Pages

Feb 12, 2015

"ငါ့ကိုချစ်ရင် သတ်ပစ်မယ်"

"ငါ့ကိုချစ်ရင် သတ်ပစ်မယ်"
သမုဒယသစ္စာ တဏှာတရားက
သတ္တ၀ါအများကို ကြေညာတယ်၊
သုံးဆယ့်တစ်ဘုံ ခရိုင်လုံးကို
အပိုင်သိမ်းကြုံး ငါချယ်လှယ်၊
ဆိုးကောင်းဝေဒနာ ထင်လှာသိတော့
ရင်မှာငြိပေါ့ ဆိုသူရယ်၊
တဏှာခြောက်တန် ရန်သူမိုက်ကို
ခံယူကြီုက်လို့ မှားခဲ့တယ်၊
ဘ၀စက်မှာ ဇာတ်ကွက်ဆလို့
မပြတ်ဖြစ်ရ ဒုက္ခနယ်၊
မြင် ကြား နံ စား ထိ သိများ
သတိတရား ကင်းခဲ့တယ်၊
သမုဒယတဏှာ ငါ့ကိုချစ်ရင်
ဘ၀ဆက်ဆက် သတ်ပစ်မယ်.....တဲ့
ကြောင့်လန့်ဖွယ်...ကြောင့်လန့်ဖွယ်။

No comments:

Post a Comment