Pages

Dec 3, 2012

နတ် သိကြား ဗြဟ္မာများဖန်တီး၍မဟုတ်ပါ-

လူမှုအဆင့်အတန်း မတူညီရခြင်းနှင့်ပတ်သက်၍ အခြေခံ ကွဲပြားရပုံအကြောင်းကို သာဝတ္ထိပြည်မှ တုဒိရွာသားဖြစ်သူ သုဘလုလင်၏အမေးကို မြတ်စွာဘုရား ဤသို့မိန့်တော်မူလေသည်။

သူတစ်ပါးကို-
သတ်ဖြတ်မှုကြောင့် အသက်တိုရ၏။
မသတ်ဖြတ်မှုကြောင့် အသက်ရှည်ရ၏။

ညှဉ်းဆဲမှုကြောင့် ရောဂါများ၏။
မညှဉ်းဆဲမှုကြောင့် ရောဂါကင်း၏။

ဒေါသကြီးခြင်းကြောင့် အဆင်းမလှ။
မေတ္တာကြီးခြင်းကြောင့် အဆင်းလှ၏။

ငြူစူမှုကြောင့် တန်ခိုးသြဇာမဲ့၏။
ငြူစူခြင်းကင်းသောကြောင့် တန်ခိုးသြဇာရှိ၏။

ဒါနနည်းသောကြောင့် ဆင်းရဲ၏။
ဒါနများသောကြောင့် ချမ်းသာ၏။

မာနကြီးသောကြောင့် အမျိုးယုတ်၏။
မာနကင်းသောကြောင့် အမျိုးမြတ်၏။

ပညာရှိကို မမှီဝဲသောကြောင့် ပညာခေါင်းပါး၏။
ပညာရှိကို မှီဝဲသောကြောင့် ပညာကြီးမား၏။

ဤသို့ကွဲပြားရခြင်းသည် နတ် သိကြား ဗြဟ္မာများဖန်တီး၍မဟုတ်၊
မိမိပြုလုပ်သော ကောင်းဆိုး ကံနှစ်ပါးကြောင့်သာ ဖြစ်ရ၏ဟု မိန့်တော်မူလေသည်။

သုဘသုတ်

မူရင်းသုတ်တော်
စူဠကမ္မ၀ိဘင်္ဂသုတ်၊ ၀ိဘင်္ဂ၀ဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကယ်။

No comments:

Post a Comment