ပြုံးပြလိုက်တယ်။

ဝိပဿနာကိုပွားများနေတဲ့ ရဟန်းကိုတော့ ၀ိညာဏက္ခန္ဓာဟာ မလိမ်နိုင်တော့ဘူး။ ပြုံးပြတဲ့ အမျိုးသမီးရဲ့
ဖြူဖွေးတဲ့သွားတွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ပွားများ နေကျ အဋ္ဌိကခေါ် အရိုးစုကမ္မဌာန်းဟာ တန်းပေါ်လာပြီး
အမျိုးသမီးလို့မမြင်တော့ဘဲ အရိုးစုကြီးကိုပဲ မြင်တော့တယ်၊ ဒီတော့ လောဘဟာ ၀င်လို့မရတော့ဘူး။

တစ်ဖန် ၀ိပဿနာပေါ်ဆက်တင်တော့ မြင်ရတဲ့အရာ မှန်သမျှဟာ ပရမတ်အဆင်းရုပ်သာ ဖြစ်တယ်၊ ပုဂ္ဂိုလ်
သတ္တ၀ါမဟုတ်ဘူး၊ ဒီအဆင်းရုပ်ဟာလည်း အမြဲတမ်း ဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲ၊ အဆင်းနဲ့ မျက်စိအကြည်
ရုပ်တို့ တိုက်ဆိုင်တုန်း ဖြစ်လာတဲ့ မြင်သိစိတ်ဟာလည်း အမြဲတမ်းဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲလို့လည်း ဉာဏ်
နဲ့သိလိုက်ရော အဲဒီအမျိုးသမီးရှေ့မှာတင် လေးမဂ်လေး ဖိုလ်ရပြီး ရဟန္တာဖြစ်သွားတယ်။

အမျိုးသမီးလည်း မြူဆွယ်လို့မရမှန်းသိတော့ သူ့လမ်းသူ ဆက်သွားတာပေါ့။ ခဏကြာတော့ အဲဒီအမျိုးသမီးရဲ့
ယောက်ျား နောက်ကလိုက်လာတယ်။ ရဟန်းကိုတွေ့တော့ မေးတယ်။ အမျိုးသမီးတစ်ယောက် ဖြတ်သွားတာ မမြင်လိုက်
ဖူးလားတဲ့၊ ရဟန်းကဖြေတယ် အရိုးစုကြီးတစ်ခုဖြတ်သွား တာပဲ မြင်လိုက်တယ်တဲ့။

ကြည့်တတ်တဲ့သူအတွက်တော့ ရှုစရာဝိပဿနာချည်း ဖြစ်နေတယ်။ စကားတစ်ခွန်းရှိတယ်။
ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှဟာ အာဟာရဖြစ်သလို၊ ၀ိပဿနာသတိရှိတဲ့သူအတွက် တွေ့သမျှ ကြားသမျှဟာ
ရှုပွားစရာ တရားအာရုံချည်းပဲပေါ့၊ ဒါ့ကြောင့် ၀ိပဿနာ ရှုပွားလိုတဲ့သူအတွက် နေရာ၊ အချိန်၊ အာရုံ ဘာမှ ရွေးစရာ
မလိုဘူးလို့ မှတ်ထားပေါ့။

ဆရာတော် အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ)
“ ကြည့်တတ်တော့ဘာဝနာ ”

ကောင်းကင်ဘုံမသွားခင် ဒီစာကိုဖတ်သွားပါဦး
လူသတ္တဝါတို့၏လောကကို (သတ္တလောက)ဟုခေါ်ဆို၏။
ပြုပြင်ဖန်တီးသည့်လောကကို (သင်္ခ`ါရလောက)ဟုခေါ်ဆိုပြီး မိုးကောင်းကင် စကြာဝဠာနှင့်ရေ၊
မြေ၊တော၊ တောင်၊ သမုဒ္ဒရာတို့ရှိသည့် ဤကမ္ဘာလောကကြီးကို (သြကာသလောက)ဟု ခေါ်ဆိုကြ၏။
မြတ်ဗုဒ္ဓသည် သဗ္ဗညုတ ဥာဏ်တော်ကြီးဖြင့် လောကသုံးပါးကို ပိုင်းခြားထင်ထင်သိမြင်တော်မူ၍
ဟောကြားထားခြင်းဖြစ်၏။ ထိုလောကသုံးပါးတွင် သတ္တလောကဟုခေါ်ဆိုအပ်သော သတ္တဝါတို့ကျင်လည်ရာ
ဘုံဌာနများကို ဟောကြားရာတွင်
၁။ ကာမဂုဏ်ခံစားခြင်းမရှိကြသော
