Pages

Aug 30, 2013

အိုကာလာမနွယ်ဖွားအမျိုးသားတို့.....


အိုကာလာမနွယ်ဖွားအမျိုးသားတို့
သတင်းစကားကို ကြားရုံမျဖြင့် နားမယောင်နှင့်
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်
လူပြောသူပြော တဆင့်စကားကိုလည်းမယုံလေနှင့်
ဘာသာရေးကျမ်းကြီးများကိုးကားပြော၍လည်း
မှန်လှပြီဟုမထင်လေနှင့်၊
တက္ကနည်းနှင့် ဆင်ခြင်ကြံဆယူရုံမျကိုလည်း
နားမယောင်လေနှင့်၊
ပုံပန်းအမြင်သဏ္ဍန်ကြည့်၍လည်း မဆုံးဖြတ်လေနှင့်
ရော်ရမ်းမှန်းဆယူရသောသဘောထင်မြင်ချက်ကို
အမှန်ဟုမမှတ်ယူလေနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း
မယုံကြည်ပါလေနှင့်၊
အသင်တို့ကိုွး့ယ်းဆည်းကပ်ရာဆရာသမား
ဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တစ်ထစ်ချ မမှတ်ကြကုန်ရာ....။
``အို.....ကာလာမနွယ်ဖွားအမျိုးသားတို့.....``..
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်။ မမှန်ကန်မကောင်းကျိုးကို
ဖြစ်စေသည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြပေလော့၊
အချို့သောအကြောင်းတရားများမှူ ကုသိုလ်ဖြစ်သည်
ကောင်းကျိုးကို ဖြစ်စေသည်ဟု 
အသင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအေ့ကြာင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာကျင့်ကြပေလော့...။

 မြတ်ဗုဒ္ဓဒေသနာ (What the Buddha Thught)

No comments:

Post a Comment