Pages

Jun 11, 2015

လယ်တီဆရာတော်ကြီး၏ အနာဂတ်ကမ္ဘာဟောကိန်း

ဒီပါကျွန်းလုံး သိမ့်သိမ့်မှုန်းအောင်
ဘုန်းတော်ရောင်လက် ဓမ္မစက်ဖြင့်
မိန့် မြွတ်ဟောကြား
တရားစည်ကြီး ရိုက်ဆော်တီးသော်
ပြည်ကြီး ပြည်ငယ် အသွယ်သွယ်၌
ရှေးကာလဝယ် မိုက်နေကြလည်း
ဓမ္မမိစ္ဆာ အဖြာဖြာကို
ပယ်ခွါစွန့် ပြစ် တရားသစ်ကို
အစစ်အမှန် လိုက်နာရန်ဟု
တသံတည်းအော် ကမ္ဘာပေါ်တွင်
ထင်ပေါ်များစွာ
ဘာသာမခြား လူအများတို့ 
တရားကိုယ်စီ တည်သောကာလ သမယ၌
ဗမာ့ ဌာနီ တို့ တိုင်းပြည်ကား
မဟီတသောင်း တိုက်အပေါင်းက
ခညောင်းပူဇော် တရားတော်ကြောင့်
အမော်အမောက် ထိပ်သို့ ရောက်လိမ့်

လယ်တီဆရာတော်

No comments:

Post a Comment