ဗြဟ္မာကြီးတို့ဖြစ်ရာဘုံပေါင်း(၂၀)။
၂။ ကာမဂုဏ်ခံစားခြင်းရှိသော
နတ်သား၊ နတ်သမီးတို့ပျော်စံရာဘုံပေါင်း(၆)ဆင့်။
၃။ ကာမဂုဏ်ခံစားခြင်းရှိသော
လူတို့ နေထိုင်ရာဘုံတစ်ဘုံ၊
၎။ ဒုက္ခမျိုးစုံခံစားနေရသော
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဖြစ်သော အပါယ်လေးဘုံ ဟူ၍ဖြစ်ပါသည်။
သတ္တဝါတို့ သံသရာလည်ရာ ဖြစ်ကြရာဘုံအားဖြင့်(၃၁)ဘုံရှိကြောင်း
မြတ်ဗုဒ္ဓက ဟောကြားပါသည်။ဤ(၃၁)ဘုံသည် ဘယ်ဘုရား၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ဖန်ဆင်းထားခြင်းမဟုတ်ပေ။
အထူးသဖြင့် ဘုရားဆိုသည်မှာလည်း ကောင်းကင်တွင် ပွင့်ရိုးထုံးစံမရှိ၊ ကောင်းကင်တွင်မနေ၊
ဤကမ္ဘာတွင်သာ ပွင့်ရိုးထုံးစံရှိ၏။ ကမ္ဘာကြီးပျက်လိုက်၊ ပြန်တည်လိုက်နှင့် ပြန်တည်သောအခါတိုင်း
မြတ်စွာဘုရားရှင်တို့ ပွင့်သင့်သောအချိန်အခါတို့တွင် လူသတ္တဝါတို့အားယဉ်ကျေးအောင်
ဆုံးမသွန်သင်ရန် မြတ်စွာဘုရားရှင်များ ပွင့်တော်မူခဲ့ကြပါသည်။ ဤကမ္ဘာအဆက်ဆက်တွင် ဘုရားအဆူဆူတို့
မရေမတွက်နိုင်အောင်လည်း ပွင့်တော်မူခဲ့ကြသည်။
(၃၁)ဘုံရှိ လူ၊ နတ်၊ ဗြဟ္မာနှင့်
အပါယ်လေးဘုံးသားများအားလုံးတို့သည် ကိလေသာ များရှိကြသူများဖြစ်သောကြောင့် ၎င်းတို့ကို
သတ္တဝါဟု ခေါ်ဆိုရပါသည်။ ထို(၃၁)ဘုံတွင် ရှိသူများကို ခြုံ၍ခေါ်ဆိုရသော သတ္တဝါတို့သည်
အထက်ဘုံသို့ရောက်သည့်အခါရောက်၊ အောက်ဘုံသို့ ပြန်ဆင်းသည့်အခါဆင်းဖြင့်၊ ဆင်းရဲတစ်ခါ၊
ချမ်းသာတလှည့်ဖြင့် (၃၁)ဘုံတွင် လှည့်ပတ်၍ ပဋိသန္ဓေနေလိုက်၊ အိုလိုက်၊ သေလိုက်၊
တဖန်ကိုယ်ပြုသည့် ကံ=အကြောင်းတရားကြောင့် အကျိုးပေးရာဘုံတို့တွင် ပြန်ဖြစ်လိုက်ဖြင့်
(၃၁)ဘုံတွင် အဖန်တလဲလဲ ပဋိသန္ဓေနေလိုက်၊ မွေးလိုက်၊ သေလိုက်၊ တဖန်မွေးလိုက်၊ သေလိုက်ဖြင့်
သတ္တဝါတို့၏ ဘဝသံသရာသည် အဆုံးမသတ်နိုင်သော ဒုက္ခသံသရာဖြစ်စဉ် ဆင်းရဲခြင်းမှ မလွတ်နိုင်ကြကြောင်း
မြတ်ဗုဒ္ဓဟောကြားခဲ့တာပါ။
သတ္တဝါတို့သည်(၃၁)ဘုံတွင်
ကျင်လည်ရသော်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်စသော အပါယ်လေးဘုံနှင့် လူဆင်းရဲများသာ
အဖြစ်များကြရ၏။ ကုသိုလ်ကောင်းမှုရှိပါမှ လူ့၊ ချမ်းသာ၊ နတ်ချမ်းသာကို ရကြရ၏။ လူချမ်းသာ၊
နတ်ချမ်းသာကို ရကြသော်လည်း အမြဲမရကြပေ။ လူ့ပြည်မှပြုလုပ်ခဲ့သော ကုသိုလ်ကံကုန်လျှင်
ကောင်းကင်သို့ပစ်လိုက်သော ဒုတ်ကဲ့သို့ အရှိန်ကုန်လျှင် အောက်ဘုံဖြစ်သော လူ့ဘုံအပြင်၊
