ယသော်ဓရာအလွမ်း
သမုဒယ အနှောင်အဖွဲ့ကြားက
လူ့ဘဝကို ရှောင်လွဲချင်ခဲ့သူ
မောင်တော်ထားရစ်လို့
ရင်ကွဲကာ ကျန်သူဖြစ်ပေမယ့်
ရန်သူအစစ်တွေဖြစ်တဲ့
အချစ်မီးကိုယှဉ်ပြိုင်ကာ
ငိုမိဟန်ဖြစ်တဲ့စိတ်ကိုထိန်းရင်း
အတိတ်ကိုလည်း မလွမ်းသာ...
လွမ်းတတ်ပါသော်လည်း
တဏှာကမ်းတဖက်ကို
သူ တကယ်ဖြတ်ခဲ့ပြီမို့
ခေါ်ချင်သော်လည်းမခေါ်သာ
မျှော်လင့်ပြန်ရင်လည်းမဖြစ်
မောင်တော်ရောက်နေ အဝေးရပ်မှာမို့
ဆွေးလျက်သာ ဖြေရ နိုး
ဝေဒနာ တစ်ရေးနိုးမှာဖြင့်
ပြန်လို့ကာမှေးစက်ရင်း
သံသရာရှေးရေးအတွက်
ကံကြမ္မာ ဆေးစက်ကျရာကိုသာ
ပေးဆပ်ကြရမှာမို့
အဖေါ်မပါ တကိုယ်တည်း
လွမ်းလျှက်ပါမောင်တော်ရယ်။
(ဓမ္မစမ်းရေ)
Post @ tuzana
No comments:
Post a Comment