Pages

Jan 5, 2014

ယူသွားနိုင်တာ ကုသိုလ်ပါ

လူတိုင်း လူတိုင်း လူမင်း နတ်မင်း ဗြဟ္မာမင်း အကြိမ်ကြိမ်ဖြစ်ခဲ့တာ။
လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ်တွေလည်း
အကြိမ်ကြိမ် ခံစာဖူးကြတာပါပဲ။
အဲဒီစည်းစိမ်တွေ အခုဘဝ ပါလာသေးလား။ မပါဘူး။ပြစ်ထားခဲ့ရတာ။...
ဒီဘဝ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်တွေလည်း ယောဂီတို့ သေတော့
ယူသွားလို့ရမလား။ မရဘူး။ပြစ်ထားခဲ့ရမှာဘဲ။
ကိုယ်ဝတ်ထားတဲ့ လုံချည် အင်္ကျီတောင် ချွတ်ထားခဲ့ရတာ။
ကိုင်း…… ယောဂီတို့ ယူသွားနိုင်တာက ……ယောဂီတို့ကိုယ်တိုင် လုပ်ထားတဲ့
ဒါန သီလ သမထ ဝိပဿနာ ဆိုတဲ့ ကုသိုလ်ကံ အကြောင်းတရား
တွေဘဲ ယူသွားနိုင်တာ။
ဒါကြောင့် ယောဂီတို့ ကိုယ့်နောက်ပါမည့် ကိုယ်ယူသွားနိုင်တဲ့
တစ်ရှု တစ်ရှိုက် ကုသိုလ်တွေကစပြီး ကြိုးကြိုးစားစား အားထုတ်သွားကြပါ။

( မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး )

အရှင်သောပါက ( သာသနဓဇဓမ္မာစရိယ )စုစည်းစီစဉ်သော
ဆရာတော်ဘုရားကြီး၏ သြဝါဒကထာများမှ ကူးယူပူဇော်ပါသည်။

No comments:

Post a Comment