🤔🤔🤔ကိုယ့်ဘဝအတွက် ချစ်တတ်ပါ🤔🤔🤔
⛤⛤⛤⛤⛤⛤⛤⛤⛤⛤⛤⛤⛤⛤
🤔🤔နှလုံးသားရှိသူတိုင်း သံယောဇဉ် ရှိစမြဲ
သံယောဇဉ်ရှိတဲ့ အတွက် ချစ်တတ်ကြတယ်
သူတပါးကို ချစ်တာနဲ့ ကိုယ်ကိုကိုချစ်တာတော့ကွာ
တယ် သူတပါးကို ချစ်တာ ပူလောင်တယ်
နေမင်းကိုရင်ထဲထည့်ထားသလို အအေးဓါတ် ကလေး
မပျောက်ပျက်ခင်တော့ ပူမှန်းမသိသာ။ နေမင်း၏
အပူဓါတ်ကလေးက လိုအပ်ချက်ကို ဖြည့်ဆည်းပေးတတ်
တော့ တန်ဖိုးထားပီး သိမ်းဆည်းထားချင်ပေမဲ့
နေမြင့်လို့ အပူဓါတ်ကလည်းလွန်ကဲ အအေးဓါတ်က
လည်း ပျောက်ပျက်ချိန်မှာတော့ ရင်ထဲကနေမင်း
သေမင်းလိုမုန်းတီး ထွက်သွားခွင့်ပေးချင်တော့တယ်။ဲ ခဏတာရဲ့ ရင်ခုန်သံက တစ်ဘဝတာ အေးမြ
တဲ့ တိတ်ဆိတ်မှုကို အနိုင်ယူသွားတတ်တယ်။
ခဏတာ လိုအပ်တဲ့ အပူဓါတ်ကလေး အတွက်
အမြဲပူလောင်နေရမဲ့ နေမင်းကို ရင်ထဲမသိမ်းထားမိဖို့
ပါပဲ။ ကိုယ့်ထက်သာရင် တန်ဖိုးထားပါတယ် ။ ကိုယ့်
ထက် ချောရင် ချစ်တတ်ပါတယ်။ ကိုယ့်အပေါ် မေတ္တာ
ထားရင် ပြန်တုန့်ပြန်ပေးပါတယ် ။ ဒါပေမဲ့ သင့်ဘဝကို
ကိုယ့်ဘဝလောက် တော့ မချစ်ပါဘူး ။ သင့်ကို ကိုယ့်
လောက် မယုံကြည်ပါဘူး။ ကိုယ့်ဘဝ ကောင်းဖို့ ကိုယ့်
ကိုကိုပဲ ချစ်နေရမယ်။ ကိုယ့်ဘဝနဲ့ ကိုပဲ သစ္စာရှိတာ
အကောင်းဆုံးပါပဲ။
(အလင်္ကာမိုစက်)🤔🤔
No comments:
Post a Comment