တိရစ္ဆာန်ဘုံသို့လည်း ရောက်တတ်ကြကြောင်း မြတ်ဗုဒ္ဓဟောကြားခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် အထက်ဘုံသို့သွားရောက်လိုပါက
သွားရောက်နိုင်သည့်နည်းလမ်း အမျိုးမျိုးကိုလည်း ဟောကြားညွှန်ပြခဲ့ပါသည်။ အထက်ဘုံသို့သွားသည့်
နည်းလမ်းများကို ဟောကြားညွှန်ပြရာတွင် အကျဉ်းချုပ်အားဖြင့် ဒါန သီလ တရားများကို ပြုလုပ်အားထုတ်ခြင်းဖြင့်
ကာမဂုဏ်ချမ်းသာဖြစ်သော လူချမ်းသာ၊ နတ်ချမ်းသာဖြစ်သော နတ်ပြည်ခြောက်ထပ်တို့ကိုလည်း
ရောက်နိုင်ကြောင်း၊ သီလတရား သမထ ဘာဝနာတရားတို့ကို အားထုတ်ကျင့်ကြံသောသူများသည်
ကာမဂုဏ်အညစ်အကြေး ကင်းသော အထက်ဗြဟ္မာဘုံ(၂၀)သို့လည်း ရောက်နိုင်ကြောင်း၊ အကျင့်တရားမပါခဲ့ပါမူ
ဘယ်ဘုရား၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ဖန်ဆင်းထားတဲ့ ဘုံများသို့မရောက်နိုင်ကြောင်း၊ ဘယ်ဘုရား၊
ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ငရဲသို့လည်းမပို့နိုင်ကြောင်း၊ ဘယ်ဘုရား ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ
ကောင်းရာသုဂတိသို့ မပို့နိုင်ကြောင်း၊ သတ္တဝါတို့ လားရာဂတိသည် ထိုသတ္တဝါတို့ ပြုကျင့်သည့်
ကံအတိုင်းသာ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။
သက်ရှိလောကကို တန်ခိုးရှင် ဖန်ဆင်းရှင်တို့က ဖန်တီးခြင်းမဟုတ်
မြတ်စွာဘုရား၏ တရားမှာ သက်ရှိလောကတွင်
သတ္တဝါတို့ကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ တန်ခိုးရှင် ဖန်ဆင်းရှင်တစ်ဦးက ဖန်ဆင်းနေသည်ဟူသော
ယုံကြည်သည့်အယူဝါဒသည် မမှန်ကန်ကြောင်း၊ လောကတွင် ဖန်ဆင်းရှင် မရှိကြောင်း ရုပ်လောက၏
ကံကြမ္မာသည် (ရုပ်)သဘာဝနိယာမအတိုင်း သူ့အကြောင်းကြောင့် ပြုပြင်ပြောင်းလဲနေကြောင်း၊
ရာသီဥတု(Weather) ကြောင့် တော၊ တောင်၊ ရေ၊ မြေ၊ သဲကန္တာရများဖြစ်ပေါ် ပြောင်းလဲနေသလို
သက်ရှိသတ္တဝါတို့၏ ကံကြမ္မာသည်လည်း သူ့အကြောင်းအကျိုးအလိုက် ပြောင်းလဲနေကြောင်း၊ သက်ရှိလူ၊
သတ္တဝါတို့၏ ကံကြမ္မာကို ယင်းလူသတ္တဝါတို့၏ ကံကြမ္မာသလည်း သူ့အကြောင်းအကျိုးအလိုက်
ပြောင်းလဲနေကြောင်း၊ သက်ရှိလူ၊ သတ္တဝါတို့၏ အတိတ်၊ ပစ္စုပ္ဗန်၊ အနာဂတ်ကာလသုံးပါးတွင်
ကိုယ် နှုတ်၊ စိတ်တို့ဖြင့် ပြုလုပ်ကြသည့် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါး(ဝါ)
လုပ်ရပ်(သုံး)ပါးတို့၏ အကြောင်းအကျိုးဖြင့်သာ ကောင်းကံ၊ မကောင်းကံများသည်သာ ကောင်းကျိုး
မကောင်းကျိုးရမှုကို ဖြစ်စေကြောင်း၊ မည်သည့်တန်ခိုးရှင်ကမှ လူသတ္တဝါ၊တော၊ တောင်၊ ရေ၊
