Pages
▼
** ကောင်းသောအရာကိုလုပ်ရန် ** ကောင်းသောစကားပြောရန်
လူ့လောကတွင်
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန်အတွက် ချွေးစက်ပေါင်းများစွာနှင့်
ရင်းကြရတယ်။ သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်သော လူများမှာ
နှစ်ရှည်လပေါင်းများစွာ လုံ့လဝီရိယစိုက်ပြီး ကြိုးစားကြရပါတယ်။
တစ်ကိုယ်ကောင်းဆန်သူတွေမှာတော့ သူတစ်ပါးအသက် သတ်ဖြတ်၊
သူများပိုင်ပစ္စည်းကိုလိမ်ညာယူပြီး ချမ်းသာလာကြတယ်။
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန်
ကြိုးစားရသော လူသည် လောဘ၊ မောဟ၊ ဒေါသ၊ ကိလေသာတို့နှင့်မဝေးပါဘူး။
ယနေ့ခေတ်ကြီးတွင် လူအချင်းချင်းစီးပွါးရေးအရ ဆက်ဆံရာမှာ လည်းဖြစ်လာရသော
ဒေါသတို့၊ စိတ်မွန်းကျပ်မှုတို့သည် မိမိကိုယ်ကိုပြန်ဖိစီးနေပါတယ်။
ဒီလိုနှင့်ချမ်းသာလာကြသော သူဌေးကို ကိလေသာထဲက သူဌေးလို့မြင်နိုင်ပါတယ်။
လူတိုင်းတွင်
အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏ရင့်ကျက်မှု ရလာကြတယ်။
လေးနက်စွာတွေးခေါ်လာတတ်ကြတယ်။ ဘဝ၏အဓိပ္ပါယ်တစ်ခုရစေရန်မိမိတို့နေထိုင်ရာရှူတ်ထွေးပွေလီသော
မြို့တော်မှ ခေတ္တခဏထွက်ပြီး အေးချမ်းတိတ်စိတ်သော နေရာတစ်နေရာ၌ ထိုင်ကာ
မိမိကိုယ်ကိုပြန်လည်စမ်းစစ်ပြီး မိမိဘာကိုလိုသလဲ၊ ဘာဖြစ်ချင်လဲ
အဖြေရှာကြည့်လျှင် နှလုံးသားမှ ငြိမ်းချမ်းမှုကို တောင်းဆိုပါလိမ့်မယ်။
ဗုဒ္ဓတရားတော်
ဆုံးမစာများတွင် ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊
ကောင်းသောစကားကိုပြောရန်ပါရှိပါတယ်။
** ကောင်းသောအရာကိုလုပ်ရန်
- လူ့ဘဝသက်တန်းတစ်လျှောက်လုံးတွင် ကောင်းမှုကုသိုလ်များ
လုပ်စရာတွေအများကြီး ရှိနေပါတယ်။
** ကောင်းသောစကားပြောရန် -
မိမိ၏စကားတစ်ခွန်းသည် လူတစ်ဘက်သားကို မထိခိုက်စေရန်လို အပ်ပါတယ်။
နှစ်ဘက်စိတ်ချမ်းသာစေမဲ့စကား၊ အကျိုးရှိစေမဲ့စကားများသာ ပြောသင့်ပါတယ်။
ကောင်းသောအရာကိုစဉ်းစား၊
ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောခြင်းဖြင့်
လူတစ်ယောက်နှင့်တစ်ယောက် ခွင့်လွှတ်တတ်ခြင်း၊ စာနာတတ်ခြင်း၊ လေးစားတတ်ခြင်း
တို့ဖြစ်ပေါ်စေပါတယ်။ ဤသည် မိမိနှင့်မိသားစု အပါအဝင်
လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် လုံးကိုငြိမ်းချမ်းမှုဖြစ်စေပါတယ်။
ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကို
ပြောခြင်းတို့သည် လောဘ၊ မောဟ၊မာန်မာနတို့အား လျှော့ချခြင်း၊
ကိလေသာနည်းခြင်းတို့နှင့် မိမိ၏ဦးနှောက်နှင့် စိတ်နှလုံးကိုကြည်လင်စေပါတယ်။
ပူပင်သောကကိုလျှော့နည်းစေ၍ ကျန်းမာရေးလည်းကောင်းပြီး အသက်ရှည်စေပါတယ်။
ကိလေသာနည်းလျှင်
သတိဆိုသောအရာက မိမိ၏အရှက်နှင့်ဂုဏ်သိက္ခါတို့ကထိန်းသိမ်း စေတယ်။
ဟန်ဆောင်သောကမ္ဘာက မိမိထံမှထွက်သွားပြီး လေးနက်မှုရှိသော မိတ်ရင်းဆွေရင်းသာ
ကျန်ခဲ့မည်။ ထိုသို့သောသူသည် သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်ပြီး
ဘဝ၏တန်ဘိုးရှိသော လမ်းကြောင်းပေါ်မှာ မှန်ကန်စွာလျှောက်သွားပါက ထိုသူသည်
စိတ်ပိုင်းဆိုင်ရာ၊ လူပိုင်းဆိုင်ရာ ဖြူစင်သော သန်းကြွယ်သူဌေး
တစ်ယောက်ဖြစ်မည်။
ငွေဟူသောအရာတစ်ခုတည်းက မိမိအား
သန်းကြွယ်သူဌေးဖြစ်စေခြင်းမဟုတ်။ မိမိသည်သာလျှင် မှန်ကန်သောလမ်းကို
ရှာဖွေ၍ ဖြူစင်ကြည်လင်သော စိတ်ဓါတ်တို့ကို မွေးမြူရမည်။
ထိုသို့ပြုကျင့်နိုင်ပါက သင်သည်လည်းဘဲ '' သန်းကြွယ်သူဌေး ''
တစ်ယောက်ပင်တည်း။
ငါသာငါထက် မာန်မတက်နှင့်
အထက်နေမင်း
လေကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်
တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ
ဤအရာကို
ပညာရှိက
သတိရလိ့မ်။
(ရှင်မဟာသီလဝံသ)
No comments:
Post a Comment