မြေ၊ ကန္တာရတို့၏အခြေအနေကို ဖန်ဆင်းပြောင်းလဲလို့မရကြောင်း၊ သက်ရှိလောကသည်လည်း ကံ၊
စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးကြောင့်သာ ပြုပြင်ပြောင်းလဲနေကြောင်းကိုသာ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာပါ။
ဖန်ဆင်းရှင် ထာဝရဘုရားပေါ်ပေါက်လာပုံကို
မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း နှစ်ပေါင်း (၅၄၀)ကျော်ကြားမှ ဗုဒ္ဓသာသနာတော်မရောက်ခဲ့သည့်
ကမ္ဘာ့အရှေ့အလယ်ပိုင်း (Middle East) နှင့် အာရေးဗီးယားကျွန်းဆွယ် (Irabian
Penisula) တို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း(၂၀၀၀)လောက်အချိန်က ထိုဒေသတွင် လူတို့၏
အသိဥာဏ်အလွန်ပင် ကလေးဆန်သည့် ကျေးပိုင်ကျွန်ပိုင် ခေတ်ကာလက လူတို့သည် ကြောက်ရွံ့ထိတ်လန့်သည့်
အတွင်းစိတ်သဘောရှိနေကြသည့်အချိန်တွင် ကိုးကွယ်ရမည့်သူကို နတ်ဘုရားအသွင်ထင်မြင် ကိုးကွယ်ကြရာမှ
ထိုနတ်ဘုရား၏ တန်ခိုးအသွင်ကို လူတို့အပြိုင်အဆိုင်အငြင်းပွားကြခြင်း၊ အုပ်ချုပ်ရေးဘက်တွင်လည်း
ပဒေသရာဇ်ခေတ်ဖြစ်၍ ပဒေသရာဇ်နှင့် မဟာပဒေသရာဇ်တို့
ဘယ်သူကကြီးမြတ်သလဲ ဟူသော ရှာဖွေစူးစမ်းနေကြရသည့်အချိန်အခါတွင် လောကကို ဖန်ဆင်းရှင်ဟူသော
ကောင်းကင်မှ ထာဝရဘုရား၊ တန်ခိုးရှင်၊ ဖန်ဆင်းရှင်ဘုရားဟူ၍ လူကဖန်ဆင်းရှင်ဘုရားကို
ဖန်ဆင်းပေါက်ဖွားလိုက်ပေတော့သည်။
ဤကားထာဝရဘုရားဖန်ဆင်းရှင်၊
တန်ခိုးရှင်ဘုရား ဖြစ်ပေါ်လာပုံဖြစ်၏။ စင်စစ်သော်ကား ထာဝရဘုရား ဖန်ဆင်းရှင်တန်ခိုးရှင်ဘုရားဟူသည်
လူတို့စိတ်အတွင်းက ပေါက်ဖွားလာသည့် အရာမျှသာဖြစ်ပေသည်။ ထာဝရဘုရားနှင့် တန်ခိုးရှင်ဘုရားကို
ယုံကြည်ကိုးကွယ်သူများကသာ လူကို ထာဝရဘုရားကဖန်ဆင်းသည်ဟု အထင်ရှိကြသော်လည်း ဘာသာရေးသမိုင်းကို
သိပ္ဗံနည်းကျ သုတေသနပြုသူများကမူ ကောင်းကင်မှ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ထာဝရဘုရားဟူသည်
လူက ဖန်ဆင်းသည့်အရာဟု ပြောဆိုကြတော့သည်။
ဘုရားဟူသည် လူ၊ သတ္တဝါတို့၏
ကောင်းကျိုး ဆိုးကျိုးဖြစ်သော ကံကြမ္မာကို မဖန်တီးပေးနိုင်ပါ။ လူ၊ သတ္တဝါတို့အား
ဘဝသံသရာဒုက္ခဝဋ်ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်ရာ ကောင်းကျိုး ချမ်းသာရာရောက်အောင်
ပြုလုပ်ဖို့သာ လမ်းညွှန်ပြသည့် ကောင်းကျိုးကိုသာ ပြုလုပ်ပေးနိုင်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
Subscribe to:
Posts (Atom)